အခန်း (၅၅၇)
Vol. 38 Ch. 557
#ဘာသာပြန် = စနိုးဝှိုက်
မနက်ခင်း..။
၉ နာရီ..။
ဆီဟန် မှာ လူတွေ အများကြီး စုဝေးနေခဲ့တယ်..။ရှန်ဟိုင်းရဲ့ ဂုဏ်သိက္ခာရှိ ခေါင်းဆောင်တွေနဲ့ VIP တွေလည်း ဒီနေရာမှာ ရှိနေကြပါတယ်..။
ရှန်ဟိုင်းက ခေါင်းဆောင် ဟာ ဆီဟန် ကို မြင်လိုက်တဲ့ အချိန်မှာ မျက်လုံးတွေ အရောင်လက်သွားခဲ့တယ်..။ဒါက တကယ်ကို မယုံနိုင်စရာပါပဲ..။ဒီနေရာက သူ ပထမ တစ်ခါ ရောက်တုန်းကနဲ့ လုံးဝ မတူတော့ပေ..။
အရမ်းသန့်ရှင်းတာပဲ..။
VIP တွေလည်း အံ့ဩနေခဲ့ကြပါတယ်..။ယင်းနောက် သူတို့ သန့်ရှင်းရေး တွေကို လိုက်မေးကြည့်လိုက်ကြပါတယ်..။ဒီလိုမျိုး သန့်ရှင်းနေအောင် လုပ်ထားရတာ တကယ် မလွယ်ကူလောက်ပါဘူး..။
ဒါက ရှန်းဟိုင်းရဲ့ ခေါင်းဆောင် အကြီးအကဲ ကို ပျော်ရွှင်စေပါတယ်..။သူ ဆီဟန် ရဲ့ ခေါင်းဆောင်က ဒီ အခမ်းအနားပြီးသွားရင် ..သီးသန့် ဂုဏ်ပြုရဦးမှာပါ..။
ရဲဌာနတွင်..။
လူငယ်လေးငါးယောက်ဟာ အဖမ်းခံ ထားရတယ်..။ရဲအရာရှိ တွေဟာ ဖုန်းထဲက ဗီဒီယိုကို ကြည့်ပြီး ဒေါသထွက်နေခဲ့ကြပါပြီ..။သူတို့ ဒီလူငယ်လေးတွေ ကို တစ်ခြား တရားခံတွေနဲ့ မတူညီစွာ ကြည့်လိုက်ကြပါတယ်..။
သူတို့ရဲ့ အသက်အရွယ် ကြောင့်သာ မဟုတ်ရင် အခုချိန်လောက်ဆို သေလောက်အောင် အရိုက်ခံထားရမှာပါ..။
သို့ပေမယ့် မိုးကောင်းကင်ရဲ့ မျှတမူ အောက်ကနေ ့ဘယ်သူကမှ မလွတ်မြောက်နိုင်ပါဘူး..။သူတို့ တိုင်ကြားခံရပြီး ..မနက် ၆ နာရီလောက်မှ အဖမ်းခံခဲ့ရပါတယ်..။
ရဲအရာရှိ တွေ ရောက်လာတဲ့ အချိန်မှာ ဒီလူငယ်လေး ငါးယောက်က ဒူးထောက်နေကြတာ ဖြစ်ပြီး နောက်ထပ် နာရီဝက်လောက်အထိ ပြန်မထ နိုင်ခဲ့ကြပါဘူး..။
သနိ့ရှင်းရေး ပြောကြားချက်အရတော့ သူတို့ကို တစ်စုံတစ်ယောက်က ထလို့ မရအောင် လုပ်ထားခြင်းဖြစ်ပြီး ဘယ်သူလဲ ဆိုတာတော့ သူမလည်းမသိပေ..။
အင်တာနက်..။
ဗီဒီယိုဟာ အင်တာနက်ပေါ် ပျံ့နှံ့နေခဲ့တယ်..။.
မရေမတွက်နိုင်တဲ့ လူတွေဟာ ဗီဒီယိူကို မြင်တဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့ကြပါတယ်..။သူတို့ ဒီလူငယ်လေးတွေကို သတ်တောင် သတ်ချင်နေခဲ့တာပါ..။သို့ပေမယ့် အခြေအနေက ပြောင်းလဲ သွားခဲ့တယ်..။
လင်းဖန် နဲ့ ကျန်တဲ့ လူတွေဟာ ..ဒီလူငယ်လေးတွေကို လာဖမ်းပြီး သင်ခန်းစာ ပေးခဲ့ပါတယ်..။ပထမ ဆုံးအပိုင်းမှာ လူနှစ်ယောက်က လူငယ်လေးတွေကို ရိုက်နှက်နေခဲ့တယ်..။ဒါက ဖျော်ဖြေမူ တစ်ခုဖြစ်ပြီး သူတို့ရင်ထဲကဒေါသတွေကို ပြေပျောက်စေပါတယ်..။
အဆုံးမှာတော့..သန့်ရှင်းရေး လုပ်နေတာ ဖြစ်ပြီး ဒါက လူများစွာရဲ့ နှလုံးသားကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်..။
"ဗီဒီယိုရဲ့ ပထမပိုင်းက ဒေါသထွက်ရပေမယ့် နောက်ဆုံးမှာတော့ ကျေနပ်ဖို့ကောင်းတယ်.."
"ဒီ မအိမ်လုံးတွေကိုသာ အပြင်မှာ တွေ့ရင် သေအောင် သတ်ပစ်မယ်.."
"ဟားဟား..ဒီကောင်တွေ မာစတာ လင်းနဲ့ တွေ့တာ ကံဆိူးသွားတာပဲ..။သူတို့ မသေရင်တောင် အကျိုးအကန်း တော့ ဖြစ်နေလောက်ပြီ.."
"မာစတာ လင်းက အံ့ဩစရာပဲ..။ငါတော့ သူ့ကို သဘောကျနေပြီ..။ငါ့ရဲ့ ကျန်တဲ့ ဘဝတစ်လျောကိလုံး သူ့ကိုပဲ အားပေးတော့မယ်.."
"ငါအခု ဆီဟန် ကိုရောက် နေတာ..။ဒီမှာ ဘယ်လောက်တောင် သန့်ရှင်းလဲ သိရဲ့လား..။ဘာ အညစ်အကြေး တစ်ခုမှ ကို မရှိဘူး.."
"နည်းနည်းတော့ များသွားပြီ.."
"မများဘူး.."
မြို့သားတွေဟာ အင်တာနက် ပေါ်မှာ ဆွေးနွေးနေခဲ့ပါတယ်..။
သတင်းထောက်တွေတောင် ဒီနေရာရဲ့ သန့်ရှင်းမူကို ချီးကျုးနေခဲ့ကြတာပါ..။
ဒီကိစ္စက သိပ်တော့ မကြီးမားပါဘူး..။သို့ပေမယ့် ဒီကိစ္စက ဆီဟန် ရဲ့ ခေါင်းဆောင် တွေ အပေါ် ဘယ်လောက် တောင် သက်ရောက်လဲ ဆိုတာ သူတို့ရဲ့ စကားအပြောအဆိုတွေကနေ သိနိုင်ပါတယ်..။
လင်းဖန်ကတော့ ဒီကိစ္စ ဘယ်လိုတွေ ဆက်ဖြစ်သွားလဲ မသိသလို..သူ သိခဲ့မယ် ဆိုရင်လည်း ဘာမှ ဝင်ပြောမှာ မဟုတ်ပါဘူး..။
တစ်ချို့ ကိစ္စတွေက ဝင်ပါတိုင်း ကောင်းတဲ့အရာ မဟုတ်ပေ..။
တိမ်ဖြူလမ်း..။
မြို့သားတွေဟာ မာစတာ လင်းရဲ့ ဆိုင်ရှေ့မှာ စောင့်နေခဲ့ကြတယ်..။
"သူဌေးလေးက ဘာလို့ မလာသေးတာလဲ.."
မနေ့ညက ဘာဖြစ်ခဲ့လဲ ဆိုတာ သိထားတဲ့ မြို့သားတစ်ယောက်က ပြောလိုက်တယ်..။
"သူ့ကို ထပ်စောင့်မနေနဲ့တော့..။ငါထင်တာတော့..မနေ့ညက သူဌေးလေးက အိပ်ယာဝင်တာ နောက်အကျဆုံးပဲ ဖြစ်မယ်.."
"ဘာလို့လဲ..မင်းက ဘယ်လိုသိတာလဲ.."
"မင်းတို့ သတင်းမဖတ်ဘူးလား..။မနေ့ညက သူဌေးလေး နဲ့ ဂျပန် အင်ပါယာ စစ်တပ်ပုံစံ ဝတ်ဆင်ထားတဲ့ လူငယ်လေးတွေ ဆီဟန် မှာတွေက ကြတယ်..။ဒီလူငယ်လေးတွေက နံရံ တွေမှာ ပုံတွေ ရေးဆွဲပြီး အမွေအနှစ်ကို ဖျက်ဆီးဖို့ ကြိုးစားနေကြတာ..။သူဌေးလေးက သူတို့ကို တားဆီးပြီး သင်ခန်းစာ ပေးခဲ့တယ်လေ..။ပြီးတော့ သူ အကုန်လုံးကို ပြန်ဖျက်ပြီး သန့်ရှင်းလေး လုပ်သွားတာ ၅ နာရီ မှ ပြီးတယ်..။အခု ၉ နာရီ ဆိုတော့ သူ အိပ်ပျော်နေတုန်းပဲ ရှိဦးမှာပေါ့.."
"အာ..ဒီလို ကိစ္စဖြစ်ခဲ့တာလား..။ငါ မသိခဲ့ဘူး.."
"သတင်းတွေကို ကြည့်လိုက်..။သူဌေးလေး လုပ်ပြသွားတာ တကယ် လှပတယ်.."
"ဒီလို ဆိုရင်တော့ ငါတို့ ထပ်စောင့်နေလို့ မဖြစ်တော့ဘူး..။သူဌေးလေး ကောင်းကောင်း အနားယူပါစေ.."
လူလိမ် ထျန် အပေါက်ဝ နားမှာ ခါးသက်စွာ ရပ်နေခဲ့တယ်..။လင်းဖန် က ဒီလို အခွင့်အရေးမျိုးမှာ ဘာလို့ သူ့ကို မခေါ်တာလဲ နားမလည်တော့ပါဘူး..။သို့ပေမယ့် မြို့သားတွေက အမှန်တကယ်ပဲ လင်းဖန်ကို အနားယူခွင့် ပေးခဲ့ကြပါတယ်..။ဒါက တကယ်ကို ရှားရှား ပါးပါးပါပဲ..။
"လူလိမ် ..သူဌေးလေး ဆိုင်ကို ရောက်လာရင် ကျုပ်တို့ကို အကြောင်းကြားပေးပါဦး.."
လူလိမ် ထျန် ခေါင်းညိမ့်လိုက်ပြီး..
"ကောင်းပြီ ကောင်းပြီ ငါ့ကို လူလိမ် လို့ မခေါ်နဲ့..။မာစတာ ထျန် လို့ ခေါ်ကြ.."
လူအုပ်ကြီးဟာ ရယ်မောလိုက်ကြတယ်..။
"ခင်ဗျား သူဌေးလေး နဲ့တော့ နှိုင်းယှဥ္လို့ မရဘူးလေ..။ကျုပ်တို့ ခင်ဗျားကို အရင်ဆုံး လူလိမ် လို့ ခေါ်မယိ..။နောက်ပိုင်း ခင်ဗျား ရာထူးတိုးခံရမှ မာစတာ လို့ ပြောင်းခေါ်မယ်လေ.."
ဝူယူလန်ဟာ သတင်းဖတ်လိုက်ပြီး..အစ်ကိုလင်း ရဲ့ လုပ်ရပ်ကြောင့် သဘောကျနေခဲ့ပါတယ်..။
အိမ်ထဲတွင်..။
လင်းဖန် အိပ်နေရင်းကနေ အသံတစ်ခုကြောင့် လန့်နိုးလာခဲ့တယ်..။ယင်းနောက် သူ အိပ်ယာပေါ်မှာ ထထိုင်လိုက်ပါတယ်..။
"ချီးပဲ..ဒါက ရောက်လာပြီ.."
"၁၃ ခုမြောက် အသိပညာ ပြည့်မြောက်သွားပြီး စွယ်စုံအမှတ် ၂၀ ရရှိပါသည်.."
"၁၄ ခုမြောက် အသိပညာကို ဖွင့်လှစ်နေသည်..။၁၄ ခုမြောက် အသိပညာကို ပိုင်ရှင်နဲ့ နီးစပ်သူ တစ်ယောက် ဆီမှ ရွေးချယ်သွားမည် ဖြစ်သညါ.."
လင်းဖန် သူ့မျက်လုံးကို ပွတ်လိုက်ပါတယ်..။သူမနေ့ညက အရမ်းပင်ပန်းထားတာ ဖြစ်တဲ့ အတွက်ကြောင့်..အသိပညာ အသစ်ဖွင့်လှစ်တာကိုတောင် စိတ်မလှုပ်ရှားနိုင်တော့ပါဘူး..။
"ကျိုးမင်ချင်းဟာ ပိုင်ရှင်းကို အတော် လေးစားနေခဲ့တယ်..။ဒါကြောင့် အဓိက အသိပညာ ဘာသာရပ် ဖြစ်တဲ့ ဆေးဖော်စပ်ခြင်း အခန်းမှ ..ဥာဏ်ကောင်းစေသော ဆေးပြာ ဖော်စပ်နည်း အသိပညာ တစ်ခုအား ပေးအပ်လိုက်သည်.."
(စွယ်စုံကျမ်းရဲ့ အားဖြည့်မူမှာ ပိုမို ကောင်းမွန်လာမည် ဖြစ်သည်.)
"မစ်ရှင် : ဥာဏ်ကောင်းစေသော ဆေး များကို ဖော်စပ်နိုင် ရန် "
"ဆုလာဒိ ; စွယ်စုံအမှတ် ၃၀ ရရှိပြီး ၁၅ ခုမြောက် အသိပညာကို ဖွင့်လှစ်နိုင်မည်..။စွယ်စုံကျမ်း၏ ဌာနခွဲ စတိုးအား ဖွင့်လှစ်နိုင်မည်.."
"မှတ်ချက် : အကိုင်းအခွဲတစ်ခု ဖြစ်တာကြောင့် လက်ရှိခေတ်ကို ကိုယ်စားပြုစရာ မလိုအပ်ပေ.."
"လက်ရှိ စွယ်စုံအမှတ်.. : ၃၄၀ "
အဲ့အချိန်မှာပဲ..။
လင်းဖန် ချက်ချင်း မတ်တတ်ထရပ်လိုက်တယ်..။
ဘာ...
ဆန်းကျယ်တဲ့ အသိပညာလား...
ဘယ်လိုဖြစ်နိုင်မှာလဲ...
သူ စွယ်စုံကျမ်းကို စတင်ရရှိတော့ ဝူရှ..ရှန်းရှ နဲ့ အင်မော်တယ် လမ်းစဥ္ တွေ ပါဝင်တာ သိထားပေမယ့် လက်ရှိခေတ်မှာ သိပ်အသုံးမဝင်တာကြောင့် သူသိပ်ပြီး ဂရုမစိုက်ခဲ့ပါဘူး..။
သို့ပေမယ့် သူ အံ့ဩသွားခဲ့တယ်..။သူ စွယ်စုံကျမ်း ပြောတာကို သေချာနားထောင်လိုက်တဲ့ အချိန်မှာ ဆန်းကျယ် တဲ့..အသိပညာ အခန်း တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့မှန်း သိလိုက်ရပါတယ်..။
ဒါက တကယ်ကို ကြောက်စရာပါပဲ..။
"ဟားဟား..."
ယင်းနောက် လင်းဖန် စတင်ပြီး ရယ်မောပါတော့တယ်..။ဒါက သဘာဝကို ဆန့်ကျင်တဲ့ အသိပညာ တစ်ခုလိုပါပဲ..။တကယ်ကို မယုံကြည်နိုင်စရာ ကောင်းတာပါ..။
ဒါက အဓိက အသိပညာ အခန်းရဲ့ အောက်က ဆေးဖော်စပ်မူ တစ်ခုဖြစ်ပေမယ့် ..အံ့ဩစရာတော့ ကောင်းနေပါသေးတယ်..။
သူ့တပည့် ဘာတွေ လုပ်နေတာလဲ သူ သေချာ မေးကြည့်မှ ရမှာပါ..။
လင်းဖန် ကျိုးမင်ချင်း ကို ချက်ချင်း ဖုန်းခေါ်လိုက်တယ်..။
"မင်ချင်း..အခုတလော ..တစ်ခြား အသစ်တစ်ခုခုကို စိတ်ဝင်စားနေတာလား.."
လင်းဖန် မေးလိုက်တာပါ..။
ကျိုးမင်ချင်း ပြန်ဖြေလိုက်တယ်..။
"ဆရာက ကျွန်တော်ကို တစ်ခြား စိတ်ဝင်စားတာ တစ်ခုခု လုပ်ကြည့်ဖို့ ပြောထားတယ်လေ..။ကျွန်တော်က အသက်ကြီးနေပြီ ဖြစ်တာကြောင့် အချိန်တွေ အများကြီး ပေးရမယ့် အရာက မကိုက်ညီဘူး..။ဒါကြောင့် ကျွန်တော့် ရဲ့ စာအုပ််အဟောင်းတွေကို ပြန်ကြည့်ပြီး လတ်တလော..ရှေးခေတ်တုန်းက ဆေး ဖော်စပ်တဲ့ စာအုပ်ကိုလေ့လာနေတာ..။ကျွန်တော် ဒါကို လေ့လာကြည့်တော့ တရုတ် ဆေးပညာရဲ့ အနှစ်သာရ တွေ ပါဝင်နေတယ်လို့ ခံစားရတယ်..။ဒါက သိပ်ပြီးအသုံးမဝင်ပေမယ့် သီအိုရီ တွေက အတော်ကို နည်းလမ်း ကျတယ်လေ.."
လင်းဖန် ဒါကို ကြားတဲ့ အချိန်မှာ အတော်သဘောကျသွားပြီး ချီးကျုး ဖို့ကို မစောင့်နိုင်တော့ပါဘူး..။
"မင်းချင်း ခင်ဗျားရဲ့ ဆရာက ခင်ဗျားကို အရမ်းချစ်တာနော်..။ဒါက တကယ်ကို ဝါသနာ ကောင်းတစ်ခုပဲ..။ခင်ဗျား ဒါကို ဆက်ပြီး လေ့လာမှ ဖြစ်မယ်..။ခင်ဗျား ရဲ့ ဆရာက ၁၀၀ ရာခိုင် နှုန်း ထောက်ပံ့ပေးမယ်.."
ကျိုးမင်ချင်း ဘာတွေ ဖြစ်နေမှန်း နားမလည်ခဲ့ပါဘူး..။
"ဆရာ..ဒါက..."
တီ ..တီ..
သူတစ်ခုခု ပြောချင်ပေမယ့် ဖုန်းက ကျ သွားခဲ့ပါပြီ..။