#ပြီးပြည့်စုံသောအစီအစဉ်#
Vol. 54 Ch. 765
မြင့်မြတ်အဆောင်ဂိုဏ်း၌ ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများဖြစ်စေ၊ မြေအင်မော်တယ်ကျွမ်းကျင်သူများဖြစ်စေ၊ သို့မဟုတ် ဂိုဏ်းသားများဖြစ်စေ သူတို့၏အမူအရာများက ပြောင်းလဲသွားကြပြီး သွေးတိမ်အား မော့ကြည့်လိုက်ကြ၏။
သွေးတိမ်ထဲတွင် မျက်နှာပေါ်၌ သူ့ရုပ်ရည်၊ အတွေ့အကြုံနှင့် မကိုက်ညီသည့် အကျည်းတန်သောအပြုံးနှင့် လူငယ်တစ်ယောက်ရှိသည်။ သူခေါင်းငုံ့ရင်း လူတိုင်းအား ငုံ့ကြည့်သည်။
သူက သက်ရှိအားလုံးကို အထင်အမြင်သေးနေသည့် နတ်ဆိုးတစ်ပါးအသွင်။
သူ့ခန္ဓာက မှတ်တမ်းများထဲက ချီရှာဒေါင်နှင့် လုံး၀မတူသည့်တိုင် ငရဲဂိုဏ်း၏ မိစ္ဆာကွပ်မျက်ဝိုင်းရံမှုတွင် ပါ၀င်ခဲ့ကြသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများက သူတို့၏အော်ရာကို မှီခိုအားကိုးရုံနှင့် တစ်ဘက်လူ၏ ကိုယ်ပိုင်လက္ခဏာကို ခံစားနိုင်သည်။
ငရဲဂိုဏ်းဘိုးဘေးက အရင်က အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ လူအများအပြားကို တစ်ချိန်တည်းတွင် သတ်ပစ်ခဲ့သည်။
ငရဲဂိုဏ်း၏ လူမဆန်သောတည်ထောင်သူ ဘိုးဘေး ချီရှာဒေါင်!
တစ်ခြားသူများကမူ သူ့တို့၏နှလုံးသားအောက်ခြေကပင် အလွန်အမင်းအံ့ဩသင့်ကာ ကြောက်ရွှံ့သွားကြ၏။
သို့စေကာမူ ဟောင်ကျန်းဟန်အတွက်မူ ချီရှာဒေါင်က ချီပင်း၏ခန္ဓာကို သိမ်းပိုက်ထားတာကို မြင်ရသောအခါ သူ့နှလုံးသားပ အလွန်အမင်းနာကျင်သွားရသည်။ သူ့ကိုယ်ထဲက ဓားတာအိုပင်လျှင် အတင်းအဓမ္မ စတင်ထွက်လာခဲ့သည်။ အင်မော်တယ်ဓား ဓားဆန္ဒက သူ့ကိုယ်ခန္ဓာကို၀န်းရံပြီး ပတ်ပတ်လည်က လေဟာနယ်ကို အဆက်မပြတ် ဆုတ်ဖြဲနေသည်။
ကျန်သောသူများက ဟောင်ကျန်းဟန်ကို အံ့ဩသင့်တကြီး ကြည့်လိုက်မိကြ၏။ ဘာကြောင့် သူ့တွင် ချီရှာဒေါင်အပေါ် ဒီလို အားကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒတစ်ခု ရှိနေရသလဲဆိုတာ သူတို့နားမလည်ကြပေ။
ချီပင်းက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ သာမန်အတွင်းဂိုဏ်းတပည့်တစ်ဦးသာဖြစ်ပြီး မဟာပြိုင်ပွဲမတိုင်ခင် မထင်ရှားသည့်တိုင် သူက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်နေသေးသည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်တဖြစ်လဲ သူက သူ့ကိုယ်ပိုင်ဂိုဏ်းတပည့်ကိုပင် မကာကွယ်နိုင်ပေ။ ချီပင်းခန္ဓာကိုယ်က သူသေပြီးနောက်တွင် တစ်ခြားသူများ၏ သိမ်းပိုက်ခြင်းကိုခံရပြီး နေရာတိုင်းက လွင့်မြောပါနေရသည်။
ဒါက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနှင့် ဂိုဏ်းချုပ်ဖြစ်သည့်သူ့ကို ရက်စက်စွာ ပါးရိုက်လိုက်ခြင်းပင် မဟုတ်ပေလော။
အကယ်၍ သူသာတစ်ဖက်လူကို မသတ်ဘဲ ချီပင်းအလောင်းကို အနားယူနိုင်အောင် မလုပ်ပေးပါက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ ဂုဏ်သတင်းကို ဘယ်နေရာတွင် ထားရတော့မည်နည်း။
ဓားသမားတစ်ဦးအဖြစ် သူလုပ်ချင်တာ သူလုပ်မည်။ သူတစ်ယောက်ယောက်ကို သတ်လိုပါက သတ်ပစ်မည်သာ။
ထို့ကြောင့် လူတိုင်း ဟောင်ကျန်းဟန်၏ ဒေါသထွက်နေသည့်မျက်နှာနှင့် သူ့လက်ထဲက သုံးပေရှည်ဓားကို ကြည့်လိုက်ကြ၏။
ဓားဆန္ဒက ကောင်းကင်ပေါ်ထိုးတက်ကာ ဓားရှည်များအဖြစ်ပြောင်းသွားပြီး ကောင်းကင်ထဲက သွေးတိမ်ထဲရှိ ချီရှာဒေါင်ကို အလျင်အမြန် ပိုင်းဖြတ်ပစ်သည်။
သူကိုယ်တိုင်ကမူ ရှေ့တစ်လှမ်းတိုးကာ ဓားဆန္ဒကနေ သိပ်သည်းထားသည့် ဓားရှည်ပေါ် တက်ပြီး ဓားနှင့်အတူပျံသန်းရင်း ချီရှာဒေါင်ကို ရင်ဆိုင်သည်။
ဓားတစ်သောင်းကြားတွင် ဟောင်ကျန်းဟန်က ဒေါသနှင့် သတ်ဖြတ်ခြင်းဆန္ဒဖြင့် ရစ်နွှယ်နေသည့် သေမင်းနတ်ဘုရားတစ်ပါးအလားပင်။
ထိုအခိုက်အတန့်၌ ချီရှာဒေါင်က သူ့မျက်လုံးထဲက တစ်ဦးတည်းသောသူပင်။
ဒီထဲတွင် မည်သည့်နှစ်သက်သည့် ခံစားချက်မှ မပါရှိဘဲ ယင်းအစား ဒါက သူ့သတ်ဖြတ်ခြင်းဆန္ဒက အဆုံးစွန်ထိ သိပ်သည်းနေပြီဆိုသော လက္ခဏာတစ်ရပ်ဖြစ်သည်။
ဟွမ်ရှန်၊ ကျန်းကွမ်းနှင့် မြင့်မြတ်အဆောင်ဂိုဏ်းချုပ်တို့ပင် ကြက်သေသေသွားကြ၏။
ဟောင်ကျန်းဟန်က ကောင်းကင်အင်မော်တယ် နယ်ပယ် အလယ်အလတ်အဆင့်သာ ဖြစ်သော်လည်း အင်မော်တယ်ဓားဓားဆန္ဒနှင့် သူပြသသည့်သတ်ဖြတ်ခြင်းဆန္ဒ ပေါင်းစပ်မှုက သူတို့နှလုံးများကိုပင် တုန်ခါစေသည်။
အရင်က ဟောင်ကျန်းဟန်ငယ်ငယ်တုန်းက သူ့ကို ဓားပါရမီရှင်တစ်ဦးအဖြစ် လူသိများသည်။
သူက အနာဂတ်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ နံပါတ်တစ်ဓားတာအိုကျွမ်းကျင်သူအဖြစ် ကျော်ကြားခဲ့သည်။
ငယ်ငယ်တုန်းက ဘယ်သူကများ ပါရမီရှငမဖြစ်ချင်ကြလိုသနည်း။
ဒီစကားက ဟောင်ကျန်းဟန်အတွက် အလိုက်ဖက်ဆုံးပင်။
ချီရှာဒေါင် သူ့ထံပိုင်းဖြတ်လာသည့် ဓားမိုးများနှင့် ဓားကိုစီးနင်းလာသည့် ဟောင်ကျန်းဟန်ကိုကြည့်သည်။
သူ့အမူအရာက မည်သည့်လေးနက်မှုမှမရှိဘဲ ယင်းအစား သူပါးစပ်ထောင့်စွန်းက ဆိုးယုတ်သည့် အပြုံးတစ်ပွင့်နှင့်အတူ ကွေးညွတ်သွားသည်။
သူအနည်းငယ်လှည့်လိုက်စဉ် ချီရှာဒေါင်၏ ခန္ဓာက သွေးတိမ်နှင့်ပေါင်းစပ်သွားပြီး တခြားတစ်ဘက်တွင် ပေါ်လာခဲ့သည်။
ဓားတစ်သောင်းက ချီရှာဒေါင်၏ ပုံရိပ်ကို ချက်ချင်းထိုးဖောက်သွားသော်လည်း ဒါက ပုံရိပ်တစ်ခုသာဖြစ်သည်။
ချီရှာဒေါင်နှာခေါင်းရှုံ့သည်။
"ဟောင်ကျန်းဟန်၊ နှစ်များစွာကြာပြီးနောက်မှာတော့ မင်းခွန်အားက အတော်လေး မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့တာပဲ"
"ဒါပေမယ့် ဒီဘိုးဘေးက ဒီနေ့မင်းနဲ့အတူ တိုက်ခိုက်ဖို့ ဒီမှာရှိနေတာမဟုတ်ဘူး"
ဟောင်ကျန်းဟန် ဓားကိုတစ်တစ်ဖက်နှင့်ကိုင်ပြီး ခြေနှစ်ဖက်လုံးနှင့်ရှေ့တိုးကာ ချီရှာဒေါင်အား စိမ်းဝါးဝါးစိုက်ကြည့်သည်။
"ကောင်းကင်ဘုံဓားတောင်ထိပ်က တပည့်ရဲ့ခန္ဓာကို ထားခဲ့လိုက်ပါ"
ချီရှာဒေါင်ပြုံးသည်။
"ငါကမင်းဂိုဏ်းက တပည့်ရဲ့ရုပ်ခန္ဓာကို ငှားယမ်းရုံပါပဲ၊ ဒါကမင်းရဲ့ကိုယ်ပိုင်တပည့်လည်း မဟုတ်ဘူးလေ၊ ဒီလောက် ဒေါသထွက်နေစရာလိုလို့လား"
သူ့အတွက်အကျိုးရှိသရွေ့ အသက်များကို ယူပစ်ခဲ့သည့် ငရဲဘိုးဘေးချီရှာဒေါင်က သူ့ကိုယ်ပိုင်တပည့်ဆိုလျှင်ပင် တုံ့ဆိုင်းမနေဘဲ သတ်ပစ်မည်သာ။
ဒါကလည်း ငရဲဂိုဏ်း၏လက်ရှိဂိုဏ်းချုပ်နှင့် တပည့်များက ချီရှာဒေါင်ကို ကြောက်ရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။
သူကြည့်နေစဉ် ဟောင်ကျန်းဟန် ရှေ့သို့ တိုး၀င်သွားပြန်သည်။
ချီရှာဒေါင်လက်ဝှေ့ယမ်းသည်။
"ငါ့ကိုသတ်ဖို့ အလျင်မလိုနဲ့ဦး၊ မင်းငါ့ကို မသတ်နိုင်လူးဆိုပေမယ့် ငါ့မှာ မင်းသေချာပေါက် စိတ်၀င်စားစေမယ့် သတင်းတစ်ခုရှိတယ်၊ ဟောင်ကျန်းဟန်"
ဟောင်ကျန်းဟန်ရပ်သွားပြီး ချီရှာဒေါင်အား မျက်မှောင်ကြုတ်ကြည့်သည်။
"ပြောပါ"
ဒါကိုမြင်သောအခါ ချီရှာဒေါင်ပြုံးရင်း လူအုပ်စုဘက်လှည့်ပြီး စိစစ်ကာ ငေါ့တောတောပြောသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းတို့က တူနေဆဲပဲ၊ မင်းတို့က အတော်ဆုံး သူတော်ကောင်းယောင်ဆောင်ထားတဲ့ ကောင်တွေပဲ"
"မင်းတို့အတွက် ဒီမိစ္ဆာကွပ်မျက်ညီလာခံကို ကျင်းပတာက တကယ်ပဲအသုံး၀င်လို့လား၊ မင်းတို့ အဆင့်မြင့်ကြယ်နယ်မြေရဲ့ သတင်းအချက်အလက်ကို ရဖို့အတွက် ဒီဆင်ခြေကို သုံးနေသေးတာမလား" ချီရှာဒေါင်၏ စကားလုံးများကို ကြားသောအခါ လူတိုင်း၏ အမူအရာက မည်းမှောင်သွားကြ၏။
ချီရှာဒေါင်နှာခေါင်းရှုံ့သည်။
"မင်းတို့ အခုထိ မသေချာ၊ မရေရာကြသေးဘူးလား၊ ဒီတော့ ဒီဘိုးဘေးက မင်းတို့ရဲ့ဉာဏ်ရည်ကို တကယ်လျှော့တွက်မိတာပဲ"
"မင်း"
လီရှောင်လှုပ်ရှားချင်သော်လည်း သူလှုပ်ရှားလိုက်တာနှင့် တစ်ပြိုင်နက် အဆုံးမဲ့ရှေးဦးယန်ဂိုဏ်းက သူ့၏မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်သည့် ထောင်ချောက်ထဲသို့ အချိန်မီကျဆင်းသွားရပေလိမ့်မည်။ ဒါကိုတွေးမိသောအခါ သူဒါကို မျိုသိပ်လိုက်ရသည်။
ချီရှာဒေါင်၏ မျက်လုံးများက မွန်းစတားအိုတစ်ဦးပမာ ပါးနပ်သည်။
သူ လီရှောင်၏အတွေးများကို ဘယ်လိုလုပ် မမြင်ဘဲနေမည်နည်း။
ထို့ကြောင့် လှောင်ပြောင်သည့်အသွင် ရယ်မောရင်း ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ကျန်သောသူများအား ကြည့်လိုက်၏။
"မင်းတို့လူငယ်လေးတွေမဆိုးဘူး၊ မင်းတို့က အကောင်းဆုံးအဖြေကို ရခဲ့တာပဲ"
ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးရင်း ပြန်ဖြေသည်။
"စီနီယာရဲ့အစီအစဉ်က ဟာကွက်တွေအများကြီးရှိရုံပါပဲ"
ချီရှာဒေါင်ခေါင်းညိတ်ကာ လေးနက်စွာ တွေးတောနေပုံရသည်။
"တကယ်ပဲ ဟာကွက်တွေအများကြီးရှိပါတယ်"
"ဒါပေမယ့် အစီအစဉ်တိုင်းက ဘယ်လောက်ပဲ အသေးစိတ်ကျနေပါစေ ဟာကွက်တွေဆိုတာ အမြဲရှိမှာပဲ"
"ကောင်းမွန်တဲ့အစီအစဉ်တစ်ခုဆိုတာ ဒါကိုပြီးပြည့်စုံအောင်လုပ်ပြီး ဟာကွက်ပမာဏကို တစ်ခြားသူ ရှာမတွေ့နိုင်တဲ့အထိ တည်ရှိမှုအဆင့်အထိ လျှော့ချပစ်ဖို့ပဲ"
"ဒီတော့......"
ချီရှာဒေါင်၏ လေးနက်သည့်အမူအရာကနေ ရုတ်တရက် လှောင်ပြောင်သည့် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
"ပြီးပြည့်စုံတဲ့အစီအစဉ်ဆိုတာ ဘယ်လိုဖြစ်မယ်လို့ မင်းတို့ထင်လဲ"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက အနည်းငယ် ကြက်သေသေသွားကြ၏။
ပြီးပြည့်စုံတဲ့အစီအစဉ်!
အခုလေးတင် အစီအစဉ်တွေက ဘယ်လောက်ပဲ ကောင်းနေပါစေ ဟာကွက်ဆိုတာ အမြဲရှိတယ်လို့ ခင်ဗျားပြောခဲ့တာမလား!
ဒီပြီးပြည့်စုံတဲ့အစီအစဉ်က ဘာများဖြစ်နိုင်မလဲ!
ရုတ်တရက် မုဖူရှန်း၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အသံနိမ့်ကာပြောလိုက်၏။
"ပြီးပြည့်စုံတဲ့အစီအစဉ်မှာတောင် ဟာကွက်တွေရှိတယ်၊ ဒါပေမယ့် ငါတို့ဒီဟာကွက်တွေကို တစ်ခြားနည်းနဲ့ ဖြည့်လိုက်မယ်ဆိုရင် ဟာကွက်တွေနောက်မှာ နောက်ထပ်အလွှာတစ်ခုကို ဖန်တီးလို့ရတယ်...."
ဒီနေရာတွင် လူတိုင်း၏အမူအရာက ပို၍ပို၍ပင် ကြည့်ရဆိုးလာကြသည်။
တစ်နည်းအားဖြင့် အစမှာပင် သူတို့ကို ခေါင်းကိုက်စေသည့် ဒီပွင့်လင်းသည့်အစီအစဉ်က တကယ်တော့ ငါးစာတစ်ခုဖြစ်နေသည်လား။
ထိုအခိုက်အတန့်၌ ချီရှာဒေါင် ဟောင်ကျန်းဟန်ဘက်လှည့်ကာ ရယ်မောသည်။
"ဂိုဏ်းချုပ်ဟောင်၊ ဘာလို့ မင်းရဲ့ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို တစ်ချက်သွားမကြည့်ရတာလဲ"
ဟောင်ကျန်းဟန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။
အပိုင်း(766) coming။
ငါ့တပည့်တွေက ဘုရင်တွေ