← Chapters

#လုပ်လေ့လုပ်ထအတိုင်း အပြစ်တင်ခြင်း#

Vol. 54 Ch. 768

#လုပ်လေ့လုပ်ထအတိုင်း အပြစ်တင်ခြင်း#

Vol. 54 Ch. 768

ဒါကဝံပုလွေစိတ်ကြွဆေးမှုန့်ဖြစ်ပြီး နာမည်အတိုင်းပင် နှာဘူးများရန်ကနေ ကာကွယ်ရန်ဖြစ်သည်။

သက်ရောက်မှုက ထိုအပြာဆေးနှင့်တူသည်။

သို့စေကာမူ ရလဒ်ကပိုကောင်းသည်။ မု၀မ်အာ၏ ပြင်ဆင်မှုအောက်တွင် နောက်ထပ် သက်ရောက်မှုတစ်ခုပင် ရှိလာခဲ့သည်။

ဒီသက်ရောက်မှုကြောင့်ပင် မု၀မ်အာပြောရန် နည်းနည်းရှက်နေခြင်းပင်။

မု၀မ်အာရှက်သွေးဖြာသွားပြီး ရှက်ရှက်နှင့်ပြောသည်။

"ဒီဝံပုလွေစိတ်ကြွအမှုန့်ရဲ့ သက်ရောက်ခြင်းကိုခံရသူတွေက နာရီ၀က်အတွင်း မျက်စိကွယ်သွားတဲ့နာကျင်မှုကို ခံစားရမယ်၊ ပြီးတော့....."

ပြီးတော့!

ရှီရှန်း၏အကြည့်နှင့်အတူ နင်းချန်ရှင်း၏ အမူအရာကလည်း တဖြည်းဖြည်းထူးဆန်းလာသည်။ မု၀မ်အာရေရွတ်သည်။

"ပြီးတော့ လူတစ်ယောက်ရဲ့ကိုယ်အောက်ပိုင်းကိုလည်း သေစေလောက်တဲ့ထိခိုက်မှုကို ပေးတယ်၊ ဘာပဲဆိုဆို သူက ကောင်းကင်အင်မော်တယ်နယ်ပယ်က ဆိုရင်တောင် အမွေးတိုင်တစ်တိုင်စာခန့်အချိန်အထိ ငါ့ရဲ့ဖြေဆေးကို မသုံးဘူးဆိုရင် ကျန်တဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာတော့ သုံးဖို့ကို မေ့ပစ်လိုက်လို့ရတယ်"

ရှီရှန်းနှင့် နင်းချန်ရှင်းတို့က တိတ်ဆိတ်ကာ အတော်လေးတည်ငြိမ်နေပုံရသော်လည်း နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်မိကြ၏။

ကြောက်စရာကောင်းတယ်!

ဒါကအရမ်းကြောက်စရာကောင်းလွန်းတယ်!

ဒုတိယစီနီယာအစ်မက ဂျူနီယာညီမလေး၀မ်အာက မရိုးရှင်းဘူးလို့ ပြောခဲ့တာ အံ့ဩသင့်စရာမရှိတော့ပါဘူး၊ ဒါက ရိုးရှင်းတာထက် ပိုနေတာကိုး!

သူကစုန်းမလေးတစ်ယောက်ပဲ!

ဟုန်ရင်ပြုံးလိုက်မိသည်။

"ညီမလေး၀မ်ရဲ့အဂ္ဂိရတ်စွမ်းရည်က ဆရာနဲ့ပိုပိုပြီး တူလာနေတာပဲ"

ဒါကလုချန်ရှန်း၏ အဂ္ဂိရတ်ပညာအတွက်လည်း အတူတူပင်။ သူတွေးသမျှကို သန့်စင်နိုင်ပြီး အဂ္ဂိရတ်ပညာအပေါ် နားလည်မှု သို့မဟုတ် အပြင်ပကမ္ဘာက ဆေးညွှန်းများကြောင့် ဘယ်တော့မှ ကန့်သတ်မခံရပေ။

ထို့ကြောင့် လုချန်ရှန်း၏ဆေးလုံးများက အခြေခံအားဖြင့် သူကိုယ်တိုင်ဖန်တီးထားခြင်းသာ။

သို့သော် မု၀မ်အာ၏ဆေးလုံးများက လုချန်ရှန်းထင်ပင် ပိုဆိုးသည်။

တစ်နည်းအားဖြင့် ပြောရပါက ဒါက အတော်လေးလည်း အသုံး၀င်သည်။

ထိုအချိန်တွင် ပတ်၀န်းကျင်ကလူများက မျက်လုံးနှင့်ကိုယ်အောက်ပိုင်းကိုဖုံးကာ မြေ၌လိမ့်နေသည့် လူငယ်ကိုကြည့်ရင်း အနည်းငယ် ထိတ်လန့်သွားကြ၏။

ဒီလူငယ်ကို မှတ်မိကြသည့် လူများလည်းရှိကြပါသည်။

ရှီဟုန်ရီ၊ ဟဲဟွမ်ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်!

ဟဲဟွမ်ဂိုဏ်းက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်သော်လည်း သာမန်လူများအတွက် ဒုတိယတန်းစားအင်အားစုများကပင် အတော်လေးကြောက်စရာ ကောင်းနေလေပြီ။

"ဒါကရှီဟုန်ရီမလား၊ ဒီမိန်းကလေးက ဘယ်သူလဲ၊ သူဘယ်လိုလုပ် ဒီလိုလူစည်ကားတဲ့နေရာမှာ ဟဲဟွမ်ဂိုဏ်းချုပ်ရဲ့ တိုက်ရိုက်တပည့်ကို တိုက်ခိုက်ရဲရတာလဲ"

"ငါလည်းမသေချာဘူး၊ ဒါပေမယ့်ဒီလူတွေက အခုလေးတင် အလယ်အလတ်အဆင့် ကြယ်နယ်မြေမှာ ဘာတွေဖြစ်ပျက်နေတာလဲဆိုတာကို မေးနေပုံရတယ်၊ သူတို့ မြင့်မြတ်အဆောင်ဂိုဏ်း ဘယ်မှာလဲဆိုတာကိုတောင် မေးခဲ့တယ်"

"မင်းဒါကိုတောင်မသိဘူးလား၊ သူတို့က ပုန်းကွယ်နေသည့် အနန္တတန်ခိုးရှင်တစ်ယောက်ယောက်ရဲ့ တပည့် ဒါမှမဟုတ် ဒီလိုအချက်အလက်တွေနဲ့ မထိတွေ့နိုင်တဲ့ သာမန်အရည်အချင်းရှိတဲ့ ငပျော့ကျင့်ကြံသူလေးတွေဖြစ်မယ်"

"ဘယ်လိုပဲဆိုဆို ဂိုဏ်းချုပ်ရဲ့ သူ့တပည့်ကို ချစ်ပုံအရဆိုရင်တော့......"

သူစကားကိုပြီးအောင် မပြောခဲ့သော်လည်း ဘာကိုဆိုလိုနေသလဲဆိုတာ လူတိုင်းနားလည်ကြသည်။

ဟဲဟွမ်ဂိုဏ်းချုပ်က သူ့ကလေးများကို ကာကွယ်ပေးသူအဖြစ် ကျော်ကြားသည်။

ဒီကာကွယ်မှုက သူ့ကိုယ်ပိုင်တပည့်များကိုသာ ဦးတည်ထားသည်။

အကယ်၍ဒီလူများတွင် နောက်ခံ ဒါမှမဟုတ် စွမ်းအားမရှိပါက သူတို့စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေတစ်ခုတွင် အဆုံးသတ်သွားရပေလိမ့်မည်။

ရှီဟုန်ရီ မြေကြီးပေါ်၌လိမ့်ရင်း နာကျင်စွာအော်ဟစ်သည်။

"ခွေးမ၊ မင်းငါ့ကိုဘာသုံးလိုက်တာလဲ"

သူ့မျက်လုံးထဲကနာကျင်မှုနှင့် ယာယီမျက်စိကွယ်မှုက သူ့အတွက်ဘာမှမဟုတ်။

သူ့ကိုထိတ်လန့်စေတာက သူ့ခန္ဓာအောက်ပိုင်းက ကြေမွသွားပုံပေါ်နေခြင်းပင်။

သူ့ချစ်စရာညီလေးက အကျိုးသက်ရောက်မှုကို ဆုံးရှုံးသွားရပုံပေါ်တာကို သူခံစားနိုင်ပါသည်။

ဟဲဟွမ်ဂိုဏ်းချုပ်၏ ကိုယ်ပိုင်တပည့်တစ်ဖြစ်လဲ ဒါက သူလက်မခံနိုင်သည့် အရာတစ်ခုပေတည်း။

မု၀မ်အာ လက်နှစ်ဖက်ပွတ်သပ်ရင်း မောမာစွာ နှာခေါင်းရှုံ့သည်။

"ဘယ်သူကနင့်ကို ငါ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားခိုင်းလို့လဲ"

ရှီဟုန်ရီအံကြိတ်သည်။

"ငါဘယ်သူလဲဆိုတာ မင်းသိလား"

ဒါကိုကြားသောအခါ မု၀မ်အာ ရှီဟုန်ရီကို ခြေဖျားနှင့်ကန်ကျောက်ကာ ရယ်မောသည်။

"ငါလှုပ်တောင်လှုပ်ရှားပြီးပြီလေ၊ နင်ဘယ်သူလဲဆိုတာ ငါဘာလို့ဂရုစိုက်ရမှာလဲ"

"ဒါ့အပြင် ဒါကနည်းနည်းဟောင်းလွမ်းနေတယ်မလား"

"ငါ့ဆရာပြောစကားအရဆိုရင် နင်ဘာမှမလုပ်ရင် မသေဘူး၊ နင်ငါ့ကိုမတိုက်ခိုက်ရင် ငါလည်း နင့်ကိုမတိုက်ခိုက်ဘူးလေ"

တစ်ဘက်လူ၏ စကားလုံးများကိုကြားသောအခါ ရှီဟုန်ရီအံကြိတ်ရင်း နာကျင်မှုနည်းနည်းလေး လျော့သွားသည်နှင့် သူချက်ချင်း ထိုနေရာကနေ ပျောက်သွားကာ စာသားတစ်ခုတည်းသာ ချန်ထားခဲ့သည်။

"ဟဲဟွမ်ဂိုဏ်းက မင်းကိုအလွှတ်ပေးမှာ မဟုတ်ဘူး"

မု၀မ်အာနှုတ်ခမ်းကွေးလိုက်မိသည်။

"ဒါကဟောင်းနွမ်းနေပြီ၊ ဒီရက်စက်တဲ့ စကားလုံးတွေက အရမ်းခေတ်နောက်ကျလွန်းနေပြီ၊ နားလည်လား"

ဒီမြင်ကွင်းကိုမြင်သောအခါ နင်းချန်ရှင်းခါးသီးစွာပြုံးသည်။

"ငါအခုရောက်လာတာပဲရှိသေးတယ်၊ ကိုယ့်ကိုကိုယ် ပြဿာနာထဲ၀င်ပါစေမိပြီ"

"ဆရာသာဒါကိုသိရင် ဘယ်လိုတွေးမလဲဆိုတာ ငါတကယ်သိချင်မိတယ်"

ဟုန်ရင်ကလည်းရယ်မောသည်။

"အဆင်ပြေပါတယ်၊ အချိန်ကျလာတဲ့အခါကျရင် အစ်ကိုကြီးငါတို့ကို လာခေါ်နေတုန်း တစ်ယောက်ယောက် ညီမလေး၀မ်ကို တိုက်ခိုက်ချင်တယ်၊ အစ်ကိုကြီးက အရမ်းဒေါသထွက်ပြီး အဲဒီလူကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တယ်လို့ ပြောရုံပဲလေ"

ယဲ့ချိုးပိုင်သာဒီနေရာတွင် ရှိမည်ဆိုပါက ဆွံအလွန်းသဖြင့် သေသွားလောက်သည်။

မင်းအပြစ်လွှဲဖို့ကို ဒီလောက်ထိ စွဲလမ်းနေတာလား!

အနည်းဆုံးတော့ အရင်က ငါရှိတာန်းပဲ မင်းငါ့အပေါ် အပြစ်လွှဲတတ်တာလေ!

အခုငါလည်းမရှိဘူး၊ ဘာဖြစ်နေသလဲဆိုတာကိုလည်း ငါမသိဘူး၊ ဒါတောင် ဒီလို ကြီးမားတဲ့အပြစ်မျိုးကို ငါ့ဆီကို အတင်းပို့ချင်နေတာလား!

ငါဘယ်လိုအကြောင်းပြချက်ရှာရမှာလဲ!

"ကောင်းပြီ၊ သူ့ဆီက ဘာမှမရနိုင်ခဲ့ဘူးဆိုတော့ အရင်ဆုံးနားဖို့ နေရာတစ်ခုရှာရအောင်"

ဟုန်ရင် သူမ၏အကြံကိုတင်ပြသည်။

"အရက်ဆိုင်တွေ၊ တည်းခိုခန်းလို နေရာတွေမှာ ငါတို့သတင်းအချက်အလက်တွေ ရှာလို့ရနိုင်တယ်"

နင်းချန်ရှင်း၊ ရှီရှန်းနှင့် မု၀မ်အာတို့က သဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။

အဓိကအကြောင်းရင်းက အချက်အလက်တွေကို မတောင်းဆိုရန်ပင်။

သူတို့သာမေးလိုပါက တန်ဖိုးအနည်းငယ်တော့ပေးရမည်၊ သို့မဟုတ် လူအနည်းငယ်ကို ထပ်ရှာရမည်။

သူတို့စံအိမ်တော်တွင်၀င်ပြီး ဆရာ့တပည့်ဖြစ်လာစဥ်ကတည်းက သူတို့ဒီနယ်ပယ်ကို ရောက်သည့်တိုင် တစ်နေ့တစ်ကြိမ် လျှော့စားရမည့်အပေါ် ကျင့်သားမရကြပါ။

တစ်ခါတုန်းက ဟုန်ရင်နှင့်ကျန်သောသူများက ကျင့်ကြံခြင်းနှင့် သူတို့ခွန်အားကို တိုးတက်အောင် လုပ်ရန်ကိုသာ တွေးနိုင်ခဲ့ကြသည်။

သို့စေကာမူ လုချန်ရှန်း၏ ဘ၀အဆင့်အတန်း တိုးတက်လာသည်နှင့်အမျှ သူတို့ကလည်း သူတို့၏ ‌ဘ၀အဆင့်အတန်းအပေါ် ရွေးချယ်မှုပိုရှိလာခဲ့သည်။

သူတို့ဆရာ၏အဆိုအရ လူသားများက ထာ၀ရရှင်သန်နေလျှင်ပင်၊ ခွန်အားအရာက အမြင့်ဆုံး၌ ရပ်တည်နေလျှင်ပင် သက်တမ်းတစ်ခုသာ ရှင်သန်နိုင်မည်။ ဘ၀တွင် တစ်ဖက်သတ်ကျင့်ကြံခြင်းနှင့် လှည့်လည်သွားလာခြင်းသာရှိပါက မည်မျှပင် ပျင်းစရာကောင်းတော့မည်နည်း။

ထို့ကြောင့် သူတို့စံအိမ်တော်က တပည့်ဖြစ်နေသရွေ့ တစ်နေ့သုံးကြိမ်စားသောက်ခြင်း၏ ကောင်းမွန်သည့် အလေ့အကျင့်များကို လက်ဆင့်ကမ်းခံရမည်သာ။

သူတို့တိတ်ဆိတ်သည့် ၀န်းကျင်နှင့် တည်ခိုခန်းတစ်ခုကို ရောက်လာကြပြီး အခန်းအနည်းငယ် ကြိုတင်မှာလိုက်ကြ၏။

ထို့နောက် ခန်းမသို့သွားကာ လက်မှတ်ထိုးဟင်းချာတစ်ချို့နှင့် သေရည်ကောင်းတစ်ချို့ကို မှာယူကြသည်။ နောက်တော့စတင် စားသုံးကြသည်။

၎င်းနောက် ဒီဟင်းလျာက အစ်ကိုကြီးချက်ပြုတ်သည့် ဟင်းလျာလောက် မချိုဘူးဟု စတင်ညည်းညူကြသည်။

စွပ်ပြုတ်က ဒုတိယစီနီယာအစ်မ၏ စွပ်ပြုတ်လောက် မမွှေးကြိုင်လှပေ။

သေရည်က သူ့တို့ဆရာကျိုချက်ထားသည့် ဝိုင်ဖြူလောက် ရနံ့မကောင်းပေ။

ဒါက စားပွဲထိုး၏မျက်နှာကိုပင် မည်းမှောင်သွားစေသည်။

တခြားတစ်ဘက်တွင် ရှီဟုန်ရီ ဟဲဟွမ်ဂိုဏ်းသို့ ပြန်လာခဲ့သည်။

ထိုအခိုက်အတန့်၌ သူ့ကိုယ်ထဲက နာကျင်မှုများပျောက်ကွယ်သွားခဲ့ပြီး သူ့မျက်လုံးများကလည်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

သို့စေကာမူ သူ့ခန္ဓာအောက်ပိုင်းက ပုံမမှန်မှုက ရှီဟုန်ရီကို အတော်လေးလန့်စေသည်။

ပန်ရောင်အော်ရာဖြင့် ပြည့်နှက်နေသည့် ခြံ၀င်းထဲတွင် အလယ်ဗဟို၌ အိပ်ရာကြီးတစ်လုံးရှိသည်။ အိပ်ရာဘေးက ပိတ်ကျဲကနေ ပူနွေးနေသည့်ခန္ဓာတစ်ခု ပေါ်လာသည်။

"နင်ဘာလို့ကြောက်လန့်နေရတာလဲ"

အိပ်ရာထဲကနေ အလွန်အမင်းချိုမြသည့် အသံတစ်သံထွက်လာခဲ့သည်။

ရှီဟုန်ရီ ဖြစ်ကြောင်းကုန်စင်တစ်ခုလုံးကို ချဲ့ကားပြောဆိုလိုက်၏။

အိပ်ရာထဲက ပုံရိပ်က ချက်ချင်းဆိုသလို ရှီဟုန်ရီရှေ့တွင် ပေါ်လာပြီး သူမ၏အမူအရာက လေးနက်နေသည်။

စစ်ဆေးပြီးနောက် သူမပို၍ပင် ဒေါသထွက်လာသည်။

အပိုင်း(769) coming။

ငါ့တပည့်တွေက ဘုရင်တွေ‌

All Chapters