← Chapters

လူတိုင်းက သိချင်နေကြတယ်..

Vol. 38 Ch. 565

လူတိုင်းက သိချင်နေကြတယ်..

Vol. 38 Ch. 565

#ဘာသာပြန် = စနိုးဝှိုက်

မြို့သားတွေဟာ အံ့ဩသွားခဲ့ကြတယ်..။

"ဒါက အတော်ဆိုးတာပဲ.."

"တကယ်လို့ သူမ ငယ်ငယ်ရွယ်ရွယ်မှာသာ..မျက်လုံးဆုံးရှုံးသွားရရင် အနာဂတ်မှာ ဘယ်လို လုပ်မလဲ.."

"ဒါပေမဲ့ ကံကောင်းချင်တော့ သူမ သူဌေးလေးနဲ့ တွေ့ခွင့်ရခဲ့တယ်လေ..။အကုန်လုံး အဆင်ပြေသွားမှာပါ.."

"သူဌေးလေး ကုသလို့ ရလောက်ပါ့မလား.."

သူတို့ အကုန်လုံး ဒီကိစ္စကို စိတ်ထဲက စိုးရိမ်နေကြပေမယ့် ..သူတို့ရဲ့ စိတ်ထဲမှာတော့..သူဌေးလေး ကုသနိုင်မယ် ဆိုတာကို ယုံကြည်နေခဲ့ကြပါတယ်..။

လင်းဖန် ပြောလိုက်တယ်..။

"ကောင်းပြီ..အားလုံးပဲ စိတ်အေးအေးထားကြပါ..။ကျွန်တော် အခုစတင်ပြီး ကုသတော့မယ်.."

လင်းဖန် ဒီနေ့ ဒီကလေးကို ကုသရတော့မယ် ဆိုတာ သိတာကြောင့် ဆိုင်ကိုရောက်လာတုန်းက လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်..။သူလို့ အဆင့်နဲ့ လူတစ်ယောက်တောင်..ဒီလိုရောဂါမျိုးကို ကုသဖို့က..အနည်းငယ် ခက်ခဲနိုင်ပါတယ်..။သို့ပေမယ့် သူလိုအပ်တဲ့..အမှတ်တွေကို အပ်စိုက်ပြီး..စွယ်စုံကျမ်း ရဲ့ အားဖြည့်မူကို ယူလိုက်ရင် ..သူမ ဆေးသောက်ဖို့ပဲ လိူအပ်တော့မှာပါ..။

ဘေးနားက လူတွေဟာလည်း ဒီမြင်ကွင်းကို..တစ်ချက်မှ မစောင့်ပဲ ကြည့်နေခဲ့ကြတယ်..။ဒါက သူတို့ သူဌေးလေး တစ်စုံတစ်ယောက်ကို ဆေးကုတာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် သိချင်နေခဲ့ကြတာပါ..။

သူတို့ လင်းဖန် ငွေအပ်တစ်ချို့ကို ယူပြီး..အမှတ်အနည်းငယ် ကို စိုက်တာ မြင်လိုက်ရတယ်..။လူတိုင်းက အံ့ဩသင့်နေခဲ့ကြပါတယ်..။သူတို့ထဲက တစ်ချို့က ကြောက်ရွံ့နေကြပြီး တစ်ချို့က စိတ်လှုပ်ရှားနေခဲ့ကြတယ်..။ယင်းနောက် သူတို့ တီးတိုးဆွေးနွေးလိုက်ကြပါတယ်..။သို့ပေမယ့် သူဌေးလေးကို အနှောက်အယှက်ဖြစ်မှာကြောင့် အကျယ်ကြီးလည်း မပြောရဲကြပါဘူး..။

သူ့ရဲ့ လက်ဟာ..ကလေးရဲ့ ခန္တာကိုယ်ပေါ်မှာ ရှိနေပြီး..စွယ်စုံကျမ်းရဲ့ အားဖြည့်မူနဲ့ အတူ..သူမရဲ့ ကိုယ်ထဲက ကင်ဆာ ဆဲလ် တွေကို ဖယ်ထုတ်ပေးနေခဲ့ပါတယ်..။

"ဟေး..သူဌေးလေးရဲ့ ဒီနည်းစနစ်က အံ့ဩဖို့ ကောင်းပါလား.."

"ဒါက အံ့ဩဖို့ကောင်းတာ မင်းဘယ်လို သိတာလဲ.."

"ကြည့်တာနဲ့ မတွေ့ဘူးလား..။သူဌေးလေး ဒီနည်းစနစ်ကို သုံးလိုက်တာနဲ့ ကလေးရဲ့ မျက်နှာက ပိုကောင်းလာတယ်.."

"ဒါအမှန်ပဲ.."

အချိန်တွေဟာ တစ်မိနစ်ပြီး တစ်မိနစ်..တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်သွားခဲ့တယ်..။

ဝူယူလန် နဲ့ ကျန်တဲ့လူတွေဟာလည်းဘေးနားမှာ သိချင်စွာ ကြည့်နေခဲ့ကြပါတယ်..။

နာရီဝက်ကြာပြီးနောက်..။

လင်းဖန် ငွေအပ်တွေကို ဖယ်ထုတ်လိုက်တယ်..။သူ အပ်တွေကို ဖယ်ပြီးတဲ့ နောက်မှာ စာရွက်တစ်ရွက်ပေါ်မှာ ဆေးညွှန်းရေးလိုက်ပါတယ်..။

"သူမရဲ့ အခြေအနေက အခြေခံအားဖြင့် တည်ငြိမ်သွားပြီ..။ဒါပေမဲ့ သူမ ဆေးကို တစ်ရက် သုံးကြိမ် တစ်လလောက် သောက်ဖို့ လိုအပ်သေးတယ်..။မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညတစ်ကြိမ်ပေါ့..။ပြီးရင်တော့ ကလေးကို ခေါ်ပြီး ဆေးရုံမှာ သွားစစ်ဆေးကြည့်လို့ရပြီ..။ကလေးက ပြန်ကောင်းသွားလိမ့်မယ်..။

ရှီးမိုင်ဟာ ..မတ်တတ်ရပ်ကာ ကြောင်အနေခဲ့ပြီး ယုံတောင် မယုံနိုင်ခဲ့ပါဘူး..။ဘေးနားက လူတွေ ပြောသံ ကြားမှသာ သူမ အသိစိတ်ပြန်ဝင် လာခဲ့တာပါ..။ယင်းနောက် သူမ ပျော်ရွှင်နေတဲ့ မျက်နှာနဲ့ မေးလိုက်တယ်..။

"နတ်ဆေးဆရာလေး..ကျွန်မသမီး ပြန်ကောင်းလာမှာလား..."

လင်းဖန် ပြန်ဖြေလိုက်တယ်..။

"အခုတော့ မကောင်းသေးဘူးလေ..ဒါပေမဲ့ ကျွန်တော် ပြောတဲ့ ဆေးကို သေချာတိုက် ပြန်ပြီးတော့ ကျန်းမာလာလိမ့်မယ်..။ဒီအတောအတွင်းမှာ သူမကို ဆန်ပြုတ်ပဲ တိုက်ရမယ် နော်..တစ်ခြားအရာတွေ ကြွေးလို့ မဖြစ်ဘူး.."

ရှီးမိုင် ခေါင်းညိမ့်လိုက်တယ်..။သူမရဲ့ တုန်ရီနေတဲ့ လက်တွေနဲ့ ..ဆေးညွှန်းကို ယူပြီး အိတ်ထဲ ထည့်လိုကိပါတယ်။ဒါက သူမအတွက်တော့ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး အရာတစ်ခုပါပဲ..။

ဘေးနားက မြို့သားတွေဟာ မေးခွန်းတွေ မေးလိုက်ကြတယ်..။

"သူဌေးလေး သူမက ဆေးကို သေချာ သောက်လိုက်ရင် ပြန်ကောင်းလာတော့မှာလား..."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..အခြေအနေ အကုန်လုံးက ပုံမှန်ပဲ ဆိုရင် တော့ ဘာပြသနာမှ ဖြစ်လာမှာ မဟုတ်ဘူး..။ပြီးတော့ ..ခင်ဗျားတို့ အကုန်လုံး ကျုပ်ရဲ့ ဆေးပညာကို မယုံကြည်သလို ဖြစ်နေကြတာလား.."

လူအုပ်ကြီးဟာ အလျင်အမြန် ခေါင်းခါယမ်းလိုက်ကြတယ်..။

"ဘယ်လို ဖြစ်နိုင်မှာလဲ..သူဌေးလေးရဲ့ ဆေးပညာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ..။ဘယ်သူက သံသယဝင်ရဲမှာလဲ.."

"ဘယ်သူက ဒီလို မေးခွန်းမျိုးမေးတာလဲ..။ငါတို့ သူဌေးလေးကို ဘယ်သူ သံသယ ဝငိရဲလို့လဲ..."

"သူဌေးလေး ဆိုတာ ဘယ်သူလဲ မသိဘူးလား..။ကျော်ကြားလှပါတယ်ဆိုတဲ့ နတ်ဆေးဆရာလေးက သူပဲလေ.."

ချီးကျုးမူတွေကို ကြားတဲ့ အချိန်မှာ လင်းဖန် ကျေနပ်စွာ ခေါင်းညိမ့်လိုက်တယ်..။

မဆိုးဘူး..ဒီလိုပဲ ဖြစ်သင့်တာ..။

ရုတ်တရက်..။

ရှီးမိုင် လင်းဖန် ရှေ့မှာ ဒူးထောက်ချလိုက်ပါတယ်..။

"ကြင်နာမူ အတွက် ကျေးဇူးပါပဲ နတ်ဆေးဆရာလေး..။ကျေးဇူးပါ...."

"အင်း..အစ်မကြီး ..အမြန်ထပါ..။ဒါက တိမ်ဖြူလမ်းလေ..ဒီလိုမျိုး အရာတွေ မလိုအပ်ပါဘူး.."

လင်းဖန် တွေဝေချင်းမရှ်ိ ပြောလိုက်တာပါ..။ဘေးနားမှာ ရပ်နေတဲ့ မြို့သားတွေဟာ..ရှီးမိုင်ကို ကူဖေးမလိုက်ပြီး ပြုံးလိုက်တယ်..။

"အစ်မကြီး ကျွန်တော်တို့ သူဌေးလေးက ဒါမျိုးတွေ မကြိုက်ဘူးနော်..."

"ဒါအမှန်ပဲ..ကျွန်တော်တို့ တိမ်ဖြူလမ်းက စီးပွားရေးလမ်း ဖြစ်ပေမယ့် တစ်ယောက်ကို တစ်ယောက် ကူညီပြီး နေကြတာလေ.."

"ကလေးရဲ့ ကျန်းမာရေးက တကယ် အရေးအကြီးဆုံးပဲ..။ကလေး ပြန်ကောင်းသွားရင်တောင် သေချာ ဂရုစိုက်ပေးမှ ရမယ်နော်.."

ရှီးမိုင် ခံစားသွားရပြီး မျက်ရည်တွေ ကျလာခဲ့ပါတယ်..။သူမ ကျေးဇူးတင်စွာ ပြောလိုက်တယ်..။

"အားလုံးကို ကျေးဇူးတင်ပါတယ်..။ကျေးဇူးတင်ပါတယ်.."

လင်းဖန် ရှီးမိုင် ရဲ့ အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး အကူညီမဲ့စွာ သက်ပြင်းချလိုက်ပါတယ်..။သူ တစ်စုံတစ်ယောက်ကို ကူညီပြီ ဆိုမှတော့ အဆုံးအထိ ကူညီသင့်ပါတယ်..။သူ ပိုက်ဆံထားတဲ့ နေရာကို သွားလိုက်ပြီး ပိုက်ဆံ အနည်းငယ် ယူလိုက်တယ်..။

"အစ်မကြီး..ဒါက ဒေါ်လာ ၁ သောင်း..။ယူထားလိုက်ပါ..။ကလေးအတွက် ဆေးဝယ်ဖို့နဲ့ အာဟာရ ရှိတာတွေ ​ကျွေးဖို့ဆိုရင် ပိုက်ဆံလိုအပ်တယ်လေ.."

"နတ်ဆေးဆရာလေး ကျွန်မ မယူပါရစေနဲ့..။နတ်ဆေးဆရာလေးက အကောင်းဆုံးတောင် လုပ်ပေးပြီးသွားပြီလေ..။ပိုက်ဆံတော့ ထပ်မယူပါရစေနဲ့.."

ရှီးမိုင် မယုံကြည်နိုင်စွာ ပြောလိုက်တာပါ..။ကမ္ဘာကြီးပေါ်မှာ ဒီလိုလူတွေ ရှိလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး..။

လင်းဖန် ပိုက်ဆံကို သူမလက်ထဲ အတင်းထည့်ပေးလိုက်တယ်..။

"ယူလိုက်ပါ..အစ်မကြီးရဲ့ အခြေအနေကို ကျွန်တော် သိပါတယ်..။အစ်မကြီး အဆင်ပြေသွားပြီ ဆိုမှ..ကျွန်တော် အတွက် ဆိုင်းဘုတ်ဖြစ်ဖြစ် ယူလာပေးပေါ့..။ကျွန်တော်က တစ်ခြားဟာ တွေရင် မကြိုက်ဘူးနော်..။ဒီလို အရာတွေကပဲ ကောင်းတာ.."

ရှီးမိုင် နတ်ဆေးဆရာလေးကို ကြည့်ပြီး ကျေးဇူးတင်စွာ ပြောလိုက်တယ်..။

"ကျေးဇူးတင်ပါတယ်.."

မြို့သားတွေဟာ ရယ်မောလိုက်ကြပြီး..

"သူဌေးလေးက နိုင်ငံတော်က ပေးထားတဲ့ နိုင်ငံသားကောင်း ဆုတံဆိပ်တွေ အများကြီး ရနေပြီ..။ငါတို့လည်း တိမ်ဖြူလမ်းကို အရှက်ရအောင် လုပ်လို့ မဖြစ်ဘူး..။အားလုံးပဲ ပိုက်ဆံ လေးတွေ ထုတ်ကြရအောင်..။ဒီကိစ္စက ရိုးရိုးသား ပါဝင်ကြရမယ့် ပရဟိတပဲ.."

"ကောင်းပြီလေ..ငါ ကလေးရဲ့ ခန္တာကိုယ် ပြန်ကောင်းလာဖို့ အတွက် ဒေါ်လာ ၂၀၀ ပါဝင်မယ်.."

"ငါက ဒေါ်လာ ၁၀၀.."

"ငါက ဆင်းရဲတယ်..။ငါရှာသမျှ ပိုက်ဆံ အကုန်လုံးကို ငါ့မိန်းမကပဲ သိမ်းပိုက်ထားတာလေ..။ငါ့မှာ ဒေါ်လာ ၅၀ ပဲရှိတယ်.."

လင်းဖန် မြင်ကွင်းကို မြင်တဲ့ အချိန်မှာ..ရယ်မောလိုက်တယ်..။ဒါက သူတို့အတွက်ဆိုရင် များပြားတဲ့ ပိုက်ဆံ မဟုတ်ပါဘူး..။သူတို့ဟာသူတိုဆို ဆေးလိပ်သောက် လဖက်ရည်သောက်ပြီး ကုန်သွားမှာပါ..။သိူ့ပေမယ့် ကလေးကို လှူလိုက်တဲ့ အတွက် များစွာ အကျိုးရှိစေပြီး ပီတိဖြစ်ရပါတယ်..။

ရှီးမိုင် ..ပြောစရာ စကားကင်းမဲ့သွားခဲ့တယ်..။သူမ တကယ် ခံစားနေခဲ့ရတာပါ..။သူမ ဒီလို လူမျိုးတွေကို အရင်တုန်းက တစ်ခါမှ မကြုံခဲ့ဖူးပါဘူး..။သူမ သမီး နေမကောင်း ဖြစ်ကတည်းက သူမရဲ့ ဆွေမျိုးတွေ ဆိုရင်လည်း သူမရဲ့ အဝေးမှာပဲ နေကြပါတော့တယ်..။အရင်တုန်းက ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းကောင်းတွေကလည်း ပြောင်းလဲ ကုန်ကြပါပြီ..။

လူတိုင်းက သူမသမီးရဲ့ အခြေအနေနဲ့..ကုသမူ ကုန်ကျစရိတ်ကို သိထားကြပါတယ်..။ဒါကြောင့် သူမ ပိုက်ဆံချေးတာကနေ ရှောင်ကြဥ္ဖို့ သူမနဲ့ အဝေးမှာနေတာက အကောင်းဆုံး ရွေးချယ်မူပါပဲ..။

ရှီးမိုင် ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ပဲ သူမရဲ့ ဆိုးရွားတဲ့ ကံတရားကိုသာ အပြစ်တင်ခဲ့ပါတယ်..။အဲ့အချိန်မှာတုန်းက သူမ လက်လျော့လိုက်ချင်ပေမယ့် အံကြိတ်ပြီးသာ ရှေ့ဆက်ခဲ့တယ်..။

အဆုံးမှာတော့ ရှီးမိုင် ထွက်သွားခဲ့ပါတယ်..။သူမ ရင်ထဲမှာတော့ မျှော်လင့်ချက်တွေ အပြည့်နဲ့ပါ..။သူမရဲ့ ကလေး အခုက စပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရရှိနိုင်ဖို့ သူမ အစွမ်းကုန်ကြိုးစားဖို့ ဆုံးဖြတ်ထားခဲ့တယ်..။

လင်းဖန် ဆိုင်ပိုင်ရှင်တွေကို..ကြည့်လိုက်တယ်..။

"ခင်ဗျားတို့..မြန်မြန် စျေးသွားမရောင်းကြဘူးလား..။ကာစတန်မာတွေက ဆိုင်ရှင်ကို မတွေ့ရင် ပြန်ထွက်သွားကြလိမ့်မယ်.."

အမှန်တကယ်ပဲ တစ်ချို့ ကာစတန်မာတွေဟာ စျေးဝယ်ဖို့ ဆိုင်ထဲကို လာကြပေမယ့် ရောင်းမယ့်လူတစ်ယောက်မှ မရှိခဲ့ပါဘူး..။သူတို့ ပေဟဠိဖြစ်သွားခဲ့ကြတယ်..။

ဒါက ဘယ်လိုဆိုင်မျိုးတွေလဲ..။ဘာလို့ စျေးရောင်းမယ့်လူ တစ်ယောက်မှတောင် မရှိရတာလဲ...

"သူဌေးလေး ကျွန်တော်တို့ ဆိုင်ကို ပြန်သွားတော့မယ်.."

"ချီးပဲ ငါတို့ ပိုက်ဆံ ဘယ်လောက်တောင် ဆုံးရှုံးသွားပြီလဲ မသိဘူး.."

ဆိုင်ပိုင်ရှင်တွေဟာ ရေရွတ်လိုက်ကြကာ သူတို့ဆိုင်တွေဆီ အသီးသီး ပြန်သွားခဲ့ကြပါတယ်..။တကယ်လို့ သူတိူ့ဆိုင်ကို အမြန် မပြန်ရင် ဝင်ငွေတွေ ရနိုင်တော့မှာ မဟုတ်ပေ..။

လင်းဖန် ပြုံးပြီး ခေါင်းခါယမ်း လိုက်တယ်..။တစ်စုံတစ်ယောက်ရဲ့ ဘဝကို ကယ်တင်ရတာက တကယ်ကောင်းမွန်တာပါ..။သူ ဒီလို ခံစားချက်ကို တကယ် ချစ်ပါတယ်..။

ဝူယူလန် လင်းထန်အနားကို ပြုံးနေတဲ့ မျက်နှာနဲ့ လျောက်လာခဲ့တယ်..။

"အစ်ကိုလင်း..ပင်ပန်းနေပြီလား..။နည်းနည်း နိပ်ပေးရဦးမလား.."

"အင်း..ငါ့ပုခုံးက နည်းနည်းညောင်နေသလားလို့..။မင်းရဲ့ နည်းစနစ် တွေကို တစ်ချက်ကြည့်လိုက်ရအောင်.."

လင်းဖန် အပြုံးလေးနဲ့ ပြောလိုက်တာပါ..။

ဝူယူလန် ကျေနပ်စွာ ပြောလိုက်တယ်..။

"အစ်ကိုလင်း..ညီမရဲ့ နည်းစနစ် တွေက အကောင်းဆုံးပဲ.နော်.."

ဒီကိစ္စက ပျော်ရွှင်စရာ အဆုံးသတ်သွားတဲ့ အတွက် လူတိုင်းရဲ့ ခံစားချက်တွေက ကောင်းမွန်နေခဲ့ပါတယ်..။

အဲ့အချိန်မှာပဲ လင်းဖန် ကားကို ဘယ်လိုလုပ်ရမလဲ ဆိုတာ တွေးမိလိုက်တယ်..။ကားကို ဒီတိုင်းကြီး မောင်းနေရတာက အတော်ကို ရှက်ဖို့ ကောင်းတာပါ..။

သိူ့ပေမယ့် ဒါကလည်း သူ့အပြစ်ကြောင့်ပါပဲ..။ကားကောင်းလေး တစ်စီးက အခုတော့ ပျက်စီးနေခဲ့ပါပြီ..။

All Chapters