အခန်း (၅၆၂)
Vol. 38 Ch. 562
#ဘာသာပြန် = စနိုးဝှိုက်
ဒီမှာ ဘာမှ မရှိပေ..။
ဒီမှာ ဆိုင်တွေ အများကြီး ရှိပေမယ့် သူတို့စျေးဆုံးတဲ့ အထိ လျောက်နေတာတောင် သူတို့လိုချင်တာကို ်မတွေ့ရသေးပါဘူး..။လင်းဖန် အနည်းငယ် ဆွံ့အသွားခဲ့တယ်..။သူသာ ရှေးဟောင်း မီးပြင်းဖိုကို ရှာမတွေ့ရင် ..ဖိအားလျော့ အိုး နဲ့ ထပ်ပြီး စွန့်စားရဦးမှာပါ..။
ဒါက အရမ်း အန္တရာယ် များပါတယ်..။တကယ်လို့ သူသာ ဂရုမစိုက်ရင် ကပ်ဆိုးတစ်ခု ဖြစ်သွားနိုင်တဲ့ အရာပါ..။
လင်းဖန် ဆိုင်တစ်ခုရဲ့ ရှေ့ကို ရောက်သွားခဲ့ပြီး..
"အန်ကယ် ဒီရှေးဟောင်းစျေး မှာ မီးပြင်းဖို အိုးတွေ ဘာတွေ ရှိလား မေးပါရစေ.."
အဖိုးကြီးဟာ ရှေးဟောင်း ပစ္စည်းတစ်ချို့ကို..အောက်ချလိုက်ပြီး..
"ကောင်လေး..ဒီမှာ အရာအားလုံးရှိတယ်..။ဒါပေမဲ့ရှေးဟောင်း မီးပြင်းဖို ဆိုတာမျိုးက အရမ်းကြီးမားတဲ့ အတွက် ရွေ့ရပြောင်းရတာ မလွယ်ကူဘူးလေ..။ဒီမှာတော့ အဲလိုမျိုးရှိမှာ မဟုတ်ဘူး..။ပြီးတော့ နှစ်တစ်ထောင်ကျော် သက်တမ်းရှ်ိတဲ့ ဒီလိုရှေးဟောင်း ပစ္စည်းမျိုးတွေက စျေးအရမ်း ကြီးတယ်..။သူတို့ကို စုဆောင်းသူတွေကပဲ စုဆောင်းနိုင်ကြတာ..ဒီလိုနေရာမျိုးတွေမှာ မရောင်းချဘူး.."
လင်းဖန် စိတ်ပျက်သွားခဲ့တယ်..။သူ ဒီကိုလာတာ အချည်းနှီး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
ကျိုးမင်ချင်း သူ့ဆရာကို စိတ်ပျက်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။သူလည်း ဘာပြောရမှန်း မသိတော့ပါဘူး..။
"ဆရာ..တစ်ခြားနေရာ သွားကြည့်ရအောင်.ဘယ်လိုလဲ.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"ထားလိုက်တော့..ကျုပ်တို့ နောက်ထပ် အဖြေတစ်ခုကိုပဲ ရှာကြတာပေါ့.."
ဒီလို အရာမျိုးမရှိဘူး ဆိုမှတော့ သူတို့ လုပ်နိုင်တဲ့ အရာ ဘာမှ မရှိပါဘူး..။သူ ဆေးဖော်စပ်မူကို အချိန်ယူပြီး လုပ်ဆောင်မှ ရတော့မှာပါ..။
"သွားကြမယ်.."
လင်းဖန်ရဲ့ အသံက အနည်းငယ် စိတ်ပျက်နေခဲ့တယ်..။သူ ဥာဏ်ကောင်းစေတဲ့ ဆေးလုံးကို တကယ် သိချင်နေခဲ့တာပါ..။ဒီဆေးလုံးက ဘယ်လောက်အထိ အစွမ်းထက်မလဲ ဆိုတာ သူ မပြောနိုင်ပါဘူး..။ဘာပဲဖြစ်ဖြစ် ဒီအသိပညာ အခန်းက ဆန်းကြယ်မူတွေ ပါဝင်နေတဲ့ အသိပညာခန်းပါ..။
ကားရပ်ထားသည့် နေရာတွင်..။
လင်းဖန် ကားထဲဝင်ဖို့ လုပ်နေပေမယ့် ကျိုးမင်ချင်းကတော့ မတ်တတ်ကြီး ရပ်နေတာကို သတိထားမိလိုက်ပါတယ်..။
"မင်ချင်း ဘာလုပ်နေတာလဲ.."
ကျိုးမင်ချင်း ရှေ့ကို ညွှန်ပြလိုက်ပြီး..
"ဆရာ..ဟိုရှေ့မှာ ဘာတွေ ဖြစ်နေတာလဲ.."
လင်းဖန် သူ ညွှန်ပြတဲ့ နေရာကို ကြည့်လိုက်တယ်..။လမ်းဘေးတစ်နေရာမှာ အမျိုးသမီးတစ်ယောက်က ကလေးငယ် တစ်ယောက်ကို ချီထားခဲ့တာပါ..။သူမက ဒူးထောက်ပြီး ရှေ့ကို ဖြည်းညှင်းစွာ ရွေ့လျားနေခဲ့တယ်..။
သူ အနည်းငယ် သိချင်သွားခဲ့ပါတယ်..။ယင်းနောက် သူ ကားတံခါးကို ပိတ်လိုက်ပြီး ကျိုးမင်ချင်း ဆီီကို လျောက်သွားခဲ့တယ်..။
"ဘာဖြစ်တာလဲ...။လမ်းဘေး အနုပညာကို ပုံဖော်နေတာလား.."
ကျိုးမင်ချင်း ခေါင်းခါယမ်းလိုက်ပြီး..
"ကျွန်တော်ကတော့ အဲလို မထင်ဘူး.."
"လာ..သွားကြည့်ကြရအောင်.."
လင်းဖန် ပြောလိုက်တာပါ..။
သက်လတ်ပိုင်း အမျိုးသမီးကြီးရဲ့ အပြုအမူက လူများစွာရဲ့ အာရုံစိုက်မူကို ခံနေရပါတယ်..။တစ်ချိန်တည်းမှာပဲ မြင်နေတဲ့ လူတွေ အကုန်လုံး ဒီအမျိုးသမီး ဘာလို့ ဒူးထောက်ပြီး ရွေ့လျားနေတာလဲ ဆိုတာကို သိချင်နေခဲ့ကြတယ်..။
သူတို့ နားလည်း နားမလည်နိုင်ကြပါဘူး..။
လင်းဖန် လူအုပ်ရဲ့ ကြားထဲကို ဝင်သွားပြီး သိချင်စွာ မေးလိုက်တယ်..။
"ဘာဖြစ်နေတာလဲ ခင်ဗျားတို့ သိလား.."
ဘေးက လူတွေက ခေါင်းခါယမ်း လိုက်ကြတယ်...
"မသိဘူး..ငါလည်း အခုမှ သူမကို တွေ့တာ.."
"ငါ သူတို့ကို မီးပွိုင့်မှာ တွေ့လိုက်သေးတယ်..။ရုတ်တရက် သူတို့က ဒူးထောက်ပြီး ရှေ့ကို ဖြည်းဖြည်းချင်း လျောက်နေကြတာလေ..။ဘာဖြစ်တာလဲ တော့ ငါလည်း မသိဘူး.."
ယင်းနောက် ပတ်ဝန်းကျင်က လူတွေဟာ ဖုန်းတွေကို ထုတ်ပြီး စတင် မှတ်တမ်းတင်နေခဲ့ကြတယ်..။
ဒါက သိပ်ပြီး မူမမှန်တဲ့ ကိစ္စဖြစ်နေလို့ပါ..။လူတိုင်းဟာ အတော်ကို သိချင်နေကြတယ်..။
ကျိုးမင်ချင်း သက်လတ်ပိုင်း အရွယ် အမျိုးသမီး ဆီကို လျောက်သွားလိုက်ပြီး..
"မင်းဘာလုပ်နေတာလဲ.."
သက်လတ်ပိုင်း အမျိုးသမီးကြီးဟာ ကျိူးမင်ချင်းကို တစ်ချက်ကြည့်လိုက်ပေမယ့် ဒူးထောက်ပြီး ဆက်သွားနေခဲ့ပါတယ်..။
"ကျွန်မ ကုန်သွယ်ရေး အဆောက်အဦးအထိ သွားမလို့.."
ကျိုးမင်ချင်း ပြန်ဖြေလိုက်တယ်..။
"ဒါဆို လမ်းလျောက်သွားလို့ ရတယ်လေ..။ဘာလို့ ဒူးထောက်ပြီး သွားနေတာလဲ.."
ကျိုးမင်ချင်းက ယဥ်ကျေးမူ အတွက် လေ့ကျင့်တဲ့ လူတွေဟာ ဒီလိုမျိုး အရာတွေ ကို လူလေးစားမူရအောင် လုပ်လေ့ရှိကြတယ် ဆိုတာကို သိထားပြီးသားပါ..။သို့ပေမယိ့ ဒါကတော့ သိပ်ပြီး မူမမှန်တော့ပါဘူး..။
သက်လတ်ပိုင်း အမျိုးသမျိုးသမီးဟာ ခေါင်းခါယမ်းလိုက်ပြီး..
"တစ်စုံတစ်ယောက်က ကျွန်မ ကုန်သွယ်ရေး အဆောက်အဦးအထိ ဒူးထောက်ပြီး သွားနိုင်ရင်ဒေါ်လာ ၁ သိန်းပေးမယ်လို့ ပြောတယ်..။ကျွန်မသမီးလေးရဲ့ မျက်လုံး ကင်ဆာကို ကုသဖို့ ဆိုရင် ပိုက်ဆံလိုအပ်တယ်လေ.."
ကျိုးမင်ချင်း အံ့ဩသွားခဲ့တယ်..။
"ဒါက အမှိုက်ပဲ..။အခု မတ်တပ်ရပ်လိုက်..ဒီလိုမျိုး ဘယ်မှာရှိလို့လဲ.."
သက်လတ်ပိုင်း အမျိုးသမီးက ခေါင်းခါယမ်းလိုက်တယ်..။
"ကျွန်မကို ဂရုစိုက်မနေကြနဲ့..။ကျွွန်မကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားရမှာပဲ.."
ကျိုးမင်ချင်းဟာ ပြန်လျောက်သွားလိုက်ပြီး ဒေါသထွကိနေခဲ့တယ်..။
"ဆရာ သူမကို တစ်စုံတစ်ယောက် ကုန်သွယ်ရေး အဆောက်အဦးအထိ ဒူးထောက်ပြီး သွားနိုင်ရင် သူမသမီးရဲ့ မျက်လုံး ကင်ဆာကို ကုသဖို့ ဒေါ်လာ ၁ သိန်းပေးမယ် လို့ ပြောထားတယ်တဲ့..။ကျွန်တော်သူမကို ရပ်တန့်ဖို့ ပြောပေမယ့် သူမက လက်မလျော့ချင်ဘူးလေ..။ကျွန်တော်တို့ ဘာလုပ်သင့်လဲ.."
လင်းဖန် မျက်မှောင်ကျုတ်လိုက်ပြီး..
"ဒါက သူမကို အရှက်ခွဲချင်နေတာ မဟုတ်ဘူးလား.."
လင်းဖန် ဘေးနားမှာ ရှိတဲ့ လူတွေဟာ ဒါကိုကြားပြီး ဒေါသထွက်သွားခဲ့ကြပါတယ်..။
"အဲတာ ဘယ်သူလဲ..။ဘာလို့ ဒီလောက်အထိ ရကါစက်ရတာလဲ.."
"သူမ ဒီလို ကမ်းလှမ်းမူမျိုးကို လက်လျော့လိုက်သင့်တယ်.."
တစ်စုံတစ်ယောက်ဟာ ရှေ့ကို တက်သွားခဲ့ပြီး..
"အစ်မ ခင်ဗျားက တကယ် လိမ်ရလွယ်ကူတာပဲ..။ခင်ဗျားကို ဘယ်သူပြောခဲ့တာလဲ..။သူကို မတွေ့မိဘူးလား.."
ရှီမိုင် ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။
"မတွေ့ဖူးဘူး..ဒါပေမဲ့ သူက ဖုန်းခေါ်ပြီး အစ်မကို ကူညီချင်တယ်လို့ ပြောခဲ့တာ..။သူမက ဆန်းလင်လမ်းကနေ ကုန်သွယ်ရေး အဆောက်အဦးအထိ ဒူးထောက်ပြီး လမ်းလျောက်ရင် ဒေါ်လာ ၁ သိန်း ချက်ချင်းပေးမယ်လို့ ပြောခဲ့တယ်.."
"ဟင်း..အစ်မကြီး အခုရပ်လိုက်တော့..။သူက ကျိန်းသေလူလိမ်ပဲ..။အစ်မကြီးက အရမ်း ယုံလွယ်တာကို.."
ရှီးမိုင် ခေါင်းခါယမ်းလိုက်ပြီး..
"အစ်မ ကလေးအတွက် မျှော်လင့်ချက် ရှိနေသ၍ လက်လျော့မှာ မဟုတ်ဘူး..။ငါ့ကို ဂရုစိုက်မနေကြနဲ့တော့..။ဒါက ငါ့ရဲ့ ပြသနာပဲလေ.."
လူအုပ်ကြီးဟာ တိတ်ဆိတ်သွားခဲ့ကြတယ်..။
သူတို့ ဘာပြောရမှန်းတောင် မသိကြတော့ပါဘူး..။
သူတို့ ဘာများ ပြောနိုင်ဦးမှာလဲ..။
သူမ ကလေးက နေမကောင်းဖြစ်နေပြီး ဒီအတွက်ပိုက်ဆံလိုအပ်နေခဲ့ပါတယ်..။သူတို့ သူမအတွက် ပိုက်ဆံ မပေးနိုင်ရင် ဒီလို တားဆီးတာက..သူမရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးပစ်လိုက်သလိုပါပဲ..။
ယင်းနောက် လူအုပ်ကြီးဟာ ရပ်ပြီးသာ ကြည့်နေကြရတယ်..။
တစ်ချို့ မြို့သားတွေဟာ မနေနိုင်ကြတော့ပဲ ပြောလိုက်ပါတယ်..။
"အစ်မကြီး ဒီလိုလုပ်မနေပါနဲ့တော့..။အစ်မကြီး ဒီကိစ္စကို သတင်းထဲ ထည့်ပြီး အလှူရှင်တွေကို လှူးဒါန်းခိုင်းလိုက်ရင်ရော.."
"ဟုတ်တယ်.."
"ဒါက အကြံကောင်းပဲ.."
သို့ပေမယ့် ရှီးမိုင်က သူတို့ပြောနေတာတွေကို နားမထောင်ပါဘူး..။သူမ ဒူးထောက်ပြီးသာ ရှေ့ကို ဆက်တိုက် ရွေ့လျားနေခဲ့တယ်..။
ယင်းနောက် သတင်းထောက်တွေဟာ ရောက်လာခဲ့တယ်..။ရှန်ဟိုင်းက လမ်းတစ်ခုမှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေလဲ ဆိုတာ သိတာနဲ့ သူတို့ အပြေးရောက်လာခဲ့ကြတာပါ..။
သတင်းေထာက်တွေအနေနဲ့ အဖြစ်အပျက် မျိုးစုံကို မြင်ဖူးကြပေမယ့် ဒီလို အဖြစ်မျိုးကတော့ ပထမဆုံးပါပဲ..။
ဒီတစ်ခုက တစ်ခုခု ထူးခြားမယ်လို့ သူတို့ခံစားနေကြရပါတယ်..။
ကြည့်ရတာတော့ သနားစရာ လိမ်ညာမူ တစ်ခုလိုပါပဲ..။
လူတွေက အင်တာနက်ကို သုံးပြီး ပိုက်ဆံ ရှာနေကြတာပါ..။
ဒါကြောင့် လူတွေ အများကြီးက အင်တာနက်မှာ လိမ်ညာနေကြပြီး ဗီဒီယိုတွေ တင်နေကြပါတယ်..။သူတို့ ကြည့်ရူသူများလာတာနဲ့ အမျှ ညစ်ညမ်းပြီး လူသားမဆန်တဲ့ အရာတွေ လုပ်ဖို့ ပိုက်ဆံတွေ ဝင်လာကြမှာပါ..။
ကျိုးမင်ချင်း ပြောလိုက်တယ်..။
"ဆရာ ဒါက အတော်ဆိုးတဲ့ အခြေအနေပဲနော်..။ဒီလူက ဘယ်လိုလုပ်ပြီး သူမကို ဒီလို လုပ်နိုင်ရတာလဲ.."
လင်းဖန် မျက်မှောင်ကျုတ်နေခဲ့ပြီး..
"ခနစောင့် ကြည့်ကြရအောင်.."
မြင်ကွင်းတွင်..။
သတင်းထောက်တွေဟာ မေးလိုက်တယ်..။
"အစ်မ..တစ်ခြားတစ်ယောက်က ပိုက်ဆံပေးမယ် ဆိုတာက သေချာရဲ့လား..။အဲ့ အဆောက်အဦးမှာ သူစောင့်နေတာကရော သေချာရဲ့လား..။ဘယ်သူက ပိုက်ဆံပေးမှာလဲ.."
ရှီးမိုင် ရှေ့ကို ညွှန်ပြလိုက်ပြီး..
"အဲ့လူက အဲမှာ ရှိလိမ့်မယ်..။သူက အစ်မကို စောင့်နေတာ..။အစ်မသာ အဲ့အထိ ရောက်အောင်သွားနို်င်ရင် ကလေးကို ကုသဖို့ ပိုက်ဆံ ရမှာပဲ.."
သတင်းထောက်တွေဟာ ရှေ့ကို ကြည့်လိုက်ကြတယ်..။လူတွေက အများကြီးရှိနေတော့ အမျိုးသမီးကြီး ညွှန်ပြတာ ဘယ်သူမှန်း မသိကြပါဘူး..။
အဲ့အချိန် ကုန်သွယ်ရေး အဆောက်အဦးမဖိာတော့ လူငယ်လေးနဲ့ တစ်ယောက်ဟာ သူ့ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးနေခဲ့တယ်..။ယင်းနောက် သူ ပုံနဲ့အတူ ဗီဒီယိုကိုပါ အင်တာနက်ပေါ် တင်လိုက်ပါတယ်..။
"သူဌေး..ဒါက အလုပ်ဖြစ်တယ်..။အခု ဝိုက်ဘိုမှာပါ တင်လို့ရပြီ.."
"အင်း.."
သူတို့က ဒီကိစ္စတွေရဲ့ နောက်ကွယ်က လူတေံပါ..။သူဌေးဆိုတာက..အင်တာနက်တွေကို စီစဥ္ရတဲ့ ခေါင်းဆောင်ကို ပြောတာပါ..။သူက 'ကြီးမားတဲ့ ပရိဟိတ" ဆိုတဲ့ ဝိုက်ဘို အကောင့်ကို ဖန်တီးပြီး တစ်ချိန်တည်းမှာပဲ..ဒီလို ဗီဒိယိူတွေကို တင်ပေးသွားမှာပါ..။
ဒီမတော်တဆ မူ ပြီးရင် ဘာလုပ်ရမလဲ တောင် သူစဥ္းစားပြီးသွားပါပြီ..။
သူက သူ့ကိုယ်သူ ကြားလူ အဖြစ်သာ သရုပ်ဆောင်ပြီး ကိုယ့်ကိုကို ကြော်ကြားအောင် လုပ်မှာပါ..။
ဒေါ်လာ ၁ သိန်းအတွက်ကတော့ သူပေးမှာ မဟုတ်ပါဘူး..။
ဒါပေါ့ သူဒါကို ထုတ်ပြောမှာတော့ မဟုတ်ပေ..။ကျိချင်က အင်တာနက်ရဲ့ စည်းမျဥ္းတွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်ထားပြီး သားပါ..။
ပထမဆုံး..သတင်းတုတွေ ပျံ့နှံ့မှာလည်း ဖျက်ဆီးခံရမှာလား ဆိုတာ ပြန်လည်မျှဝေတဲ့ လူအရည်အတွက် အပေါ် မူတည်ပါတယ်..။
ဒုတိယ အချက်က သတင်းကမြို့သားတွေကို ဒေါသထွက်စေရမှာပါ..။
တတိယ အချက်က..လူတွေကို အံ့ဩစရာကောင်းလောက်အောင် ဖျော်ဖြေမူ ပေးနိုင်တာကလည်း သတင်းပျံ့နှံ့ဖို့ အဓိက အချက်တစ်ခုပါပဲ..။
အခုဆို ပြည်သူတွေ အံ့ဩစရာကောင်းလောက်အောင် ဖျော်ဖြေခံနေကြရပါပြီ..။