ကိုးကြိမ်မြောက် စမ်းသပ်ချက်
Vol. 38 Ch. 563
#ဘာသာပြန် = စနိုးဝှိုက်
"ဘေးကို တစ်ချက်လောက်"
အဲ့အချိန်မှာပဲ လင်းဖန် နဲ့ ကျိုးမင်ချင်း တို့ဟာ လူအုပ်ကြီးထဲက ထွက်ခွာလာခဲ့ကြပြီး ရှီးမိုင် ဆီကို လျောက်သွားလိုက်တယ်..။
"ကလေးကို ကြည့်ပါရစေ.."
လင်းဖန် ပြောလိုက်တာပါ..။
ရှီးမိုင်က လင်းဖန် ဘယ်သူလည်း ဆိုတာ မမှတ်မိပေ..။ဒါပေါ့ သူမ ကလေးကို တစိမ်းလက်ထဲ ထည့်ပေးမှာ မဟုတ်ပါဘူး..။
သတင်းထောက် အစပိုင်းမှာတော့ သိပ်ပြီး ဂရုမစိုက်ကြပါဘူး..သို့ပေမယ့် သူတို့ လင်းဖန်ကို မြင်လိုက်ကြတဲ့ အချိန်မှာ..ကြောင်အသွားခဲ့ကြတယ်..။ယင်းနောက် သူတို့ ဝမ်းသာတဲ့ လေသံနဲ့ လှမ်းခေါ်လိုက်ကြပါတယ်..။
"မာစတာ လင်း.."
ရှန်ဟိုင်းက သတင်းထောက်တွေဟာ နိုင်ငံရဲ့ ဆယ်လီတွေကို သာ မသိရင် နေမယ် မာစတာ လင်းကိုတော့ အတော်ရင်းနှီးနေကြပါပြီ..။
အထူးသဖြင့် ဒီလတွေ အတွင်းမှာ မာစတာ လင်းရဲ့ သတင်းတွေက ခေါင်းကြီးပိုင်းမှာ ဆက်တိုက်ဆိုသလိုပါပဲ..။အခုဆိုရင် သတင်းဌာန အေးဂျင်စီ တိုင်းက သတင်းထောက်တွေဟာ မာစတာ လင်းကို မသိသူ မရှိကြတော့ပါဘူး..။သူတို့သာ မာစတာ လင်းကို မသိရင် ကိုယ့်ကိုကို သတင်းထောက်လို့ မခေါ်သင့်တော့ပေ..။
အဲ့အချိန်မှာပဲ ဘေးနားက သတင်းထောက်ဟာ လှမ်းပြောလိုက်တယ်..။
"အစ်မကြီး မာစတာ လင်းကို ကလေး အမြန်ကြည့်ခိုင်းလိုက်လေ..။ခင်ဗျားတော့ တကယ်ကံကောင်းတာပဲ.."
"ဟုတ်တယ်..မာစတာ လင်းက နတ်ဆေးဆရာလေးပဲ..။တကယ်လို့ သူသာ ကုပေးမယ်ဆိုရင် ..ဘာပြသနာမှ ရှိမှာ မဟုတ်တော့ဘူး.."
"ငါ ဒီမတော်တဆမူကို မြင်တော့ တစ်ခုခု မှားနေတာ သတိထားမိတယ်..။ဒါက တကယ်ရိုးရှင်းမှာ မဟုတ်ဘူး.."
ဘေးနားက မြို့သားတွေဟာ ဘာတွေ ဖြစ်နေကြမှန်း မသိပါဘူး..။သို့ပေမယ့် အမြင်စူးရှ တဲ့ မြို့သားတစ်ချို့ဟာ သတင်းထောက် တွေ ပြောနေတာကို ကြားပြီး အံ့ဩစွာ အော်ဟစ်လိုက်တယ်..။
"အိုးမိုင်ဂေါ့..ဒါက မာစတာ လင်း လား.."
"ဘာ..မာစတာ လင်းလား..။ဒါက ရှန်ဟိုင်းရဲ့ အကျော်ကြားဆုံး ပုဂ္ဂိုလ် မဟုတ်ဘူးလား.."
"ပြောစရာ မလိုအောင်..။သူက တိမ်ဖြူလမ်းမှာ အထင်ရှားဆုံး မာစတာ လင်းပဲ.."
ရှိီးမိုင်ကတော့ မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး လင်းဖန်ကို ကြည့်နေခဲ့ပါတယ်..။ဒါကို မြင်တဲ့ သတင်းထောက်တွေဟာ ရယ်မောလိုက်ကြပြီး..
"အစ်မကြီး..ဘာလို့ ကလေးကို မာစတာလင်း ကြည့်ခွင့်မပေးသေးတာလဲ..။မာစတာ လင်းကို တွေ့ခွင့်ရတာက ခင်ဗျားအတွက် ကံကောင်းမူကြီး တစ်ခုပဲနော်.."
လင်းဖန် ကလေးကို လှမ်းယူလိုက်ပြီး အနီးကပ်လိုက်တယ်..။ယင်းနောက် သူခေါင်းညိမ့်လိုက်ပြီး..
"အင်း..ဒါက တကယ်ကို မျက်လုံး ကင်ဆာပဲ..."
ကျိုးမင်ချင်း လည်း အနီးကပ်ကြည့်နေခဲ့ပါတယ်..။
"ဆရာ..အခြေအနေ ဘယ်လိုလဲ.."
"အခုက ဒုတိယ အဆင့်လို့ ပြောရမယ်..။နောက်ဆုံးအဆင့်ကို မရောက်သေးတော့ သိပ်တော့ ပြသနာ မကြီးပါဘူး.."
လင်းဖန် ပြောလိုက်တာပါ..။
ကျိုးမင်ချင်း စိတ်သက်ရာရသွားခဲ့တယ်..။
"တော်သေးတယ်.."
သူ့ဆရာက ပြသနာမရှိဘူးလို့ ပြောမှတော့ အမှန်တကယ် ပြသနာ မရှိတော့ပါဘူး..။
လက်ရှိအခြေအနေအရ ကလေးကို ကုသဖို့က သိပ်ပြီး အရေးမကြီးသေးပေ..။လင်းဖန် ရှီးမိုင်ကို ကြည့်ပြီး ပြောလိုက်ပါတယ်..။
"အရင်ထဦး.."
ရှီးမိုင် အအခြေအနေကို သိပ်နားမလည်သေးတော့သူမ ဘာပြောရမလဲတောင် မသိတော့ပေ..။
"ထပါ..ကျွန်တော်ကလေးရဲ့ အခြေအနေကို ဖြေရှင်းပေးပါ့မယ်..။ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကိုသာ သတင်းထောက်တွေကို ပြောလိုက်.."
လင်းဖန် ပြောလိုက်တာပါ..။
သတင်းထောက်တွေဟာ တစ်ချိန်တည်းမှာပဲ ပြောလိုက်ကြတယ်..။
"အစ်မကြီး..မာစတာ လင်းက အဆင်ပြေတယ်လို့ ပြောရင် ဒါက အဆင်ပြေသွားပြီလို့သာ တွေးထားလိုက်တော့..။အခု ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကိုသာ ကျွန်တော်တို့ကို ပြောပါ.."
"ခင်ဗျားကတော့ မာစတာ လင်းကို မသိလောက်ဘူး ..ဒါပေမဲ့ သူက နတ်ဆေးဆရာလေးပဲ..။မရေမတွက်နိုင်တဲ့ လူနာတွေ မာစတာ လင်းကြောင့် ပြန်သက်သာ ခဲ့ကြတာနော်..။မာစတာ လင်းက အစ်မကြီးရဲ့ ကလေး အဆင်ပြေစေရမယ် ပြောမှတော့ ပြန်ကျန်းမာလာတော့မှာ အသေအချာပဲ မဟုတ်လား.."
ယင်းနောက် လင်းဖန် ကျိုးမင်ချင်းနဲ့ အရင်ဆွေးနွေးလိုက်တယ်..။
"ခင်ဗျား အရင်သွားကြည့်ပြီး ဘယ်လို ကုသသင့်သလဲ ပြောကြည့်.."
ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။သူ့ဆရာ သူ့ကို လမ်းညွှန်ပြသ ပေးတော့မယ် ဆိုတာ သူသိထားပြီးသားပါ..။ယင်းနောက် သူ စတင်ပြီး စစ်ဆေးကြည့်လိုက်တော့တယ်..။
အင်တာနက်တွင်..။
ဝိုက်ဘိုပေါ်မှာ သတင်းတစ်ပုဒ်ဟာပေါ်ထွက်လာခဲ့တယ်..။
သတင်းရဲ့ ခေါင်းစဥ္က လိုရင်းတိုရှင်းပါပဲ..။ဒီသတင်းမှာ ဗီဒိယို နဲ့ ဓာတ်ပုံတွေပါ ပါဝင်နေခဲ့ပါတယ်..။ဒါက လူများစွာရဲ့ အာရုံစိုက်မူကို ဆွဲဆောင်နိုင်ခဲ့တယ်..။
"ဒူးထောက် လမ်းလျောက်ခြင်း "
ဒီစကားလုံးနှစ်လုံးက လူတွေကို အံ့ဩသင့်စေပါတယ်..။
အခုချိန်မှာ သတင်းထောက်တွေလည်း ဒီသတင်းကို ရနေကြပါပြီ.။
"ကြည့်လိုက်..သတင်းက ထွကိလာပြီ..။ဒီနောက်ကွယ်မှာ တစ်ခုခု ရှိရမယ်..!
"ငါလည်း ဒီလို ထင်တာပဲ..။ဒီမတော်တဆမူက အခုမှ ဖြစ်တာကို သူတို့က သတင်းအကြောင်းအရာကိုတောင် ရေးပြီးသွားကြပြီ.."
"သူတို့ ဖုန်းနံပါတ် ထားထားတယ်မလား..။ငါတို့ အခြေအနေသိရအောင် ဖုန်းခေါ်ကြည့် လိုက်မယ်.."
"အိုကေ.."
အဲ့အချိန်မှာပဲ သတင်းထောက်တစ်ချို့ဟာ ဖုန်းခေါ်လိုက်ကြပါတယ်..။
"ဟဲလို ကျွန်တော်က ရှန်ဟိုင်းသတင်းဌာနက သတင်းထောက် တစ်ယောက်ပါ.."
သတင်းထောက်ဟာ စတင်ပြီး မေးခွန်းတွေ ထုတ်လိုက်ပါတယ်..။ဒီလူနဲ့ ဘယ်လို ဆက်နွယ်နေတာလဲ ဆိုတာကို သူသိချင်နေခဲ့တာပါ..။
အဲ့အချိန်မှာတော့ လမ်းဘေးမှာ စောင့်ကြည့်နေတဲ့ လူငယ်လေးတစ်ယောက်ဟာ အခြေအနေ ပြောင်းလဲသွားတာ တွေ့လိုက်ရတယ်..။သူ ဖုန်းဆက်ပြီး အကြောင်းကြားချင်ပေမယ့် ဖုန်းခေါ်လို့ မရခဲ့ပါဘူး..။
သူ ကြောင်အပြီး ရပ်ကြည့်နေဖို့သာ တတ်နိုင်ပါတော့တယ်..။
ဖုန်းထဲမှာတော့ ကျိချင် ဟာ ပြောလိုက်တယ်..။
"ဟဲလို ကျွန်တော့က..ဝိုက်ဘိုပေါ်က 'ကြီးမားတဲ့ ပရဟိတ' အကောင့်ပိုင်ရှင်ပါ..။သူက ဒီကိစ္စကိုဟာသလို့ ပြောထားတာ..။ဒါပေမဲ့ ကျွန်တော် ဒါကို သိတဲ့ အချိန်မှာ အရမ်းဒေါသထွက်ရတယ်လေ..။ဒါကြောင့် ဖြစ်နိုင်ရင် ကျွန်တော် ခင်ဗျားရဲ့အင်တာဗျူးကို လက်ခံချင်ပါတယ်.."
သတင်းထောက်တွေဟာ စိတ်ထဲကနေ အေးစက်စွာရယ်မောလိုက်ကြတယ်..။
"အင်တာဗျူးကတော့ ကျိန်းသေ လုပ်ရမှာပါ..။ဒါပေမဲ့ သူကဘာလို့ ဒါကို ဟာသတစ်ခုလို့ ပြောတာလဲ..။သူတို့ ဒါကို ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ဘူးလား..။သူက တာဝန်မယူပဲ ရှောင်လွှဲ ချင်နေတာလား.."
"ကျုပ် ဒီမေးခွန်းကို ပြန်မဖြေနိုင်ဘူး..။ကျွန်တော်က အခု သူနဲ့ ဆက်သွယ်နေရတဲ့ ကြားလူလေ.."
ကျိချင် တည်ငြိမ်စွာ ပြောလိုက်တာပါ..။သို့ပေမယ့် စိတ်ထဲမှာတော့ ကျေနပ်နေခဲ့ပါတယ်..။
သတင်းထောက်တွေဟာ ကျိချင် နဲ့ ဆက်ပြီး စကားပြောနေခဲ့ကြတယ်..။
အဲ့အချိန်မှာတော့ လင်းဖန်က ကလေး အဆင်ပြေအောင် ကုသပြီးနေခဲ့ပါပြီ..။လက်ရှိ သူ့ရဲ့ နည်းလမ်းတွေနဲ့ ဆိုရင် တရုတ်ဆေးပညာရော အနောက်တိုင်း ဆေးပညာ နည်းလမ်းတွေကိုပါ မြင်နိုင်စွမ်း ရှိပါတယ်..။
ဒီနှစ်ခုလုံးက သူနဲ့ ရင်းနှီးပေမယ့်..တရုတ်ဆေးပညာကတော့ သူ ပိုပြီး အသုံးပြုဖြစ်နဲ့ အရာပါ..။
လင်းဖန် ကလေးကို ရှီးမိုင် ဆီ ပြန်ပေးလိုက်တယ်..။
"မနက်ဖြန် ကလေးကို တိမ်ဖြူလမ်းကို ခေါ်လာခဲ့လိုက်..ကျွန်တော် ဆက်ပြီးကုသ ပေးမယ်..။စိတ်မပူနဲ့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး.."
ရှီးမိုင် အသိစိတ် ပြန်ဝင်လာခဲ့တယ်..။သတင်းထောက်တွေက ဒီလူငယ်လေးကို ဆက်တိုက်ချီးကျူး နေပြီး ..နတ်ဆေးဆရာလေးလို့ ဆက်တိုက်ခေါ်နေခဲ့တာပါ..။
ကြည့်ရတာတော့ ဒီလူငယ်လေးက ပုံမှန်မဟုတ်လောက်ပါဘူး..။
"သာလေး တကယ်မဆင်ပြေသွားမှာလား.."
ရှီးမိုင် စိတ်ပူစွာ မေးလိုက်တာပါ..။
"အင်း.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်။ဒီလို ရောဂါမျိုးက ဆေးရုံတက်ရင်လည်း ပြန်ကောင်းလာဖို့ ရာခိုင်နှုန်းများပါတယ်..။သို့ပေမယ့် လုံလောက်တဲ့ ပိုက်ဆံ မရှိတာက ရှီးမိုင်ရဲ့ ပြသနာ ပါ..။
အခု သူတို့တွေ့ဆုံရမယ့် ကံပါလာတဲ့ အတွက်ကြောင့် လင်းဖန် ဒီတိုင်း ထွက်မသွားချင်ပါဘူး..။
လင်းဖန် ထွက်ခွာခါနီးမှာ သတင်းထောက်တွေကို ပြောလိုက်တယ်..။
"ချစ်လှစွာသော သတင်းထောက်တို့ ခင်ဗျားတို့က အမှန်တရားကို ဖော်ထုတ်နိုင်ကြတဲ့ လူတွေပါ..။ဒီနောက်ကွယ်မှာ ပုန်းကွယ်နေတဲ့လူက ကျိန်းသေရှိလိမ့်မယ်..။ခင်ဗျားတို့ အတတ်နိုင်ဆုံး ဖော်ထုတ်ပေးကြပါ..။ဘာပဲဖြစ်ဖြစ် ဒီကိစ္စက မေ့ပစ်ဖို့ ခက်ခဲတယ်လေ.."
သတင်းထောက်တွေဟာ အံ့ဩသွားခဲ့ကြတယ်..။တစ်စုံတစ်ယောက်က သတင်းထောက်တွေကို ဒီလို အလေးထားပြီး တာဝန်ပေးတာကို သူတို့ ပထမဆုံး ကြုံဖူးတာပါ..။
ထပ်ပြောရရင် ပြောတဲ့လူက မာစတာ လင်း ဖြစ်နေခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ သတင်းထောက်တွေဟာ ပြောလိုက်တယ်..။
"စိတ်မပူပါနဲ့ မာစတာလင်း..ကျွန်တော်တို့ ဒီကိစ္စကို သေချာ ဂရုစိူက်ပေးမှာပါ..။ကျွန်တော်တို့ သတင်းထောက်တွေ အနေနဲ့ ဒီလိုလူမျိုးတွေ တည်ရှိနေတာကို ခွင့်မပြုနိုင်ဘူး..။ကျွန်တော်တို့ ဖော်ထုတ်ပေးပါ့မယ်.."
လင်းဖန် ရယ်မောလိုက်တယ်..။ယင်းနောက် သူ အားလုံးကို လက်ဝေ့ယမ်းပြလိုက်ပြီး ကျိုးမင်ချင်းနဲ့ အတူထွကိသွားခဲ့လိုက်ပါတယ်..။လင်းဖန် အတွက်ကတော့ ဒီကိစ္စက သူဝင်ပါဖို့ အထိ မလိုအပ်ပါဘူး
.။
ကားထဲတွက်..။
"မင်ချင်း ဒီနေ့ မတော်တဆမူကို ဘယ်လိုမြင်လဲ.."
လင်းဖန် မေးလိုက်တာပါ..။
ကျိုးမင်ချင်း လေးနက်စွာ ပြောလိုက်တယ်..။
"ဒါက နည်းနည်းတော့ နာကျင်ရတယ်..ပြီးတော့ အကူညီလည်း မဲ့ရတယ်လေ..။သူမမှာသာ ကုသဖို့ ပိုက်ဆံမရှိဘူးဆိုရင် သေဖို့ကိုပဲ စောင့်နေရတော့မှာ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"နောက်တစ်ခါ..ဒီလို မတော်တဆ မူမျိုးတွေ့ခဲ့ရင် ကျော်မသွားပဲ ကျိန်းသေ ကူညီနိုင်အောင် ကြိုးစားပါ..။ခင်ဗျား ကူညီဖို့ အဆင်မပြေဘူးဆိုရင် ကျွန်တော်ကို အကြောင်းကြားပါ.."
ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။
"ကျွန်တော် နားလည်ပါပြီ ဆရာ.."
ကျိုးမင်ချင်းကို အိမ်ပြန်အပို့ အပြီးမှာလင်းဖန် ပြင်ဆင်စရာ ရှိတာတွေ အကုန် ပြင်ဆင်
လိုက္တယ်..။
သူ ဖိအားလျော့ ချက်ပြုတ်အိုး ကိူးလုံး ဝယ်ပြီး ကားထဲထားလိုက်ပါတယ်..။
သူ ရှေးဟောင်းမီးဖို ကို မဝယ်နိုင်ဘူးဆိုတော့ ဒီအိုးတွေ နဲ့ပဲ ကစားရတော့ မှာပါ..။ဘယ်သူက ဘယ်သူ့ကို သတ်နိုင်မလဲ စောင့်ကြည့်ကြတာပေါ့..။
ဒါက ပေါက်ကွဲမူလေးပဲလေ...ဘာများကြောက်စရာ ရှိလို့လဲ..။
တိတ်ဆိတ်တဲ့ နေရာတစ်ခုတွင်..။
ဆူညံတဲ့ အသံတွေ ထွက်ပေါ်နေခဲ့တယ်..။
"ချီးပဲ ဒီပေါက်ကွဲမူက ပြီးခဲ့တဲ့ အခေါက်ကထက်တောင် ပိုဆိုးနေပါလား.."
နောက်ထပ် ပေါက်ကွဲမူ ထပ်ဖြစ်လာခဲ့တယ်..။
ကိုးကြိမ်ပေါက်ကွဲ ပြီးနောက်..။
လင်းဖန် မှတ်မိဖို့ ခက်ခဲနေတဲ့ ပုံစံနဲ့ ဂျစ်ကားထဲက ထွက်လာခဲ့ပါတယ်..။
သူ အသက်ပြင်းပြင်းရူလိုက်တယ်.။
သူ အတင်းပြီး ရှေ့ကို ဖြည်းညှင်းစွာ လျောက်သွားလိုက်တယ်..။
"ဘုရားသခင် ကောင်းချီးပေးပါ..။ကျေးဇူးပြုပြီး..ဆေးလုံးကို ကျွန်တော့်ကို ပေးပါ.."
သူ အနားရောက်လာတဲ့အခါမှာ ကားမီးကြောင့် လဲလျောင်းနေတဲ့ ဆေးလုံးတစ်လုံးကို တွေ့လိုက်ရပါတယ်..။
လင်းဖန် စိတ်လှုပ်ရှားသွားခဲ့တယ်..။
ကျန်တဲ့ ဖိအားလျော့ အိူး ရှစ်အိုး ထဲမှာရော ဘယ်လိုဆေးမျိုးရှိနေမလဲ သူ မျှော်လင့်ချက်တွေ ပြည့်နှက်လာခဲ့ပါပြီ..။