← Chapters

#ခွေးအို၊ မုဖူရှန်း#

Vol. 54 Ch. 769

#ခွေးအို၊ မုဖူရှန်း#

Vol. 54 Ch. 769

ခဏကြာစဉ်းစားပြီးနောက် လုချန်ရှန်း မုဖူရှန်းကို ဟုန်ရင်နှင့်ကျန်သောသူများ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို သွားနေသည့်အကြောင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။

ဘာလို့ကျွန်တော်မုဖူရှန်းဖြစ်ရတာလဲ၊ ဘာလို့အစ်ကိုကြီးယဲ့ချိုးပိုင် မဟုတ်ရတာလဲ!

မုဖူရှန်း အသံလွှင်ကျောက်စိမ်းဆွဲသီးထဲတွင် မေးသည်။

လုချန်ရှန်း၏အ‌ဖြေအပေါ် မုဖူရှန်း ငိုရမလား၊ ရယ်ရမလားမသိတော့ပါ။

လုချန်ရှန်းမေးသည်။

"သူ့ကိုပြောရမယ်၊ ဘာလဲ၊ ဟုန်ရင်နဲ့တခြားသူတွေကို ပြဿာနာရှာဖို့အတွက် သူ့ကိုပြောရမှာလား"

"ငါမင်းကိုပြောနေတာက တပည့်တွေထဲမှာ မင်းက ငါ့ရဲ့စစ်မှန်တဲ့သင်ကြားမှုကို အများဆုံး အမွေဆက်ခံထားသူမို့လို့ပဲ၊ ဒီအကြောင်းကို မင်းကိုပြောမှ ငါပိုပြီး သက်တောင့်သက်သာဖြစ်သလို ခံစားရမှာ"

သူပြောနေစဉ် သူ့လေသံကနေ ခြိမ်းခြောက်မှုကို မုဖူရှန်းရှင်းလင်းစွာ ခံစားနေရသည်။

သူသာ ဟုန်ရင်နှင့်ကျန်သောသူများကို လက်ခံရင်း ပြဿာနာမဖြစ်စေပါက ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာ ပုံဖော်ရန် မခက်ခဲပေ။ စံအိမ်တော်ကလူတိုင်းနှင့် သူ့အသက်က ဘေးကင်းနေမည်သာ။

ပြောင်းပြန်သာဖြစ်နေပါက......!

မုဖူရှန်းတုန်ယင်သွားရသည်။

"ဒါကြောင့် ဟုန်ရင်နဲ့ကျန်သောသူတွေကို မင်းဆီကို ငါချန်ထားခဲ့မယ်၊ ဘာပဲဆိုဆို သူတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေနဲ့ မရင်းနှီးကြသေးဘူးလေ၊ သူတို့ တစ်ယောက်ယောက်သီးသန့်ကျင့်ကြံနေတာမှာဖြစ်ဖြစ်၊ တားမြစ်နေရာတစ်ချို့မှာဖြစ်ဖြစ် ၀င်သွားမိရင် ကောင်းမှာမဟုတ်ဘူး၊ နားလည်လား"

မုဖူရှန်းခါးသီးစွာပြုံးရင်း ခေါင်းညိတ်သည်။

"စိတ်မပူပါနဲ့၊ ဆရာ၊ ကျွန်တော်အကောင်းဆုံး ကြိုးစားပါမယ်"

လုချန်ရှန်းမေးသည်။

"အကောင်းဆုံးကြိုးစားမယ်"

မုဖူရှန်းချက်ချင်းပင် တည့်တည့်ရပ်ပြီး လေးနက်စွာပြောသည်။

"ကျွန်တော် တာ၀န်ကိုပြီးစီးစေရမယ်လို့ ကတိပေးပါတယ်"

"အရမ်းကောင်းတယ်"

လုချန်ရှန်းအသံကရပ်သွားပြီး ကျောက်စိမ်းဆွဲသီးထဲက အစိမ်းရောင်အလင်းက ပျောက်ကွယ်သွား၏။

မုဖူရှန်းသက်ပြင်းချကာ ကျောက်စိမ်းဆွဲသီးကို ချထားလိုက်သည်။

ယနေ့ကောင်းကင်၌ တိမ်များမရှိပါ။

သူခေါင်းမော့ကာ အဆုံးမဲ့ကောင်းကင်ကြီးအား ကြည့်လိုက်မိသည်။ လိမ္မော်နီရောင်နေ၀င်ချိန်က တဖြည်းထက်တဖြည်း ကျဉ်းမြောင်းလာသည်။

မုဖူရှန်း ရုတ်တရက် အရမ်းပင်ပန်းသလို ခံစားလိုက်ရသည်။

အစက ယခုလိုစွမ်းအားကြီးပြီး ခန့်မှန်း၍မရနိုင်သည့် ဆရာတစ်ယောက်နှင့် သူ့ဘ၀က ပုံမှန်မဟုတ်စွာ သက်တောင့်သက်သာ ဖြစ်လာလိမ့်မည်ဟု သူထင်ခဲ့သည်။ အဆုံးသတ်မှာတော့ မုဖူရှန်းမှားခဲ့သည်။

သူ့စီနီယာအစ်ကို၊ အစ်မအားလုံးက ပြဿာနာရှာရတာကို ကြိုက်ကြသည်။

သူ့ဆရာက စံအိမ်တော်တွင် တာ၀န်ယူထားသော်လည်း သူတို့အပြင်သွားသောအခါ သူစောင့်ကြည့်ရန် လိုအပ်သည်။

ဒါ့အပြင် မုဖူရှန်း၏ပုံရိပ်အရ သူတွင် စီနီယာအစ်ကိုများနှင့် အစ်မများအကြား ပြောပိုင်ခွင့်မရှိပါ။

မုဖူရှန်း အသက်ပြင်းပြင်းရှုရင်း ခေါင်းခါယမ်းကာ မြင့်မြတ်အဆောင်ဂိုဏ်းကနေ ဆင်းသွားလေတော့သည်။

"စီနီယာအစ်ကိုနဲ့အစ်မတို့က တခြားသူတွေကို အရမ်းကြီးရန်မစမိဖို့ မျှော်လင့်ပါတယ်၊ ဒီလိုဆိုမှ ငါစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်မှာ...."

ထိုအခိုက်အတန့်၌ နေ၀င်ချိန်အောက်တွင် မုဖူရှန်း၏ နောက်ခံမြင်ကွင်းက ခွေးအိုတစ်ကောင်နှင့်တူသည်။

နှစ်ကိုယ်တူကျင့်ကြံခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်က အတော်လေးကျယ်ပြန့်သည်။

တစ်ချို့မိစ္ဆာကျင့်ကြံသူများက ကာဒရွန်များကို ရိုးရှင်းစွာရှာဖွေကာ သူတို့ခွန်အားများကို တိုးစေရန်အတွက် တစ်ဘက်လူ၏ ရှေးဦးမူလယင်ချီကို စုပ်ယူကြသည်။

သို့စေကာမူ ဒီနည်းလမ်းက အန္တရာယ်ရှိသည်။

ကာဒရွန်ရှာဖွေသည့် မိစ္ဆာကျင့်ကြံသူများ၏ နည်းလမ်းက တစ်ဘက်လူ၏ ပါရမီကို ထိခိုက်စေသည်သာမက တိုက်ရိုက်ပင် သတ်ပစ်စေမိသည်။

ဟဲဟွမ်ဂိုဏ်းကမူ ယင်ယန်ဆက်နွှယ်မှု မူဝါဒကိုလိုက်နာကြသည်။

ယင်နှင့်ယန်ကို ဆက်သွယ်ရင်း ဟန်ချက်ညီအောင် ဖန်တီးသည်။

ဒီနည်းလမ်းက နှစ်ဘက်စလုံးအတွက် အတော်လေးအကျိုးရှိသည်။

ထို့ကြောင့် ဟဲဟွမ်ဂိုဏ်း၌ အစွမ်းထက်ပါရမီရှိသည့် အမျိုးသားတပည့်တိုင်းတွင် ဇနီးနှင့် ကိုယ်လုပ်တော်များစွာရှိသည်။

အားကောင်းသည့် ယင်ချီရှိသော အမျိုးသမီးတပည့်များအတွက်မူ သူတို့အနား၌ အမျိုးသားများစွာရှိသည်။

ဟဲဟွမ်ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့် တစ်ဖြစ်လဲ ရှီဟုန်ရီက ဟဲဟွမ်ဂိုဏ်း၌ ပါရမီအရှိဆုံးတပည့်များထဲက တစ်ဦးဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ့ကို ဟဲဟွမ်ဂိုဏ်းချုပ်က သူ့အရိုက်အရာကို ဆက်ခံပြီး အနာဂတ် ဟဲဟွမ်ဂိုဏ်းချုပ်ဖြစ်လာရန်အတွက်ပင် ရွေးချယ်ထားသည်။

ဒီတပည့်က သူ့၏အလိုလိုက်မှုအောက်တွင် အနည်းငယ်မောက်မာလာခြင်းသာ။

သင်ခန်းစာရပြီးနောက် သူကသူ့ကိုယ်သူ ထိန်းချုပ်ထားသော်လည်း အမျိုးသမီးများနှင့် ပတ်သက်လာသောအခါ အလှတရားကြောင့် သူမျက်ကန်းဖြစ်နေရဆဲပင်။

ဒါက ယင်ယန်စည်းချက်ညီပညာရပ်၏ သက်ရောက်မှုကြောင့်လည်း ဖြစ်သည်။

"ဘယ်သူလုပ်ခဲ့တာလဲ"

ဟဲဟွမ်ဂိုဏ်းချုပ်အနည်းငယ် မျက်မှောင်ကြုတ်ရင်း သူ့မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒနှင့် ပြည့်နှက်သွားခဲ့သည်။

"ဘယ်သူဒီလောက်ရက်စက်ရတာလဲ"

သူ့ကိုယ်အောက်ပိုင်းက ပြန်ပြောင်း၍မရတော့ပါ။ အနည်းဆုံးတော့ လက်ရှိခွန်အား အကွာအဝေးအတွင်း သူ့ကိုကယ်တင်ရန် မျှော်လင့်ချက်မရှိတော့။

ယင်ယန်စည်းချက်ညီပညာရပ်ကို ကျင့်ကြံသည့် ရှီဟုန်ရီအတွက် ဒါကသူ့လမ်းကြောင်းကို ဖျက်ဆီးပစ်တာနှင့် တူသည်။

သူသာဆက်လက်ကျင့်ကြံလိုပါက ယင်ယန်စည်းချက်ညီပညာရပ်ကို ပယ်ဖျက်ပြီး တခြားကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံရန် လိုအပ်သည်။

ကျင့်ကြံခြင်းကျင့်စဉ်ကို ပယ်ဖျက်ပစ်ခြင်းဟူသည် လူတစ်ယောက်၏ကျင့်ကြံခြင်းကို ချွတ်ယွင်းစေတာနှင့် ညီမျှသည်။

ရှီဟုန်ရီ သူ့ဆရာ၏အမူအရာကို ကြည့်ရင်း အထိတ်တလန့်မေးသည်။

"ဆရာ၊ ဆရာတောင်မှ ဒါကိုကုလို့မရဘူးလား"

ကဲမိန်ခေါင်းခါယမ်းသည်။ သူမလို ကောင်းကင်အင်မော်တယ်တစ်ဦးကို အကူအညီမဲ့အောင် လုပ်နိုင်သည့် အရာများက အရမ်းနည်းလှသည်။

သို့စေကာမူ ရှီဟုန်ရီ၏ဒဏ်ရာများကို ရင်ဆိုင်ရသောအခါ သူမလုံး၀ အကူအညီမဲ့နေသည်။

"ဘယ်သူလဲ"

ကဲမိန်၏မျက်နှာပေါ်မှ ဒေါသက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူမ၏ ညို့ယူဖမ်းစားနေသည့် မျက်လုံးများ၌ ပိုအားကောင်းလာသည့် သတ်ဖြတ်ခြင်းဆန္ဒ တစ်ခုတည်းသာ ရှိတော့သည်။

ရှီဟုန်ရီအံကြိတ်ကာ အမွေးအိတ်လေးတစ်လုံးကို ထုတ်ယူလိုက်၏။

"ကျွန်တော်မထွက်လာခင် သူ့ဆံပင်တစ်မျှင်ကို ယူခဲ့တယ်..."

ဒီအမွေးအိတ်က ဟဲဟွမ်ဂိုဏ်းက ရန်သူများကို ခြေရာခံရန်အတွက် အသုံးပြုသည့် ရတနာဖြစ်သည်။

ဒီအမွေးအိတ်တစ်အိတ် ဖန်တီးရန်အတွက် လိုအပ်ချက်က လက်မှုပညာ၌ဖြစ်စေ၊ ပါ၀င်ပစ္စည်းအရဖြစ်စေ အတော်လေး မြင့်မားသည်။

ထို့ကြောင့် ဟဲဟွမ်ဂိုဏ်းတစ်ခုလုံးတွင်ပင်လျှင် ငါးအိတ်တည်းသာရှိသည်။

တစ်အိတ်ကို ကဲမိန်က ရှီဟုန်ရီကို ပေးခဲ့ခြင်းပင်။

တစ်ဘက်လူထံမှ တစ်ခုခုကိုယူပြီး အိတ်ထဲတွင် ထည့်ထားနိုင်သရွေ့ တစ်ဘက်လူ၏ အော်ရာကို တစ်နှစ်အတွင်း ပိတ်ဆို့ထားနိုင်ပေလိမ့်မည်။

ဒီကနေတစ်ဆင့် ခြေရာခံသည့် သက်ရောက်မှုကို ရရှိနိုင်သည်။

ကဲမိန်အမွေးအိတ်ကိုယူကာ တစ်ခဏမျှစဉ်းစားသည်။ ထို့နောက် သူမလေးနက်သည့်အသံဖြင့် အော်ဟစ်သည်။

"ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲအားလုံး၊ ငါ့ကိုတွေ့ဖို့ ပင်မခန်းမကို ချက်ချင်းလာခဲ့ကြ"

အသံကသိပ်မကျယ်ပေ။

သို့စေကာမူ ကောင်းကင်အင်မော်တယ်နယ်ပယ်တစ်ဦး၏ သိပ်သည်းထူထဲသည့် ဝိဉာဉ်ချီဖြည့်သွင်းမှုအောက်တွင် ဒါက ဟဲဟွမ်ဂိုဏ်းတစ်ခုလုံးသို့ တိုက်ရိုက်ပင်ပျံ့သွားခဲ့သည်။

တစ်ခဏအကြာတွင် ဟဲဟွမ်ဂိုဏ်းတပည့်များနှင့် အကြီးအကဲများက ‌ထိုအသံကို ကြားပြီးနောက် ပင်မခန်းမရှိရာဘက်သို့ အံ့ဩသင့်တကြီး ကြည့်လိုက်မိကြ၏။

"ဘာတွေဖြစ်နေတာလဲ၊ ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲအားလုံးကို တကယ်ပဲ ဘာလို့များ စုစည်းချင်တာလဲ"

"လက်ရှိအခြေအ‌နေမှာ ဂိုဏ်းချုပ်ဘာများ လုပ်ချင်တာလဲ"

"ကြည့်ရတာ ကြီးမားတဲ့အရာတစ်ခုခု ဖြစ်ပျက်ခဲ့ပုံပဲ၊ ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲအားလုံး တစ်ချိန်တည်းမှာ ထွက်လာခဲ့ကြတယ်၊ ဒီလိုအရာမျိုး ဖြစ်ပျက်ခဲ့တာ နှစ်ထောင်ကျော်ကြာမြင့်နေခဲ့ပြီ"

ဥပဒေစိုးမိုးရေးခန်းမက ဟဲဟွမ်ဂိုဏ်းတွင် ဂိုဏ်းချုပ်ကဲမိန်၏ တိုက်ရိုက်လက်အောက်ခံဟုပင် ဆို၍ရသည်။

တစ်ခြားပုံရိပ်မြင့်မားသည့် အကြီးအကဲများပင်လျှင် ဥပဒေစိုးမိုးရေးခန်းမ၏ ဆန္ဒကို မခုခံနိုင်ကြပေ။

ဒီခန်းမက ဂိုဏ်းချုပ်နောက်တွင် ဒုတိယဖြစ်သလို တစ်ခြားသူအားလုံး၏ အထက်တွင် ရှိသည်ဟုဆို၍ရသည်။ အသက်ရှူကြိမ်ရေ ဆယ်ကြိမ်အတွင်း အလွန်အမင်းငယ်ရွယ်ပုံရသည့် လူလေးယောက်က ကဲမိန်ခြံ၀င်းအပြင်တွင် ပေါ်လာခဲ့သည်။

သူတို့ကငယ်ရွယ်ပုံပေါ်သော်လည်း မငယ်ရွယ်ကြတော့ပါ။

ကျင့်ကြံခြင်းကမ္ဘာတွင် နယ်ပယ်က လုံလောက်အောင် မြင့်မားနေသရွေ့ ငယ်ရွယ်နုပျိုသည့် ရုပ်ရည်သွင်ပြင်ကို ထိန်းသိမ်းထားရန်ဟူသည် မခက်ခဲပေ။

သို့စေကာမူ ဟဲဟွမ်ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်က အနည်းငယ်ပိုထူးခြားသည်။ ယင်နှင့်ယန်ဆက်နွှယ်မှုအပြီးတွင် သူတို့က တစ်ခြားကျင့်ကြံသူများကဲ့သို့ အသွင်အပြင်ကို ထိန်းသိမ်းရန်အတွက် ဝိဉာဉ်ချီကို တမင်တကာအသုံးမပြုထား။

သူတို့က ဟဲဟွမ်ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်ကို ဆက်လက်ကျင့်ကြံပြီး ဆန့်ကျင်ဘက်လိင်နှင့် ဆက်နွှယ်နေသရွေ့ အဆင်ပြေပါသည်။

လူလေးယောက်က ခေါင်းငုံ့ထားကြ၏။ သူတို့က ခြံ၀င်းထဲ၌ ပါးလွှာကြည်လင်သည့် ပိတ်ကျဲကို ၀တ်ဆင်ထားပြီး ပူနွေးလှသည့် ပုံရိပ်ကို ပြသထားသော ညို့အားပြင်းသည့် ပုံရိပ်ကို မော့မကြည့်ရဲကြပါ။

သူတို့၏ လေးစားသည့်အသံများက လေးစားမှုနှင့် အားကျမှုဖြင့် ပြည့်နှက်နေသည်။

"ဂိုဏ်းချုပ်၊ ဘာများလုပ်ပေးရမလဲ"

ကဲမိန် လက်ကိုဆန့်ထုတ်ရင်း အမွေးအိတ်ကို စကားပြောလိုက်သည့်သူသံ ပစ်ပေးကာ သူမ၏အသံက အေးစက်နေသည်။

"ဒီလူကိုရှာပြီး အသက်ရှင်လျက် ခေါ်လာခဲ့၊ ဘယ်လောက်ပဲကုန်ကျပါစေ ခေါ်လာရမယ်"

အပိုင်း(770) coming။

ငါ့တပည့်တွေက ဘုရင်တွေ‌

All Chapters