#မုန်တိုင်းစုစည်းလာခြင်း#
Vol. 54 Ch. 766
ချီရှာဒေါင်၏စကားလုံးများက ဟောင်ကျန်းဟန်နှင့် ယဲ့ချိုးပိုင်တို့၏ အမူအရာများကို ပြောင်းလဲသွားစေသည်။
ပြီးပြည့်စုံတဲ့အစီအစဉ်လား!
ဟာကွက်နောက်တွင် နောက်ထပ်လျှို့ဝှက်ကြံစည်မှုအလွှာတစ်ခုကို ဖန်နီးနိုင်သည်။
အစီအစဉ် ပထမအဆင့်၏ ဟာကွက်ကို မြင်နိုင်ခဲ့သောသူများက နောက်အစီအစဉ်ကို သတိမထားမိဘဲ ပဏာမခြေလှမ်းလှမ်းကာ သတိလက်လွတ် ကျဆင်းသွားကြရပေလိမ့်မည်။
"ဂိုဏ်းချုပ်ဟောင်၊ အခုကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို ပြန်ပြီးတစ်ချက် သွားကြည့်ပါဦး"
ချီရှာဒေါင် ဟောင်ကျန်းဟန်အား ခပ်ရေးရေးပြုံးကာ ကြည့်သည်။
"အခုသွားမယ်ဆိုရင် ငါတို့ တစ်ခုခုချန်ထားခဲ့ကောင်း ချန်ထားနိုင်တာပဲလေ"
ဟောင်ကျန်းဟန်၏အမူအရာက ထိတ်လန့်မှုကနေ ကြောက်စိတ်ကိုပြောင်းလဲနေပြီး နက်ရှိုင်းသောအသံဖြင့် မေးသည်။
"ဂိုဏ်းမှာ တစ်ခုခုဖြစ်ပျက်နေတယ်ဆိုရင် ငါဘာလို့ဘာတစ်ခုမှ မခံစားနိုင်ရတာလဲ"
ဟောင်ကျန်းဟန် ထွက်လာသော်လည်း ဂိုဏ်းထဲတွင် အသံလွှင့်ကျောက်စိမ်းဆွဲသီးများ ကိုင်ထားကြသည့် အကြီးအကဲများ ရှိသလို အစီအရင်တစ်ချို့လည်းရှိသည်။
တစ်ခုခုဖြစ်ပျက်သွားပါက သူဘယ်လိုလုပ် မသိဘဲနေမည်နည်း။
ချီရှာဒေါင် ကျယ်လောင်စွာ ရယ်မောသည်။
"ဟောင်ကျန်ဟန်၊ ဟောင်ကျန်းဟန်၊ မင်းငယ်ငယ်တုန်းက ငါ့ငရဲဂိုဏ်းရဲ့ နည်းစနစ်တွေကိုလည်း မြင်ခဲ့ဖူးတာပဲလေ"
"ငါ့ရဲ့နည်းစနစ်တွေနဲ့ဆိုရင် ဒီဘိုးဘေးက သတင်းအချက်အလက်ကို အသံလွှင်တာကို ရပ်တန့်ပစ်ဖို့ဆိုတာ နည်းလမ်းလေးတစ်ခုပါပဲ၊ ငါဘယ်လိုလုပ်တစ်ခုနှစ်ခုလောက်ကို မကျွမ်းကျင်ဘဲနေမလဲ"
ဟောင်ကျန်းဟန်ဒါကိုဘယ်လိုလုပ် မသိနိုင်ရလေသနည်း။
ချီရှာဒေါင်နှာခေါင်းရှုံ့သည်။
"ဒီဘိုးဘေးက လုံး၀ပြင်ဆင်မထားဘူးလို့ မင်းတကယ်ပဲထင်နေတာလား"
"ဒါက တစ်ရက်၊ နှစ်ရက်ကြာမယ့် ပွင့်လင်းတဲ့ အကြံအစည်တစ်ခုများထင်နေလား၊ အဲဒါကဘာအသုံး၀င်လို့လဲ၊ ဒါ့အပြင် ဒီဘိုးဘေးခန္ဓာရဲ့ အရင်ပိုင်ရှင်က သေဆုံးသွားပြီဆိုတာ မင်းရဲ့ကောင်းကင်ဘုံဓားတောင်ထိပ်က တပည့်တွေသိတယ်ဆိုပေမယ့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို စောင့်ကြပ်နေတဲ့ ဂိုဏ်းသားတွေနဲ့ အကြီးအကဲတွေက ဘယ်လိုသိမှာလဲ"
"ဒီအသာစီးနဲ့ ဒီဘိုးဘေးက ဘယ်လိုလုပ် ဒါကို အသုံးမပြုနိုင်ရမှာလဲ"
ဟောင်ကျန်းဟန်၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတွင် တစ်ခုခုဖြစ်ခဲ့လောက်သည်။
ဒါကသံသယမရှိပေ။
ချီရှာဒေါင်ဆက်ပြောသည်။
"ဒါပေမယ့် မင်းတို့ရဲ့ကောင်းကင်ဘုံဓားတောင်ဂိုဏ်းမှာ အဲဒီဆွေးမြေ့ပျက်စီးနေတဲ့ အဆောက်အအုံကို စောင့်ကြပ်နေတဲ့ အဖိုးကြီးသုံးယောက် ရှိသေးတယ်မလား"
"ငါက ကောင်းကင်ဘုံဓားတောင်ထိပ်ဂ်ုဏ်းရဲ့ တပည့်တစ်၀က်ကျော်ကိုပါ ရှင်းလင်းနိုင်ပြီး ချက်ချင်းဆုတ်သွားရမယ်ထင်နေတာ၊ အဲဒီအဖိုးကြီးသုံးယောက်က မရှိတာ ဘယ်သူသိမလဲ"
ချီရှာဒေါင်စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ့အမူအရာက အေးခဲသွား၏။
သူတစ်ခုခုပြောရန်ပြင်လိုက်စဉ် သူ့ဘယ်ဘက်နှင့်ညာဘက်တွင် သူ့ကိုယ်ခန္ဓာကို ထိုးဖောက်နေသည့် အလွန်အမင်းထက်ရှ မြန်ဆန်သည့် ဓားဆန္ဒရှိသည်။
သို့စေကာမူ ဓားဆန္ဒသုံးခုက သူ့ကို တစ်ချိန်တည်းတွင် ဖြတ်သန်းသွားသော်လည်း ချီရှာဒေါင်၏ကိုယ်မှ သွေးမထွက်လာခဲ့ပေ။
"အိုး၊ မင်းတို့သုံးယောက်က ယဲ့ချိုးပိုင်ကို စောင့်ကြပ်နေကြတာလား"
ချီရှာဒေါင် လက်ထဲတွင် ဓားရှည်များကိုင်ပြီး ဖြည်းဖြည်းချင်းပေါ်လာနေသည့် အဖိုးအိုသုံးယောက်ကို လှည့်ကြည့်လိုက်၏။
အဖိုးအိုသုံးယောက်က အမှန်တကယ်ပင် အင်မော်တယ်ဓားဆန္ဒကိုဖွင့်ဟခဲ့ပြီး တစ်ချိန်တည်းမှာပင် သူတို့၏အော်ရာက အံ့ဩစရာကောင်းစွာပင် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိနေခဲ့သည်။
ဟွန်ရှန်၊ မြင့်မြတ်အဆောင်ဂိုဏ်းချုပ်နှင့် ကျန်းကွမ်းပင်လျှင် ကြက်သေသေသွားရသည်။
သူတို့ကလည်း ဒီအဖိုးအိုသုံးယောက်အကြောင်းကို သိကြသည်။
သို့စေကာမူ အစောပိုင်းက သူတို့အော်ရာကို စစ်ဆေးတုန်းက ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သာဖြစ်သည်။
အခုတော့ ထုတ်ဖော်ပြသသည့်အော်ရာက ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်နေသည်လား။
ဘယ်ဘက်က အဖိုးအိုက မျက်မှောင်ကြုတ်သည်။
"ပြင်ပပုံတူလား၊ မင်းခွန်အားပြန်မရလာသေးခင် ဒီကို ဒီလောက်ထိ ကြွားဝါပြီး လာတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"
ချီရှာဒေါင်နှာခေါင်းရှုံ့သည်။
"ဒီဘိုးဘေးက မင်းတို့လောက်တော့ မတုံးအသေးပါဘူး"
ချီရှာဒေါင်ကို ကြောက်ရွှံ့ရခြင်းက ခွန်အားအရာတင်မဟုတ်ဘဲ သူ့အကြွင်းမဲ့ခွန်အားရှေ့တွင် သူ့အစီအစဉ်များက အဆုံးမဲ့ အားကောင်းသွားသည့်အတွက်ကြောင့်ပင်။
အရင်က ချီရှာဒေါင်က အဆိပ်ပြင်းမြွေတစ်ကောင်နှင့်တူသည်။
သူအသေးဆုံးဟာကွက်လေးတစ်ခုကို ဖမ်းဆုပ်မိလျှင်ပင် သွေးရဲရဲပါးစပ်ကိုဟပြီး တစ်ဘက်လူကို အညှာအတာကင်းမဲ့စွာ ဝါးမြိုပစ်ပေလိမ့်မည်။
သူမည်သည့်အခွင့်အရေးကိုမှ ချန်ထားပေးခဲ့မည်မဟုတ်။
ဒါကလည်း သူ့ကို အလယ်အလတ်အဆင့်ကြယ်နယ်မြေက ထိပ်တန်းကျွမ်းကျင်သူ ဆယ်ဦးကျော် ၀န်းရံခဲ့ရသည့် အကြောင်းရင်းဖြစ်သည်။
ချီရှာဒေါင် ဆက်လက်တိုက်ခိုက်နိုင်သေးပြီး သူ့ဝိဉာဉ်အစက်အပျောက်လေးအဖြစ် လွတ်မြောက်နိုင်သေးရသည့် အကြောင်းရင်းက ချီရှာဒေါင်၏ပုံရိပ်က အဆက်မပြတ် မသထီစရာအဖြစ် ပြောင်းလဲနေသောကြောင့်ပင်။
အဆုံးသတ်တွင် ချီရှာဒေါင်ထပ်ပြောလာသည်။
"မင်းတို့က ဟန်ဆောင်ကောင်းကြတယ်ဆိုပေမယ့် အရမ်းလည်းပါးနပ်ကြပါတယ်"
သူ့အကြည့်က မိစ္ဆာကွပ်မျက်ညီလာခံတွင် မပါ၀င်ခဲ့သည့် လီရှောင်နှင့် ကျန်သောဂိုဏ်းအသီးသီး၏ ခေါင်းဆောင်များအပေါ် ကျရောက်သွား၏။
"မင်းတို့သာ မိစ္ဆာကွပ်မျက်ညီလာခံမှာ ပါ၀င်နေတုန်းဆိုရင် အခွင့်အရေးတစ်ခုရတာနဲ့ ငါမင်းတို့ဂိုဏ်းကိုလည်း သေချာပေါက် သတ်ပစ်မှာပဲ၊ ဒါပေမယ့် မင်းတို့ မပါ၀င်ဘူးဆိုရင်တော့ အနာဂတ်မှာ မင်းတို့ဂိုဏ်းကို ငါသေချာပေါက် ထိန်းသိမ်းထားပါမယ်"
ထိုစကားကိုဆိုပြီးနောက် ချီရှာဒေါင် ပျောက်ကွယ်သွား၏။
ကောင်းကင်ထဲက သွေးတိမ်ကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၊ ကျန်းကွမ်း၊ ဟွမ်ရှန်းနှင့် ကျန်သောသူများ၏ အမူအရာများက ရုတ်ချည်း ကြည့်ရဆိုးသွားကြ၏။
လီရှောင်၊ ယုချင်းယန်နှင့် ကျန်သောသူများက ချီရှာဒေါင်၏စကားလုံးများကို ယုံမှာမဟုတ်တာကို သူတို့သိသော်လည်း ဒီစာသားက လူတိုင်းကို ခြိမ်းခြောက်နိုင်မယ်လို့လည်း ချီရှာဒေါင် သေချာပေါက် မတွေးတောထားခဲ့ပေ။ သို့စေကာမူ စကားလုံးများကို ပြောပြီးသည်နှင့် မျိုးစေ့က စိုက်ပြီးသားဖြစ်သွားလေပြီ။
အနည်းဆုံးတော့ ဒီအချိန်ကာလအတွင်း ထိုဂိုဏ်းများ၊ အင်အားစုများအတွက် အရင်ကထက်ပိုကြီးမားသည့် အကျပ်ရိုက်မှုတစ်ခုထဲ ကျသွားကြပေလိမ့်မည်။
ဒီစကားလုံးများက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ လက်စားချေမှုအပေါ် တိုက်ခိုက်လိုက်ခြင်းလည်းဖြစ်သည်။
ဒါက ငရဲဂိုဏ်းအတွက် သံသယမရှိ အချိန်အများကြီး ရလာစေခဲ့သည်။
လင်းကျိနန် အကူအညီမဲ့စွာ သက်ပြင်းချသည်။
"ငါသာသူ့ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုရငါ ငါတကယ်သူ့ကို ဆန့်ကျင်မိမှာမဟုတ်ဘူး"
မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့တွင်လည်း နက်ရှိုင်းသည့်ခံစားချက်များ ရှိနေကြသည်။
ဒီတစ်ကြိမ်က ချီရှာဒေါင်၏ အစီအစဉ်များကာလပေတည်း။
စကားလုံးအနည်းငယ်ဖြင့် သူက သူ့၏ အသေးစိတ်ပြီး ရက်စက်သောပါးနပ်မှုကို ဖော်ပြခဲ့သည်။
ဒါ့အပြင် သူကအလွန်အမင်း ကြောက်စရာကောင်းလွန်းအောင် အစွမ်းထက်လွန်းသည်။
ဟောင်ကျန်းဟန်ဒါကိုဂရုမစိုက်ဘဲ ယင်းအစား ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရှိရာဘက်သို့ ချက်ချင်းပျံသန်းသွားသည်။
အဖိုးအိုသုံးယောက်ကလည်း ယဲ့ချိုးပိုင်ဘေးကို ရောက်လာကြသည်။
"မင်းငါတို့နဲ့အတူ ပြန်သွားမလား"
ယဲ့ချိုးပိုင်တစ်ခဏမျှတွေးပြီးနောက် ခေါင်းညိတ်သည်။ သူတို့ထိုနေရာ၌ပင် ပျောက်ကွယ်သွားကြ၏။
မုဖူရှန်းအနည်းငယ်အားကိုးရာမဲ့နေသည်။ ငါဘာလို့နေရာတိုင်းကို သွားနေရတာလဲ!
ငါဘာလို့ ဒီလိုအားကောင်းတဲ့ လူတစ်ယောက်ကို ရန်စစော်ကားမိခဲ့ရတာလဲ!
အစ်ကိုကြီးနဲ့ အစ်ကိုရှောင်ဟိုင်တို့ရဲ့ အမုန်းတရားကို ဆွဲဆောင်နိုင်စွမ်းက အရမ်းအားကောင်းတာပဲ!
မဟုတ်ဘူး၊ ငါခွန်အားကို တိုးမြှင့်ပြီး ပြင်ဆင်မှုတွေလုပ်ရမယ်!
ကောင်းကင်ဘုံဓားတောင်ထိပ်က လူတိုင်းထွက်သွားကြပြီးနောက် ကျန်သောအင်အားစုများကလည်း မည်သည့်စကားမှ မဆိုဘဲ ထွက်သွားကြသည်။
ဟွမ်ရှန်နှင့် ကျန်းကွမ်းတို့ကလည်း မြင့်မြတ်အဆောင်ဂိုဏ်းချုပ်ကို ပြောလိုက်ကြ၏။
"ငါတို့မိသားစုကို ဒီအကြောင်းကို အသိပေးလိုက်ပါမယ်"
"အချိန်ကျလာတဲ့အခါကျရင် မင်းတို့မှာ အစီအစဉ်တစ်ခုခုရှိတယ်ဆိုရင် အဆက်အသွယ်မပြတ်ဘဲ နေပါ"
မြင့်မြတ်အဆောင်ဂိုဏ်းချုပ် ခေါင်းညိတ်သည်။
မိစ္ဆာကွပ်မျက်ညီလာခံက ဒီလိုကျရှုံးမှုတစ်ခုနှင့် အဆုံးသတ်သွားခဲ့သည်။
အစည်းအဝေးသတင်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင် အလျင်အမြန် ပျံ့သွားခဲ့သည်။
ဒါက ချီရှာဒေါင်ကို မေ့နေပြီဖြစ်သည့် ဟို့မဟုတ် သူ့ကိုမသိသည့် လူတစ်ချို့ကို အလွန်အမင်းအားကောင်းသည့် ဖိအားတစ်ခုကို ပြန်လည်ခံစားရစေသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကိုပင် ပြန်လည်ပြောင်းလဲပစ်ရန် လုံလောက်သည့် မုန်တိုင်းတစ်စင်းက ဖြည်းဖြည်းချင်း ကျုံ့လာနေသည်။
မုန်တိုင်းကိုကျော်လွှာပြီး ပြန်လည်ရှင်သန်မည်လား၊ သို့မဟုတ် မုန်တိုင်း၏လွှမ်းမိုးခြင်းကို ခံရပြီး အပိုင်းပိုင်းအစစကွဲကာ သမိုင်း၏ မြည်ရှည်ကြီးထဲတွင် ပျောကိကွယ်သွားမည်လား ဒီအရာအားလုံးက သူတို့တောင်ပေါ်ထိုင်ရင်း ကျားများတိုက်ခိုက်ကြတာကြည့်မလား သို့မဟုတ် ထောင်ချောက်တစ်ခုဖြစ်နေဦးမလားဆိုသည့် ဆုံးဖြတိချက်အပေါ် မူတည်သည်။
ဒါမှမဟုတ် သူတို့ ငရဲဂိုဏ်းကို၀င်သင့်လား!
ဒါက ဂိုဏ်းအားလုံး တွေးနေကြသည့် အရာဖြစ်သည်။
တခြားတစ်ဘက်တွင် ကောင်းကင်ပိုင်နက်တွင် ပုံရိပ်တစ်ချို့ပေါ်လာကြသည်။
ထို့ထဲတွင် နတ်ဘုရားမတစ်ပါးနှင့်တူသည့် ဧကရီပုံပေါ်သော ပြိုင်ဘက်ကင်းအနီရောင် ၀တ်စုံရှင်အမျိုးသမီးကပြုံးသည်။
"တစ်ခြားသူတွေကတော့ မသိဘူး၊ ဒါပေမယ့် ဂျုနီယာမောင်လေးမုကတော့ ဒီမှာရှိနေရမယ်"
ကောင်းကင်ပိုင်နက်က မြင့်မြတ်အဆောင်ဂိုဏ်း၏ နယ်မြေပင်။
မြင့်မြတ်အဆောင်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် အဆောင်သခင်ရှေးရိုးစွဲဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။
အပိုင်း(767) coming။
ငါ့တပည့်တွေက ဘုရင်တွေ