← Chapters

ပျော်ရွှင်စရာ ဖြစ်ရပ်

Vol. 38 Ch. 558

ပျော်ရွှင်စရာ ဖြစ်ရပ်

Vol. 38 Ch. 558

#ဘာသာပြန် = စနိုးဝှိုက်

ဥာဏ်ကောင်းစေသော ဆေးလုံး..။

ဒီဆေးလုံးက ..တစ်စုံတစ်ယောက်ရဲ့ ဥာဏ်ရည်ကို တိုးတက် စေနိုင်တယ်ဆိုတာ ဘယ်သူမဆို ပြောနို်င်ပါတယ်..။သို့ပေမယ့် စွယ်စုံကျမ်းမှာ မဖော်ပြထားတဲ့ အတွက် တစ်ခြား ဘယ်လိူ အကျိုးသက်ရောက်မူ တွေ ရှိလာမလဲ ဆိုတာကိုတော့ မသိနိုင်ပါဘူး..။ဒါကို သူ ဆေးလုံး ဖန်တီး ပြီးမှပဲ သိနိုင်မှာပါ..။

သူ စွယ်စုံကျမ်းကို ကြည့်လိုက်တယ်..။

ဒီ ဥာဏ်ကောင်းစေတဲ့ ဆေးလုံးမှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက အတော်များပြားပြီး ဖော်စပ်မူ ပုံစံကလည်း ရှုပ်ထွေးပါတယ်..။သို့ပေမယ့် ဒါကို သေချာလေ့ကျင့်မှ ဖြစ်မယ် ဆိုတာ လင်းဖန် သိထားပြီးသားပါ..။သို့ပေမယ့် ပါဝင်ပစ္စည်းတွေက လက်ရှိျခတ်မှာ သုံးခွင့်ရထားတဲ့ အရာတွေ ဟုတ်မဟုတ်တော့ သူမသိပါဘူး..။

လင်းဖန် စတင်ပြီး သံသယဖြစ်လာခဲ့တယ်..။

သူ ဒီလို ကိစ္စကြုံရ အပြီးမှာ ထပ်ပြီး ပင်ပန်းမူ မရှိတော့ပါဘူး..။သူ တိမ်ဖြူလမ်းကို သွားပြီး လေ့လာကြည့်ချင်နေခဲ့ပါတယ်..။

ထပ်ပြောရရင် ဒီမစ်ရှင် အတွက် ဆုလာဒ်က ခါတိုင်းနဲ့ မတူခဲ့ပေ..။ဒီတစ်ခါ မှာ စွယ်စုံကျမ်းရဲ့ အကိုင်းအခွဲ စတိုးကို ဖွင့်လှစ်နိုင်တော့မှာပါ..။

အဲဒါက ဘာတွေများ ဖြစ်နိုင်မလဲ...

သူ့မှာ မျှော်လင့်ချက်တွေ ပြည့်နှက် နေခဲ့ပါတယ်..။

ဒီနေ့က စွယ်စုံကျမ်း ရပြီးကတည်းက သူ ပထမဆုံး မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့တဲ့ နေ့ပါ..။

ရေချိုးခန်းတွင်..။

ရေတွေဟာ အဆက်အပြတ် စီးကျနေခဲ့တယ်..။

လင်းဖန် သီချင်းတစ်ပုဒ်ကို ပျော်ရွှင်စွာ ညဥ်းနေခဲ့ပါတယ်..။သို့ပေမယ် သူ့ရဲ့ပျော်ရွှင်မူတွေကို မျှဝေပေးမယ့်လူကတော့ တစ်ယောက်မှ မရှိပါဘူး..။

*ရှဲ ရှဲ *

ဟင်...

"ဘာတုန်းဟ.."

လင်းဖန် သူ့ခန္တာကိုယ်ကို ပွတ်နေရင်းကနေ သူ့လက်မောင်းပေါ်မှာ မှင်တွေ ရှိနေတာကို သတိထားမိသွားခဲ့ပါတယ်..။

"ဒါက ထူးဆန်းတယ်..။ဘာဖြစ်နေတာလဲ..။ငအလည်း အရမ်းညစ်ပတ် မနေပါဘူး ဟုတ်တယ်မလား..။ဘာလို့ ရေတွေက ညစ်ပတ်ပြီး အနက်ရောင် ပြောင်းသွားတာလဲ.."

လင်းဖန် ဘာတွေ ဖြစ်နေလဲ မသိတော့ပါဘူး..။သူ ရေပန်း ကိုကြည့်လိုက်တော့လဲ ရေတွေက ညစ်ညမ်း မနေခဲ့ပေ..။

ဒါတွေက ဘယ်ကရောက်လာတာလဲ...

သူ အစောက စိတ်လှုပ်ရှားသွားပြီး..ကြေးတွန်းတဲ့ အသိပညာ နဲ့ သန့်ရှင်းရေး လုပ်တဲ့ အသိပညာ ကို ရောစပ်ကာ အသုံးပြုနေခဲ့တာပါ..။

ခနလေး..

ယငိးနောက် လင်းဖန် တစ်ခုခု ကို သိသွားသလို ခံစားလိုက်ရတယ်..။သို့ပေမယ့် သူအသေအချာတော့ မပြောနိုင်သေးပါဘူး..။တကယ်လို့ ဒါသာ အမှန်ဆိုရင် အတော်ကို အံ့ဩဖို့ ကောင်းမှာပါ..။

လင်းဖန် ဒီအတွေ့အကြုံကို ပြန်လည် ရရှိဖို့ အတွက် နောက်ထပ်လက်မောင်း တစ်ဖက်ကို ထပ်ပြီး တိုက်ချွတ်လိုက်တယ်..။

အမှန်တကယ်ပဲ..။

ရေတွေဟာ အနက်ရောင် ထပ်ပြောင်းသွားခဲ့ပါတယ်...။

ယင်းနောက် သူ သန့်ရှင်းတဲ့ ရေတွေနဲ့ ဆေးကြောလိုက်တဲ့..။အဲ့အချိန်မှာ အစောက..သူ အသိပညာ နှစ်မျိုး ပေါင်းစပ်ပြီး တိုက်ချွတ်တဲ့ နေရာက ကျန်တဲ့ နေရာတွေထက် သိသိသာသာ ပို့ပြီး ဖြူဖွေးနေတာကို သတိထားမိလိုက်ပါတယ်..။

ယင်းနောက် သူ သန့်ရှင်းရေး အသိပညာကို ရပ်တန့်ကြည့်လိုက်တယ်..။

ရေတွေက ထပ်ပြီး အနက်ရောင် မပြောင်းတော့ပါဘူး..။

လင်းဖန်ကတော့ ကမ္ဘာအသစ်ကို တွေ့ရှိသွားတဲ့ အတိုင်းပါပဲ..။သူ မယုံကြည်နိုင် ဖြစ်နေခဲ့တယ်..။မတူညီတဲ့ အသိပညာ နှစ်ခု ပေါင်းစပ်လိုက်ရင် ဒီလို အံ့ဩစရာ အဖြေထွက်လာလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

နောက်​ကျောကြေးတွန်းတဲ့ အသိပညာက သူ့ရဲ့ ခံစားချက်တွေကို တိုးတက်စေပြီး..သန့်ရှင်းရေး အသိပညာက သူ့ရဲ့ အညစ်အကြေးတွေကို ရှင်းလင်း စေပါတယ်..။

ယင်းနောက် လင်းဖန် ကျန်တဲ့ နေရာတွေကို ပါ လိုက်ပြီး တိုက်ချွတ်နေခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ် ပြောင်းလဲ နေသလို ခံစားရပြီး ပိုလည်း ပျှော်ရွှင်လာခဲ့ပါတယ်..။

"ဒါက သန့်ရှင်းခြင်းရဲ့ အနှစ်သာရလား..."

လင်းဖန် သံသယဖြစ်စွာ ရေရွတ်လိုက်တာပါ..။

နေ့လည်လက်..။

နေ့လည်ဘက် ၂ နာရီ ရှိနေခဲ့ပါပြီ..။

တိမ်ဖြူလမ်း..။

လင်းဖန် ဆိုင်ထဲကို ပျော္ရွှင်စွာ ဝင်သွားခဲ့တယ်..။လူတိုင်းက သူပျော်ရွင်နေတယ် ဆိုတာကို မြင်တာနဲ့ သိနိုင်ပါတယ်..။

"ဟေး..မင်း ဒီနေ့ ထူးဆန်းနေတယ်နော်.."

လူလိမ်ထျန် လင်းဖန်ကို ထူးဆန်းစွာ ကြည့်ပြီး ပြောလိုက်တာပါ..။

လင်းဖန် ပြုံးလိုက်ပြီး..

"ဘာဖြစ်လို့လဲ.."

လူလိမ် ထျန် ပြောလိုက်တယ်..။

"မင်းပြောင်းလဲ သွားတယ်လို့ ဘာလို့ ငါ ခံစားနေရတာလဲ..။မင်းကြည့်ရတာ အသားတွေ ပိုဖြူလာသလိုပဲ..။မင်းရဲ့ အသားအရေ တွေက မင်းရဲ့ ကိုယ်ပိုင် အသားအရေ တွေလား.."

လငိးဖန် ကျေနပ်သွားခဲ့ပြီး..

"ခင်ဗျား ဒါက ဘာကိုဆိုလိုတာလဲ..။တကယ်လို့ ကျုပ်အသားအရေ ကို ကျုပ်မပိုင်ရင် ဘယ်သူ ပို​ြၽတာလဲ..။ပြောပါဦး..ဘာပြောင်းလဲမူ တွေ တွေ့ရလို့လဲ.."

လူလိမ် ထျန် ခေါင်းခါယမ်းလိုက်တယ်..။

"ငါ လည်း အသေးစိတ် မပြောတတ်ဘူး..။ယူလန် လာကြည့်စမ်းပါဦး..။သူ ဒီနေ့ တစ်ခုခု ပြောင်းလဲ နေတယ် မလား.."

ဝူယူလန်က အလုပ်ရှုပ်နေခဲ့တာပါ..။

"ဘာဖြစ်လို့လဲ..။အစ်ကိုလင်းက ဘာတွေ ပြောင်းလဲသွားလို့လဲ.."

သူမ လင်းဖန် ကို မြင်တဲ့ အချိန်မှာ အံ့ဩသွားခဲ့ပါတယ်..။ယင်းနောက် သူမ လင်းဖန် ဆီကို လျောက်သွားကာ ကိုင်ကြည့်လိုက်ပြီး..

"သူ တကယ် ပြောင်းလဲသွားတာ.."

လင်းဖန် မတ်တတ်ရပ်နေခဲ့တယ်..။

"ဘာများလဲ ပြောပါဦး.."

ဝူယူလန် အနီးကပ် သေချာ ကြည့်လိုက်ပြီး..

"အသားအရည်က အရင်တုန်းက ဒီလောက် မကောင်းဘူးလေ..။ချွေးပေါက်တွေ ကျဥ်းပြီး အသားအရည်လည်း ပိုဖြူလာတယ်..။ပြီးတော့ အနက်ရောင် အစက်အပြောက် တွေလည်း မရှိတော့ဘူး..။ဆံပင်လည်း ပိုနက်လာတယ်..။ဒါ..ဒါက..အစ်ကိုလင်း တစ်ခုခု မှော်ဆန်တာကို စားလာခဲ့တာလား..။ပြောင်းလဲမူက ဆန်းကျယ်လွန်းတယ်..."

လင်းဖန် ပြုံးလိုက်ပါတယ်..။သူ ဒီပြောင်းမူတွေကို သိပြီးသားပါ..။

ထပ်ပြောရရင် သူ့ရဲ့ ပြောင်းလဲမူတွေက လူတိုင်း မြင်နိုင်ပါတယ်..။

"ငါ ဘာမှ မစားပါဘူး..။ငါ့ရဲ့ ကြေးတွန်းတဲ့ စွမ်းရည်က တိုးတက်လာလို့ ဒီလို ဖြစ်လာတာလေ..။မင်းတို့ လိုက်သင်ယူလို့ ရမှာတော့ မဟုတ်ဘူး.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

လူလိမ် ထျန် လျောက်လာခဲ့ပြီး..

"ဒါဆို ဘာလို့ ငါ့ကို ကြေးတွန်းမပေးသေး တာလဲ.."

လင်းဖန် မျက်လုံးကျဥ္းမြောင်းသွားခဲ့တယ်..။

"သွားလိုက်တော့..ခင်ဗျားကို ကြေးတွန်းပေးမယ့်အစား ကိုယ့်ကိုကိုပဲ သတ်သေလိုက်တော့မယ်.."

လူလိမ် ထျန် ဝမ်းနည်းသွားခဲ့တယ်..။

"မင်းက ငါ့ကို ခွဲခြားဆက်ဆံနေတာပဲ.."

ဝူယူလန် သံသယ ဖြစ်စွာ ပြောလိုက်ပါတယ်..။

"အစ်ကို လင်း ညီမတို့ကို မပြောရသေးဘူးနော်..။ဒီနေ့ ဘာတွေ ပျော်စရာ ရှ်ိလို့လဲ.."

"ဟားးဟား.."

လင်းဖန် ရယ်မောလိုက်တယ်..။

"ဟုတ်တယ် ပျော်စရာ သတင်းတော့ ရှိတယ် ဒါပေမဲ့ အဲတာက လျို့ဝှက်ချက်ပဲ.."

"ပျော်စရာ ကိစ္စကို တစ်ယောက်တည်း ဖုံးကွယ်မထားသင့်ဘူးလေ.."

လင်းဖန် ခေါင်းခါယမ်းပြီး ထိုင်ခုံပေါ် ထိုင်လိုက်တယ်..။

"ငါပြောရင်လည်း မင်းတို့က ယုံမှ မဟုတ်ကြဘူး..။ဒါကြောင့် မပြောတာပဲ ကောင်းတယ်..။ကောင်းပြီ အလုပ်ဆက်လုက်ကြ..ငါလည်း စဥ္းစားစရာ ရှိသေးတယ်.."

ကျန်းတဲ့လူတွေကတော့ လင်းဖန် ကိုသာ စိတ်ဝင်တစား ကြည့်နေကြပါတယ်..။လူလိမ် ထျန် ကတော့ လင်းဖန် ကို အနီးကပ် လေ့လာပြီး ဘာလျို့ဝှက်ချက် တွေ ရှိလဲ စောင့်ကြည့်နေခဲ့တယ်..။

သူ ဘောပင် နဲ့ စာရွက်ကို ထုတ်ယူလိုက်တယ်..။

လင်းဖန် ထိုင်ပြီး စာရွက်ပေါ်မှာ ချရေးလိုက်ပါတယ်..။

အသက်ရှည် အစေ့ , မနက်ခင်း ဉ နဲ့ သက္ကလက် ...

အသက်ရှည် အစေ့က တော့ ကျိန်းသေ အစေ့ တစ်ခု ပါ..။

ပြီးတော့ မနက်ခင်း ဥ က ..ကြက်ဥ ကို ပြောတာ ဖြစ်နိုင်ပါတယ်..။

တစ်ချို့ ပါဝင်ပစ္စည်းတွေကို တရုတ်ဆေးဝါး ခန်းမ မှာ ဝယ်လို့ ရပေမယ့် တစ်ချို့ ပါဝင်ပစ္စည်းတွေကို တော့ သူနားမလည်ပါဘူး..။

ဖယ်ရာရီ တောင်ပေါ် ပန်းပွင့်..။

ဆယ်စုနှစ် နှင်းပွင့်..။

ရှင်းမူနောင်...။

ပြီးတော့ တစ်ခြားအရာတွေ..။

ဒါတွေက သူနားမလည်နိုင်တဲ့ အရာတွေပါ..။ဒီနာမည်တွေက ထူးဆန်းပြီး သူတို့နဲ့ ဆက်နွယ်တဲ့ အရာတွေကို တောင် ..လိုက်မရှာနိုင်ခဲ့ပေ..။ကြည့်ရတာ ပါဝင်ပစ္စည်းရှာဖို့က အတော်လေး ခက်ခဲမယ့် ပုံစံပါပဲ..။

ဆေးဖော်စပ်မယ့် ပါဝင်ပစ္စည်းတွေက လွယ်လွယ်ကူကူ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး..။သိူ့ပေမယ့် လင်းဖန် လွယ်လွယ်ကူကူ လက်လျော့မယ့် စိတ်ကူး မရှိပေ..။သူ တစ်ထပ်တည်း တူညီတဲ့ ဆေးပင်ရှာ မတွေ့ရင်တောင် တစ်ခြားအမျိုးတူတာ တစ်ခုခု နဲ့ အစားထိုးလို့ရပါသေးတယ်..။

ဒါက အကျိုးသက်ရောက်မူ ကွာခြားစေမှာ ဖြစ်ျပမယ့် ဆေးပင် ရဲ့ သက်ရောက်ပုံခြင်း တူညီရင် အများကြီးတော့ ကွာခြားမှာ မဟုတ်ပေ..။

သူ တရုတ်ဆေးပညာ ခန်းမကို ပါဝင်ပစ္စည်းတွေ အတွက် တစ်ခေါက်သွားကြည့်မှ ရတော့မှာပါ..။

သူ ဒီ ဥာဏ်ကောင်းတဲ့ ဆေးလုံးကို ဖန်တီး နိုင်ခဲ့ရင် ဘယ်လို အသုံးပြုသင့်လဲ...

ဒါကတော့ သေချာ ဂရုတစိုက် စဥ္းစားရမယ့် အရာပါ..။

ယင်းနောက် အပြင်ဘက်ကနေ အသံတစ်ခု ကြားလိုက်ရတယ်..။

"သူဌေးလေး ပန်ကိတ်...."

လင်းဖန် ကြောင်အသွားခဲ့ပါတယ်..။မြို့သားတွေ ဘယ်အချိန်ကတည်းက သူ့ဆိုင်ရှေ့ကို ရောက်နေကြလဲ ဆိုတာ သူ သတိမထားမိလိုက်ပေ..။သူ မနက်ခင်းပိုင်းက လွတ်ခဲ့ပေမယ့် နေ့လည်ဘက် ကိုတော့ မရှောင်လွှဲနိုင်တော့ပါဘူး..။

သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ..။

All Chapters