#ခေါင်းစဉ်မဲ့#
Vol. 54 Ch. 767
ကောင်းကင်ပိုင်နက်၏ လမ်းမများပေါ်၌ နေရာတစ်ခုလုံးက ဖိနှိပ်နေသည့်လေထုဖြင့် ပြည့်နှက်နေသည်။
ဒါကပုံမှန်တိုးပွားနေသည့် အလားအလာနှင့် ဆန့်ကျင်ဘက်ပင်။
ရောင်း၀ယ်သူများဖြစ်စေ၊ ဂိုဏ်းအသီးသီး၏ တပည့်များဖြစ်စေ၊ တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်စေ လူတိုင်း၏မျက်နှာက လေးနက်နေပြီး ကြောက်ရွှံ့မှုဖြင့် ပြည့်နှက်နေကြ၏။
သူတို့သိကြသည့် တစ်စုံတစ်ယောက်ကို တွေ့လျှင်ပင် ခေါင်းညိတ်နှုတ်ဆက်ရုံမျှသာ လုပ်ပြီး အလျင်အမြန်ထွက်သွားကြသည်။
ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှီရှန်းနှင့် မု၀မ်အာတို့က လမ်းမပေါ်ကနေ လျှောက်လာကြစဉ် ၀န်းကျင်က လေထုကို ခံစားမိသဖြင့် သူတို့ဝေခွဲမရဖြစ်သွားကြသည်။
ရှီရှန်းဘယ်ညာကြည့်ရင်း ခေါင်းကုတ်ကာ စိတ်ရှုပ်ထွေးစွာပြောသည်။
"ယုတ္တိတန်စွာပြောရရင် ဒီနယ်မြေက အလယ်အလတ်အဆင့်ကြယ်နယ်မြေရဲ့ ထိပ်တန်းနယ်မြေတွေထဲက တစ်ခုပဲ"
"ဒါပေမယ့် ဒီနေရာက အရမ်းကြွယ်၀ပုံပေါ်ပေမယ့် ဘာလို့ ကြောက်စရာကောင်းတဲ့ ဖိနှိပ်မှုကိုလည်း ဖော်ဆောင်နေရတာလဲ"
နင်းချန်ရှင်းခေါင်းခါယမ်းသည်။
"မကြာသေးခင်က တစ်ခုခုဖြစ်ပျက်ခဲ့တာများလား"
ဟုန်ရင်ကလည်းပြောသည်။
"ဒီအခြေအနေက တကယ်ပဲ နည်းနည်းထူးဆန်းနေတယ်"
မု၀မ်အာ တစ်ခဏမျှတွေးပြီးနောက် ပြုံးသည်။
"ငါတို့တစ်ယောက်ယောက်ကို ရှာပေးကြရအောင်လေ၊ ပြီးတော့ ဂျူနီယာမောင်လေးမုဘယ်မှာလဲဆိုတာကိုလည်း မေးလို့ရတာပဲလေ"
မု၀မ်အာ၏ စကားလုံးများကို ကြားသောအခါ ရှီရှန်းရိုးစင်းသည့်လေသံနှင့် ပြောသည်။
"ဂျူနီယာညီလေးမုက နင့်ထက်အရင် ဂိုဏ်းကို၀င်လာတာမလား၊ နင်သူ့ကို စီနီယာအစ်ကိုလို့ခေါ်သင့်တာ"
ဒီစကားလုံးတွေက.....!
မု၀မ်အာချက်ချင်းတိတ်ဆိတ်သွား၏။
သူမအံကြိတ်ရင်း အသံကျယ်ကြီးနှင့် ငြင်းဆန်သော်လည်း ရှီရှန်းပြောတာက အဓိပ္ပာယ်ရှိပါသည်။
"ငါအရင်လာခဲ့တာပဲလေ..." အဆုံးသတ်တွင် သူမနာကျင်နေသည့် လေသံနှင့် တီးတိုသာ ပြောနိုင်တော့သည်။
သို့စေကာမူ သူမလေးနက်သည့်အမူအရာဖြင့် အဖိုးအိုတစ်ဦးထံ လျှောက်သွားသည်။
နူးညံ့ပြီးချစ်စရာကောင်းသည့် မု၀မ်အာကို မြင်သောအခါ အဖိုးအိုကြက်သေသေသွားပြီး ခေါင်းညိတ်ရင်း သူမအနားကနေ လျှောက်သွားရန် ပြင်နေစဉ် မု၀မ်အာမေးသည်။
"စီနီယာ၊ ဒီမှာတကယ်ပဲ ဘာဖြစ်ပျက်နေတာလဲဆိုတာ မေးလို့ရမလား"
ဒါကိုကြားသောအခါ အဖိုးအိုကြက်သေသေသွားပြီး မု၀မ်အာကို မွန်းစတားတစ်ကောင်အား ကြည့်နေသည့်ပမာ ကြည့်လိုက်မိသည်။
ငါမင်းကိုမေးပါရစေ!
သာမန်သေမျိုးတွေကလွဲပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ဘာဖြစ်နေသလဲဆိုတာကို မသိတဲ့သူရှိလို့လား!
ငရဲဂိုဏ်း ပြန်လာတော့မှာဖြစ်သလို ချီရှာဒေါင်ပြန်လည်မွေးဖွားလာတာကို မသိတာ ဘယ်သူရှိလို့လဲ!
ဒါ့အပြင် လမ်းမပေါ်မှာ ဒီလိုလူတိုင်းကို ထိတ်လန့်ပြီး ရှောင်လွှဲသွားစေတဲ့ မေးခွန်းမျိုးကို တကယ်ပဲ လာမေးနေတာလား!
အဖိုးအိုသက်ပြင်းတစ်ချက်ရှူသွင်းရင်း ပျောက်ကွယ်သွား၏။
မု၀မ်အာ ကြက်သေသေသွားသည်။
တစ်ခြားသူတွေကို အဖြေတောင်မပေးရဲဘဲ ထွက်ပြေးရအောင်အထိ ဘယ်လိုအရာများကများ လုပ်နိုင်စေတာလဲ!
မု၀မ်အာ ဆက်မေးသော်လည်း လူတိုင်းက ဒီအကြောင်းကို မပြောချင်ကြသည့်အလား ပါးစပ်ကိုသာ ပိတ်ထားကြသည်။
တစ်ချို့က ထွက်ပြေးသွားကြသလို တစ်ချို့ကမူ မု၀မ်အာကို လျစ်လျူရှုထားသည်။
ဒီကမ္ဘာပေါ်၌ မိုက်မဲတုံးအပြီးရဲတင်းသော တည်ရှိမှုများလည်း ရှိပါသေးသည်။
ဥပမာအားဖြင့် ရွှတ်နောက်နောက်ပုံပေါ်သည့် လူငယ်တစ်ယောက် မု၀မ်အာ လျှောက်လာနေတာကိုမြင်သောအခါ သူဖြောင့်ဖြောင့်ပင် မလျှောက်နိုင်တော့။
မု၀မ်အာကို တည့်တည့်စိုက်ကြည့်ရင်း သူတွေးနေမိသည်။
ကြည့်ရတာ ဒီနေ့သီးသန့်မကျင့်ကြံခဲ့တာ မှန်သွားပုံပဲ၊ မဟုတ်ဘူးဆိုရင် ငါဒီလိုဆွဲဆောင်မှုရှိတဲ့ မိန်းကလေးကို တွေ့ရမှာမဟုတ်ဘူး!
မု၀မ်အာ မျက်တောင်ခတ်ရင်း လူငယ်ကို မေးလိုက်၏။
"ဒီကအစ်ကိုရေ၊ ကောင်းကင်ပိုင်နက်မှာ မကြာခင်က ဘာဖြစ်ခဲ့သလဲဆိုတာ တစ်ချက် မေးလို့ရမလား၊ ဘာလို့လူတိုင်းက ဒီလောက်ကြောက်နေရတာလဲ"
လူငယ် မု၀မ်အာ၏ ချစ်စရာအသံလေးကို ကြားသောအခါ မှင်သက်သွားရသည်။
ဟဲဟွမ်ဂိုဏ်းလိုမျိုး နှစ်ကိုယ်တူကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းအတွက် အရာနှစ်ခုက လုံး၀ကို မခုခံနိုင်စရာပင်။
အဆင့်မြင့်ကာဒရွန်နဲ့ လှပသည့်အမျိုးသမီး!
မု၀မ်အာက ဒီနှစ်ခုစလုံးကို ပိုင်ဆိုင်ထားသည်မှာ ရှင်းနေသည်။
တစ်ဘက်လူက အဖြေမပေးတာကို မြင်ရသောအခါ မု၀မ်အာ အားကိုးရာမဲ့သလို ခံစားလိုက်ရပြီး လက်လျှော့ချင်စိတ် ဖြစ်လာသည်။
လူငယ်ကပြောသည်။
"တကယ်လို့ မင်းတခြားတစ်ယောက်ကို ဒါကိုမေးမယ်ဆိုရင် သေချာပေါက်မေးလို့ရမှာမဟုတ်ဘူး၊ ဘယ်လိုပဲဆိုဆို အခုဘယ်သူက ဒီအကြောင်းကို ပြောရဲလို့လဲ"
တစ်ဘက်လူ၏စကားလုံးများကို ကြားသောအခါ မုဝမ်အာ လူငယ်အား ကြည့်လိုက်စဉ် သူ့၏ ကျူးကျော်နေသော အကြည့်နှင့် တွေ့ဆုံသဖြင့် သူမရွံရှာသည့်ပမာ ခံစားလိုက်ရသည်။
အဖြူရောင်ကြွေထည်ပုလင်းတစ်ပုလင်းက သူမလက်ထဲ ပေါ်ပေါက်လာဟည်။
လူငယ်က မု၀မ်အာအပေါ် ယခုလိုအမူအရာမျိုးကို ပြသနေတာကို ရှီရှန်းမြင်ရသောအခါ ရှေ့သို့ လျှောက်သွားသည်။
သို့စေကာမူ ဟုန်ရင်ကသူ့ကိုဆွဲထားသည်။
"ညီမလေး၀မ်ကိုယုံလိုက်၊ သူကဘယ်သူမဆို ရန်စစော်ကားလို့ရတဲ့ သူမဟုတ်ဘူး"
ဟုန်ရင်၏မျက်နှာပေါ်၌ ခပ်ရေးရေးအပြုံးတစ်ပွင့်ရှိနေပြီး ရှီရှန်းကလည်းခေါင်းညိတ်ကာ ထိုနေရာ၌ပင် ရပ်လိုက်၏။
လူငယ်၏မျက်နှာ၌ သားနားသည့်အပြုံးတစ်ပွင့်ရှိနေပြီး မု၀မ်အာအား စိုက်ကြည့်ရင်း ဂုဏ်ယူ၀င့်ကြားစွာပြောသည်။
"မင်းငရဲဂိုဏ်းကိုသိလား...."
တစ်ခဏအကြာတွင် ဟုန်ရင်နှင့်ကျန်သောသူများက လူငယ်ထံမှ ဇာတ်လမ်းတစ်ခုလုံးကို သိသွားကြသလို ဘာကြောင့် အလွန်အမင်းပေါကြွယ်၀သည့် ကောင်းကင်ပိုင်နက်က ဖိနှိပ်ခံနေရသလို ဖြစ်နေရတာကို နားလည်သွားကြ၏။
ငရဲဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ အားအကောင်းဆုံးမိစ္ဆာကျင့်ကြံသူဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။
သူတို့ပြန်လာကြပြီဖြစ်လေရာ ဂိုဏ်းတိုင်းက ထိတ်လန့်နေကြသည်။
သူတို့က ဘယ်လိုဘက်ရွေးရန် သို့မဟုတ် ဂိမ်းထဲ ဘယ်အချိန်၀င်ရန်ကို တွေးနေကြ၏။
အဓိကဂိုဏ်းများက သူတို့၏ သဘောထားများကို မဖော်ပြကြသေးပေ။
ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကျင့်ကြံသူအားလုံးကို ထိတ်လန့်စေပြီး သူတို့မျက်နှာက အကြောက်တရားများနှင့် ပြည့်နှက်နေကြ၏။
မု၀မ်အာညင်သာစွာ ခေါင်းညိတ်ရင်း ထပ်မေးသည်။
"မြင့်မြတ်အဆောင်ဂိုဏ်း ဘယ်မှာလဲဆိုတာ သိလား"
မြင့်မြတ်အဆောင်ဂိုဏ်း!
လူငယ်မှာ ကြက်သေသေသွားသည်။ သူ့၏ကျုးကျော်နေသည့်အကြည့်က ရေအေးနှင့် ပက်ဖြန်းခံလိုက်ရသည့်အလား ချက်ချင်း ငြိမ်ကျသွားပြီး သတိအပြည့်ဖြင့် မေးသည်။
"ဘာလို့ မြင့်မြတ်အဆောင်ဂိုဏ်းအကြောင်းကို မေးနေရတာလဲ"
တစ်ဘက်လူက မြင့်မြတ်အဆောင်ဂိုဏ်းက စီနီယာတစ်ယောက် ခေါ်ယူထားသည့် တပည့်တစ်ယောက်ဖြစ်နေပါကရော!
သူလေ့လာမှုများ ပြီးဆုံးပြီးနောက် ဂိုဏ်းကို ပြန်လာရုံပဲရှိသေးသည်။
သူတို့ကိုစော်ကားရန် သူမတတ်နိုင်ပေ။
ဟဲဟွမ်ဂိုဏ်းက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းသာ။
မြင့်မြတ်အဆောင်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။
သူတို့ကိုသာရန်စမိပါက ဟဲဟွမ်ဂိုဏ်းတစ်ခုလုံး သေချာပေါက် အဖျက်ဆီးခံရပေလိမ့်မည်။
"ငါမြင့်မြတ်အဆောင်ဂိုဏ်းကိုသွားပြီး တစ်ယောက်ယောက်ရှာချင်လို့ပါ"
"မင်းက မြင့်မြတ်အဆောင်ဂိုဏ်းက မဟုတ်ဘူးလား" လူငယ်ပြန်မေးသည်။
မု၀မ်အာခေါင်းခါယမ်းရင်း လူငယ်အား အရူးတစ်ယောက်ပမာ ကြည့်နေသည်။
ငါသာမြင့်မြတ်အဆောင်ဂိုဏ်းက တပည့်တစ်ယောက်ဖြစ်နေရင် နင့်ကို မေးနေစရာလိုလို့လား!
ထို့နောက်တွင်သာ လူငယ်မှာ စိတ်သက်သာရာရစွာသက်ပြင်းချသည်။ သူမု၀မ်အာကို တောက်လောင်နေသည့်အကြည့်ဖြင့် ကြည့်ရင်း အဓိပ္ပာယ်ရှိသည့်အပြုံးတစ်ခုကို ဖော်ပြသည်။
"ဒီကိစ္စမှာ ငါမင်းရဲ့မေးခွန်းတွေအများကြီးကို ဖြေပြီးပြီ၊ တကယ်လို့ငါသာထပ်ဖြေရင် ဆုံးရှုံးနစ်နာတဲ့သူ ဖြစ်သွားမှာပေါ့"
"အရင်သတင်းအချက်အလက်တွေက မင်းအတွက်ပါပဲ၊ မိန်းကလေး၊ ငါမင်းကို မပြောခင် မင်းငါနဲ့အတူဂိုဏ်းကို လိုက်ချင်လား"
ထိုနေရာတွင် လူငယ်ကလက်ကို ဆန့်ထုတ်ရင်း မု၀မ်အာ၏ သွယ်လျသည့်လက်ကောက်၀တ်ကို ဖမ်းကိုင်လိုက်၏။
ဒါကိုမြင်သောအခါ မု၀မ်အာပြုံးပြီး လက်ထဲက အဖြူရောင်ကြွေထည်ပုလင်းကို ပစ်လိုက်သည်။
လူငယ်၏ အံ့ဩသင့်နေသည့်အကြည့်အောက်တွင် အဖြူရောင်ကြွေထည်ပုလင်းက လူငယ်နှင့် ခြေတစ်လှမ်းအရှေ့မှာတင် ပေါက်ကွဲသွားသည်။
ပန်ရောင်အမှုန့်များက ချက်ချင်းဆိုသလို လူငယ်ကို ၀န်းရံပစ်သည်။
လူငယ်မှာ ပထမကကြက်သေသေနေသော်လည်း အမှုန့်များက သူ့ကိုယ်ထဲ ၀င်လာသောအခါ ချက်ချင်းပင် စိမ်မချမ်းမြေ့ဖွယ် အော်ဟစ်သံကို ထုတ်လွှတ်သည်။
သူ့မျက်လုံးများကို လက်တစ်ဖက်နှင့်ဖုံးကာ ကျန်တစ်ဖက်နှင့် ကိုယ်အောက်ပိုင်းကို ဖုံးပြီး မြေပေါ်၌လိမ့်ရင်း အော်ဟစ်နေလေတော့သည်။
ဒီအော်သံက ပတ်၀န်းကျင်ကလူများ၏ အံ့ဩသင့်ဖွယ်အာရုံစိုက်မှုများကို ဆွဲဆောင်သွားခဲ့သည်။
ဒါကိုမြင်သောအခါ ရှီရှန်းတွေဝေစွာမေးသည်။
"ဂျူနီယာညီမလေး၀မ်အာ၊ ဒါကဘာလဲ"
"ငါ့ကိုစီနီယာအစ်မလို့ခေါ်"
မု၀မ်အာ လေးနက်သည့်အသံနှင့်သူ့ကို အမှန်ပြင်ပေးသည်။
ထို့နောက် သူမလက်များကိုဆုပ်ကိုင်ရင်း ၀တ်စုံအနားသတ်အောက်တွင်ထားပြီး ရှက်ကိုးရှက်ကန်းပြောသည်။
"အရင်က မိန်းကလေးတွေ အပြင်မှာရှိတဲ့အခါ သတိထားဖို့လိုတယ်လို့ ဆရာငါ့ကို ပြောခဲ့တယ်"
"ဒီတော့ ငါဒီဝံပုလွေစိတ်ကြွဆေးမှုန့်တွေကို လုပ်ခဲ့တာ"
"ဒီနာမည်က ဘာကိုဆိုလိုသလဲဆိုတာ ငါမသိပေမယ့် ဆရာပြောတာမှန်တယ်...."
အပိုင်း(768) coming။