← Chapters

အံ့ဩစရာ လူငယ်လေး..

Vol. 38 Ch. 556

အံ့ဩစရာ လူငယ်လေး..

Vol. 38 Ch. 556

#ဘာသာပြန် = စနိုးဝှိုက်

"ဘာတုန်း..သူတို့က သီချင်းတောင် ဆိုနေကြပါလား.."

ဝမ်မင်ယန် လူငယ်လေး ငါးယောက်ကို ကြည့်ပြီး ပြောလိုက်တာပါ..။

"ငါတို့ သွားကြရအောင်..အတော်တောင် နောက်ကျနေပြီ.."

လင်းဖန်ကတော့ အခုထိ ထွက်မသွားချင်သေးပါဘူး..။

"ဒါက အဆင်ပြေပါတယ်..နည်းနည်းလောက် ဆက်ပြီး ကစားလိုက်ရအောင်.."

"ဘာတွေ များ ​ပျော်စရာရှိလို့လဲ..။သူတို့ကို ဒီမှာ ထားခဲ့လိုက်တော့..ဒီလောက်ပဲ.."

ဝမ်မင်ယန် ပြောလိုက်တာပါ..။သူ ဒီမှာ အချိန်ဖြုန်းနေတာထက် အိမ်ကိုပဲ ပြန်ချင် နေခဲ့ပါပြီ..။

လူငယ်လေး ငါးယောက်ဟာ ဒူးထောက်နေရင်းကနေ လင်းဖန်ကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြပြီ..

"ကျွန်တော်တို့ နိုင်ငံတော်သီချင်း လည်း ဆိုပြီးသွားပြီ ဆိုတော့ အခုသွားလို့ ရပြီလား.."

သူတို့ ဒီနေရာကနေ တကယ် ထွက်သွားချင်နေကြပါပြီ..။

သူတို့ ဖော်ထုတ်ခံရပြီးပြီ ဆိုတော့ နောက်ဆက်တွဲတွေက သိပ်ပြီး လွယ်ကူမှာ မဟုတ်ပါဘူး..။သူတို့ ဝေးဝေးကိုသာ ထွက်ပြေးနေချင်ခဲ့ကြပါတယ်..။တကယ်လို့ သူတိုသာ ဒီပုံစံအတိုင်း အဖမ်းခံလိုက်ရရင် လုံးဝကို အဆုံးသတ်ပါပြီ..။

လင်းဖန် ရယ်မောလိုက်ပြီး..

"ဒါက သီချင်းဆိုတယ်လို့ ခေါ်တယ်လား..။ဒါက မင်းတို့ ငိုနေတာထက်တောင် ဆိုးရွားသေးတယ်...။ဒီနေ့ ထွက်ပြေးဖို့ စိတ်တောင် မကူးနဲ့ ဒီမှာ ဒူးထောက်နေ.."

"အာ.."

လူငယ်လေး ငါးယောက်စလုံးဟာ ကြောင်အသွားခဲ့ကြတယ်..။ယင်းနောက် သူတို့ ကြည့်လို်က်ပြီး.

"သိပ်လည်း စည်းကျော်မလာနဲ့.."

"ဟားဟား အရူးတွေ.."

လင်းဖန် ပြုံးလိုက်တယ်..။ယင်းနောက်သူ နံရံပေါ်မှာ ဆွဲထားတဲ့ ပန်ချီပုံ တွေကိုကြည့် လိုက်ပါတယ်..။

"မင်းတို့ အဲတာကို ဘာလုပ်မှာလဲ..။မနက်ဖြန်ကျမှ တစ်စုံတစ်ယောက် သန့်ရှင်းရေး လုပ်လိမ့်မယ် ဆိုပြီး မင်းတို့က တွေးနေတာလား.."

ဝမ်မင်ယန် လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"မနက်ကျ တစ်ယောက်ယောက် ရှင်းလိမ့်မှာပေါ့..။ဒီကောင် တွေကို ဖမ်းမိတာနဲ့ပဲ အတော် ကံကောင်းနေပြီလေ..။အိမ်ပြန်ပြီး အိပ်ကြရအောင် မဟုတ်ရင် မနက်ကျ နိုးမှာ မဟုတ်ဘူး.."

သူတို့ ဒီစောက်ရူး တွေအတွက်နဲ့ အချိန်တစ်နာရီ လောက် ကုန်သွားပြီ ဖြစ်ပြီး အခုဆိုရင် မနက်သုံးနာရီ ရှိနေခဲ့ပါပြီ..။

အဲ့အချိန်မှာပဲ..သန့်ရှင်းရေး တစ်ယောက်ဟာ သူ့ရဲ့ သန့်ရှင်းရေးယာဥ္နဲ့ ဖြတ်သွားစဥ္အတွင်း နံရံပေါ်ကို ကြည့်လိုက်တဲ့ အချိန်မှာ အမူအရာ ပြောင်းလဲ သွားခဲ့တယိ..။

"နင်တို့ ဘာလုပ်နေကြတာလဲ.."

သန့်ရှင်းရေး အမျိုးသမီးဟာ အနည်းငယ် ထိပ်လန့်သွားခဲ့ပါတယ်..။ဒီနေရာကို နောက်နာရီ အနည်းငယ် အတွင်းမှာ VIP တွေ လာတော့မှာပါ..။သူမ နံရံ ပေါ်က အနီရောင် ပန်ချီကားကြီးကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။တကယ်လို့ ဒါကိုသာ တစ်ခြားလူတွေ တွေ့သွားရင် တစ်ယောက်ယောက်တော့ သေတော့မှာပါ..။

ဒါက တကယ်ကို အရှက်ခွဲခံရတော့မလို့ ပါပဲ..။

သူမက သန့်ရှင်းရေး တစ်ယောက်သာ ဖြစ်ပေမယ့် နောက်နာရီ အနည်းငယ်မှာ VIP တွေလာကြမှာဖြစ်ပြီး သတင်းထောက် တွေပါ အတူ ပါလာမယ် ဆိုတာကို သိထားပါတယ်..။တကယ်လို့ နိုင်ငံခြားသား သတင်းထောက် တွေသာ ဒီပုံတွေကို ဓာတ်ပုံရိုက်ပြီး ပျံ့နှံ့သွားရင်..အရှက်ရစရာတွေ ဖြစ်လာတော့မှာအသေအချာပါပဲ..။

ဝမ်မင်ယန် ရဲ့ဒါရိုက်ဘာဟာ အကြီးအကဲ ဝမ် နဲ့ မာစတာ လင်းတို့ မူးနေကြတာကို သိထားပါတယ်..။ဒါ​ေကြာင့် သူ သန့်ရှင်းရေး အမျိုးသမီး ဆီကို လျောက်သွားလိုက်ပြီး...

"အန်တီ..အခြေအနေက ဒီလိုပါ....."

သန့်ရှင်းရေး အမျိုးသမီးဟာ ဒါရိုက်ဘာ ပြောပြနေတာကို နားထောင်ရင်း..ဒူးထောက်နေတဲ့ လူငယ်လေး ငါးယောက်ကို ကြည့်လိုက်တယ်..။သူမ ရဲ့ မျက်နှာဟာ ထပ်ပြီး ပြောင်းလဲသွားခဲ့ပါတယ်..။

"ဟေး..နင်တို့ ဘာလို့ ဒီလို လုပ်ကြတာလဲ.."

သန့်ရှင်းရေ အမျိုးသမီဟာ ပစ္စည်းကိရိယာ ပုံးထဲက တစ်ချို့ကို ယူလိုက်ပြီး..

"ဒီကို VIP တွေက ၉ နာရီ ဆိုရင် ရောက်လာကြတော့မှာ..။တကယ်လို့ သူတို့သာ ဒီလို အခြေအနေကို မြင်သွားရင် ဘာတွေဖြစ်လာမလဲ သိရဲ့လား..။နင်တို့..နင်တို့ တွေ..."

လင်းဖန် ဒါကိုကြားတဲ့ အချိန်မှာ အနည်းငယ် သိချင် သွားခဲ့တယ်..။

"အန်တီ ဘယ်က VIP တွေလဲ..."

သန့်ရှင်းရေး အမျိုးသမီးဟာ စိတ်ပူစွာ ပြောလိုက်တယ်..။

"မနက် ၉ နာရီကျရင် ဂျပန်က VIPတွေ..ဒီနေရာကို လာကြည့်ကြမှာလေ..။နိုင်ငံခြား သတင်းထောက်တွေလည်း ဒီမှာ ရှိနေကြမှာ..။တကယ်လို့ သူတို့သာ ဒါကို မြင်သွားရင် ဘာတွေ ဆက်ဖြစ်မယ် ထင်လဲ..။အထက်လူကြီးတွေ ဒေါသထွက်ကြပြီး.ငါတို့ နိုင်ငံလဲ အရှက်ကွဲမှာ အသေအချာပဲ..။ဂျပန် နဲ့ စစ်ပွဲတုန်းက ယဥ္ကျေးမူ အမွေအနှစ်ကို ဒီလို ဖျက်ဆီးခံရတာက တကယ်ရူးသွပ်ဖို့ ကောင်းတယ်.."

သန့်ရှင်းရေး အမျိုးသမီးဟာ သူမရဲ့ ပစ္စည်းတွေနဲ့ နံရံကို စတင်ပြီး သန့်ရှင်းရေး လုပ်ပါတော့တယ်..။သူမ သန့်ရှင်းရေး လုပ်နေရင်းကနေ တစ်ခုခု မူမမှန်တာကို နားလည်လိုက်တယ်..။

"ဒါက ဆီနဲ့ ရေးဆွဲထားတာပဲ..."

နံရံရဲ့ အပြင်ပိုင်းက ထူထဲပြီး..စိမ့်ဝင်နေတဲ့ အတွက် သူမ သန့်ရှင်းလေ ပိုဆိုးလေပါပဲ..။ဒါက လုံးဝ အလုပ်မဖြစ်ပေ..။

သန့်ရှင်းရေး အမျိုးသမီးဟာ ဘာလုပ်ရမလဲ မသိပဲ ကြောက်ရွံ့သွားခဲ့ပါတယ်..။

တိုက်ရိုက်ထုတ်လွင့်မူ ထဲတွင်..။

"ချီးပဲ..မနက်ကျရင် တစ်ခုခု တော့ ဖြစ်တော့မယ်.."

"မအိမ်လုံးတွေ..ငါ အဲ့ကောင်တွေ အကုန်လုံးကို သတ်ချင်နေပြီ..။သူတို့မှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိလောက်လား.."

"ကြည့်ပါဦး..သန့်ရှင်းရေး ဆိုရင် ငိုတောင် ငိုတော့မယ်..။တကယ်လို့ ဒါသာ..ရှာတွေ့သွားရင် သူမ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပဲ.."

"အမြန် တစ်ခြားလူတွေကို ခေါ်ပြီး သန့်ရှင်းရေးလုပ်လေ..။ကံကောင်းရင်တော့ အချိန်မှီ ပြီးလောက်မှာပါ.."

"ဘယ်လို ဖြစ်နိုင်မှာပဲ..ဒီ မအိမ်လုံးလေးတွေက မျပ်နှာပြင်တစ်ခုလုံးကို စိမ့်ဝင်အောင် ရေးဆွဲထားတာ..။ထပ်ပြောရရင် ဆီ ဆိုတာက လွယ်လွယ်ကူကူ ..သန့်ရှင်းရေး လုပ်လို့ရတာ မဟုတ်ဘူး..။လူများတာကလည်း အပိုပဲ.."

ဝမ်မင်ယန် လူငယ်လေးတွေကို ကို ကြည့်ပြီး လေးနက်သွားခဲ့တယ်..။

"ငါ မင်းတို့ အကုန်လုံးကို သင်ခန်းစာပေးမှ ရတော့မယ်.."

လူငယ်လေးတွေရဲ့ မျက်နှာပေါ်မှာ ချက်ချင်း ကြောက်ရွံ့မူတွေ ပေါ်လာခဲ့ပါတယ်..။

လင်းဖန် အလျင်အမြန်လှမ်းတား လိုက်ပြီး..

"မင်ယန် စိတ်မပူပါနဲ့..။ကျုပ် နည်းနည်း စဥ္းစားလိုက်ဦးမယ်.."

"ဘယ်လိုလုပ် စိတ်မပူပဲ နေနိုင်မှာလဲ..။အခု သုံးနာရီ ရှိနေပြီ ငါတို့မှာ ဒီဟာကို ဖျက်ဖို့ ၆ နာရီ ပဲ အချိန်ရတယ်..။တကယ်လို့ ဒီပုံကြီးအတိုင်းသာ အကုန်တွေ့သွားကြရင် ဟာသ တွေ ဖြစ်ကုန်လိမ့်မယ်.."

ဝမ်မင်ယန် ပြောလိုက်တာပါ..။

လင်းဖန် စဥ္းစား နေတုန်းမှာ လူငယ်လေး ငါးယောက်ဟာ ထွက်ပြေးကြဖို့ လုပ်လိုက်ပါတယ်..။

လင်းဖန် ရှေ့ကိုချက်ချင်း တက်သွားလိုက်ပြီး..

"ဒူးထောက်နေကြ..."

လူငယ်လေး ငါးယောက်ဟာ ရုတ်တရက် သူတို့ လှုပ်လို့ မရတော့မှန်း နားလည်လိုက်တယ်..။သူတို့ရဲ့ ခြေထောက်တွေဟာ လှုပ်လို့ မရတော့ပဲ တောင့်တင်းနေခဲ့တာပါ..။

လင်းဖန် သန့်ရှင်းရေး ဆီကို လျောက်သွားလိုက်ပြီး..

"အန်တီ ဒါကို ကျွန်တော်တာဝန် ထားလိုက်ပါ..။ကျွန်တော် မှာ ဒီအတွက် နည်းလမ်း ရှိတယ်.."

သန့်ရှင်းရေး အမျိုးသမီးဟာ လင်းဖန်ကို ကြည့်လိုက်ပြီး..

"ကောင်လေး မင်းမှာ တကယ်ပဲ နည်းလမ်း ရှိတာလား..။အန်တီ ထင်တာတော့ အချိန်မလောက် တော့ ဘူးနော်.."

"စိတ်မပူပါနဲ့ ကျွန်တော် ကြိုးစားကြည့်ပါ့မယ်.."

လင်းဖန် ပြောလိုက်တယ်..။ယင်းနောက် သူ သန့်ရှင်းရေး အမျိုးသမီး လက်ထဲက အဝတ်စကို ယူပြီး ကားထဲကို သွားလိုက်ပါတယ်..။

တိုက်ရိုက်ထုတ်လွင့်မူ ထဲတွင်..။

"မာစတာ လင်းက ဘာတွေ လုပ်နေတာလဲ.."

"ငါလည်းမသိဘူး..ဒါပေမဲ့ အချိန်က မလောက်တော့ဘူးနော်..။ဆီ တွေက ဖျက်ဖို့ အရမ်းခက် ခဲတာ.."

"အရင်တုန်းက ငါ့ရဲ့ အိမ်က ကြမ်းပြင်မှာ ဆီတွေ မှောက်ကျ လို့ သန့်ရှင်းရေးလုပ်တာ နေ့တစ်ဝက်လောက် ကြာသွားတယ်.."

"ချီးပဲ သူဘာလုပ်နေတာလဲ.."

ယင်းနောက် လင်းဖန် ကားရဲ့ ဆီတိုင်ကီ ကို ဖွင့်ပြီး အဝတ်စ ကို အထဲနှစ်ကာ စိုစွတ်အောင် လုပ်လိုက်တယ်..။

ဝမ်မင်ယန် သိချင်စွာ မေးလိုက်ပါတယ်..။

"မင်းလာလုပ်နေတာလဲ..။ဒါက သန့်ရှင်းရေး လုပ်လို့ရပါ့မလား.."

လင်းဖန် ပြုံးလိုက်တယ်..။

"ဒါပေါ့.."

အမှန်တကယ်တော့ သူ ကားရဲ့ ဆီကိုပဲ အသုံးပြုမယ် ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး..။သို့ပေမယ့် သူ့မှာ စွယ်စုံကျမ်းရဲ့ အကူအညီ ရှိပါတယ်..။သူကားရဲ့ ဆီကို အသုံးမပြုဘူး ဆိုရင်တောင် ဒီနံရံကို သန့်ရှင်းရေး လုပ်ဖို့က ပြသနာ မဟုတ်ပါဘူး..။

အားလုံးရဲလ အံ့ဩသင့်တဲ့ အကြည့်တွေ အောက်မှာပဲ လင်းဖန် စတင်ပြီး သန့်ရှင်းရေး လုပ်လိုက်တယ်..။စွယ်စုံကျမ်း ရဲ့ မှောဆန်တဲ့ အကူအညီဟာလည်း စတင်လာခဲ့ပါတယ်..။

နံရံပေါ်က အနီရောင် ဆီ တွေက ဖြည်းဖြည်းချင်း ပျက်ပြယ်လာခဲ့ပါပြီ..။

အဲ့အချိန်မှာတော့ တိုက်ရိုက်ထုတ်လွင့်မူထဲက လူတွေဟာ သူတို့ နည်းလမ်းအသစ်ကို ရသွားခဲ့ကြတဲ့ အတိုင်းပါပဲ..။

"ချီးပဲ ဒါက အလုပ်ဖြစ်တယ်ဟ.."

"ဟားဟား မာစတာ လင်းအတွက်ဆို အရာရာ တိုင်းက ဖြစ်နိုင်တယ်.."

သန့်ရှင်းရေး အမျိုးသမီးဟာ အမှန်တကယ် အလုပ်ဖြစ်တာ မြင်မှ စိတ်သက်သာရာ ရသွားခဲ့တယ်..။သို့ပေမယ့် သူမ မျက်မှောင်ကျုတ်လိုက်ပြီး..

"လူငယ်လေး..အန်တီ သန့်ရှင်းရေး လုပ်တန်းကနဲ့ ဘာလို့ မတူတာလဲ.."

လင်းဖန် ပြုံးလိုက်တယ်..။ဒီမေးခွန်းက အတော်ဖြေဖို့ ခက်ခဲတာပါ..။

"အန်တီ ကျွန်တော် အရင်ဆုံးပြီးအောင်လုပ်လို်က်ပါ့မယ်..။ကျွန်တော့်မှာ ပြောပြလို့ မရတဲ့ လျို့ဝှက် နည်းလမ်း ရှိတယ်လေ..။ကျွန်တော်က အကောင်းဆုံး သန့်ရှင့်ရေးသမားပဲ.."

မြို့သားတွေဟာ လင်းဖန် ဒူးထောက်ပြီး နံရံကို သန့်ရှင်းရေး လုပ်နေတဲ့ အချိန်မှာ ခံစားသွားကြရတယ်..။သူ့ရဲ့ အကင်္်ီတွေမှာလည်း ဆီတွေ စွန်းထင်းနေခဲ့ပါပြီ..။

"မာစတာ လင်းက အရမ်း ခံ့ညားတယ်လို့ ငါခံစားနေရတယ်.."

"ဘုရားသခင်က မာစတာ လင်းကို ဒီဘေးနား ဖြတ်သွားခိုင်းလို့ တော်သေးတယ်..။မဟုတ်ရင် နောက်ဆက်တွဲတွေက တကယ် မလွယ်ကူဘူး.."

"ဒါအမှန်ပဲ..မာစတာ လင်း သန့်ရှင်းရေး လုပ်တာ ဒီလောက် ကောင်းလိမ့်မယ် လို့ ငါမထင်ထားခဲ့ဘူး..။သူက တကယ်ကို မိုက်တာပဲ.."

"ဒါက ဆက်ဆီ ဖြစ်လွန်းတယ်.."

သန့်ရှင်းရေး အန်တီကြီးတောင် လင်းဖန်ကို ကြည့်ပြီး ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တယ်..။

"လူငယ်လေး ကျေးဇူးအရမ်းတင်ပါတယ်.."

လင်းဖန် ပြုံးလိုက်ပြီး..

"ဒါအဆင်ပြေပါတယ်..။အလွယ်တကူ လုပ်လို့ ရနေတာပဲလေ..။ကျွန်တော်ကို သန့်ရှင်းတဲ့ အဝတ်တစ်ခုလောက် ပေးပါဦး.."

ဝမ်မင်ယန်နဲ့ ဒါရိုက်ဘာ တို့လည်း ကူညီပေးနေခဲ့တယ်..။ဒိီမှာက ရေသိပ်မရှိလို့ သူတို့ ၂၄ နာရီ စတိုးဆိုင်က ရေသန့်ကတ် တွေ သွားဝယ်ပေးခဲ့ပါတယ်..။

သူတို့ကို အံ့ဩသင့်စေတာက သူတိုလ ဘယ်လောက်ပဲ သန့်ရှင်းရေး ကူလုပ်လုပ် လင်းဖန် နဲ့ လုံးဝကို မတူညီပါဘူး..။လင်းဖန် သန့်ရှင်းရေး လုပ်တဲ့ နေရာတိုင်းက ရှင်းလင်းနေပြီး အလင်းရောင် တောင်ထွက်နေခဲ့တာပါ..။ဒါက လူတိုင်းကို အံ့ဩသင့်စေပါတယ်..။

တစ်နာရီ ကြာပြီးနောက်..။

နံရံက သန့်ရှင်းလာတာနဲ့ အမျှ လင်းဖန်ရဲ့ အင်္ကျီက ပိုပိုပြီး ညစ်ပတ်လာခဲ့ပါတယ်..။နံရံက အစောကထက် အများကြီး ပိုသန့်ရှင်းလာခဲ့တယ်..။

"ချီးပဲ ငါ့မျက်လုံးတွေ လှည့်စားခံနေရတာလား..။ဘာလို့ နံရံက အသစ်ဆောက်ထားသလို ခံစားနေရတာလဲ..။မင်းတို့ခည်း အတူတူပဲ ခံစားမိလား.."

"ဟုတ်တယ် ကြည့်လိုက် အတော်သန့်ရှင်းနေတာ.."

"ဒါက ကြောက်စရာပဲ.."

သန့်ရှင်းရေး အမျိုးသမီးဟာ ..နံရံပေါ်က အရာတွေ ရှင်းလင်းသွားတာကိုကြည့်ပြီး ပြုံးလိုက်တယ်..။သူမ လင်းဖန်ရဲ့ လက်ကို ဖမ်းဆွဲလိုက်ပြီး...

"လူငယ်လေး ကျေးဇူးတင်ပါတယ်.."

လင်းဖန်ရဲ့ လက်တွေဟာ ဆီတွေနဲ့ ပေနေခဲ့တယ်..။သူ ပြုံးယုံသာ ပြုံးလိုက်ပါတယ်..။ယင်းနောက် ဝမ်မင်ယန်ဟာ ရေစိုတာဝါ တစ်ချို့ယူကာ လင်းဖန် နှာဖူးက ချွေးတွေကို သုတ်ပေးလိုက်ပြီး..

"မင်းက အံ့ဩစရာပဲ.."

"အခုမှ ၄ နာရီပဲ ရှိသေးတယ်..။နံရံပေါ်က ဟာတွေသန့်ရှင်းသွားပြီဆိုတော့ တစ်နေရာလုံးကို ထပ်ပြီး သန့်ရှင်းရေး လုပ်လိုက်ကြအောင်..။ဘာပဲဖြစ်ဖြစ် မနက် အခမ်းအနား ရှိတယ် ဆိုတော့ အကောင်းဆုံး ပြင်ဆင်ထားဖို့ လိုတယ်လေ.."

လင်းဖန် ပျော်ရွှင်စွာ ပြောလိုက်တာပါ..။

သူတို့ ၅ နာရီ အထိ အလုပ်ဆက်လုပ်လိုက်ကြတယ်..။

သူတို့ နောက်ဆုံးနေရာ ကိုသန့်ရှင်းပြီးတဲ့ အချိန်မှာ လင်းဖန် ပြုံးကာ ကြည့်လိုက်ပြီး..

"ကြည့် ဘယ်လိုနေလဲ.."

ယင်းနောက် ကျန်တဲ့ လူတွေဟာ သူတို့ မြင်နေရတာကိုတောင် မယုံကြည်နိုင်တော့ပါဘူး..။

ဝမ်မင်ယန် ပြောလိုက်တယ်..။

"မင်းဘယ်လိုများ သန့်ရှင်းလိုက်တာလဲ.."

သန့်ရှင်းရေး အမျိုးသမီးဟာလည်း အံ့ဩသင့်နေခဲ့ပါတယ်..။သူမ ဒီလောကမှာ ကျင်လည်နေတာ ကြာပြီ ဖြစ်ပေမယ့် သန့်ရှင်းရေးလုပ်တာ ဒီလောက် တော်တဲ့ လူကို မတွေ့ဖူးသေးပါဘူး..။

တိုက်ရိုက်ထုတ်လွင့်မူ ထဲက မြို့သားတွေဟာ အစ ထုတ်လွင့်ကတည်းက စောင့်ကြည့်နေကြတာပါ..။ဒါက အရမ်းထူးဆန်းတဲ့အရာ တစ်ခု မဟုတ်ပေမယ် သူတို့ နေရာတစ်ခုလုံး သန့်ရှင်းသွားတာကို မြင်ပြီး အံ့ဩသင့်ကြရပါတယ်..။ကြည့်ရူသူနှုန်းဟာလည်း အခုဆိုရင် တဖြည်းဖြည်း မြင့်တက်လာတာ နှစ်ဆလောက် ရှိနေခဲ့ပါပြီ..။

လင်းဖန် သူ့လက်မှာ ပေးနေတဲ့ ဆီတွေကို သုတ်ကာ ပြုံးလိုက်ပြီး..

"ကောင်းပြီ ပြီးသွားပြီ..။မင်ယန် သွားကြရအောင်.."

ယင်းနောက် သူ တိုက်ရိုက်ထုတ်လွင့်မူ ထဲက လူတွေကို လက်ဝေ့ယမ်းပြလိုက်တယ်..။

"အခု အကုန်သန့်ရှင်းသွားပြီ..ဒါပေမဲ့ ဒီကောင်တွေကိုတော့ လွှတ်ပေးလို့ မရဘူးနော်..။ကျုပ်တို့ သူတို့မျက်နှာတွေကို မှတ်ထားပြီး အပြစ်ပေးမူ တွေ လုပ်မှ ရမယ်..။အန်တီ ကျွန်တော် ဒါကို အန်တီနဲ့ပဲ ထားခဲ့တော့မယ်..။တကယ်လို့ ရဲတွေလာရင် ရဲတွေကို ကြည့်လုပ်ခိုင်းလိုက်..။ဒီဗီဒီယိုက သူတို့ အပြစ်တွေရဲ့ သက်သေပဲ.."

"ကောင်းပါပြီ.."

သန့်ရှင်းရေး အမျိူးသမီးဟာ ခေါင်းညိမ့်လိုက်တယ်..။

လင်းဖန် ပြုံးလိုက်ပြီး..

"အိမ်ပြန်ပြီး အိပ်ကြရအောင်..။ဒီညတော့ အတော်ပင်ပန်းသွားပြီ.."

"လူငယ်လေး မင်းရဲ့ နာမည် ဘယ်လိုခေါ်လဲ.."

သန့်ရှင်းရေး အန်တီကြီးက မေးလိုက်တာပါ..။

လင်းဖန် လက်ဝေ့ယမ်းပြလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး..။

သန့်ရှင်းရေး အန်တီကြီးဟာသက်ပြင်းချလိုက်တယ်..။

"မင်းက အံ့ဩစရာ လူငယ်လေးပဲ..။ဒီလို ကောင်းမွန်တဲ့ အရာလုပ်ပြီးတာ​ေတာင် နာမည်လေးတစ်ခုကို မထားခဲ့ချင်ဘူး.."

သို့ပေမယ့် တိုက်ရိုက်ထုတ်လွင့်မူ ထဲက လူတွေကတော့..မပြောပဲ မနေနိုင်ကြပါဘူး..။

"သူ့နာမည်က လင်းဖန်..."

"သူက မာစတာ လင်း ပဲ...."

All Chapters