မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ
Vol. 38 Ch. 567
#ဘာသာပြန် = စနိုးဝှိုကျ
ပျက်စီးနေတဲ ဂျစ်ကားလေးဟာ လမ်းဘေးတစ်နေရာမှာ ရပ်သွားခဲ့တယ်..။
ဘေးမှာ လမ်းလျောက်နေတဲ့ လူတွေဟာ ဂျစ်ကားလေးကိူ မြင်တဲ့အချိန်မှာ လင်းဖန်ကို ကပ်စေနဲတဲ့ လူတစ်ယောက်လိုကြည့်ပြီး ခေါင်းခါယမ်း လိုက်ကြတယ်..။ကားကောင်းလေး တစ်စီးက ဒီလိုအခြေအနေအထိ ရောက်နေခဲ့တာပါ..။
ဒီကောင် ဘယ်လိုတောငိ စီးထားတာလဲ..
"ဒီနေရာပဲ ဖြစ်ရမယ်.."
ချန်းယွန်ယီ ပေးထားတဲ အချက်အလက်အရ ဆိုရင် ဒီနေရာ အတိအကျပါပဲ..။
ဓာတ်လှေကားထဲကို ဝင်လိုက်တဲ အချိန်မှာ သူသွားခြင်တဲ့ အထပ်ဆီသွားဖို့ လုံခြုံးရေး ကတ်လိုအပ်တာကို သိလိုက်ရပါတယ်..။ဒါက ရှက်ရွံ့စရာပါပဲ..။ကံကောင်းချင်တော့ သန့်ရှင်းရေး အမျိုးသမီး တစ်ယောက်ဟာ ဓာတ်လှေကားထဲကို ဝင်လာခဲ့တယ်..။
"တောင်းပန်ပါတယ် အန်တီ..။ကျွန်တော် ၁၅ ထပ်မြောက်ကို သွားရမှာ ကျွန်တော်ရဲ့ ကတ်က ကျန်ခဲ့လို့..။အန်တီရဲ့ ကတ်ကို ကျွန်တော့် အတွက် ခနသုံးပေးလို့ ရမလား..။ကျေးဇူးပါ.."
သူ့ရဲ့ ယုံကြည်မူ ရှိပြီး အေးဆေးတဲ့ ဟန်ပန်ကြောင့် သန့်ရှင်းရေး အန်တီကြီးက လုံးဝ သံသယမဖြစ်ခဲ့ပါဘူး..။သူမ ကြင်ကြင်နာနာပဲ ကူညီပေးခဲ့တယ်..။
ဓာတ်လှေကားဟာ ၁၅ ထပ်မြောက်ကို ရောက်သွားခဲ့တယ်..။
လင်းဖန် အခန်း ၁၅၀၄ ကို ရောက်သွားခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ အခန်းဝမှာ ရပ်စောင့်နေတဲ လူကြီးဟာ မျက်မှောင်ကျုတ်လိုက်ပြီး..
"မင်း ဘယ်သူ့ကို ရှာနေတာလဲ.."
လင်းဖန် ပြုံးလိုက်တယ်..။
."ကျုပ်က ချန်းယွန်ယီကို ရှာနေတာပါ.."
လူကြီးက လငိးဖန် ဘယ်သူလဲဆိုတာ မမှတ်မိပါဘူး..။
"သူမက ဒီမှာ မရှိဘူး..။မင်း နေရာမှားနေပြီ.."
သို့ပေမယ့် ရုတ်တရက် အခန်းထဲက အသံတစ်ခုဟာထွက်ပေါ်လာခဲ့ပါတယ်..။
"မာစတာ လင်း ညီမအထဲမှာ ရှိတယ်..။ ညီမ အထဲမှာ.."
လင်းဖန် ပျော်ရွှင်စွာ ပြောလိုက်တယ်..။
"ကြည့်ပါဦး သူမ အထဲမှာ ရှိသားပဲ.."
လူကြီးဟာ သူ့ရဲ့ဖုန်းကို ထုတ်ပြီး သူဌေးကို ဖုန်းခေါ်ဖို့ လုပ်လိုက်တယ်..။သို့ပေမယ့် ရုတ်တရက် သူ့ဖုန်းကို လုယူခံလိုက်ရပါတယ်..။သူ တစ်ခုခု ပြန်တုန့်ပြန်ဖို့ လုပ်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ကိုယ်က လှုပ်လို့ မရတော့ပါဘူး..။
လင်းဖန် လက်ချောင်းတွေကို ပြန်ရုတ်လိုက်တယ်..။
"တရုတ်ဆေးပညာက တကယ်အံဩဖို့ကောင်းတာပဲ..။ တိုက်ခိုက်စရာတောင် မလိုတော့ဘူး.."
ချန်းယွန်ယီ တံခါးကို ဖွင့်လိုက်တယ်..။ဖသူမ မာစတာ လင်းကို မြင်လိုက်တဲ့ အချိန်မှာ ဝမ်းသာလွန်းလို့ မျက်ရည်တွေ ကျလာခဲ့ ပါတယ်..။
"မာစတာ လင်း တကယ် လာလိမ့်မယ်