← Chapters

အကြီးအကဲ ခွေးနဲ့ ကျုပ်ကိုသွေးမခွဲနဲ့...

Vol. 38 Ch. 560

အကြီးအကဲ ခွေးနဲ့ ကျုပ်ကိုသွေးမခွဲနဲ့...

Vol. 38 Ch. 560

#ဘာသာပြန် = စနိုးဝှိုက်

ပထမ ဆုံး အတွေ့အကြုံကတော့ ဖိအားလျော့ အိုး ပေါက်ကွဲသွားရင်းနဲ့ပဲ အဆုံးသတ်သွားခဲ့ပါပြီ..။

ဒါက ကျဆုံးမူ တစ်ခု ဖြစ်ပေမယ့်လည်း အတွေ့အကြုံရခဲ့တဲ့ အတွက်သိပ်တော့ မဆိုးပါဘူး..။အနည်းဆုံးတော့..သူ အကျိုးသက်ရောက်မူ မရှိတဲ့ ဥာဏ်ကောင်းစေတဲ့ ဆေးလုံးကို ဖော်စပ်နိုင် ခဲ့ပါတယ်..။

သို့ပေမယ့် ဒါက ဘယ်မှာမှ အသုံးမဝင်နိုင်ပါဘူး..။

သူ့မှာ..နောက်ထပ်..ပါဝင်ပစ္စည်းတွေ ကျန်နေသေးတဲ့ အတွက် ထပ်ပြီးကြိုးစားဖို့တော့ လိူအပ်ပါတယ်..။

သို့ပေမယ့် သူ့ကားကို ပြန်ကြည့်လိုက်တဲ့ အချိန်မှာ ရင်ထဲ ခံစားလိုက်ရတယ်..။သူ ဒီကားကို စီးလာတာကြာပြီ ဖြစ်ပေမယ့် အခုတော့ ပြန်လည်ပြုပြင်ရပါတော့မယ်..။

သူ ဝမ်မင်ယန် ကို ချက်ချင်း ဖုန်းခေါ်လိုက်တယ်..

"မင်ယန် ..ကျုပ်ကား ပျက်စီးသွားပြီ.."

လင်းဖန် ပြောလိုက်တာပါ..။အခုချိန်မှာ သူ့ရဲ့ အားကိုးရာက ဒီငယ်ရွယ်ပြီး..ချမ်းသာတဲ့ သူငယ်ချင်းပါပဲ..။ချမ်းသားတဲ့ ဝမ်မင်ယန် လိူ လူမျိုးတွေက နေ့တိုင်း ကားကို ထည်လဲ စီးနေကြတာပါ..။

ဝမ်မင်ယန် အရေးမကြီးတဲ့ လေသံနဲ့ ပြောလိုက်တယ်..။

"ဒါဆိုလည်း အသစ်တစ်စီး ယူလိုက်လေ..။ ငါ့ရဲ့ လက်ထောက်ကို ငါစီးနေတဲ့ ဂျစ်ကား လေးနဲ့လွှတ်လိုက်မယ်.."

"ကောင်းပြီလေ..ဂျစ်ကား ကလည်း သိပ်မဆိုးပါဘူး.."

လင်းဖန် ဒီ ကမ်းလှမ်းမူကို ကျေနပ်သွားခဲ့ပါတယ်..။

ယင်းနောက် ဝမ်မင်ယန် တစ်ခုခုကို သတိရကာ စိုးရိမ်သွားပြီး..

"အရင်ကားက ဘာဖြစ်သွားလို့လဲ..။မင်း မတော်တဆမူ တစ်ခုခု ဖြစ်ခဲ့တာလား.."

"ဒါကို မပြောလို့ မရဘူးလား..။ဘာ မတော်တဆမူ ဖြစ်စရာ ရှိလို့လဲ..။ကျုပ် ဆေးဖော်စပ်နေတုန်း ပျက်စီးသွားတာ..။ကျုပ် အချိန်မှီ မတုန့်ပြန်နိုင်ခဲ့တော့ ကားနောက်မှာ သွားပုန်းနေခဲ့ရတယ်လေ.."

လင်းဖန် ပြောလိုက်တာပါ..။

"အာ..."

ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..။

ဆေးဖော်စပ်တယ် ဆိုတာ သူ ဘာကို ဆိုလိုတာလဲ..

သိူ့ပေမယ့် သူ့ ဘောဒါ ရဲ့ ဆန်းကြယ်မူ တွေ ကို ပြန်တွေးမိတဲ့ အချိန်မှာ ဘာမှ ထပ်ပြီး တွေးမနေတော့ပါဘူး..။သူသာ ဒီအကြောင်းတွေ လိုက်တွေးနေရင် ရူးသွပ်သွားပါလိမ့်မယ်..။

သို့ပေမယ့်လည်း သူ ထပ်တော့ ပြောလိုက်ပါသေးတယ်..။

"ညီအစ်ကို မင်း အသက်ရှည် ဆေးတွေ ဘာတွေ ဖော်စပ်နေတာ ဆိုရင် ငါ့ကိုလည်း မမေ့နဲ့ဦးနော်.."

"ဒါပေါ့..မေ့စရာလိူသေးလို့လား..။ကောင်းပြီ ကျုပ်ဖုန်းချလိူက်တော့မယ်..။ပြင်ဆင်စရာ လေးတွေ ရှိသေးလို့.."

ဝမ်မင်ယန် နဲ့ အချိန်အတော်ကြာ စကားပြောပြီး နောက်မှာ ဖုန်းချလိုက်တယ်..။သူ့မှာ ပိုပြီး အရေးကြီးတာတွေ လုပ်ဖို့ ရှိပါသေးတယ်..။

မကြာခင်မှာ ညဘက်ရောက်လာတော့မှာပါ..။

ညအချိန်..။

လင်းဖန် စွယ်စုံကျမ်းကို ဖွင့်ပြီး ဆေးဖော်စပ်တဲ့ နည်းလမ်းတွေကို ကြည့်လိုက်ပါတယ်..။သူ နည်းလမ်းတွေ ရှာတွေ့ပေမယ့်လည်း..လဲလှယ်ရမယ့် တန်ဖိုးကြောင့် ​အဩသွားခဲ့ပါတယ်..။ဒါက ခိုးယူတာနဲ့တောင် တူနေပါပြီ..။

စွယ်စုံအမှတ် ၁၀၀၀..။ဒါက သေဆုံးအောင် တိုက်ခိုက်လိုက်သလိုပါပဲ..။

ထပ်ပြောရရင် ဒါက တစ်ကြိမ်တည်း အသုံးပြုရန်သာဖြစ်တဲ့ အတွက်ကြောင့် စွယ်စုံကျမ်းက အနည်းငယ် ဆိုးရွားတယ်လို့ ပြောလို့ရပါတယ်..။

ဒါက သူ ကမ္ဘာပေါ်မှာ အရသာအရှိဆုံး အစားအသောက်တွေ လုပ်တဲ့ နည်းလမ်းကို သိပေမယ့် မီးဖိုကို မဖွင့်တတ်တဲ့ လူတစ်ယောက်လိုပါပဲ..။

သူ စိတ်ပူလွန်းလို့ ချွေးတွေ ထွက်လာခဲ့တယ်..။

သူ ဆိုဖာ ပေါ်မှာ လှဲလိုက်ပြီး ဖုန်းကို ထုတ်လိုက်ပါတယ်..။သူ ဘိုင်တု ပေါ်ကို သွားပြီး ပိုစ့်တင်ကာ မေးလိုက်တယ်..။

"ကျုပ်က ဆေးဖော်စပ်ချင်နေတဲ့ လူတစ်ယောက်ပါ..။ကျွန်တော် ဒီက ကျွမ်းကျင်သူတွေကို ဆေးဖော်စပ်ဖို့ အကြံဥာဏ်လေးတွေ တောင်းချင်လို့.."

ဒီမေးခွန်း ထိပ်ဆုံးကို ရောက်ဖို့ သူ ပိုက်ဆံ တော်တော် များများကို သုံးလိုက်ရပါသေးတယ်..။

တစ်စုံတစ်ယောက်က မြို့သားတွေရဲ့ ..အကြံဥာက်တွေကို အထင်သေးလို့ မရပေ..။သူတို့က တစ်ခါတစ်လေ အရေးကြီးတဲ့ အရာတွေကို အကြံဥာဏ်ပေးပြီး ကူညီပေးနိုင်ကြပါတယ်..။

အချိန်အတော်ကြာအထိ စောင့်ပြီးတာတောင် ဘယ်သူမှ ပြန်မဖြေလာခဲ့ကြပေ..။လင်းဖန် ဘာမှ ထပ်ပြီး တွေးမနေတော့ပေ..။သူ ဒီတိုင်း အိပ်ယာဝင်လိုက်ပြီး မနက်ဖြန်ကျမှ တစ်ခါ ပြန်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

နောက်တစ်ရက်..။

မနက်ခင်း..။

လင်းဖန် နိုးနိုးချင်း ဖုန်းကို အလျင်အမြန် ဖွင့်လိုက်တယ်..။

သူ မြင်နေရတာတွေကို ဖတ်ပြီး အံ့ဩသင့်သွားခဲ့ပါတယ်..။

"ဆာ..ဆေးဖော်စပ်တယ် ဆိုတာက လွယ် မဟုတ်ဘူးနော်..။များပြားလှတဲ့ ဒြပ်စင် ပစ္စည်းတွေကို လိူအပ်တယ်..။ဥပမာ..မာကျူရီ..ဆာလ်ဖာ..စသဖြင့်..။ဒါတွေနဲ့ဆိုရင်..ကောင်းကင်ဘုံ ဆေး သုံးလုံးလောက်ကိုတော့..ဖော်စပ်နိုင်ပါတယ်.."

"အပေါ်က ကောင် ပေါက်ကရတွေ လာမမန့်နဲ့လေ..။အဲ့ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ ဆေးကို မင်းကိုယ်တိုင် တောင် သောက်ရဲ့လို့လား..။မင်း သောက်ရဲရင် မင်းကို အဖေလိူ့တောင် ခေါ်လိုက်ဦးမယ်.."

လင်းဖန် မှတ်ချက် တွေကို ဖတ်လိုက်ပေမယ့် ဘယ်တစ်ခုကမှ သူ့အတွက် အသုံးမဝင်ခဲ့ပါဘူး..။

လက်ရှိ သူရထားတဲ့ အညွှန်းက စွယ်စုံကျမ်းကပါ..။ဒီလူတွေ ဖော်စပ်နေကြသလိုမျိုး အလိမ်အညာတွေ မဟုတ်ပါဘူး..။သူတို့က မတူညီတဲ့ လမ်းစဥ္နှစ်ခုဖြစ်ပြီး သွားနှိုင်းယှဥ္လို့ မရပေ..။

နောက်ဆုံးတော့ မှတ်ချက် တစ်ခုဟာ..လင်းဖန် ရဲ့ မျက်လုံးကို ဖမ်းစားသွားခဲ့တယ်..။

"ငါလည်း အရင်က ဆေးတွေ ဖော်စပ်ခဲ့ဖူးတယ်..။ဒါက လက်ရှိ နည်းပညာတွေ နဲ့ ဆိုရင် ဖြစ်နိုင်နေပြီလေ..။ဥပမာ ..လျှပ်စစ်အပူပေး ချက်ပြုတ်အိုး ထဲကို ပါဝင် ပစ္စည်းတွေ ထည့်လိုက်..။ပြီးတော့ ပလပ် တပ်လိုက်တာနဲ့ ပါဝင်ပစ္စည်းတွေ ၇ / ၈ နာရီလောက် ဆိုရင် ဆေးလုံးတွေဖြစ်သွားလိမ့်မယ်..။ဒါပေမဲ့ ငါတော့ မလုပ်ကြည့်ဖူးဘူးနော်..။ဒါက သီအိုရီတွေ အရ ဖြစ်နိုင်တာကို ​ပြောပြတာ..။စမ်းချင်ရင်တော့ စမ်းကြည့်ပေါ့.."

"အပေါ်က လူပြောသလို လျှပ်စစ်အပူပေး ချက်ပြုတ်အိုး က အလုပ်မလုပ်ရင် ဖိအားလျော့ ချက်ပြုတ်အိုးကို သုံးကြည့်..။ဒါက အပူချိန် ဖိအားတွေကို လျော့ချပေးတော့ ပါဝင်ပစ္စည်းတွေကို ဆေးလုံးအဖြစ် ကောင်းကောင်း ဖန်တီး ပေးနိုင်တယ်လေ.."

လင်းဖန် ဒါကို ဖတ်ပြီး တဲ့ နောက်မှ လျှပ်စစ်အပူပေး ချက်ပြုတ်အိုးက အကောင်းဆံူး အဖြေလို့ ယူဆလိုက်ပါတယ်..။

ဖိအားလျော့ ချက်ပြုတ်အိုးကို သုံးခိုင်းတဲ့လူကတော့ ငရဲကို သွားရမယ့် လူပါ..။သူမနေ့က ဒီနည်းလမ်းကြောင့် သေလုနီးပါး ပါပဲ..။

တိမ်ဖြူလမ်း..။

ဝမ်မင်ယန် ရဲ့ အတွင်းရေးမှူးဟာ ဂျစ်ကားလေးကို လာပို့ပေးခဲ့တယ်..။ဒါက ဆိုင်ရှေ့နားမှာ ပါကင်ထိုးထားခဲ့တာပါ..။လူလိမ်ထျန်ကတော့ ကားကို ကိုင်ကြည့်ပြီး သဘောကျနေခဲ့တယ်..။သူ အထဲမှာတောငိ ဝင်ပြီး ထိုင်ချင် နေခဲ့ပါပြီ..။

အတွင်းရေးမှူးဟာ စောင့်ဆိုင်းနေရင်းနဲ့ စုတ်ပြတ်နေတဲ့ မာစီးတီးလေး ရောက်လာတာ မြင်တဲ့ အချိန်မှာ အံ့ဩသွားခဲ့ပါတယ်..။မာစီးတီးကားလေးက..တံခါးတွေ ကျိုးပဲပြီး မှန်တွေလည်း ကွဲကြေနေခဲ့ပါပြီ..။

ဒီအခြေအနေရောက်အောင် မာစတာ လင်း ဘာလုပ်ခဲ့လဲ သူမတွေးတတ်တော့ပေ..။

"မာစတာ လင်း ကားသော့လေး လက်ခံပေးပါဦး..။ကျွန်တော် ဒီကား အစုတ်ကို မောင်းသွားလိုက်ပါ့မယ်.."

အတွင်းရေးမှူးက ယဥ္ကျေးစွာ ပြောလိုက်တာပါ..။

လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီလေ ..အနှောက်ယှက် ပေးမိတဲ့ အတွက် စိတ်မကောင်းပါဘူး.."

အတွင်းရေးမှူးဟာ လက်ဝေ့ယမ်းလိုက်ပြီး..

"မဟုတ်တာ.."

အတွင်းရေးမှူး ထွက်သွားပြီးတဲ့ နောက်မှာ လင်းဖန် မနာလိုစွာ ပြောလိုက်တယ်..။

"ဒီကားကို မင်းဘယ်က ရလာတာလဲ..။မင်းစီးလိုက်ရင် ဇိမ်ခံကားတွေ ချည်းပဲ.."

လင်းဖန် ပြုံးလိုက်ပြီး..။

"ကျုပ် ဝမ်မင်ယန် ဆီကနေ တောင်းလိုက်တာလေ..။ဘယ်လိုလဲ ပထမကားထက် ပို ကောင်းတယ် မလား.."

လူလိမ် ထျန် ခေါင်းညိမ့်လိုက်ပြီး..

"ဟုတ်တယ်..ဒါက တကယ်ကို ပိုကောင်းတယ်..။ငါ ရက်အနည်းငယ်လောက် စီးကြည့်လို့ ရမလား.."

လင်းဖန် လူလိမ် ထျန်ကို ကြည့်ကာ ပြောလိုက်တယိ..။

"မဖြစ်နိုင်တာ..ကျုပ် ကားသော့ကို သေချာသိမ်းထားမှ ဖြစ်တော့မယ်.."

မနက်ခင်းမှာ မြို့သားတွေဟာ စုဝေးနေကြပါပြီ..။လင်းဖန် လည်း ပန်ကိတ်တွေကို လူပ်ရင်း အလုပ်ရှုပ်နေခဲ့တယ်..။သို့ပေမယ့် သူ့စိတ်ထဲမှာတော့ ဘယ်လို ဆေးဖော်စပ်ရမလဲ ဆိုတာပဲ ရှိနေခဲ့ပါတယ်..။သူ ဥာဏ်ကောင်းစေတဲ့ ဆေးလုံး..မဖော်စပ်နိုင်သေးရင် စိတ်အေးရမှာ မဟုတ်ပါဘူး..။

သူ ပန်ကိတ်တွေ အကုန်လုပ်လို့ ပြီးသွားခဲ့တယ်..။

လင်းဖန် ဝင်ပေါက်ကို ကြည့်ပြီး ပြုံးလိုက်တယ်..။

"အကြီးအကဲ ခွေး..တစ်ခုခု ကောင်းတာလေး စားချင်လား.."

အကြီးအကဲ ခွေး နီကိုးလပ် လင်းဖန်ကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့ကာ အနားယူနေခဲ့ပါတယ်..။သို့ပေမယ့် သူ့မျက်လုံးတွေက တော့ အစ်မ ဟောင်ရဲ့ ဆိုင်ကိုပဲ ကြည့်နေခဲ့တာပါ..။

သူ့ရဲ့ မိန်းမက အခု ဆိုရင် ကိုယ်ဝန် ရှိနေခဲ့ပါပြီ..။သူမ ဘာ အဆင်မပြေမူ မှ မရှိရအောင် သူ့အသက်ကို ရင်းပြီး ကာကွယ်မှ ရမှာပါ..။

အကြီးအကဲ ခွေးရဲ့ ဂရုမစိုက်တဲ့ အမူအရာကြောင့် လင်းဖန် အကူညီ်မဲ့ သွားခဲ့တယ်..။သိူ့ပေမယ့်..အကျိုးသက်ရောက် မူမရှိတဲ့ ဆေးလုံးကို တစ်ယောက်ယောက်ကို ​ကျွေးပြီး စမ်းသပ်သင့်တယ်လို့ ခံစားနေရပါတယ်..။

ဒီအတွက်တော့ အကြီးအကဲ ခွေးက အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ့် သူ ပါပဲ..။

လင်းဖန် အဖြူရောင် ဥာဏ်ကောင်းစေတဲ့ ဆေးလုံးကို ထုတ်ပြီး..လက်ဝါးပေါ်မှာ တင်လိုက်တယ်..။

"အကြီးအကဲ ခွေး.လာပြီး မြည်းကြည့်ပါဦး..။ဒါက ထိပ်တန်း ပစ္စည်းနော်..မင်းစားလိုက်တာနဲ့ ..နတ်သားလေး ဖြစ်သွားမှာ.."

အကြီးအကဲ ခွေး ဟာ လင်းဖန်ကို တစ်ချက်ကြည့်ပြီး အနံ့ခံကြည့်လိုက်တယ်..။ဒီ ဆေးလုံးမှာ ဘာ အနံ့မှ ရှ်ိမနေခဲ့ပါဘူး..။

"ဘယ်က အမှိုက်ကို ယူလာတာလဲ..။ဝေးဝေး ကို ယူသွားစမ်းပါ..."

လင်းဖန် ကြောင်အသွားခဲ့တယ်..။အကြီးအကဲ ခွေးကပါ သူ့ကို အထင်အမြင်သေးနေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။သူ ဒါကို မခံစားနိုင်တော့ပေ..။

လူလိမ် ထျန် လျောက်လာခဲ့ပြီး..

"အဲတာ ဘာလဲ.."

လင်းဖန် ဂုဏ်ယူစွာ ပြောလိုက်တယ်..။

"ဒါက ကျုပ်ဖန်တီးထားတဲ့ နတ်ဘုရားဆန်တဲ့ ဆေးလုံးပဲ.."

"အိုး..တကယ်လား.."

လူလိမ် ထျန် လှောင်ပြုံးပြုံးပြီး ဆေးလုံးကို တစ်ချက်ကြည့်လိုက်တယ်..။

"ဘာလဲ မင်းက အကြီးအကဲ ခွေးကို ဥာဏ်ကောင်းတဲ့ ဝက်တစ်ကောင် အဖြစ် ပြောင်းလဲပေးမလို့လား.."

လင်းဖန် လေးနက်စွာ ထပ်ပြောလိုက်တယ်..။

"ဘယ်လိုဖြစ်နိုင်မှာလဲ..။အကြီးအကဲ ခွေးက ကျုပ်ဆိုင်မှာ အလုပ်ကြိုးစားပြီး လုပ်ကိုင်နေတာလေ..။သူက တံခါးပေါက်ဝ အမြဲနေပြီး စောင့်ကြပ်ပေးနေရတာ..။သူက ဒီဆိုင်ရဲ့ အကောင်းဆုံး ဝန်ထမ်းပဲ..။သူကို ဝက်တစ်ကောင်လို ပြောင်းလဲမယ် ဆိုတာက ဘာကို ဆိုလိုတာလဲ..။ခင်ဗျားက ကျုပ်နဲ့ အကြီးအကဲ ခွေးကို သွေးခွဲချင်နေတာပဲ.."

လူလိမ် ထျန် လင်းဖန်ကို ကြည့်လိုက်ပြီး..။

"ကောင်းပြီ ဒါဆိုလည်း သူ့ကို ဆုချီးမြင့်လိုက်ပါဦး..။သူ့လို တုံးအတဲ့ ခွေးကပဲ မင်းကို ယုံကြည်လိမ့်မယ်.."

လင်းဖန် ဘာမှ ထပ်မပြောတော့ပေ..။သူသာ ဥာဏ်ကောင်းစေတဲ့ ဆေးလုံးကို အမှန်တကယ် ဖော်စပ်နိုင်ခဲ့ရင် လူလိမ်ထျန်ကို ပေးမှာ မဟုတ်ပါဘူး.။ဒီလူက ဒီဆိုင်မှာ အတုံးအဆုံး လူတစ်ယောက်ပါ..။

အကြီးအကဲ ခွေးကတော့ လင်းဖန် ကြောင့် စိတ်အနှောက်အယှက်ဖြစ်နေခဲ့တယ်..။လင်းဖန်က သူ့ရဲ့ မြင်ကွင်းရှေ့မှာ လာပြီး ပိတ်ရပ် နေခဲ့တာပါ..။ယင်းနောက် သူ ဘာမှ ပြောမနေတော့ပဲ..ဆေးကို လျှာနဲ့လျှက် ပြီး မြိုချလိုက်ပါတယ်..။

လင်းဖန် သိချင်စွာ မေးလိုက်တယ်..။

"အကြီးအကဲ ခွေး ဘယ်လိုခံစားရလဲ.."

အကြီးအကဲ ခွေး စိတ်မရှည်တဲ့ ပုံနဲ့ ပြန်ဟောင်လိုက်တယ်..။

* ဝုတ် ဝုတ် *

"ဘယ်လိုမှ မခံစားရဘူး..။သွားပါတော့ ကွာ..."

လင်းဖန် : "................."

All Chapters