မြေကြီး ချိုင့်တွင်းတွေနဲ့ ထပ်ပြီး မရှုပ်နဲ့တော့..
Vol. 38 Ch. 564
#ဘာသာပြန် = စနိုးဝှိုက်
ကွဲကြေနေတဲ့ ဆေးပြားလေးတွေကို မြင်ရတာက သူ့ကို ခံစားရစေပါတယ်..။တကယ်လို့ သူသာ ပိုကောင်းတဲ့ ဆေးလုံးတွေ ဖန်တီးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ..။အမှန်တကယ်ပဲ ဒီဆန်းကြယ်တဲ့ အသိပညာ အခန်းက သွားရှုပ်လို့ မရပါဘူး..။
ဖိအားလျော့ ချက်ပြုတ်အိုး ပေါက်ကွဲတဲ့ ကိစ္စကို တော့ သူ သိရှိနိုင်ခဲ့ပါတယ်..။
အိုးထဲမှာ ဖိအားတွေဟာ မြင့်တက်နေပြီး..ဆေးအနှစ်တွေကလည်း စိမ့်ဝင်ပျံ့နှံ့နေခဲ့တာပါ..။တကယ်လို့ သူ့မှာသာ အိတ်စ်ရေး မှန်ပြောင်းရှိရင် ဆေးအိုးမပေါက်ကွဲခင်မှာ..ဆေးအနှစ်တွေ စုဝေးနေတာကို မြင်ရမှာပါ..။ပေါက်ကွဲမူ ဖြစ်တဲ့ အချိန်မှာတော့ ဒါတွေက ဆေးလုံးအဖြစ်ပြောင်းလဲ သွားခဲ့ပါပြီ..။
ဒီနောက်ကွယ်မှာ သီအိုရီ တစ်ခုရှိနိုင်ပါတယ်..။သို့ပေမယ့် လင်းဖန်လည်း အတိအကျတော့ မသိသေးပါဘူး..။
လင်းဖန် မြေချိုင့်တွင်းထဲမှာ ရှိနေတဲ့ ဆေးလုံးကို လက်နှစ်ချောင်းနဲ့ လှမ်းယူလိုက်တယ်..။
"ဟေး..မဆိုးပါလား.."
လင်းဖန်ရဲ့ မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်..။ဒါက ပြည့်စုံတဲ့ ဥာဏ်ကောင်းစေသော ဆေးလုံး တစ်ခုပါ..။ပြီးတော့ ဒါက အရင်တစ်ခေါက်ထက်လည်း ပိုကောင်းမွန်ပါတယ်..။ဒါကကွဲကြေမနေတော့ ပြည့်စုံတယ်လို့ ပြောလို့ရပါတယ်..။
ယင်းနောက် သူ ကျန်နေတဲ့ မြေကြီး ချိုင့်တွင်းတွေကို လိုက်ကြည့်လိုက်တယ်..။
သူ အကျိုးမသက်ရောက်တဲ့ ဥာဏ်ကောင်းစေသော ဆေးသုံးလုံးနဲ့..သာမန်အဆင့် ဆေးသုံးလုံးကို ရလိုက်ပါတယ်..။ဒီမှာ ပြည့်စုံတဲ့ အဆင့်ကို တစ်ခုမှ မရောက်ပါဘူး..။
ထပ်ပြောရရင် ဖိအားလျော့ ချက်ပြုတ်အိုးက ခံနိုင်ရည်အားနည်းတော့ အကျိုးမရှိတဲ့ ဆေးလုံးတွေကို များစွာ ထုတ်လုပ်နိုင်ပါတယ်..။သို့ပေမယ့် အနည်းဆုံး ဒိီအိုးက ဆေးလုံး ဖော်စပ်နိုင်တဲ့ အတွေ့အကြုံကို သူရရှိခဲ့ပါပြီ..။
အကျိုးမသက်ရောက်တဲ့ ဆေးလုံး တွေက ဘာအကျိုးသက်ရောက်မူမှ မရှိပဲ..အသုံးလည်း မဝင်ပေ..။
သာမန် ဥာဏ်ကောင်းစေသော ဆေးလုံး ကတော့ အနည်းငယ် အသုံးဝင်တယ်လို့ ပြောလို့ရပါတယ်..။သို့ပေမယ့် အသုံးပြုသူက..သူ့ရဲ့ဦးနှောက်ကို အမြဲတမ်း တကိကြွအောင် ထားထားမှာပါ..။
သူ ဥာဏ်ကောင်းစေသော ဆေးလုံးတွေကို အိပ်ကပ်ထဲထည့်လိုက်တယ်..။သူ ရှေးဟောင်း မီးပြင်းဖို မရှိပဲ နောက်ထပ် ဆေးဖော်စပ်လို့ မရဘူးဆိုတာကို သိလိုက်ပါပြီ..။ပါဝင်ပစ္စည်းတွေက စျေးကြီးတဲ့ အပြင် ရင်းနှီးရတာလည်း အရမ်းကို အန္တရာယ် များလွန်းတာပါ..။
လင်းဖန် ထိခိုက်ပျက်စီးနေတဲ့ ဂျစ်ကားကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။တကယ်လို့ ဝမ်မင်ယန်သာ ဒါကို သိရင် ဘယ်လိုပုံစံဖြစ်သွားမလဲ သူမသိတော့ပါဘူး..။
အခုက နောက်ကျနေပြီဖြစ်တဲ့ အတွက် လင်းဖန် အနားယူဖို့ အိမ်ကိုသာ တန်းပြန်လာခဲ့လိုက်ပါတယ်..။
နောက်တစ်ရက်..။
မနက်ခင်းတွင်..။
တိမ်ဖြူလမ်း..။
လူလိမ် ထျန် အံ့ဩသင့်တဲ့ လေသံနဲ့ ပြောလိုက်တယ်..။
"ချီးပဲ ကောင်လေး မင်းမနေ့ညက ဘာလုပ်လာတာလဲ..။မနေ့က အေးဆေးပဲ မဟုတ်ဘူးလား..။ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်လာတာလဲ.."
သူ မနေ့ကတွေ့တော့ ဂျစ်ကားက လုံးဝ အကောင်းအတိုင်းရှိနေသေးပေမယ့် ဒီနေ့တော့ မှတ်မိဖို့တောင် ခက်ခဲနေခဲ့ပါပြီ..။
လင်းဖန် သက်ပြင်းချလိုက်ပြီး..
"ဒါက ပုံပြင်ရှည်တစ်ပုဒ်လိုပဲ..။ကျုပ် ပြောလို့ မရဘူး.."
လင်းဖန်လည်း အကူညီမဲ့နေခဲ့တယ်..။ဒါကလည်း သူမြင်ချင်တဲ့ ပုံစံ မဟုတ်ပါဘူး..။ဒီလိုဖြစ်လာလိမ့်မယ် လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..။
အခုတော့ သူ ဝမ်မင်ယန် ကို ဘယ်လိုပြောရမလဲ မသိတော့ပါဘူး..။သူက အရည်ထူတဲ့ လူမဟုတ်ပေ..။သူ နှစ်ရက်အတွင်း ကားနှစ်စီးကို ဖျက်ဆီးမိတာက အတော်ကို ဆိုးရွားတဲ့ အရာပါ..။
ကျောက်ကျန်းယန် မေးလိုက်တယ်..။
"အစ်ကိုလင်း မနေ့က ဘယ်သွားခဲ့တာလဲ..။ဝက်ဆိုဒ်တွေမှာ သတင်းတွေ တက်နေပြီနော်.."
"အဲလိုလား.."
လင်းဖန် သိချင်စွာ ကြည့်လိုက်ပါတယ်..။
မနေ့က မတော်တဆမူက..သတင်းေတွ ပေါ်ထွက်လာခဲ့ပါပြီ..။နောက်ကွယ်က ဆိုးယူတ်တဲ့လူကို လည်း ဖော်ထုတ်နိုင်ခဲ့ပြီး အခုဆိုရင် ဒီလူက လူများစွာရဲ့ ကျိန်ဆဲမူကို ခံနေရပါပြီ..။
သူ ဒီလို အရာကို လုပ်တာက မြို့သားတွေကို ဒေါသထွက်စေဖို့ လုံလောက်တာထက်ကို ပိုနေခဲ့ပါတယ်..။
လင်းဖန် ဒီကိစ္စကို သိပ်ဂရုမစိုက်ခဲ့ပေ..။သူ ဒီတိုင်းစောင့်နေခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ..။
သက်လတ်ပိုင်း အရွယ်အမျိုးသမီး တစ်ယောက်ဟာ..ကလေးတစ်ယောက်ကို လက်ကပိုက်ပြီး တိမ်ဖြူလမ်းကို ရောက်လာခဲ့တယ်..။ဒီမှာက ဆိုင်တွေအများကြီး ရှိနေတော့ နတ်ဆေးဆရာလေးရဲ့ ဆိုင်က ဘယ်နားမှာလဲ သူမ မသိခဲ့ပါဘူး..။
"အစ်ကိုကြီး နတ်ဆေးဆရာလေးရဲ့ ဆိုင် ဘယ်နားမှာလဲ သိပါရစေ.."
ရှီးမိုင် သိချင်စွာ မေးလိုက်တာပါ..။သူမ နောက်တစ်ကြိမ် စိတ်မပျက်ချင် တော့ပါဘူး..။သူမ မတော်တဆမူတွေ တစ်ခုပြီး တစ်ခုဖြစ်နေခဲ့တာပါ..။တကယ်လို့ ဒီတစ်ကြိမ်ပါ အတုအယောင်ဆိုရင် သူမ ဘာဆက်လုပ်ရမလဲ သိတော့မှာ မဟုတ်ပေ..။
သက်လတ်ပိုင်း အရွယ်လူကြီးဟာ အံ့ဩသွားခဲ့ပြီး..
"ဟေး..မင်းက မနေ့က သတင်းတွေထဲက အမျိုးသမီး မဟုတ်လား..။ဟုတ်သားပဲ မင်းရဲ့ကလေးက ဖျားနေတာမလား..။သူဌေးလေးက ကျိန်းသေ ကုသဖို့ သဘောတူမှာပါ..။လာ ငါမင်းကို သူဌေးလေးဆီ ခေါ်သွားပေးမယ်.."
ရှီးမိုင် သူ့အပေါ် လူတစ်ယောက်က ဒီလောက် ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။သူမ ကြောက်လန့်စွာ မေးလိုက်တယ်..။
"အစ်ကိုကြီး ..သူဌေးလေးက ဘယ်သူလဲ..။ကျွန်မ က နတ်ဆေးဆရာလေးကို ရှာနေတာပါ.."
"ဟီးဟီး သူဌေးလေးက နတ်ဆေးဆရာလေးပဲလေ..။ငါပြောပြမယ် ..သူဌေးလေးက..အနည်းငယ် ပျင်းရိပေမယ့် သူ့ရဲ့နှလုံးသားကတော့ အရမ်းကြင်နာ တတ်တာ..။ဒါပေမဲ့ ငါတို့ကတော့ သူဌေးလေးကို အမြဲတမ်း လေးစားဂုဏ်ယူကြရတယ်လေ.."
သက်လတ်ပိုင်းအရွယ် လူကြီးက ရယ်မောပြီး ပြောလိုက်တာပါ..။သူလည်း အစကတိမ်ဖြူလမ်းက မဟုတ်ပါဘူးသို့ပေမယ့် ဒီနေရာကို အကြိမ်အနည်းငယ် လာအပြီး မှာ အတော်ကို သဘောကျသွားခဲ့ပါတယ်..။
တစ်ခါတစ်ရံ သူဆိုင်တစ်ဆိုင်ကို ဝင်ပြီး ဘာမှမဝယ်ရင်တောင် ဆိုင်ပိုင်ရှင်တွေက ယဥ္ကျေးစွာ ဆက်ဆံပေးကြပါတယ်..။ထပ်ပြောရရင် ဒီကလူတွေက အပြင်ကလူတွေနဲ့ မတူလောက်အောင်ကို ရိုးသားကြတာပါ..။
ပိုပြီး အရေးကြီးတာက သူတို့မှာ သူဌေးလေးနဲ့ သူ့ရဲ့ ပန်ကိတ်တွေ ရှိနေခဲ့တာပါ...။သူဒီနေရာကို ရွေ့ပြောင်းလာခဲ့တာပါ..။
ရှိီးမိုင် လူကြီး နောက်ကနေ သိချင်စွာ လိုက်လာခဲ့တယ်..။အဲ့အချိန်မှာတော့ သက်လတ်ပိုင်းအရွယ်လူကြီးဟာ လူတိုင်းနဲ့ ရင်းနှီးနေပြီး အကုန်လုံးကို..နှုတ်ဆက်နေခဲ့ပါတယ်..။
"ဒါက မနေ့က သတင်းမှာ ပါလာတဲ့ သနားစရာ ကလေးလေးလေ..။သူဌေးလေးက ဒီကလေးကို ကုသပေးတော့မှာ.."
"အာ..သွားပြီး ကြည့်ကြရအောင်.."
"ငါမနေ့က သတင်းကြည့်ပြီးတောင် ဒေါသထွက်သွားခဲ့သေးတယ်..။ဒီလူတွေက အတော်ဆိုးရွား ကြတာပဲ.."
"ဟုတ်တယ်..သူဌေးလေး က အဲ့နားက ဖြတ်လာတာ ကံကောင်းသွားတယိ.."
"အစ်မကြီး နောက်တစ်ခါ လူတွေကို အလွယ်တကူ မယုံကြည်နဲ့တော့နော်..။ကြည့်..ခင်ဗျားသာ သူဌေးလေးနဲ့ မတွေ့ရင် အခြေအနေတွေ ပိုဆိုးကုန်မှာ.."
တိမ်ဖြူလမ်းရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ သူ့တို့ကို သူတို့ ဂုဏ်ယူနေခဲ့ကြပါတယ်..။သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေက ပိုပြီး ကျယ်ပြန့်လာနေတာတောင် တိမ်ဖြူလမ်းကနေ မပြောင်းရွေ့ချင်ကြပါဘူး..။သူတို့ အတွက်တော့ တိမ်ဖြူလမ်းမှာ နေခွင့်ရတာက ဘာဝင်ငွေမှ မရှိရင်တောင် ထိုက်တန်ပါတယ်..။
ရှီးမိုင်ဟာ ဒီလူတွေ အကုန်လု သူမကို ရင်းနှီးစွာ ဆက်ဆံနေကြတာ မြင်ပြီး စိတ်သက်သာရာ ရသွားခဲ့တယ်..။
"ကျေးဇူးပါ အားလုံးပဲ.."
ဆိုင်ပိုင်ရှင်တွေဟာ လည်း စုဝေးလာခဲ့ကြပါတယ်..။
"သူဌေးလေး သူမရောက်နေပြီ ကလေးကို ကြည့်ပေးလိုက်ပါဦး..။သူမ တကယ် သနားဖို့ကောင်းတယ်.."
"တကယ်လို့ သူဌေးလေးသာ သူမကို ကုသပေးရင်တော့ ဒါသူမရဲ့ ကံကောင်းခြင်းပဲ.."
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"ကောင်းပြီ ကောင်းပြီ..ကျုပ်သူမကို ကုသပေးမှာပါ..။ခင်ဗျားတို့ အလုပ်သွားမလုပ်ကြဘူးလား.."
"အလုပ်က အရေးမကြီးပါဘူး..။ကျွန်တော်တို့ သူဌေးလေး ဆေးကုတာကို စောင့်ကြည့်ရမယ်လေ.."
"ဟုတ်တယ်.."
လင်းဖန် ရယ်မောလိုက်ပြီး ဘာမှ မပြောတော့ပါဘူး..။သူတို့က ကြည့်ချင်ကြတယ် ဆိုမှတော့ ကြည့်ခွင့်ပေးရမှာပါ..။
ရှိီးမိုင် လင်းဖန်ရှေ့ကို သွားပြီး ပြောလိုက်တယ်..။
"နတ်ဆေးဆရာလေး..."
"ကျုပ်ကို ကလေးပေးပါ..။စိတ်မပူနဲ့ ဘာပြသနာမှ ဖြစ်လာမှာ မဟုတ်ဘူး.."
လင်းဖန် တတ်နိုင်သလောက် သူမကို နှစ်သိမ့်လိုက်တယ်..။ဒီလို အတော်ဆုံး နတ်ဆေးဆရာ ရှိနေမှတော့ ဘာဖြစ်နိုင်ဦးမှာလဲ..။
ကလေးက လပိုင်းပဲ ရှိပါသေးတယ်..။သူမက စကားမပြောတတ်သေးခင်မှာပဲ ဝေဒနာကို ခံစားေိရတာပါ..။အားလုံး စိတ်ထဲမှာ ခံစားနေကြရတယ်..။
ဘယ်လောက် သနားဖို့ကောင်းလဲ..။
သို့ပေမယ့် သူဌေးလေး ကုသပေးပြီးသွားရင် ကောင်းသွားတော့မှာပါ..။
လင်းဖန် ကလေးရဲ့ မျက်ခွံကို လှန်ကြည့်လိုက်တဲ့ အချိန်မှာ အကုန်လုံး အံ့ဩသင့်သွားခဲ့တယ်..။သူတို့ ကလေးရဲ့ မျက်လုံးကို ကြည့်လိုက်တဲ့ အချိန်မှာ မဖြူရောင် အစက်အပြောက်ကြီးကို မြင်လိုက်ကြရတာပါ..။ထပ်ပြောရရင် ဘေးနားမှာ အနီရောင် အစက်အပြောင်းလည်း ရှိနေပြီး အတော်ကို ကြောက်ဖို့ ကောင်းပါတယ်..။
ရှီးမိုင် ကြောက်ရွံ့စွာ မေးလိုက်တယ်..။
"နတ်ဆေးဆရာလေး သမီးရဲ့ မျက်လုံးကို ဖယ်ထုတ်စရာ တော့ မလိုပါဘူးနောိ.."
သူမ ဆေးရုံတွေကို သွားလိုက်တိုင်း ကလေးရဲ့ မျက်လုံးကို ဖယ်ထုတ်ဖို့သာ အကြံဥာဏ်ပေးခဲ့ကြတာပါ..။ဒီနည်းလမ်းကသာ အောင်မြင်ဖို့ ရာခိုင်နှုန်း အများဆုံးပါပဲ..။
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"မျက်လုံးကို ဖယ်ထုတ်တယ် ဆိုတာက ရွေးချယ်စရာ မရှိပဲ လုပ်ရတဲ့ အရာပဲ..။ဘာပဲဖြစ်ဖြစ်ကင်ဆာဆဲလ်တွေ ဦးနှောက်ထိ ရောက်အောင် စောင့်နေရင် နောက်ကျသွားလိမ့်မယ်..။ဒါပေမဲ့ စိတ်မပူပါနဲ့ ကျုပ်ကုသပေးရင် ခင်ဗျားရဲ့ သမီး ပြန်ကောင်းလာမှာပါ.."
ရှီးမိုင်လည်း ရွေးချယ်စရာ မရှိတော့ပါဘူး..။သူမ နည်းလမ်းမျိုးစုံ ကြိုးစားပြီးသွားပါပြီ..။သူမ ကလေးရဲ့ မျက်လုံးကို ဖယ်ထုတ်ရမယ် ဆိုရင်တော့ သေသွားတာကမှ ပိုကောင်းဦးမှာပါ..။