#လေးယောက်တစ်ယောက်#
Vol. 54 Ch. 770
တည်ခိုခန်းနှင့် အရက်ဆိုင်များက ပုံမှန်အခြေအနေများတွင် သတင်းအချက်အလက် အများဆုံးစီးဆင်းသည့် နေရာများပင်။
အရက်ဆိုင်တွင် လူများက ဟင်းလျာအနည်းငယ်၊ ဝိုင်သုံးခွက်တည်းနှင့် တနေကုန် သောက်သုံးရင်း စကားပြောနေနိုင်သည်။
စကားပြောနေစဉ်ကလည်း ဒါက မင်းကျင့်ကြံခြင်းအဆင့်ကဘယ်လောက်လဲ၊ ဘယ်လျှို့ဝှက်နယ်မြေတွေကို မင်းစူးစမ်းဖို့သွားခဲ့လဲ အစရှိသည့်အချက်များထက် မပိုပေ။
သို့မဟုတ် မကြာသေးခင်က ကြီးမားသည့် အရာတစ်ခုဖြစ်ပျက်ခဲ့သဖြင့် ဒီအတွက်ကြောင့်ပင် အရက်ဆိုင်က ဆူညံပြီး စိတ်လှုပ်ရှားနေကြ၏။
အရက်နံ့အောက်တွင် မည်သည့်ကျင့်ကြံသူမှ အရက်ကို သန့်စင်ရန်အတွက် ဝိဉာဉ်ချီကို အသုံးမပြုပါ။
သူတို့၏အရက်၏ လှုံ့ဆော်မှုအောက်တွင် အရာတိုင်းကို ပြောကြသည်။
သို့စေကာမူ ဒီအခြေအနေက အတော်လေးကို ပုံမှန်မဟုတ်ပေ။ ဒါက ပုံမှန်အတိုင်း စကားပြောဆိုခြင်းနှင့်ယှဉ်ပါက အတော်လေးကို အသက်၀င်နေသည်။
ယခုလေးတင် အရက်သောက်သုံးရန်အတွက် အရက်ဆိုင်ကိုလာကြသည့် လူနှစ်ယောက်၊ သုံးယောက်ပါသည့် အုပ်စုက လေးနက်နေသည့်အမူအရာများဖြင့် စကားမပြောကြသလို တိုးတိုးလေးလည်း ပြောမနေကြပေ။
ရှီရှန်း မြင့်မြတ်အဆောင်ဂိုဏ်းရှိရာ နေရာကနေ လွတ်မြောက်လာခဲ့သဖြင့် ငရဲဂိုဏ်းအကြောင်း သတင်းအချက်အလက်များနှင့် ပတ်သက်၍ သူပါးစပ်ပိတ်နေခဲ့သည်။
ငရဲဂိုဏ်းက နတ်ဆိုးတစ်ပါးပမာဖြစ်ပြီး လူတိုင်းက အတတ်နိုင်ဆုံး ရှောင်ရန် ကြိုးစားကြသည့်အလားပင်။
ဟုန်ရင်ပြုံးသည်။
"ဒါပေမယ့် ကြည့်ရတာ ဂျုနီယာမောင်လေးမုမှာ ဒီနေရာမှာ ဂုဏ်သတင်းကောင်းရှိပြီး မြင့်မြတ်အဆောင်ဂိုဏ်းက အဆင့်မြင့်မဟာအကြီးအကဲတွေရဲ့ တန်ဖိုးထားခြင်းကိုတောင် ခံထားရပုံပဲ"
နင်းချန်ရှင်းကလည်းညင်သာစွာ ရယ်မောသည်။
"ဂျူနီယာညီလေးမုရဲ့ အဆောင်သခင်ပါရမီက အတော်လေးမြင့်မားနေပြီ၊ ဆရာပေးတဲ့ အမွေအနှစ်နဲ့သာဆိုရင် သူက အပြင်ပက အဲဒီတပည့်တွေထက် နိမ့်ကျမှာမဟုတ်ဘူး"
မု၀မ်အာ လက်ထောက်ပြီး သစ်သားစားပွဲပေါ်၌ လဲနေသည်။ သူမ၏မျက်နှာလေးက သစ်သားစားပွဲကို အားနည်းစွာပင် ဖိထားပြီး ညီးတွားသည်။
"ဒါဆို ငါတို့ ဂျူနီယာမောင်လေးမုကို ဘယ်တော့သွားတွေ့ကြမလဲ"
ရှီရှန်းရိုးသားစွာပြောသည်။
"မင်းသူ့ကို စီနီယာအစ်ကိုလို့ခေါ်သင့်တယ်"
မု၀မ်အာချက်ချင်းထရပ်ကာ အံကြိတ်လိုက်သည်။ သူမလက်ချောင်းများကြား၌ အဖြူရောင်ကြွေထည်ပုလင်းတစ်လုံးရှိသည်။
ရှီရှန်းအနည်းငယ် ကြောက်သွားပုံရသည်။ သူချက်ချင်းပင် သစ်သားခုံကိုယူကာ ဟုန်ရင်နှင့် နင်းချန်ရှင်းနောက်တွင် ထိုင်လိုက်၏။
ဟုန်ရင်ရယ်မောလိုက်မိသည်။
"ကောင်းပြီ၊ စနောက်နေတာရပ်ကြတော့၊ အနားယူပြီးတဲ့နောက်မှာ ဂျူနီယာမောင်လေးမုကို ရှာရမယ့်အချိန်ကျပြီ"
"ဒါ့အပြင် ကြည့်ရတာတော့ ငရဲဂိုဏ်းကိစ္စက စီနီယာအစ်ကိုကြီးနဲ့ တခြားသူတွေနဲ့ ဆက်စပ်နေပုံပဲ၊ ငါတို့ကူညီနိုင်မလားဆိုတာ ကြည့်ကြည့်ကြတာပေါ့"
အားလုံးအသာအယာ ခေါင်းညိတ်သည်။
သို့စေကာမူ ထိုအခိုက်အတန့်၌ ဟုန်ရင် ရုတ်တရက်မော့ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် သူမလက်ဝှေ့ယမ်းလိုက်လေရာ ချက်ချင်းဆိုသလို နိယာမစွမ်းအားတစ်ခု ၀င်ရောက်လာပြီး နင်းချန်ရှင်း၊ ရှီရှန်းနှင့် မု၀မ်အာတို့ကို လွှမ်းခြုံပစ်သည်။
၎င်းနောက် သူတို့ထိုနေရာကနေ ပျောက်ကွယ်သွား၏။
သူတို့ပြန်ပေါ်လာသောအခါ စားသောက်ဆိုင်အပြင်ပတွင် ရှိနေလေပီ့။
နောက်အခိုက်အတန့်၌ ဟုန်ရင်နှင့် ကျန်သောသူများရှိနေခဲ့သည့် စားသောက်ဆိုင်က လက်ဖဝါးချက်လေးခု၏ စုပေါင်းတိုက်ခိုက်မှုအောက်တွင် ဖုန်မှုန့်များအဖြစ် ပြောင်းသွားရသည်။
မည်သည့်ကျင့်ကြံသူ၊ မည်သည့်လူသားမှ မလွတ်မြောက်ခဲ့ပေ။
ဟုန်ရင်၏အမူအရာက လေးနက်နေပြီး ဖုန်မှုန့်များအဖြစ် ပြောင်းသွားသည့် စားသောက်ဆိုင်အား ကြည့်လိုက်သည်။ ထိုနေရာ၌ ဇိမ်ခံ၀တ်စုံ၀တ်ဆင်ထားသည့် လူလေးယောက်ရှိပြီး သူတို့၀တ်ရုံရင်ဘတ်နေရာ၌ ရေးထွင်းထားသည့် ပန်းရောင်မက်မွန်ပန်းတစ်ပွင့်စီ ရှိကြသည်။
ဒါက ၀တ်ရုံနှင့် အရမ်းကြီးလိုက်ဖက်ပုံ မပေါ်သော်လည်း မက်မွန်ပွင့်များကနေ ထုတ်လွှတ်သည့် အော်ရာက လူတိုင်း၏ နှလုံးများကိုပင် တုန်ယင်စေသည်။
လမ်းမပေါ်ရှိ မရေမတွက်နိုင်လောက်သော ကျင့်ကြံသူများက ကောင်းကင်အား အထိတ်တလန့် မော့ကြည့်လိုက်ကြ၏။
"ဒါကဟဲဟွမ်ဂိုဏ်းကလား"
"ဒီလေးယောက်ကို ငါအရင်ကမြင်ဖူးပါတယ်၊ သူတို့က ဟဲဟွမ်ဂိုဏ်း ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲလေးဦးပဲ၊ သူတို့အားလုံးက မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်တွေပဲ"
"ဒါပေမယ့်အဲဒါကဘာလဲ၊ ဘာလို့ ဥပဒေစိုးမိုးရေးခန်းမက လူလေးယောက်က ဒီလိုတင်းမာနေတဲ့အချိန်မှာ တစ်ချိန်တည်း လှုပ်ရှားရတာလဲ"
ပတ်၀န်းကျင်ကလူများ ဆွေးနွေးနေကြစဉ် ဥပဒေစိုးမိုးရေးအကြီးအကဲများ၏ ခေါင်းဆောင် ယွမ်ရှောင်ကျိ ဟုန်ရင်နှင့် ကျန်သုံးယောက်အား အေးစက်စွာကြည့်ပြီးပြောသည်။
"မင်းတို့အားလုံး၊ ငါ့နောက်လိုက်ခဲ့ကြ"
မု၀မ်အာ ဒီမြင်ကွင်းကိုမြင်သောအခါ ဒေါသတကြီးပြောသည်။
"ထပ်ပြီး ဟောင်းနွမ်းနေတဲ့လှည့်ကွက်ပဲလား"
ရှီရှန်း မု၀မ်အာအား ဆွံအစွာကြည့်ရင်း ရေရွတ်မိသည်။
"သူတို့ကိုရန်စခဲ့တာက မင်းမလား...."
မု၀မ်အာ ရှီရှန်းကို စိမ်းဝါးဝါးကြည့်သည်။
ဒုတိယစီနီယာအစ်မတဖြစ်လဲ အစ်ကိုကြီးယဲ့ချိုးပိုင်မရှိပါက သူမမတ်တပ်ရပ်ရမည်ဖြစ်လေရာ ရှေ့တစ်လှမ်းတိုးလိုက်၏။
တစ်ချိန်တည်းမှာပင် လှံတစ်ချောင်းက သူမလက်ဖဝါးပေါ်ဆင်းသက်လာပြီး လက်ချောင်းငါးချောင်းနှင့် ကိုက်လိုက်သည်။
သူမက ရွှေရောင်အဆင်းများပါသည့် မီးတောက်ရင့်ရောင်အနီ၀တ်ရုံကို ၀တ်ဆင်ထားလေရာ အလွန်အမင်းတယ့်တယ်ပုံရသည်။
ထိုအချိန်တွင် အင်ပါယာချီက ဟုန်ရင်၏ကိုယ်ကနေ အလိုအလျောက် ထွက်လာခဲ့သည်။
ဟုန်ရင်အနည်းငယ် ခေါင်းမော့ရင်း ယွမ်ရှောင်ကျိကို ကြည့်သည်။
"နင်တို့က ဟဲဟွမ်ဂိုဏ်းကနော်၊ ဟုတ်တယ်မလား၊ ယုတ္တိရှိခြင်းဆိုတာက အားနည်းသူတွေရဲ့ အပြုအမူဆိုတော့ ငါတခြားဘာမှ ပြောမနေတော့ဘူး၊ နင့်မှာ ငါတို့ကို နင်နဲ့အတူ လိုက်ပါလာအောင် လုပ်နိုင်စွမ်းမရှိမှာကိုပဲ ငါကြောက်မိတယ်"
လမ်းမပေါ်က လူတိုင်းက ဟုန်ရင်ပြောတာကိုကြားသဖြင့် သူတို့၏အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြသည်။
ကောင်းကင်ပိုင်နက်တွင် ယခုလိုစကားလုံးများကို ပြောနိုင်သည့်သူတစ်ယောက်တွင် သေချာပေါက် ထူးခြားသည့် နောက်ခံတစ်ခုရှိရပေမည်။
မဟုတ်ပါက သူတို့ ဟဲဟွမ်ဂိုဏ်း၏ ဥပဒေစိုးမိုးအကြီးအကဲများ၏ ဆန္ဒကို မည်သို့မည်ပုံခုခံနိုင်မည်နည်း။
ယွမ်ရှောင်ကျိဒါကို ကြားသောအခါ သူ့အမူအရာက ပြောင်းလဲခြင်းမရှိပေ။ သူခါးပတ်ကိုအနည်းငယ်ဖြည်ကာ လှုပ်ခါလိုက်စဉ် ယှဉ်၍မရနိုင်သည့် ထက်ရှသည့်သုံးပေရှည်ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။
"မင်းက မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်လား"
"မင်းနောက်က ဂိုဏ်းက ဘယ်ဂိုဏ်းလဲဆိုတာ ငါမသိပေမယ့် မင်းတို့က မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ တည်နေရာကိုတောင် မသိကြဘူးဆိုတော့ မင်းတို့နောက်ကွယ်မှာ အစွမ်းထက်ဂိုဏ်းတစ်ဂိုဏ်းရှိမယ်လို့ ငါမထင်ဘူး"
"ဒါကြောင့် မခုခံတာပိုကောင်းလိမ့်မယ်၊ မဟုတ်ဘူးဆိုရင် မင်းရဲ့နူးညံ့တဲ့မျက်နှာလေးက ဒဏ်ရာရသွားရင် ငါတို့ကာဒရွန်ကောင်းတစ်ခုကို ဆုံးရှုံးရဦးမယ်"
ဟဲဟွမ်ဂိုဏ်းက ရန်သူများကိုဆန့်ကျင်သည်။
လူတစ်ယောက်တွင် အသွင်အပြင်ကောင်းရှိသည်ဖြစ်စေ၊ အတော်လေးထူးချွန်သည်ဖြစ်စေ၊ ထိုသူ့ကို ကာဒရွန်(ဆေးမီးဖို) အဖြစ် အသုံးပြု၍ရသည်။
သူတို့က တစ်ဘက်လူ၏ အနှစ်သာရစွမ်းအင်ကိုသာ တဖက်သတ် ထုတ်ယူခြင်းဖြစ်ပြီး တစ်ဘက်လူအား အားဖြည့်ပေးရန်အတွက် ဟဲဟွမ်ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးမပြုကြပေ။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံး၌ ဟုန်ရင်နှင့်မု၀မ်အာတို့ကို အသွင်အပြင်၌ ယှဉ်နိုင်သည့် တစ်ဦးတည်းသောသူက ဟဲဟွမ်ဂိုဏ်းချုပ် ကဲမိန်ဖြစ်လောက်သည်။
သို့စေကာမူ ကဲမိန်က ယင်ယန်စည်းချက်ညီပညာရပ်ကို အလွန်မြင့်မားသည့် အဆင့်တစ်ခုအထိ ကျင့်ကြံထားသဖြင့် သူမ၏ စရိုက်က ပို၍ညို့ယူအားကောင်းသလို ဖမ်းစားနိုင်လွန်းသည်။
သို့စေကာမူ ယခုတွင် ညို့ဓာတ်နှင့် ဖမ်းစားမှုတွင်သာမက တစ်ခြားအရာများပင် သူမတို့က ကဲမိန်ထက် ပိုထင်ရှားသည်။
သူမတို့ကို အနုပညာမြောက်သည့် လက်ရာတစ်ခုဟုပြောပါကလည်း ချဲ့ကားပြောဆိုခြင်းမဟုတ်ပါ။
ဟုန်ရင်နှာခေါင်းရှုံ့ရင်းရှေ့တိုးလာသည်။ ပြန်လည်မွေးဖွားခြင်းဆန္ဒ၊ နိယာမစွမ်းအားနှင့် အင်ပါယာချီတို့က တစ်ချိန်တည်းတွင် ထိုးတက်လာကြပြီး လေထဲတွင် ရောယှက်သွားကြ၏။
ထိုအချိန်တွင် ဟုန်ရင်၏ အော်ရာကလည်း အထွတ်အထိပ်ကို ရောက်သွားခဲ့သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ လမ်းမပေါ်က တခြားကျင့်ကြံသူများက ပို၍ပင် တုန်လှုပ်ချောက်ချားသွားကြသည်။
ဒါက မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ယောက် ထုတ်လွှတ်နိုင်တဲ့ စွမ်းအားလား!
ယွမ်ရှောင်ကျိနှင့် ကျန်သုံးယောက်၏ အမူအရာများကလည်း မည်းမှောင်သွားကြသည်။
ပြန်လည်မွေးဖွားခြင်းဆန္ဒက မဟာတာအို၃၀၀၀အတွင်း ထိပ်တန်းမဟာတာအိုတစ်ခုဖြစ်သည်။
အင်ပါယာချီကို အင်ပါယာများ၊ ဧကရီများကသာ ကျင့်ကြံနိုင်သည်။
သူတို့က ကျန်ရှိနေသည့်စွမ်းအားကို မမြင်နိုင်ပေ။
သူတို့အဆင့်တွင် ဒါတွေကို မမြင်နိုင်ခြင်းက အဆိုးဝါးဆုံးအရာပင်။
ဒီစွမ်းအားသုံးခုပေါင်းစပ်မှုက သူတို့ကို သေခြင်းတရား၏ ခြိမ်းခြောက်မှုတစ်ခုကို ခံစားရစေသည်။
တစ်ဘက်လူက မြေအင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်သာဖြစ်ပြီး သူတို့က ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ခြေတစ်လှမ်း ၀င်နေကြလေပြီ။
ယွမ်ရှောင်ကျိ လေးလံသည့်အမူအရာဖြင့် ပြောသည်။
"အခုဟဲဟွမ်ဂိုဏ်းက မင်းတို့လိုလူတစ်ယောက်ကို ရန်စခဲ့မိတာကို ငါနည်းနည်း နောင်တရလာမိပြီ"
"ဒါပေမယ့် ရန်ငြိုးကို ဖန်တီးပြီးပြီဖြစ်သလို ဂိုဏ်းချုပ်ရဲ့အမိန့်ကိုလည်း ထုတ်ပြန်ပြီးပြီဆိုတော့ ဒီနေရာမှာပဲ အဆုံးသတ်ကြတာပေါ့၊ ငါတို့ မင်းတို့ကို ကြီးထွားခွင့်ပေးလို့ မရတော့ဘူး"
ဟုန်ရင်အနည်းငယ်မျက်ခုံးပင့်လိုက်သည်။
"နင်တို့ပြီးပြီလား"
ယွမ်ရှောင်ကျိ ကြက်သေသေသွားသည်။
"ပြီးပြီဆိုရင် တိုက်ခိုက်ကြရအောင်"
ထို့နောက် ဟုန်ရင် လှံကိုကိုင်ပြီး ရှေ့သို့ ပြေး၀င်ကာ လေးယောက်တစ်ယောက် တိုက်ခိုက်လေတော့သည်။
အပိုင်း(771) coming။