← Chapters

ရှာမတွေ့ဘူး..

Vol. 38 Ch. 561

ရှာမတွေ့ဘူး..

Vol. 38 Ch. 561

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် အကြီးအကဲ ခွေးဆီကနေ ဘာ တုန့်ပြန်မူမှ မရခဲ့ပေ..။အကြီးအကဲ ခွေးက ကလေးရပြီးတဲ့ နောက်မှာ သူ့ကို ဒီလိုမျိုး ဆက်ဆံလိမ့််မယ်လို့ မထင်ထားခဲ့ပါဘူး.။သူ အကြီးအကဲ ခွေးကို ကောင်းတာလေးတွေ ​ကျွေးဖို့ လုပ်တာတောငိ လျစ်လျူရူ ခံလိုက်ရတာပါ..။ဒါက တကယ်ကို အသဲကွဲစရာပါပဲ..။

"ကျုပ်အပြင်သွားလိုက်ဦးမယ်..ဆိုင်ကို ကြည့်ထားလိုက်ဦး.."

လင်းဖန် ထပ်ပြီးစမ်းသပ် ချင်နေပါသေးတယ်..။

ဝူယူလန် မေးလိုက်တယ်..။

"အစ်ကိုလင်း..ဆိုင်ကို အခုမှ ရောက်တာလေ..။ဘယ်လို ဖြစ်ပြီး အလျင်စလို ဖြစ်နေတာလဲ.."

လင်းဖန် ပြုံးလိုက်ပြီး..

"ငါ ့မှာ လုပ်စရာ လေးရှိသေးလို့ပါ.."

လင်းဖန် ထွက်သွားပြီး နောက်မှာ လူလိမ် ထျန် မေးလိုက်တယ်..။

"ဒီတစ်ခါရော ဘာဖြစ်ပြန်ပြီမသိ..။သူ့ကြည့်ရတာ ..တစိခုခု လျိုဝှက် ထားသလိုပဲ.."

ဝူယူလန် အကူညီမဲ့စွာ ပြောလိုက်တယ်..။

"ဘယ်သူ သိမှာလဲ..။သူက တစ်ခြားလူတွေကို ဘယ်တော့မှ မပြောပြဘူးလေ..။တို့လည်း ဘာမှမသိရဘူး.."

ကျောက်ကျန်းယန် သူ့မေးစေ့ကို ပွတ်လိုက်ပြီး..

"အင်း..ဒီရက်ပိုင်း အထီးကျန်နေသလို ခံစားရတယ်..။ကောင်မလေး တစ်ယောက်လောက် ရှာမှဖြစ်တော့မယ် ထင်တယ်.."

လူလိမ်ထျန် ကျောက်ကျန်းယန် ကို လှမ်းကြည့်လိုက်တယ်..။

"ဘာ ကောင်မလေးလဲ..။ငါနဲ့ အတူ ရှိနေရတာက ပိုမကောင်းဘူးလား..။မင်းနေ့တိုင်း သောက် စားပြီး ကြိုက်တဲ့ အချိန် အိမ်ပြန် အိပ်လို့ ရတယ်လေ..။ဘယ်လောက် ဇိမ်ကျလိုက်လဲ.."

ကျောက်ကျန်းယန် လူလိမ် ထျန် ပြောတာကို သဘောကျစွာ ရယ်မောလိုက်တယ်..။

"ဒီ လူအိုကြီးကတော့.."

…

လင်းဖန် လျှပ်စစ် စတိုးဆိုင်ကို သွားပြီး လျှပ်စစ်အပူပေး ချက်ပြုတ်အိုး နဲ့. လိုအပ်တာ တစ်ချို့ကို ဝယ်ယူလိုက်တယ်..။ယင်းနောက် သူ မနေ့က ပျက်စီးခဲ့တဲ့ နေရာကို ထပ်သွားလိုက်ပါတယ်..။ဒီအနီးနားမှာ လျှပ်စစ်မရှိပေမယ့်..လည်း..ရှားရှားပါးပါး အနီးဆံူး အိမ်ကနေ အကူညီတောင်းပြီး သူ ဝိုင်ယာကြိုးနဲ့ သွယ်တန်းလိုက်ပါတယ်..။

"ဟားးဟား..အကုန်လုံးပြီးသွားပြီ..။ငါ အရင်တုန်းက ဘယ်သူ့ကိုမှ ယုံကြည်ခဲ့တာ မဟုတ်ဘူး..။မြို့သားတွေရေ ..ငါ စိတ်မပျက်ချင်ဘူးနော်.."

လင်းဖန် ပါဝင်ပစ္စည်း တစ်စုံကို အိူးထဲထည့်ပြီး ရေထပ် ထည့်လိုက်ပါတယ်..။သို့ပေမယ့် သူ နားမလည်နိုင်ခဲ့ပေ..။

ဒီလိူကနေ ဘယ်လိုလုပ်ပြီး ဆေးလုံး ဖြစ်ပေါ်လာမှာလဲ..

ငါ ကူညီပြီး ဆေးလုံးဖြစ်အောင် လုံးပေး ဖို့ လိုအပ်သေးလား...

ဒါတွေက ဖြစ်နိုင်ခြေတွေပါ..။

သူ လျှပ်စစ်မီးကို ဖွင့်လိုက်တယ်..။

တီ.

အကုန်လုံးက သင့်တင့်စွာ ပြင်ဆင်ထားတဲ့ အတွက်ကြောင့် လင်းဖန် စိတ်လှုပ်ရှားစွာ စောင့်နေခဲ့ပါတယ်..။သူ အိုးထဲက ပြောင်းလဲ မူတွေကို တစ်ချက်လှမ်းရှိုးလိုက်ပြီး ပြုံးလိုက်တယ်..။သူတို့က စတင် အလုပ်လုပ် နေပြီ ဖြစ်ပြီး ရေတွေလည်း ဆူပွတ်နေခဲ့ပါတယ်..။

တစ်နာရီ ကြာပြီးနောကိ..။

အိုးထဲက ပြောင်းလဲမူတွေက အတူတူ ပဲ ရှိနေပါသေးတယ်..။ဘာမှ ထူးခြားတဲ့ ပြောင်းလဲ မူမျိုး မရှိသေးပေ..။

ယင်းနောက် လင်းဖန်ကားထဲကို သွားလိုက်ပြီး လဲလျောင်းကာ အနားယူလိုက်ပါတယ်..။သူ ဒီဆေးဖော်စပ်တာကို အောင်မြင်မှ ဖြစ်မှာပါ..။

လင်းဖန် တစ်ခုခု ကို တွေးမိလိုက်တယ်..။ဒါက သူ တာအို ​ကျောင်းတော် တွေကို ဆေးဖော်စပ်တာတွေ နဲ့ ပတ်သက်ပြီး သွားဆွေးနွေးကြည့်ဖို့ပါ..။ဒါဆိုရင် တာအို ဘုန်းတော်ကြီးတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေတောင် ဖြစ်သွားနိုင်ပါတယ်..။

သို့ပေမယ့် သူ ဒီအကြံကို လက်လျော့လိုက်တယ်..။

စွယ်စုံကျမ်းရဲ့..အသိပညာ ခန်းတွေက ပိုင်ရှင်နဲ့ ရင်းနှီးတဲ့ လူတွေကို ရွေးလေ့ရှိတာကြောင့်ပါ..။ဒ့ါကြောင့် သူ အပေါင်းအသင်း လုပ်တော့မယ် ဆိုရင် သေချာ ဂရုစိူက်ဖို့ လိုအပ်ပါတယ်..။

ဒါ့အပြင် စွယ်စုံကျမ်းက တွက်ချက် တတ်တာကြောင့် မစ်ရှင် တွေကိုသာ..တာအို ဘုန်းတော်ကြီးနဲ့ ပတ်သက်တာတွေ ပေးလိုက်ရင် သူ အဆုံးသတ်ပါပြီ..။ဒါက ဘယ်လိုမှ လွယ်ကူမယ့် အရာတွေ မဟုတ်နိုင်ပါဘူး..။

ခနအကြာမှာပဲ သူအိပ်ပျော်သွားခဲ့တယ်..။

၂ နာရီ..။

၃ နာရီ..။

၈ နာရီ..။

လင်းဖန် အိပ်ယာက နိုးလာတာနဲ့ နာရီကို ကြည့်ပြီး ပြုံးလိုက်ပါတယ်..။

"အတော်ကြာသွားတာပဲ..။အချိန်ကျလောက်ပြီ..။ဆေးလုံးက ဘယ်လိုအနေအထားဖြစ်နေမလဲ တကယ် စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ.."

ယင်းနောက် လင်းဖန် လျှပ်စစ်အပူပေး အိုး ဆီကို လျောက်သွားလိုက်ပါတယ်..။သူ အထဲကို ကြည့်လိုက်တဲ့ အချိန်မှာ ..မျက်နှာအမူအရာ ပြောင်းလဲ သွားခဲ့တယ်..။

"ဒါက.."

ဘာတွေ ဖြစ်နေလဲ ဆိုတာကို လင်းဖန် နားမလည်ခဲ့ပါဘူး..။

"ဒီ ညိုပုတ်ပြီး မဲမဲကြီး ဖြစ်နေတာတွေက ဘာတွေလဲ.."

သူ မြင်နေရတာ ဆိုလို့ အနက်ရောင် ချွဲကျိကျိအရည်တွေ ဖြစ်ပြီး ဒါ ဘာတွေ ဖြစ်သွားတာလဲ ဆိုတာတော့ သူမသိပါဘူး..။သူ အဖုံးကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာလည်း အနံ့က အတော်ကို စူးရှလှပါတယ်..။အနက်ရောက် ချဲကျိကျိ အရည်တွေဟာ..ရွံ့တွေလို ဖြစ်နေပြီး အပေါ်ယံမှာ ပူစီပေါင်းတွေ ပေါ်နေခဲ့တယ်..။

ဒါက အတော်ရွံစရာ ကောင်းတာပဲ..။

ချီးပဲ..။

သူ လူမှားပြီး ယုံကြည်မိခဲ့တာပါ..။

သူ ဒီအဖြေပေးတဲ့ မြို့သားကို စိတ်တိုသွားခဲ့တယ်..။ဒီလူတွေက ဘာမှ အကူညီမရတဲ့ ငပေါတွေ ချည်းပါပဲ..။

ကလင် ကလင်..

ယင်းနောက် ဖုန်းမြည်လာခဲ့တယ်..။

လင်းဖန ်စိတ်မကြည်မလင် ဖြစ်နေခဲ့ပါတယ်..။

"မင်ချင်း ဘာဖြစ်လို့လဲ.."

ကျိုးမင်ချင်း ဖုန်းထဲက အသံကို နားထောင်ပြီး သူ့ဆရာ စိတ်မကြည်တာကို သတိထားမိလိုက်တယ်..။

"ဆရာ ဘာဖြစ်လို့လဲ..။တစ်ခုခု မကောင်းတာ ဖြစ်နေလို့လား.."

လင်းဖန် သက်ပြင်းချလိုက်ပြီး..။

"ဘာမှ မဟုတ်ဘူး..။ကျုပ် ဆေးဖော်စပ်တာ ကျဆုံးသွားလို့..။ဖိအားလျော့ အိုးက ပေါက်ကွဲပြီး..လျှပ်စစ်အပူပေး အိုးကလည်း အလုပ်မဖြစ်ဘူးလေ..။ကျုပ် ဒါကြောင့် စိတ်သိပ်မကြည်တာ.."

"အာ.."

ကျိုးမင်ချင်း ကြောင်အသွားခဲ့တယ်..။

"ဆရာ..ဆေးဖော်စပ်ဖို့ကို ဘာလို့ အဲ့ပစ္စည်းတွေကို သုံးတာလဲ..။အရင်းတုန်းက လူတွေက တကယ်

ဥာဏ်ကောင်းကြတယ်လို့ ပြောလို့ရတယ်..။ဆရာ ဆေးဖော်စပ် ချင်တယ်ဆိုရင် ရှေးဟောင်း မီးပြင်းဖို တစ်လုံးကို လိုအပ်တယ်လေ..။အဲတာ မရှိရင် ဘာဆေးမှ ဖန်တီးလို့ ရမှာမဟုတ်ဘူး.."

လင်းဖန် ပြုံးလိုက်ပြီး..

"ခင်ဗျားက ဆေးလုံး ဖန်တီးတတ်တာလား.."

ကျိူးမင်ချင်း ပြန်ဖြေလိူက်တယ်..။

"ကျွန်တော်လည်း သိပ်တော့ မကျွမ်းကျင်ဘူး..။ကျွန်တော် လေ့လာထားသလောက်တော့ ဆေးဖော်စပ်တဲ့ နေရာမှာ တစ်ချို့ အဓိက အချက်တွေ လောက်ပဲ သိတာ.."

လင်းဖန် ဒါကိုကြားတဲ့ အချိန်မှာ ​ကျေနပ်သွားခဲ့တယ်..။

"မင်ချင်း ကျုပ်ကို ဆေးပညာ အကယ်ဒမီမှာ စောင့်နေလိုက်..အခု လာခဲ့မယိ.."

သူ ဖုန်းချလိုက်ပြီး လျှပ်စစ် အပူပေးအိုးကို တစ်ချက်ကြည့်လိုက်ပါတယ်..။ယင်းနောက် သူ ကားထဲကို သွားပြီး တရုတ်ဆေးပညာ အကယ်ဒမီ ဆီကို ဦးတည်ပြီး မောင်းလိုက်တယ်..။

ကျိုးမင်ချင်း အနည်းငယ် အံ့ဩသွားခဲ့တယ်..။သူ့ဆရာ ဘာတွေ လုပ်နေတာလဲ..။သို့ပေမယ့် သူ့ဆရာ ဆေးဖော်စပ်ဖို့ လျှပ်စစ်အပူပေး အိုးကို သုံးတာကို တွေးမိသွားပြီး ရယ်မောလိုက်ပါတယ်..။

ဒါက တကယ်ကို ဟာသ ပါပဲ..။

ရှန်ဟိုင်း တရုတ် ဆေးပညာ အကယ်ဒမီ..။

ရုံးထဲတွင်..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..ဘယ်လိုဖြစ်ပြီး ရုတ်တရက် ဆေးဖော်စပ်နေတာလဲ.."

ဆေးလုံး မထွကိပေါ်လာခင် လင်းဖန် ဘာမှ ကြိုပြီး မပြောချင် ပါဘူး..။သူ ဥာဏ်ကောင်းစေသော ဆေးလုံးကို အရင်ဆုံး..ဖန်တီးချင်တာပါ..။ယင်းနောက် သူ ကျိုးမင်ချင်းရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး..

"စကားတွေ အများကြီး မပြောနဲ့ဦး..။ကျုပ် ရှေးဟောင်း မီးပြင်းဖို ကို ဘယ်မှာ ဝယ်လို့ရမလဲ.."

ကျိုးမင်ချင်းကလည်း အခုမှ ဆေးဖော်စပ်တဲ့ အရာကို စတင်လေ့လာနေတဲ့ လူတစ်ယောက်ပါ..။သူ စာအုပ်တွေ အများကြီး ဖတ်ထားပေမယ့် သိပ်မသိသေးပေ..။

"ရှေးဟောင်းပစ္စည်းရောင်းတဲ့ စျေးတွေမှာတော့ ရှိမှာပေါ့.."

"ရှေးဟောင်း ပစ္စည်းရောင်းတဲ့ စျေးကို သွားကြရအောင်.."

လငထးဖန် အလျငိအမြန် ပြောလိူက်တယ်..။သူ ဒီလို မီးပြင်းဖို ကို ဘယ်လောက် ကုန်ကုန် ဝယ်မှ ဖြစ်မှာပါ..။

သူ့ရဲ့ ဆေးလုံး ဖန်တီးမူကို ဘယ်သူမှ တားဆီးလို မရနိုင်ပါဘူး..။

ကျို့မင်ချင်း အံ့ဩသွားခဲ့တယ်..။သူ့ဆရာ ဘာတွေ လုပ်နေမှန်း သူနားမလည့်တော့ပါဘူး..။သိူ့ပေမယ့် သူ့ဆရာက ဆေးဖော်စပ်ချင်နေမှတော့ သူနောက်က လိုက်လုပ်ဖို့သာ တတ်နိုင်ပါတော့တယ်..။

ရှေးဟောင်း ပစ္စည်းရောင်းသည့် စျေးတွင်..။

ဒီမှာ လူတွေ အများကြီး ရှိနေခဲ့တယ်..။အများစုက..သူတို့နဲ့ ဆက်နွယ်နေတယ်လို့ ခံစားရတဲ့ ရှေးဟောင်း ပစ္စည်းကို ဝယ်ဖို့လာခဲ့ကြတာပါ..။

လင်းဖန် နဲ့ ကျိူးမင်ချင်းတို့ ပေါ်လာတဲ့ အချိန်မှာ ဘယ်သူမှ သတိမထားမိခဲ့ကြပေ..။ဘာပဲဖြစ်ဖြစ် ဒီမှာ စျေးလာဝယ် နေကြတဲ့ လူတွေ က အများကြီးပါ..။

သူတို့ လျောက်ကြည့်နေခဲ့တယ်..။

"မတွေ့ပါလား.."

လင်းဖန် စိတ်ပျက်စွာ ပြောလိုက်တာပါ..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..တကယ် ဆေးဖော်စပ်မလို့လား..။ဒီလို ဆေးအိုးတွေက ရှေးဟောင်းပစ္စည်းရောင်းတဲ့ စျေးတွေမှာ တွေ့နိုင်ပေမယ့် အလှဆင်ဖို့ပဲ သုံးကြတာလေ..။တကယ့် ရှေးဟောင်း မီးပြင်းဖို တွေက အတော်ရှားပါးတယ်.."

လင်းဖန်ကတော့ လက်မလျော့ချင်ပေ.."

နည်းနည်းလောက် ထပ်လျောက်ကြည့်ရအောင်..။

"ကောင်းပါပြီ.."

ကျိုးမင်းချင်း ခေါင်းညိမ့်လိုက်တယ်...။သူ့ဆရာက ထပ်လျောက်ချင်နေမှတော့ သူ နောက်ကလိုက်ဖို့သာ တတ်နိုင်ပါတော့တယ်..။

သိူ့ပေမယ့် သူ့ဆရာ ရုတ်တရက်ကြီး ဘာလို့ ဆေးဖော်စပ်ချင်တာလဲ ဆိုတာကိုတော့ နားမလည်နိုင်တော့ပေ..။

All Chapters