#ချီရှာဒေါင်ရောက်လာခြင်း#
Vol. 54 Ch. 764
ကျင်းကျိထန်က ဂုဏ်ယူရသည့် လူတစ်ယောက်ပင်။
ဆေဘာကျင့်ကြံသူများအကြား ကောင်းကင်မှောက်ဆေဘာဂိုဏ်း၏ပုံရိပ်က မြင့်မြတ်အဆောင်ဂိုဏ်းနှင့်တူသည်။
အကယ်၍ မြင့်မြတ်အဆောင်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေက အဆောင်သခင်တိုင်း တမ်းတရသည့် မြင့်မြတ်မြေတစ်ခုဟု ဆိုပါက ကောင်းကင်မှောက်ဆေဘာဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ဆေဘာကျင့်ကြံသူတိုင်း၏ နတ်ဘုရားတစ်ပါးအလားပင်။
ကျင်းကျိထန်က ကောင်းကင်မှောက်ဆေဘာဂိုဏ်း၏ ဘိုးဘေးဖြစ်သည်။
သူက ဒီကမ္ဘာကြီးထဲတွင် အားအကောင်းဆုံး ဆေဘာဓားသမားဖြစ်ပြီး တခြားတစ်ယောက်မရှိပါ။
တစ်ချိန်တည်းမှာပင် သူ့အကြည့်က အလွန်အမင်းတင်းကျပ်သည်။
အစကနေအဆုံးထိ သူ့တပည့်တစ်ဦးတည်းကိုသာ လက်ခံခဲ့သည်။
ထိုလူက လက်ရှိကောင်းကင်မှောက်ဂိုဏ်းချုပ်ဖြစ်ပြီး ကောင်းကင်အင်မော်တယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။
သူ့ဓားစွမ်းရည်များက ကျင်းကျိထန်နောက်တွင် ဒုတိယလိုက်သည်။
ကျင်းကျိထန်အဖို့ ပါရမီရှင်တစ်ဦးဟု ပြောဆိုရန်ဟူသည် အတော်လေးခက်ခဲသည်။
အကယ်၍ ကျင်းကျိထန်တွေးနေတာကိုသာ လူတိုင်းသိမည်ဆိုပါက အုတ်သောင်းအုတ်နင်း ဖြစ်သွားလောက်သည်။
ထိုအခိုက်အတန့်၌ မြင့်မြတ်အဆောင်ဂိုဏ်းချုပ် ဆေဘာဆန္ဒအမျှင်စကို ပိတ်ဆို့ပြီးနောက် အလွန်အမင်း မည်းမှောင်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"ကျင်းကျိထန်၊ မြင့်မြတ်အဆောင်ဂိုဏ်းပိုင်နက်ထဲမှာ မင်းငါ့လူတွေကို သတ်ချင်တာလား"
"မင်းစစ်ပွဲစချင်လို့လား"
ကျင်းကျိထန် မြင့်မြတ်အဆောင်ဂိုဏ်းချုပ်ကို တစ်ချက်စိုက်ကြည့်ပြီးနောက် ဘာတစ်ခုမှ မပြောဘဲ ကောင်းကင်မြှင့်ဆေဘာဓားကိုသာ ကောက်ကိုင်လိုက်၏။
ဆိုလိုရင်းက အတော်လေးရှင်းနေသည်။
စစ်ပွဲစတင်ခြင်းဟူသည် စစ်တိုက်ခြင်းပင်။
ဒီအကြောင်းနှင့်ပတ်သက်ပြီး ဘာမှပြောနေစရာမရှိ။
ထိုအခိုက်အတန့်၌ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ ကျန်းကွမ်း လေးနက်သောအသံဖြင့် အော်ဟစ်သည်။
"ဒီအချိန်စစ်ပွဲတစ်ခုစတင်ရင်း မင်းချီရှာဒေါင်ကြောင့် ကိုယ့်ကိုကိုယ် အရူးလုပ်တော့မလိုလား"
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၏ အမူအရာက မရေရာဖြစ်နေသည်။ အသက်ပြင်းပြင်းတစ်ချက်ရှုပြီးနောက် နှလုံးသားထဲ၌ မီးတောင်ပမာ ပေါက်ကွဲလာသည့် ဒေါသကို အတင်းဖိနှိပ်ရင်း ထိုင်ခုံသို့ မည်းမှောင်နေသည့် အမူအရာဖြင့် ပြန်သွားလိုက်သည်။
ယုချင်းယန် နှလုံးသားထဲကနေ နှာခေါင်းရှုံ့ရင်း ယဲ့ချိုးပိုင်အားကြည့်ကာ မေးသည်။
"မိတ်ဆွေလေးယဲ့၊ မင်းလက်ထဲမှာ အဆင့်မြင့်ကြယ်နယ်မြေက သတင်းတွေရှိမယ်ဆိုရင်တောင် လက်ရှိမင်းက အဲဒီအဆင့်နဲ့ အရမ်းဝေးနေသေးတယ်"
"ဘာလို့မင်းထုတ်ပြီး ငါတို့ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတွေဆီက ကျေးဇူးကြွေးတစ်ခုနဲ့ မလှဲလှယ်ရတာလဲ၊ ငါတို့ လူအိုကြီးတွေကို မင်းတို့လူငယ်တွေအတွက် လမ်းကြောင်းစူးစမ်းပေးဖို့ ကူညီရအောင်တောင် မင်းလုပ်လို့ရတယ်၊ ဟုတ်တယ်မလား"
ယုချင်းယန်၏စကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင် လက်အစုံကိုဖြန့်ရင်း အကူအညီမဲ့စွာပြောသည်။
"ကျုပ်သာသိရင် အစကတည်းက ပြောပြီးတာကြာပေါ့၊ စီနီယာပြောခဲ့သလိုပဲ ဒီသတင်းက အခြေအမြစ်မရှိတဲ့ အရာတစ်ခုပဲ"
"ဒါပေမယ့် ကျုပ်တကယ်မသိဘူး"
ယုချင်းယန် "အိုး၊ ဒီတော့ မင်းပြောချင်တာက တစ်ယောက်ယောက်က မင်းတို့ကို တမင်တကာကြံစည်ဖို့အတွက် ကြိုးစားနေတာပေါ့"
"ဒီလိုပဲမဟုတ်ဘူးလား" ယဲ့ချိုးပိုင်မေးသည်။
"စီနီယာတို့၊ ဒါကိုစဉ်းစားကြည့်ကြပါ"
ထိုနေရာတွင် ယဲ့ချိုးပိုင် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများအား စိုက်ကြည့်ရင်း လေးနက်စွာပြောသည်။
"ဒီသတင်းရဲ့အချိန်ဇယားက အရမ်းထူးဆန်းလွန်းမနေဘူးလား"
"ဒါက မိစ္ဆာကွပ်မျက်ညီလာခံမတိုင်ခင် နေ့မှာဖြစ်လာခဲ့တယ်၊ ပြီးတော့ ဒီလိုအမြန်နှုန်းနဲ့ ဒီသတင်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးမှာ လေဆင်နှာမောင်းတစ်ခုလို ဖြတ်သွားခဲ့တယ်၊ ဒါနဲ့ပတ်သက်ပြီး တစ်ခုခု ငါးညှီနံ့ရမနေဘူးလား"
"တစ်ယောက်ယောက် ဒါကိုတမင်တကာ လုပ်တာမဖြစ်နိုင်ဘူးလား၊ စီနီယာတို့၊ ဒါကိုယုံတယ်မလား၊ ခင်ဗျားတို့ ဒီသတင်းကို ဖြန့်တဲ့လူကို ရှာဖို့အတွက် လူလွှတ်ခဲ့တုန်းက ဘာသဲလွန်စကိုမှ ရှာမတွေ့ခဲ့ဘူးမလား"
ယဲ့ချိုးပိုင်နှာခေါင်းရှုံ့သည်။
"ခင်ဗျားတို့သတင်းကို ရစဉ်က စီနီယာတို့ လျှို့ကြံစည်မှုတစ်ခုကိုလည်း အနံ့ခံမိမယ်လို့ ကျုပ်ယုံကြည်တယ်"
"အဆင့်မြင့်ကြယ်နယ်မြေကို ၀င်ဖို့အတွက် နည်းလမ်းသတင်းက အရမ်းသွေးဆောင်အား ကောင်းလွန်းတော့ ဒါကို လွှတ်ပေးရမယ့်အစား ဒီနေရာကို လူမှားယွင်းပြီး သတ်မယ့်ရည်ရွယ်ချက်နဲ့ လာခဲ့ကြတာ၊ ကျုပ်ပြောတာ မှန်တယ်မလား"
သူပြောသည့်စကားများက လူတိုင်းနားထဲတွင် နား၀င်ပီယံမရှိသော်လည်း စကားလုံးတိုင်းက သူတိုင်း၏နှလုံးသားထဲကို ထိုးစိုက်နေသည်။
ထိုစကားလုံးများထဲ၌ စကားလုံးတစ်လုံးမှ မှားယွင်းမနေဘူးဟု ဆို၍ရသည်။
လူတိုင်း၏မည်းမှောင်နေသည့် အမူအရာများကိုကြည့်ရင်း ယဲ့ချိုးပိုင်ဆက်သည်။
"ဒီတစ်ကြိမ် ဒီသတင်းကို ဖြန့်ဝေရတဲ့ ရည်ရွယ်ချက်က အရမ်းသိသာထင်ရှားနေတယ်၊ ဒါက မိစ္ဆာကွပ်မျက်ညီလာခံရဲ့ ချောမွေ့တဲ့အစည်းအဝေးကို ဟန့်တားတာထက် မပိုဘူး"
"ဂိုဏ်းအသီးသီးကြားမှာ အတွင်းရေးစစ်ဖြစ်လာရင် အဖွဲ့၀င်တွေရဲ့အင်အားကို ကုန်ခမ်းစေမှာမို့ ဒါကအကောင်းဆုံးပဲ"
"ဒီလိုအရာမျိုးမှာ အကြီးမားဆုံးအကျိုးခံစားခွင့်ရသူက ဘယ်သူလဲ"
ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများ၏ နှလုံးသားထဲတွင် ရှင်းလင်းသည့် အဖြေတစ်ခုရှိနေပြီသားပါ။
ငရဲဂိုဏ်းဘိုးဘေး ချီရှာဒေါင်!
ဒီတိတ်ဆိတ်ပြီး မီးခိုးမဲ့သည့် စစ်မြေပြင်၌ အောင်မြင်သွားပါက ငရဲဂိုဏ်းက အကြီးမားဆုံး အကျိုးခံစားသူဖြစ်လာပေလိမ့်မည်။
ဒါက သူတို့အတွက်အချိန်ပိုယူနိုင်သည်။
ရုတ်တရက် မုဖူရှန်းပြောသည်။
"စီနီယာတို့ ကျုပ်ကိုမယုံဘူးဆိုရင် ကျုပ်တို့ သေမင်းဝိဉာဉ်မြို့ရဲ့ နောက်ဆုံးဆုလာဘ်မှာ အဆင့်မြင့်ကြယ်နယ်မြေကို ၀င်မယ့် ဘာသတင်းမှ မရခဲ့ဘူးဆိုတာကို သက်သေပြဖို့အတွက် ကောင်းကင်ဘုံတာအိုကျမ်းသစ္စာကို ကျိန်ဆိုနိုင်ပါတယ်၊ ဒီလိုဆိုရင်ရော"
မုဖူရှန်းထိုသို့ပြောလာစဉ် ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများ ပြန်ပြောသည်ကိုပင် စောင့်မနေတော့ဘဲ မုဖူရှန်း၊ ယဲ့ချိုးပိုင်နှင့် လင်းကျိနန်တို့အားလုံး တစ်ချိန်တည်းတွင် တာအိုကျမ်းသစ္စာပြုလိုက်ကြ၏။
တစ်ခဏအကြာတွင် တိမ်မည်းများက မြင့်မြတ်အဆောင်ဂိုဏ်းအပေါ်က ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး မိုးကြိုးများမြည်ဟိန်းလာသည်။
တည်ရှိနေသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ကောင်းကင်ဘုံကပ်ဘေးကနေ အကန့်အသတ်မဲ့ခြိမ်းခြောက်မှုကို ခံစားနေရသည်။
သူတို့လေးယောက် ကောင်းကင်ဘုံတာအိုကျမ်းသစ္စာဆိုပြီးနောက်တွင် ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများက ယဲ့ချိုးပိုင်တို့ကို လုံး၀ယုံကြည်သွားကြ၏။
အရာအားလုံးက ချီရှာဒေါင်၏ အကြံအစည်များသာ။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၊ ဟွမ်ရှန်း၊ ကျန်းကွမ်းနှင့် ဟောင်ကျန်းဟန်တို့လည်း ဒါကိုရှင်းရှင်းလင်းလင်း ခံစားမိပါသည်။
အမှောင်ထဲတွင်ပုန်းနေသည့် ကောင်းကင်အင်မော်တယ် အထွတ်အထိပ်ကျွမ်းကျင်သူ နှစ်ဦးကလည်း ဒီနေရာကနေ တိတ်တဆိတ် ထွက်သွားလေတော့သည်။
အဆင့်မြင့်ကြယ်နယ်မြေအကြောင်း သတင်းအချက်အလက်မရှိသဖြင့် သူတို့အတွက် ဆက်နေတာက အကျိုးမရှိပါ။
ရုတ်တရက် ယုချင်းယန်ခပ်ရေးရေးပြုံးသည်။
"မင်းတို့ကတကယ်အံ့ဖွယ်ကလေးလေးတွေပဲ၊ မျိုးစေ့ကောင်းလေးတွေပဲ"
လီရှောင်ကလည်း သူ့သဘောထားကို ပြောင်းကာ ကျယ်လောင်စွာရယ်မောသည်။
"ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ မင်းတို့နှစ်ယောက် ငါ့ရဲ့ အဆုံးမဲ့ရှေးဦးယန်ဂိုဏ်းကို လာဖို့ ဆန္ဒရှိလား"
"ငါမင်းတို့နှစ်ယောက်ကို ကိုယ်ပိုင်တပည့်တွေအဖြစ် လက်ခံဖို့ဆန္ဒရှိတယ်"
ကျင်းကျိထန်ပင်လျှင် ခေါင်းညိတ်သည်။
"မင်းတို့ ငါ့ရဲ့ကောင်းကင်မှောက်ဆေဘာဂိုဏ်းကိုလည်း လာလို့ရတယ်၊ ငါခြွင်းချက်ထားပြီး နောက်တပည့်နှစ်ယောက်ခေါ်ပေးမယ်"
အရင်နှင့်မတူစွာပင် သူ့သဘောထား အပြောင်းအလဲက အရမ်းမြန်လွန်းသဘ်။
သို့စေကာမူ ဒီကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများက ယဉ်ကျေးခြင်းမရှိကြသလို နားလည်မှုလွဲတာကိုလည်း ဖုံးကွယ်ရန် မကြိုးစားပေ။
ယင်းအစား သူတို့ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့၏ အံ့ဖွယ်အရည်အချင်းကို အမှန်တကယ် တန်ဖိုးထားကြသည်။
သူတို့က မြေအင်မော်တယ်နယ်ပယ်ကို မရောက်သေးသည့်တိုင် ကျင်းကျိထန်၏ ဆေဘာဆန္ဒအောက်တွင် ခုခံနိုင်သည့် လက္ခဏာများကို ပြသခဲ့သလို ပိတ်ဆို့မှုအောက်၌ပင် လှုပ်ရှားနိုင်ခဲ့သည်။
ဒါကသူတို့၏အနာဂတ်အောင်မြင်မှုများက သေချာပေါက်လွယ်ကူမှာ မဟုတ်ဘူးဆိုတာ သက်သေပြရန် လုံလောက်နေလေပြီ။
ယဲ့ချိုးပိုင်ပြုံးသည်။
"ကျုပ်တို့မှာ ဂိုဏ်းတစ်ဂိုဏ်းရှိပြီးသားပါ"
ယုချင်းယန်ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ သတင်းကိုလည်း အတည်ပြုပြီးပြီဆိုတော့ သစ်စိမ်းဂိုဏ်းက အရင်ထွက်သွားလိုက်ပါမယ်"
ထို့နောက် ချက်ချင်းဆိုသလို လီရှောင်၊ ကျင်းကျိထန်နှင့် ကျန်သောသူများက တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြ၏။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ် ဒီမြင်ကွင်းကိုမြင်သောအခါ ပြောသည်။
"မင်းတို့ဒီကိုရောက်နေပြီဆိုမှတော့ ဘာလို့ငါတို့နဲ့ မိစ္ဆာကွပ်မျက်ကိစ္စအကြောင်းကို မဆွေးနွေးရတာလဲ"
ယုချင်းယန် ငြင်းရန်အတွက် ဆင်ခြေတစ်ခုရှာနေစဉ်မှာပင် ရုတ်တရက် ကောင်းကင်ပေါ် မော့ကြည့်လိုက်မိသည်။
ယုချင်းယန်သာမက လီရှောင်၊ ကျင်းကျိထန်နှင့် ကျန်သောကောင်းကင်အင်မော်တယ် ကျွမ်းကျင်သူများကလည်း ကောင်းကင်ပေါ် မော့ကြည့်လိုက်ကြ၏။
သွေးတိမ်များက မြင့်မြတ်အဆောင်ဂိုဏ်းတစ်ခုလုံးကို ကောင်းကင်ထဲတွင် လွှမ်းခြုံသွားပြီး သွေးတိမ်ထဲမှ သွားစွယ်တစ္ဆေများက စူးရှသည့် ဟစ်ကြွေးသံများ ထုတ်လွှတ်သည်။
သွေးသတ်ဖြတ်ခြင်းဆန္ဒက ကမ္ဘာတစ်ခုလုံး၌ ပြည့်နှက်နေသည်။
သွေးတိမ်ထဲတွင် လူငယ်တစ်ဦးရပ်နေသည်။
ဟောင်ကျန်းဟန်သူ့ကို မြင်သောအခါ ကြက်သေသေသွားသည်။
"ချီပင်း"
ချက်ချင်းဆိုသလို သူ့အမူအရာက မည်းမှောင်သွားပြီး အံကြိတ်လိုက်၏။
"ချီရှာဒေါင်...."
အပိုင်း(765) coming။