← Chapters

ကြီးမားတဲ့ ပေါက်ကွဲမူ

Vol. 38 Ch. 559

ကြီးမားတဲ့ ပေါက်ကွဲမူ

Vol. 38 Ch. 559

#ဘာသာပြန် = စနိုးဝှိုက်

ဆိုင်အပြင်ဘက်တွင်..။

မြို့သားတွေဟာ..ပန်ကိတ်တွေကို စောင့်နေကြတယ်..။တစ်ချိန်တည်းမှာပဲ သူတို့ မေးလိုက်ကြပါတယ်..။

"သူဌေးလေး ..ဒီနေ့ ပန်ကိတ်..အရသာက နည်းနည်း ကွဲပြားနေသလိုပဲနော်.."

လင်းဖန် ကြောင်အသွားပြီ..သံသယဖြစ်စွာ မေးလိုက်တယ်..။

"အရသာက ဆိုးရွားလို့လား..."

"ဘယ်လို ဖြစ်နိုင်မှာလဲ..။အရသာက အရင်ကထက်တောင် ပိုပြီး ကောင်းနေသေးတယ်..။တကယ် ခံစားလို့ကောင်းတယ်..."

ဘယ်လိုလုပ်ပြီး အစားအသောက်ကနေ ဒီလို ခံစားချက် ရှိနေရတာလဲ..။ဒါပေမဲ့ အမှန်တရားကတော့..အတော်ကို ခံစားလို့ ကောင်းပါတယ်..။

လင်းဖန် ပြုံးလိုက်တယ်..။ဒါက သန့်ရှင်းရေး အသိပညာ အခန်းကြောင့်များ ဖြစ်နိုင်မလား..။ဒီ အညစ်အကြေးတွေန ဲ့ အဆီတွေကို ဖယ်ရှားလိုက်တဲ့ အချိန်မှာ..အသန့်ရှင်းဆုံး အရာတွေပဲ ကျန်ခဲ့ပါတော့တယ်..။အခု ဆိုရင် ပန်ကိတ်တွေက အသန့်ရှင်းဆုံး..အစားအစာ တွေ ဖြစ်နေခဲ့ပါပြီ..။

ဒါပေါ့ ဒါက သူ့ရဲ့ စိတ်ကူးတွေသာ ဖြစ်ပြီး သေချာတော့ အတည်မပြုနိုင်သေးပါဘူး..။

.

မှော်ဆန်တယ်...တကယ်ကို မှော်ဆန်တယ်..။

မြို့သားတွေ သူ့ပန်ကိတ်ကို အားရပါးရ စားနေကြတာကို..လင်းဖန် သဘောကျစွာ ကြည့်လိုက်တယ်..။ဒီခံစားချက်မျိုးက စကားလုံးတွေိနဲ့ ဖော်ပြလို့ မရပါဘူး..။

မာစတာ လင်းရဲ့ ပန်ကိတ် ဆိုတာက တကယ့်ကို နာမည်ကြီး တံဆိပ် တစ်ခုလို ပါပဲ..။တစ်ချို့ နိုင်ငံခြားသားတွေ ဆိုရင် လူအများရဲ့ ထောက်ခံမူအောက်မှာ လာပြီး တန်းစီကြတာတောင် ရှိကြပါတယ်..။

သို့ပေမယ့် တစ်နေ့ ပန်ကိတ် ၁၀ လုံး ဆိုတာက သိပ်ပြီး အဆင်မပြေလှပါဘူး..။

လင်းဖန် ပန်ကိတ် တွေ ပြုလုပ်ပြီးတဲ့ နောက်မှာ တိမ်ဖြူလမ်းကနေ ထွက်ခွာဖို့ ပြင်လိုက်တယ်..။

သူ တရုတ်ဆေးပညာ ခန်းမကို သွားပြီး ဆေးဖော်စပ် ဖို့ ပါဝင်ပစ္စည်းတွေ ဝယ်ဖို့ လိုအပ်ပါတယ်..။သူ ဝယ်လို့ မရတဲ့ အရာတွေ ဆိုရင်..တူညီတဲ့. ဆေးပင်တွေ နဲ့ အစားထိုးလိုက်မှာပါ..။

တရုတ်ဆေးဝါး ခန်းမတွင်..။

လင်းဖန် သူဌေးဆီကို စာရွက် ကမ်းပေးလိုက်တယ်..။

"ဒီ ပါဝင်ပစ္စည်း အမျိုးအစားတွေ..ဆယ်စုံစာ လောက်.."

သူဌေးဟာ ပါဝင်ပစ္စည်းတွေကို တစ်ချက် ကြည့်လိုက်ပြီး..လင်းဖန် ရှေ့မှာပဲ တစ်ခု ချင်းစီ အိပ်ထဲ ထည့်နေခဲ့တယ်..။

လင်းဖန် ကတော့ ဘေးနားမှာ နေပြီး ပါဝင်ပစ္စည်းတွေကို သေချာ စောင့်ကြည့်နေခဲ့တယ်..။သူ့က

ဥာဏ်ကောင်းစေတဲ့ ဆေးလုံး ပြုလုပ်တော့မှာ ဆိုတော့..ပါဝင်ပစ္စည်းတွေက အပြစ်အနာအဆာ ကင်းနေဖို့ လိုအပ်ပါတယ်..။

လေးခုမြောက် ပါဝင် ပစ္စည်းကို ရောက်တဲ့ အချိန်မှာ..လင်းဖန် သူဌေးကို ပြုံးပြလိုက်ပြီး..

"သူဌေး..ကျွန်တော်တို့ ရိုးရိုးသားသားပဲ အလုပ်လုပ်ကြရအောင်.."

သူဌေးဟာ လင်းဖန်ကို ရှက်ကိုးရှက်ကန်း ပြန်ပြုံးပြလိုက်ပါတယ်..။

"ဒီတော့ မင်းကလည်း ကျွမ်းကျင်အဆင့်ပေါ့..။တောင်းပန်ပါတယ် ငါ ယူတာ မှားသွားလို့ပါ..။အခုပဲ နောက်တစ်ခုနဲ့ ပြန်လဲပေးပါ့မယ်.."

လင်းဖန် အကူညီမဲ့စွာ ခေါင်းခါယမ်း လိုက်ပါတယ်..။ဒီလိူ အခြေအနေ မျိုးဆိုတာက ပုံမှန်ဖြစ်နေကြတွေ ဆိုတော့..သူအများကြီး ထပ်ပြောမနေချင်တော့ပါဘူး..။

တကယ်လို့ တစ်စုံတစ်ယောက်က..လုံလောက်အောင် အသိပညာ မရှိဘူးဆိုရင်..အလိမ်ညာခံရဖို့ က သေချာသလောက် ရှိပါတယ်..။

လင်းဖန် ရဲ့ အထင်သေးတဲ့ အကြည့်တွေ အောက်မှာပဲ ဆေးဝါးခန်းမ ရဲ့ သူဌေးဟာ ပါဝင်ပစ္စည်းတွေကို လျင်မြန်စွာ ပြင်ဆင်လိုက်တယ်..။

"သူဌေး တစ်ခုခု လိုအပ်လို့လား.."

လင်းဖန် သူ့ကို ကြည့်ရင်းကနေ ခနလောက် တွေးလိုက်ပြီး..

"ကျွန်တော် ပါဝင်ပစ္စည်းတွေ တစ်ချက်ကြည့်လို့ ရမလား..."

တရုတ် ဆေးဝါးခန်းမ ရဲ့ သူဌေးဟာ ကြောင်အသွားခဲ့တယ်..။ဒီလူငယ်လေးက တရုတ်ဆေးပညာ အကြောင်းကို ဗဟုသုတ တွေ အများကြီးရှိပြီး အကုန်နားလည် နေလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။သူ ဒီလူငယ်လေးကို ဘယ်လိုမှ လိမ်ညာလို့ မရပေ..။သူပါဝင် ပစ္စည်းတွေကို တစ်ချက်ကြည့်လိုက်ပြီး..

"သူဌေးလေး မင်းမှာထားတဲ့ ပါဝင်ပစ္စည်းတွေက စျေးကြီးပြီး ဦးနှောက်အတွက် ကောင်းမွန်စေတဲ့ အရာတွေ ချည်းပဲ..။ဒီ ဆေးပင် တွေက ရှားပါတယ် ဆိုပေမယ့်လည်း ဒီဆိုင်မှာ အကုန်ရှိနေခဲ့တယ်လေ.။ငါ အခုပဲ ပိုကောင်းတဲ့ အရည်အသွေးရှိတာတွေ ထပ်ရွေးပေးလိုက်မယ်.."

လင်းဖန် ရယ်မောလိုက်ပြီး..

"ကျွန်တော်ကို ဆေးပင်အတု တွေတော့ ပေးဖို့ မစဥ္းစားနဲ့နော်.။မဟုတ်ရင် ကျုပ် တိုင်ကြားရလိမ့်မယ်.."

"သူဌေးလေး စိတ်မပူပါနဲ့..။ခုနက တုန်းက မှားယူလိုက်မိလို့ပါ..။ဆိုင်းဘုတ်က ရွှေရောင် စာတန်းကို တစ်ချက်ကြည့်လိုက်ဦးလေ..။ဘာလို့ ဆေးဝါး အတု တွေကို ရောင်းချရမှာလဲ..။ဒါက နားလည်မူ လွဲတာပါ.."

လငိးဖန် ကတော့ ဘာမှ ထပ်မပြောချင်တော့ပေ..။သူ ဆေးပင်တွေယူပြီး တစ်နေရာရာမှာ ဆေးဖော်စပ်ဖို့သာ..စိတ်ထဲမှာ ရှိပါတယ်..။

ခနအကြာမှာပဲ..တရုတ်ဆေးဝါးဌာနက သူဌေးဟာ ဆေးပင်တွေ အကုန်လုံးကို ပြင်ဆင်ပြီးသွားခဲ့တယ်..။

"ကောင်းပြီ သူဌေးလေး စုစုပေါင်း ဒေါ်လာ ၅၈၃၀၀ ကျတယ်..။ဒါပေမဲ့ မင်းက အများကြီး အားပေးသွားတယ် ဆိုတော့ လျော့ပေးရမှာပေါ့..။ဒေါ်လာ ၅၈၀၀၀ ပဲ ပေးပါ.."

"ဘယ်လောက် အရှကိမရှိလိုက်လဲ.."

လင်းဖန် သူ့ဟာသူ တွေးလိုက်တာပါ..။ဘာပဲဖြစ်ဖြစ် သူ ဆေးလုံးကို အမြန်ဆုံး ဖော်စပ်ချင်နေပြီ ဆိုတော့ ပြသနာ မဖြစ်ချင်တော့ပါဘူး..။

လင်းဖန် ထွက်သွားပြီးနောက် တရုတ်ဆေးဝါးခန်းမ ရဲ့ သူဌေးဟာ ရယ်မောလိုက်တယ်..။သူ ဆေးပင် အတုတွေနဲ့ ဂျင်းမထည့်လိုက် နိုင်ပေမယ့်..ကျသင့်ငွေကို တော့ ပိုတောင်း နိုင်ခဲ့ပါတယ်..။ဒါက သူ့ရဲ့ အရည်အချင်းပါပဲ..။

လင်းဖန် အိမ်ကို ပြန်ပြီး..မီးဖို ခန်းထဲက ဖိအားလျော့ အိုး ကို ယူလိုက်တယ်..။

ဆေးဖော်စပ်မူက အန္တာရယ် ရှိတဲ့ အတွက် လုံခြုံရေး ဆိုင်ရာကို ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်..။ယင်းနောက် သူ ပျက်စီးနေပြီး လူသူ ကင်းရှင်းတဲ့ နေရာတစ်ခုကို ထွကိလာလိုက်တယ်..။

သူ ကားပေါ်က ဆင်းလိုက်တယ်..။

လင်းဖန် ပတ်ဝန်းကျင်ကို အကဲခတ်ပြီး သဘောကျစွာ ခေါင်းညိမ့်လိုက်ပါတယ်..။ဒီနားမှာ ဘယ်သူမှ မရှိတော့ သူဆေးဖော်စပ်တဲ့ အချိန်ကျရင် ဘယ်သူမှ နှောက်ယှက်နိုင်မှာ မဟုတ်ပါဘူး..။ဒါက အောင်မြင်မှာလား ဆိုတာတော့ သူမသိပေ..။တကယ်လို့ သူသာ အောင်မြင်ခဲ့ရင် ဒါက ကံကောင်းမူကြီး တစ်ခုပါပဲ..။

သူ ဖုန်းကို ဖွင့်ပြီး ဘိုင်တုကို တစ်ချက်ကြည့်လိုက်တယ်..။

သူ နက်ရှိုင်းတဲ့ မြေကျင်းကြီး တစ်ခု လိုအပ်ပြီး အနားမှာ သတ္တုဝိုင်ယာ တွေ ရှိနေဖို့ လိုအပ်ပါတယ်..။ယင်းနောက် သူ ဖိအားလျော့ အိုးကို မီးဖို ပေါ်တင်လိုက်တယ်..။

"အင်တာနက်မှာ ဖော်ပြပေးထားတာက တကယ်ကို ပြည့်စုံတာပဲ.."

လင်းဖန် ပြောလိုက်တာပါ..။သူ အရာရာတိုင်းကို ပြင်ဆင်ပြီးတဲ့ နောက်မှာ ပါဝင်ပစ္စည်း တစ်စုံကို ထည့်လိုက်တယ်..။ယင်းနောက် သူ အောက်ဘက်က အပူချိန်ကို အနည်းငယ် မြင့်လိုက်ပါတယ်..။

* ရှဲလ် ရှဲလ်..*

တုန့်ပြန်တဲ့ အသံတွေဟာ ကျယ်လောင်ပြီး လင်းဖန် လည်း မျှော်လင့်ချက်တွေ ပြည့်နေခဲ့တယ်..။ဒါက ဘယ်လို ဖြစ်လာမလဲ တော့ သူလည်း မသိပါဘူး..။

ဒါက အောင်မြင်မှာလား....

သူ့ရဲ့ စိတ်ထဲမှာ မျှော်လင့်မူတွေ နဲ့ ပြည့်နှက်နေခဲ့တယ်..။

တစ်မိနစ်ပြီး တစ်မိနစ်..တစ်စက္ကန့် ပြီး တစ်စက္ကန့်..

ဖိအားလျော့ ချက်ပြုတ်အိုး ကြောင့် လေပူတွေဟာ အဆက်မပြတ် ထုတ်လွှတ်နေခဲ့တယ်..။

"ဒါက အလုပ်ဖြစ်ပါ့မလား.."

လင်းဖန် သေချာကြည့်နေခဲ့တယ်..။ဖိအားလျော့ ချက်ပြုတ်အိုးက အဆက်မပြတ် လှုပ်ရမ်းနေပြီး ပုံမှန်မဟုတ်တော့ပါဘူး..။

လင်းဖန် အများကြီး မတွေးတော့ပေ..။ဆေးလုံး ဖော်စပ် တာမှာ ဘာမှားယွင်းမူ ရှိနိုင်မှာ မို့လို့လဲ..။အင်တာနက် ထဲမှာ ဒီလို ဖိအားလျော့ အိုး မျိုးက ပြသနာ တိုင်းကို ဖြေရှင်းပေးနိုင်တယ်လို့ ပြောထားပါတယ်..။

ပါဝင် ပစ္စည်းတွေ ကောင်းနေသ၍ ဆေးလုံး ထွက်လာမှာ အသေအချာပါပဲ..။

ယင်းနောက် ကျယ်လောင်တဲ့ အသံတစ်ခု ပေါ်ထွက်လာခဲ့တယ်..။

*ဖောင်း*

ဖိအားလျော့ အိုးက သိပ်ပြီး မတည်ငြိမ်တော့ပါဘူး..။ရုတ်တရက် သူ အန္တာရာယ် ရှိတာကို ခံစားလိုက်ရပါတယ်..။

လင်းဖန် နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်တယ်..။

"ချီးပဲ.."

ရုတ်တရက် လင်းဖန် ဖိအားလျော့ အိုး ပေါက်ကွဲ ထွက်တော့မှာကို သတိထားမိလိုက်ပါတယ်..။သူ ကြောက်ရွံ့လွန်းလို့ ချွေးပျံသွားခဲ့တယ်..။

"ချီးပဲ ပေါက်ကွဲတော့မယ်.."

လင်းဖန် ရေရွတ်လိုက်တယ်..။သူ ကားဆီကို အမြန် ပြန်ပြေးသွားလိုက်တယ်..။တကယ်လို့ ဒီအိုးသား ပေါက်ကွဲ သွားရင် အနားမှာ ရှိနေတဲ့ သူကိုယ်တိုင်လည်း အသက်ပါ သွားနိုင်ပါတယ်..။

* ဗုန်း &

ပြင်းထန်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့တယ်..။

လင်းဖန်ကတော့ ကားနောက်မှာ ပုန်းနေပြီး လုံးဝ မလှုပ်တော့ပါဘူး..။သူ ကြားနေရတာ ဆိုလို့ သူ့ကားမှန်တွေ ကွဲကြေသွားပြီး ပြုတ်ကျလာတဲ့ အသံတွေပါပဲ..။

"ချီးပဲ ငါ့ကား မှန်တွေ တော့ သွားပါပြီ.."

လင်းဖန် ပုန်းနေရင်းကနေ ကြေကွဲနေခဲ့ပါတယ်..။ဘာဖြစ်တာလဲ...ဘာလို့ ဒီလိုမျိုး ပေါက်ကွဲသွားတာလဲ..။

ပေါက်ကွဲသံတွေ ဟာ ရပ်တန့်သွားခဲ့တယ်..။

လင်းဖန် အစောက မြေကျင်းထဲကို လှမ်းပြီး ချောင်းကြည့်လိုက်ပါတယ်..။မီးခိုးငွေ့တွေက လွဲပြီး တစ်ခြား ဘာကို မှ မမြင်ရပါဘူး..။ဖိအားလျော့ အိုးက ပေါက်ကွဲထွက်ပြီး သူ့ရဲ့ ကားမှန် ကို လာထိတဲ့ ပုံပါပဲ..။

ပြင်းအားကတော့ သိပ်ပြီး မသေးလှပေ..။

"အင်တာနက်ကြောင့် ငါသေတော့မလို့..။ဖိအားလျော့ အိုး နဲ့ ဆေးဖော်စပ်လို့ ရတယ်လို့ ဘယ်ကောင် ပြောခဲ့တာလဲ..။ငါသုံးနာရီလောက် အချိန်ဖြုန်းပြီးတာတောင် ပေါက်ကွဲတာပဲ အဖတ်တင်တယ်..။ငါ သေတော့မလို့..တကယ် ကြောက်ဖို့ ကောင်းတာပဲ.."

လင်းဖန် စိတ်ပျက်နေခဲ့တယ်..။သူ့ရဲ့ ပထမ ဆုံး ဆေးဖော်စပ်မူက အိုး ပေါ်ကွဲပြီး ပြီးဆုံးသွားခဲ့ပါပြီ..။

ငါ ဒါကို ဘယ်လို ဖြေရှင်းရမလဲ..

စွယ်စုံကျမ်းက တကယ် ဆိုးရွားတာပါ..။သူက ဆေးဖော်စပ်ဖို့ ပါဝင်ပစ္စည်းတွေကိုသာ ပေးထားပြီး ဘာနည်းပညာမှ ထပ်မပေးထားပါဘူး..။

ငါ ဘာလုပ်ရမလဲ...

လင်းဖန် အစောက နေရာကို လျောကိသွားလိုက်တယ်..။မြေကျင်းကြီးရဲ့ ဘေးနား ပတ်ပတ်လည်မှာ ဖိအားလျော့ အိုးရဲ့ သတ္ထု အပိုင်းအစတွေ ပျံ့ကျဲ နေခဲ့ပါတယ်..။သူသာ အချိန်မှီ မတုန့်ပြန် နိုင်ရင် သူလည်း ဒီနားမှာ လဲကျနေလောက်ပါပြီ..။

သူ မသေဘူးဆိုရင်တောင်..ကျိုးပဲ့ သွားမှာတော့ အသေအချာပါပဲ..။

"ဟင်း..."

လင်းဖန် သက်ပြင်း ချလိုက်တယ်..။ကြည့်ရတာ သူ သေချာပိုပြီး ပြင်ဆင်ဖို့ လိုအပ်တဲ့ ပုံပါပဲ..။

"ဟင် "

အဲ့အချိန်မှာပဲ လင်းဖန် မြေကျင်းထဲကို ဂရုတစိုက်ကြည့်ပြီး မျက်​ေမှာင် ကျုတ်လိုက်တယ်..။ဖိအားလျော့ အိုးထားတဲ့ နေရာရဲ့ အောက်ဘက်မှာ လက်သဲခွံ ပမာဏ လောက်ရှိတဲ့ အဖြူရောင် ဆေးလုံး လေး တစ်ခု ရှိနေခဲ့ပါတယ်..။

ရုတ်တရတ် လင်းဖန် ပြုံးလိုက်ပြီး..

"ငါ အောင်မြင်သွားတာလား..."

"ချီးပဲ အဆန်းကြီး.."

အစက မပျော်မရွှင် ဖြစ်နေတဲ့ သူ့ရဲ့ စိတ်တွေဟာ ပြောင်းလဲ သွားခဲ့ပါပြီ..။သူ ဆေးလုံးကို ယူပြီး အနီးကပ်ကြည့်လိုက်တယ်..။ဒီဆေးလုံးမှာ အက်ကွဲကြောင်းရာတွေ အများကြီး ရှိနေတာကို သူသတိထားမိလိုက်ပါတယ်..။ဒါက အချိန်မရွေး ကွဲကြေသွားတော့မယ့် ပုံပါပဲ..။

ဒါက အကျိုးသက်ရောက်မူ မရှိတဲ့ ဆေးလုံးပါ..။

စွယ်စုံကျမ်းရဲ့ ဖော်ပြချက် အရတော့ ထိပ်တန်းအဆင့် ဥာဏ်ကောင်းစေတဲ့ ဆေးလုံးက ရွှေရောင် အဆင်းရှိပါတယ်..။အမူရောင် ဆေးလုံးက ပုံမှန် အဆင်ဖြစ်ပြီး တကယ်လို့ အက်ကွဲကြောင်းတွေ ပါနေရင်တော့ ဘာအကျိုးသက်ရောက်မူမှ မရှိတဲ့ ဆေးလုံး လို့ ပြောထားပါတယ်..။ဒီလို အကျိုးသက်ရောက်မူ မရှိတဲ့ ဆေးလုံးကို စားတာထက် စာရင် မြေပဲလှော် စားတာကမှ ပိုပြီး အားရှိနိုင်မှာပါ..။

ဒါက ကျရှုံးမူပဲ..။

သို့ပေမယ့် ကောင်းမွန်တဲ့ စတင်မူပါ..။

လင်းဖန် နောက်တစ်ခေါက်စတင်ဖို့ အတွက် ယုံကြည်မူတွေ ပြည့်နှက် နေခဲ့ပါပြီ..။

All Chapters