ကြောက်ဖို့ကောင်းတယ် တကယ်ကြောက်ဖို့ကောင်းတယ်
Vol. 38 Ch. 566
#ဘာသာပြန် = စနိုးဝှိုက်
ဝူယူလန် အပြုံးလေးနဲ့ ပြောလိုက်တယ်..။
"အစ်ကိုလင်း..ညီမရဲ့ နည်းစနစ်တွေက ကောင်းတယ်မလား.."
"တကယ် သက်သောင့်သက်သာ ရှိတယ်..။အမိုက်စားပဲ.."
လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။သူမရဲ့ နည်းစနစ်တွေက တကယ်ကောင်းမွန်တယ်လို့ တောင် ပြောလို့ရပါတယ်..။အနာဂတ်ဆီမှာ ဝူယူလန် ဆီက မကြာခန ..အနိပ်ခံရတော့မယ့် ပုံပါပဲ..။
အစ်ကို လင်းရဲ့ ချီးကျူးမူကို ရတဲ့ အချိန်မှာ ဝူယူလန် ပိုပြီး ပျော်ရွှင်သွားခဲ့တယ်..။အထူးသဖြင့် ..သူမရဲ့ ပြိုက်ဘက်ဖြစ်တဲ့ ဝူရွှန်းယွဲ့က အခုချိန်အထိ ပေါ်မလာတဲ့ အတွက် လက်ရှိမှာ သူမက..အနိုင်ရသူပါပဲ..။
ဆယ်လီ တစ်ယောက် ဖြစ်ရတာ ဘာများ ကောင်းနေလို့လဲ..။ဝူရွှန်းယွဲ့က..နေ့တိုင်း အလုပ်များနေတာ ဖြစ်ပြီး..သူမ ဖုန်းခေါ်နိုင်ရင်တောင် အစ်ကိုလင်း ရဲ့ ပြောဆိုမူတွေကြောင့် ဝူယူလန် စိတ်မပူတော့ပါဘူး..။
*ကလင် ကလင်*
အဲ့အချိန်မှာပဲ လင်းဖန်ရဲ့ ဖုန်းမြည်လာခဲ့တယ်..။
"ဟင်..ဘယ်က ဖုန်းနံပါတ်လဲ.."
လင်းဖန် အမည်မသိ တဲ့ ဖုန်းတစ်ကော ဝင်လာတဲ့ အတွက်..သိချင်သွားခဲ့တယ်..။ဒီ နံပါတ်က ဘေဂျင်းကနေ ဝင်လာခဲ့တာပါ..။သို့ပေမယ့် သူမှတ်မထား တဲ့ အတွက် သူသိတဲ့ လူတော့ ဖြစ်ပုံမရပါဘူး..။
"ဟဲလို..ဘယ်သူလဲမသိ.."
လင်းဖန် ဖုန်းကို ပြန်ဖြေလိုက်တယ်..။
"မာစတာ လင်း...."
မိန်းကလေး အသံတစ်ခုဟာ ဖုန်းထဲကနေ ထွကိပေါ်လာခဲ့ပါတယ်..။သိူ့ပေမယ့် အသံကို ကြည့်ရသလောက်တော့ ငိုနေတဲ့ ပုံပါပဲ..။
လင်းဖန် မျက်မှောက်ကျုတ်လိုက်ပြီး..
"ဘယ်သူလဲ သိလို့ရမလား ခင်ဗျ..."
ဒါက အနည်းငယ် ထူးဆန်းပါတယ်..။သူ ဒီလူ ဘယ်သူလဲ ဆိုတာတောင် မသိပါဘူး..။ငါ ဖုန်းကိုင်လိုက်တာနဲ့..သူက ဘာလို့ ငိုနေတာလဲ..။လင်းဖန် မစဥ္းစား တတ်တော့ပေ..။
"မာစတာ လင်း...ညီမက ချန်းယွန်းယီ ပါ.."
"ချန်းယွန်ယီလား.."
လင်းဖန် အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့တယ်..။ဒီနာမည်က အနည်းငယ် ရင်းနှီးတယ်လို့ ခံစားရပေမယ့် ဘယ်သူလဲ ဆိုတာတော့ သူ မသိသေးပါဘူး..။သိူ့ပေမယ့် သူ ဒီလူကို သိတယိလို့လည်း ခံစားနေရပြန်ပါတယ်..။
ချန်းယွန်ယီ ပြောလိုက်တယ်..။
"မာစတာ လင်း..ညီမက ဝိုက်ဘိုကနေ တဆင့် ဗေဒင် မေးခဲ့တဲ့ တစ်ယောက်ပါ..။ညီမတို့ အရင်က ဝိုက်ဘိုမှာ စကားပြောခဲ့တယ်လေ.."
"အိုး.."
အဲ့အချိန်မှာပဲ..လင်းဖန် ပြန်မှတ်မိသွားခဲ့တယ်..။
"မင်းက ဘာလို့ ငိုနေတာလဲ..။တစ်ခုခု မတော်တဆ ဖြစ်ခဲ့လို့လား..."
သူတို့က ပြီးခဲ့တဲ့ လအနည်းငယ်က စကားပြောဖူးခဲ့ကြတာ ဖြစ်ပြီး..အဲလောက်လည်း မရင်းနှီးကြပါဘူး..။တကယ်လို့ ဒီမိန်းကလေး သာ သူ့ဆီက အကူအညီကို လိုချင်ရင်..ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို သိဖို့ လိုအပ်ပါတယ်..။ဘာပဲဖြစ်ဖြစ် သူနဲ့ မရင်းနှီးတဲ့ လူတစ်ယောက်ကို ဒီတိုင်း ကူညီလိုက်မှာ မဟုတ်ပေ..။
"မာစတာ လင်း..ညီမ မာစတာလင်း ဆီက အကူအညီတောင်း ချင်လို့ပါ..။ညီမတို့ ဆရာမ တာအို ရဲ့ အစီစဥ္ မှာ ပါဝင်ပြီးတော့ လျိုဒန် နဲ့ အတူတူ ကုမ္ပဏီ တစ်ခုကို ပူးပေါင်းခဲ့ကြတယ်..။အဲတာပြီးတဲ့ နောက်မှာ ညီမတို့ အလုပ်အသေးလေးတွေ အများကြီး လုပ်ခဲ့ကြရတယ်..။ဒီနေ့မှာတော့ ညီမတို့ ကုမ္ပဏီ ရဲ့ခေါင်းဆောင်က ညီမနဲ့ လျိုဒန်ကို အရေးကြီးတဲ့ လူတစ်ချို့ကို ပြုစုပေးစေချင်နေတယ်..။လျိုဒန် နဲ့ ညီမကို ဟိုတယ် တစ်ခုမှာ ပိတ်ထားခဲ့ကြတယ်..။ဒီဖုန်းကိုလည်း ညီမတို့ မန်နေဂျာက ခိုးပြီး ပေးလိုက်တာ..။ညီမတို့မှာ မိတ်ဆွေ တွေ ဆွေမျိုးတွေ မရှိသလို ရာထူးကြီးတဲ့ လူတွေနဲ့လည်းမသိထားဘူးလေ..။ညီမ မှာ အကူညီတောင်းစရာဆိုလို့ မာစတာ လင်းပဲ ရှိတာ..."
မျက်ရည်တွေကို သုတ်ပြီး သူမ..အခြေအနေတစ်ခုလုံးကို ရှင်းပြနေခဲ့ပါတယ်..။
လင်းဖန် မေးလိုက်တယ်...။
"မင်းတို့က အခုဘယ်မှာလဲ.."
ချန်းယွန်ယီ ညှင်သာစွာ ပြောလိုက်တယ်..။
"လျိုဒန် နဲ့ ညီမက အခု ရှန်ဟိုင်း ချန်းထျန် လမ်းက ဟေတန် ဟော်တယ် ယူနစ် ၁၅၀၄ မှာ..။တစ်ယောက်ယောကိ လာနေပြီ..။မာစတာ လင်း ညီမ တောင်းပန်ပါတယ်..။ကျေးဇူးပြုပြီး ကယ်တင်ပေးပါဦး.."
ခနအကြာမှာပဲ ဖုန်းကျသွားခဲ့တယ်..။
လင်းဖန် ဖုန်းကို ကြည့်ပြီး အကူညီ မဲ့သွားခဲ့ပါတယ်..။ဒီလို အရာမျိုး ဖြစ်လာလိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး..။
သူက ချန်းယွန်ယီ နဲ့ အရမ်းမရင်းနှီး ပေမယ့်လည်း သူမကတော့ သူ့ကို လိူလိုလားလားနဲ့ အကူညီတောင်းခဲ့ပါတယ်..။တကယ်လို့ သူသာ သူမကို မကူညီရင် စိတ်အေးနိုင်မှာ မဟုတ်ပါဘူး..။
ဝူယူလန် မေးလိုက်တယ်..။
"အစ်ကိုလင်း ဘာဖြစ်လို့လဲ.."
လင်းဖန် အခြေအနေ တစ်ခုလုံးကို ဝူယူလန် ဆီ ရှင်းပြလိုက်ပါတယ်..။ဝူယူလန် တစ်ခုခု မပြောခင်မှာ တျတိဆိတ်နေခဲ့တယ်..။
"အစ်ကိုလင်း..ညီမကတော့ သွားသင့်တယ်လို့ ထင်တယ်..။အစ်ကိုလင်းက သူမတို့နဲ့ မရင်းနှီးပေမယ့် သူတို့ကတော့ အစ်ကိုလင်းကို ယုံကြည်ပြီး နောက်ဆုံးမျှော်လင့်ချက်အဖြစ် ထားထားကြတာလေ..။အစ်ကိုလင်း ဒီကိစ္စကို သိရဲ့သားနဲ့ မကူညီမိလို့ တစ်ခုခုဖြစ်လာရင် ကိုယ့်ကိုကို အပြစ်တင်နေရလိမ့်မယ်.."
"အင်း..မင်းမှန်တယိ..။ငါလည်း ဒီလို တွေးနေတာပဲ.."
လင်းဖန် အပြုံးလေးနဲ့ ပြောလိုက်တယ်..။ယင်းနောက် သူ မတ်တတ်ရပ်လိုက်ပြီး..။
"ကောင်းပြီ ဆိုင်ကို ကြည့်ထားလိုက်ကြဦး..။ကျုပ်သွားဖြေရှင်းလိုက်ဦးမယ်..။သူတို့က ဘယ်လို အရေးကြီးတဲ့ လူတွေဖြစ်ဖြစ် မာစတာ လင်း ပါလာပြီ ဆိုရင် သူတို့လည်း ဘာမှ တတိနိုင်မှာ မဟုတ်ဘူး.."
"ဟား.."
ဝူယူလန် သဘောကျစွာ ရယ်မောမိလိုက်တယ်..။
"ဒီလို စကားမျိုး မပြောရင် အဲတာ အစ်ကိုလင်း မဟုတ်လို့ပဲ..။အမြန်သွားလိုက်ဦး..နောက်ကျနေရင် တစ်ခုခု ဖြစ်သွားဦးမယ်.."
လင်းဖန် ကောင်းကင်ကို ကြည့်လိုက်တယ်..။
"ကြည့်ပါဦး..ရာသီဥတုက ဒီလောက် သာယာနေတာ..။ဘာမှ ဆိုးရွားတာ ဖြစ်လာမှာ မဟုတ်ဘူး..။ဒီလို သာယာတဲ့ ကောင်းကင်အောက်မှာ ဘယ်သူကများ မဟုတ်တာ လုပ်ရဲမှာလဲ..။
"ကံကောင်းပါစေ.."
ဝူယူလန် အားပေးလိုက်တာပါ..။
လင်းဖန် ရယ်မောလိုက်တယ်..။ဒါက တကယ်ကို ကိစ္စသေးသေးလေးပါ..။သူတို့က ဖျောိဖြေရေးလာကမှာ ရှိနေမှတော့ ဒီလို အခြေအနေနဲ့ ကြံရတာ ပုံမှန်ပါပဲ..။သို့ပေမယ့် သူမက ယုံယုံကြည်ကြည်နဲ့ အားကိုး လာပြီဆိုမှတော့..လင်းဖန် သွားပြီး
မကူညီရင် ကိုယ့်မျက်နှာကိုယ် မကြည့်နိုင် ဖြစ်ရတော့မှာပါ..။
ဟေတန် ဟော်တယ်..။
ချန်းယွန်ယီ နဲ့ လျိုဒန်ဟာ ဟော်တယ် အခန်းတစ်ခုမှာ ပိတ်ထားခံနေခဲ့ရတယ်..။အဲ့အချိန်မှာတော့ သူတို့နှစ်ယောက်စလုံးရဲ့ မျက်နှာမှာ ကြောက်ရွံ့မူျတွ ရှိနေခဲ့ပါတယ်..။
"ယွန်ယီ ငါတို့ ဘာလုပ်ကြမလဲ.."
လျိုဒန် ကြောက်ရွံ့စွာ မေးလိုက်တာပါ..။
ချန်းယွန်ယီ လညိး ဆောက်တည်ရာမရ ဖြစ်နေခဲ့တယ်..။
"ငါ မာစတာ လင်းကို ဖုန်းဆက်ထားတယ်..။သူ ငါတို့ကို ကူညီပေးမှာပါ.."
လျိုဒန် မယုံကြည်နိုင်စွာ ပြောလိုက်တယ်..။
"ငါတို့က မာစတာ လင်းနဲ့ ရင်းနှီးတဲ့ လူတွေမှ မဟုတ်တာ..။သူက ဘာအကြောင်းပြချက်နဲ့ ငါတို့ကို ကူညီမှာလဲ..။ထပ်ပြောရရင် ဒီနေ့တွေ့ရမယ့် လူတွေက အဆင့်အတန်းမြင့်မားတဲ့ လူတွေ ဖြစ်မယ်..။သူဌေးက ငါတို့ကို ပြောတဲ့ အတိုင်းလုပ် မဟုတ်ရင် နောက်ဆက်တွဲတွေကို ခံစားရမယ်တဲ့.."
ချန်းယွန်ယီ ခေါင်းခါယမ်း လိုက်တယ်..။
"မဟုတ်ဘူး..သူတို့ ဘယ်သူပဲဖြစ်ဖြစ် ငါ လက်ခံမှာ မဟုတ်ဘူး..။ငါတို့ ဒီနေရာကနေ ထွက်သွားမှ ဖြစ်မယ်.."
"ဒါပေမဲ့ အပြင်မှာက.."
သူမ စကားမပြီးဆုံးခင်မှာပဲ..အခန်းတံခါးဟာ ပွင့်သွားခဲ့တယ်..။
သူတို့နှစ်ယောက်စလုံး ကြောက်ရွံ့သွားကြပြီး အခန်းတံခါးဝကို ကြည့်လိုက်ပါတယ်..။
ချန်းယွန်ယီ သူတို့ရဲ့ သူဌေးကို မြင်ပြီး အသနားခံလိုက်တယ်..။
"သူဌေး ကျွန်မတို့ကို လွတ်ပေးပါ..။ဒီလူတွေက ဧည့်မခံပါရစေနဲ့..."
သူတို့နှစ်ယောက်က တိမ်ဖြူကောင်းကင် ဖျော်ဖြေရေး ကုမ္ပဏီကို ပူးပေါင်းခဲ့ကြတာပါ..။သူတို့ရဲ့ သူဌေး ဟီမင်ဟွေးဟာ သူတို့ကို လေးနက်စွာ ကြည့်ပြီး ပြောလိုက်တယ်..။
"ဒါကို ထပ်မပြောနဲ့တော့..။မင်းတို့ သူတို့ကို ပြုစုပေးမှ ရမယ်..။သူတို့ကို သွားမရှုပ်ဖို့ ငါ မင်းတို့ကို သတိပေးလိုက်မယ်..။သူတို့က အရေးကြီးတဲ့ ပုဂ္ဂိုလ် တွေပဲ..။ငါတောင်မှ သူတို့ကို သွားရှုပ်လို့ ရတာ မဟုတ်ဘူး.."
ယင်းနောက် သူက သိမ်မွေ့စွာ ထပ်ပြောလိုက်ပါတယ်..။
"မင်းတို့လည်း ဒီလောကထဲမှာ ရှိနေကြတဲ့ လူတွေပဲ..။ဒီလို အခြေအနေတွေက အမြဲတမ်းရှိနေတာကို သိထားကြမှာပါ..။ဒီလောကထဲမှာရပ်တည်ဖို့ ဆိုရင် ပိုက်ဆံ ရှိရင်ရှိ မရှိရင် ..ကျောထောက်နောက်ခံ ရှိဖို့လိုအပ်တယ်မလား..။ဒါပေမဲ့ မင်းတို့မှာတော့ တစ်ခုမှ မရှိဘူးလေ..။ငါ ပြောတာ နားထောင်. သိပ်ပြီး အများကြီးတွေးမနေနဲ့..။အနာဂတ်မှာ မင်းတို့အောင်မြင်သွားတဲ့ အချိန်ကြရင် ဘယ်သူမှ ဒီလို ကိစ္စတွေကို ဂရုမစိုက်ကြတော့ဘူးလေ.."
ချန်းယွန်ယီ ခေါင်းခါယမ်းလိုက်ပြီး..
"သူဌေး..ကျွန်မတို့ မလုပ်လို့ မရဘူးလား.."
ဟီမင်ဟွေး ပြောလိုက်တယ်..။
"မလုပ်ဘူး ဟုတ်လား..။ဒီလောကကို ဟင်းသီး ဟင်းရွက် ရောင်းတဲ့ နေရာများထင်နေလား..။မင်းကြိုက်သလို လုပ်လို့ ရမယ် ထင်လို့လား..။ကုမ္ပဏီ စာချုပ်ထဲမှာ ဘာပါလဲ မှတ်မိလား..။ကုမ္ပဏီက စီစဥ္မူတိုင်းကို လိုက်နာ ဆောင်ရွက်ပါ့မယ် ဆိုတာ..။မင်းတို့ စာချုပ်ကို ဖောက်ဖျက်ရင် ပြန်လျော်ရမယ့် ပမာဏက နည်းတာ မဟုတ်ဘူးနော်..။မင်းတို့ ကလေးမ နှစ်ယောက်မှာ အဲ့အတွက် ပိုက်ဆံရှိလား.."
"အခု သူတိူ့နဲ့ စကားသွားပြောလိုက်..။ငါ ဧည့်သည်တွေကို ဧည့်ခံလိုက်ဦးမယ်.."
ဟီဟွေးမင် ပြောလိုက်တာပါ..။
အကုန်ထွက်သွားခဲ့ကြတယ်..။
မန်နေဂျာ တစ်ယောက်ထဲသာ ကျန်ခဲ့ပါတော့တယ်..။
"အစ်မလီ..ညီမတို့ကို ကူညီပြီး အပြင်ကိုထုတ်ပေးပါလား.."
ချန်းယွန်ယီ မျက်ရည်တွေနဲ့ ပြောလိုက်တာပါ..။
"ဟင်း.."
အစ်မ လီ သက်ပြင်းချလိုက်တယ်..။
"ငါလည်း မကူညီချင်လို့ မဟုတ်ပါဘူး..ဒါပေမဲ့ အဲလို အင်အား မရှိဘူးလေ..။မင်းတို့ သိထားဖို့က မင်းတို့ ဒီအထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာပဲ..။မင်းတို့ ဒီလောကထဲမှာ နောက်ခံရော ငွေကြေးရော မရှိဘူးဆိုရင် အောင်မြင်နိုင်ဖို့ အတွက် ဒီီလို အရာတွေကို ဖြတ်သန်းရမှာပဲလေ..။မင်းတို့ အောင်မြင်ချင်တယ်ဆိုရင် လုပ်ရမှာပဲ..။လက်ရှိအောင်မြင်နေတဲ့ စူပါစတား တွေကို ကြည့်လိုက် သူတို့အများစုက ဒီလို ဘဝတွေကို ဖြတ်သန်းလာကြရတဲ့ လူတွေချည်းပဲ..။ဒါပေမဲ့ အခုသူတို့ ဘာဖြစ်နေပြီလဲ..။သူတို့ လုံးဝ ပြောင်းလဲပြီး လူထုကို လွှမ်းမိုးနိုင်တဲ့ လူတွေ ဖြစ်နေပြီလေ.."
ချန်းယွန်ယီ နဲ့ လျိုဒန် ခေါင်းညိမ့်ပြီး တိတ်ဆိတ်နေခဲ့တယ်..။သူတို့ ဒီလို အရာတွေ ကို အမြဲတမ်းဟာသလုပ်ခဲ့ပေမယ့် ဒီနေ့မှာ အမှန်တကယ်ကြုံတွေ့ရလာ လိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး..။ဒါက သူတို့အတွက် အကူညီမဲ့စေပါတယ်..။
အစ်မလီ သူတို့ကို နှစ်သိမ့်လိုက်တယ်..။
"ကောငိးပြီ အဲလိုကြီးတွေ ဖြစ်မနေကြနဲ့..။တစိခါတစ်လေ..တစ်စုံတစ်ယောက်ကို ကျောထောက်နောက်ခံ အနေနဲ့ ရထားတာကလည်း ဆိုးရွားတဲ့ အရာမဟုတ်ဘူးလေ..။ငါတို့က မိန်းမသားတွေ ဆိုတော့ တစ်နေ့ ဒီလိုကိစ္စနဲ့ ကြုံလာကြရမှာပဲ..။ဘယ်သူနဲ့ ဆိုတာပဲ ကွာခြားသွားကြတာ..။ဟုတ်တယ်မလား...."
ချန်းယွန်ယီနဲ့ လျိုဒန် တို့ အစ်မလီကို ကြည့်လိုက်ကြတယ်..။အစ်မလီမှာ ဒီလို အတွေးတွေ ရှိနေလိမ့်မယ် လို့ သူမတို့ တစ်ကယ် မထင်ထားခဲ့ကြပါဘူး..။
ကြောက်ဖို့ ကောင်းတယ်..။တကယ် ကြောက်ဖို့ ကောင်းတယ်..။