သွားပြီ..
Vol. 38 Ch. 568
#ဘာသာပြန် = စနိုးဝှိုက်
လက်ရှိအခြေအနေက ဟီမင်ဟွေးကို စိတ်ရှုတ်ထွေးစေပါတယ်..။ချန်းယွန်ယီ နဲ့ လျိုဒန် က ဘယ်လိုလုပ်ပြီး မာစတာ လင်းကို သိသွားတာလဲ..။သူတို့က အရင်တုန်းက ဘေဂျင်းမှာ နေကြတာလေ..။
သူ လက်ရှိမြင်နေတဲ့ အခြေအနေအရ ဆိုရင်တော့ မာစတာ လင်း ဒီမှာ ပေါ်လာတာက သူတို့နှစ်ယောက်အတွက်ဆိုတာ အသေအချာပါပဲ..။
ဟီမင်ဟွေး ပဟေဠိဖြစ်တဲ့ လေသံနဲ့ ပြောလိုက်တယ်..။
"မာစတာ လင်း ..သူတို့က မာစတာ လင်းရဲ့ မိတ်ဆွေ တွေလား.."
"အင်း.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ ဘေးနားက လူနှစ်ယောက်ကို ကြည့်လိုက်ပါတယ်..။ကြည့်ရတာ ဒီလူနှစ်ယောက်က ဒီကိစ္စနဲ့ သက်ဆိုင်နေတဲ့ ပုံပါပဲ..။
သခင်လေး ချန်း စတင်ပြီး စကားပြောလိုက်တယ်..။သူ့ လေသံကတော့ သိပ်ပြီး မဖော်ရွေတော့ ပါဘူး..။
"အကြီးအကဲ ဟီ ဒါက ဘာအဓိပ္ပါယ်လဲ.."
ဟီမင်ဟွေး ပြောစရာ စကားကင်းမဲ့ သွားခဲ့တယ်..။နှစ်ဖက်စလုံးက သူသွားပြီး ရှုတ်လို့ မရတဲ့ လူတွေပါ..။မာစတာ လင်း က သူ ဒေါသထွက်အောင် သွားလုပ်လို့ မရတဲ့ လူမျိုးဖြစ်ပြီး..သခင်လေးချန်း ဆိုရင် ပိုတောင် ဆိုပါသေးတယ်..။ဒါက ထိန်းချုပ်ရခက်ခဲတဲ့ အခြေအနေပါပဲ..။
"သခင်လေး ချန်း စိတ်မရှည် မဖြစ်ပါနဲ့..။ဒါက မာစတာ လင်း လေ..။သူက ရှန်ဟိုင်းမှာ ကျော်ကြားတယ်..။ကျွန်တော် လက်အောက် က ဒီသရုပ်ဆောင်တွေက သူ့ရဲ့ သူငယ်ချင်းတွေတဲ့ ဒီတော့...."
ဟီမင်ဟွေး အပြည့်အစုံ မရှင်းပြပေမယ့် သူ့ရဲ့ အဓိပ္ပါယ်က တော့ ရှင်းလင်းပါတယ်..။
မာစတာ လင်းရဲ့ မိတ်ဆွေတွေ ဆိုမှတော့ သူတို့ကို ထားပြီး ဘာလို့ တစ်ခြား တစ်ယောက်ကို မရွေးချယ်တာလဲ....
ဒီလို လွမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတွေရဲ့ အသိအမှတ်ပြုမူကို ရဖို့က သူ့ရဲ့ ရည်မှန်းချက်ဖြစ်ပေမယ့်..လက်ရှိအခြေအနေက သူ့ကို ခွင့်မပြုခဲ့ပါဘူး..။
ဒီနှစ်ယောက်က မသိနိုင်ပေမယ့် သူ, ဟီမင်ဟွေးကတော့ ကျော်ကြားလှတဲ့ မာစတာ လင်းကို မသိပဲ မနေပါဘူး..။သူက တကယ်ကို ညှိနှိုင်းရခက်တဲ့ လူစားမျိုးပါ..။
ပြီးတော့ ကြောက်ရွံ့ဖို့ အကောင်းဆုံး အရာက မာစတာ လင်း ရဲ့ ဆန်းကြယ်မူတွေပါပဲ..။ဟီမင်ဟွေး သူ့ကို ဒေါသထွက်အောင် မလုပ်ရဲပေ..။
ငွေကြေးနဲ့ ..ချမ်းသာမူ တွေ ထည့်မပြောရင် မာစတာ လင်းရဲ့ ကျွမ်းကျင်မူတွေက အများကြီးပါပဲ..။ဆေးပညာ ဆိုရင်လည်း မာစတာ လင်းက ထိပ်ဆုံးပါ..။သူတောင် အနာဂတ်မှာ မာစတာ လင်းရဲ့ အကူညီ မလိုဘူးလို့ မပြောနိုင်ပေ..။
အခု မာစတာ လင်း ကိုယ်တိုင် ဒီကို ရောက်နေပြီ ဆိုတော့ သူ့ ရည်ရွယ်ချက်ကရှင်းလင်း ပါတယ်..။
အခု ငါကိုယ်တိုင် ဒီကို ရောက်နေပြီ..မင်း ငါ့မိတ်ဆွေ တွေ နဲ့ ဆက်ပြီး ရှုပ်ဦးမလား..။
"မာစတာ လင်း လား.."
သခင်လေး ချန်း လင်းဖန်ကို ကြည့်လိုက်တယ်..။ယင်းနောက် သူ မောက်မာစွာ ပြောလိုက်ပါတယ်..။
"ငါ သူ့ကို မသိဘူး..ပြီးတော့ သူ့ဟာသူ မာစတာလင်း ပဲဖြစ်ဖြစ် ခွေးသားလင်းပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး..။အကြီးအကဲ ဟီ..ခင်ဗျား ဒီကိစ္စကို ဘယ်လို စီစဥ္ထားလဲ ဆိုတာ ပြောကြည့်ပါဦး..။ကျုပ် တို့ဘေဂျင်းက နေဒီကိုလာခဲ့တာက အလှကြည့်ဖို့ မဟုတ်ဘူး.."
ဟီမင်ဟွေးရဲ့ စိတ်နဲ့ နှလုံးသားတွေဟာ ရှုတ်ထွေးနေခဲ့တယ်..။ငါဘာ လုပ်ရမလဲ..။
ဒါက စောက်ကျိူးနဲ အခြေအနေ ကြီးပါ..။
"ဟားဟား..မင်းတို့နှစ်ယောက်က ဒီကို လိင်ကိစ္စ အတွက် သီးသန့် လာကြတာလား.။ငါ မင်းတို့ကို ပြောလိုက်မယ်..မင်းတို့ဟာ မင်းတို့ ဘာအတွက် လာလာ ကိစ္စမရှိဘူး ဒါပေမဲ့ ဒီနှစ်ယောက်က ငါ့ရဲ့ မိတ်ဆွေပဲ..။မင်းတို့ ကိုယ့်ကျည်ဆန်ကို ထိန်းထားပြီး လျောက်မပစ်တာ ပိုကောင်းလိမ့်မယ်.."
လင်းဖန် အထင်သေးစွာ ပြောလိုက်တာပါ..။
ချီးပဲ
.
ဟီမင်ဟွေး မာစတာ လင်းကို ကြည့်လိုက်တယ်..။မာစတာ လင်း ဒီလို ထပြောလာလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။
ချန်းယွန်ယီ နဲ့ လျိုဒန် တို့ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး ခံစားသွားကြရတယ်..။မာစတာ လင်းက သူတို့ အတွက် ဒီလောက်အထိ လိုက်လုပ်ပေးနေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး.။ဒီကိစ္စက ဖြေရှင်းဖို့ မလွယ်ဘူးဆိုတာကို မျက်လုံးပါတဲ့ လူတိုင်း မြင်နိုင်ပါတယ်..။
ဒါပေါ့..သခင်လေး ချန်း နဲ့ သခင်လေး ရှန်းတို့ဟာ သည်းမခံနိုင်ခဲ့ပေ..။
"မအိမ်လုံး မင်းဘာစကား ပြောတာလဲ.."
လင်းဖန် သူတို့ကို လစ်လျူရူလိုက်တယ်..။
"အကြီးအကဲ ဟီ တစ်ခုခု ပြောပါဦး..။ကျုပ် မိတ်ဆွေ တွေက ခင်ဗျားရဲ့ စာချုပ်ကို ဖျက်သိမ်းတော့မယ်..။ခင်ဗျား နစ်နာကြေးနဲ့ ပတ်သက်ပြီးဘာပြောချင်သေးလဲ.."
ဟီမင်ဟွေး အံ့ဩသွားခဲ့တယ်..။ယင်းနောက် သူ ရှက်ရွံ့စွာ ပြောလိုက်ပါတယ်..။
"မာစတာလင်း ဒီသဘောတူညီချက်က လက်မှတ်ထိုးပြီးသားလေ..။သူတို့ သဘောတူညီချက်ကို ဘယ်လို ချိုးဖောက်လို့ ရမှာလဲ..။ဟုတ်တယ် မလား.."
"ဒီတော့ ခင်ဗျား ပြောချင်တာက စာချုပ် မဖျက်သိမ်းပေးနိုင်ဘူးပေါ့.."
လင်းဖန် ဟီမင်ဟွေးကို စိုက်ကြည့်ပြီး ပြောလိုက်တယ်..။ဟီမင်ဟွေး တုန်ရီသွားပေမယ့် လေးလေးနက်နက် ပြောလိုက်ပါတယ်..။
"မာစတာ လင်း ဒီသဘောတူညီမူမှာ သူတို့ကိုယ်တိုင် လက်မှတ်ထိုးထားတာလေ..။ဒီတော့ စာချုက်ဖျက်သိမ်း ချင်တယ် ဆိုရင်လည်း သဘောတူညီမူ ထဲက အတိုင်း လုပ်သင့်တယ်..။ကျွန်တော်က ဘယ်သူ့ကိုမှ တွန်းအားမပေးပါဘူး.."
ဟီမင်ဟွေး လင်းဖန်ကို အပြစ်မပြုချင်ပေမယ့် ဒါက ကြောက်ရွံ့တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး..။စာချုပ်ထဲမှာက အဖြူအမဲ သဲကွဲအောင် သေချာ ရေးထားတာပါ..။တကယ်လို့ သူတို့တရားရုံးကို တက်ရင်တောင် သူပဲ အနိုင်ရဦးမှာပါ..။
ဒီလို ပြောရုံနဲ့ စာချုပ်ဖျက်သိမ်းလို့ ရမယ်တဲ့လား..။ဒီလို သာဆိုရင် သူ့ရဲ့ အရင် ရင်းနှီးမြုပ်နှံမူတွေက အလဟသ ဖြစ်ကုန်တော့မှာပါ..။
သို့ပေမယ့် သခင်လေး ချန်း နဲ့ သခင်လေး ရှန်းတို့ဟာ စိတ်မကြည်မလင် ဖြစ်နေခဲ့ပါတယ်..။တကယ်လို့ သူသာ မာစတာ လင်းကို မျက်နှာသာ ပေးလိုက်ရင် ဒါက သူတို့ကို သွားရှုပ်သလိုပါပဲ..။တကယ်လို့ အဲလိုသာ ဖြစ်သွားရင် သူ့ရဲ့ ဘဝက မလှပနိုင်တော့ပါဘူး..။
သခင်ဘေး ရှန်း နဲ့ သခင်လေး ချန်း တို့ဟာ..လင်းဖန် သူတို့ကို လျစ်လျူရူ လိမ့်မယ်လို့ မထင်ထားခဲ့ကြပေ..။သူ တို့ အံကို ကြိတ်လိုက်ပြီး..
"မင်း ဘယ်က ကောင်လဲ..။ငါတို့ ဘယ်သူလဲ ဆိုတာ မင်းသိလား..။ငါ ပြောလိုက်မယ် ဒီနေ့ ဘယ်သူလာလာ ဒီကိစ္စက ပြောင်းလဲမှာ မဟုတ်ဘူး.."
အဲ့အချိန်မှာပဲ..သူတို့ဆီက မောက်မာတဲ့ သူဌေးသားတွေရဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာခဲ့ပါတယ်..။
ဘန်း..
သခင်လေး ချန်း ထိုင်ခုံတစ်ခုကို စောင့်ကန်လိုက်တယ်..။
"မစ္စတာ ဟီ..ဒါကို မှတ်ထားပါ..။တကယ်လို့ ခင်ဗျား ကျုပ်တို့ နှစ်ယောက်ကို လာကစားမယ် ဆိုရင် ခင်ဗျား နောက်ဆက်တွဲတွေကို ခံစားရလိမ့်မယ်.."
ဟီမင်ဟွေး တွေဝေစွာ ပြောလိုက်တယ်..။
"ကျွန်တော် မလုပ်ရဲပါဘူး သခင်လေး ချန်း..။ဒါက နားလည်မူ လွဲနေတာပါ..။မာစတာ လင်းက ရောက်လာပြီ ဆိုတော့ ကျွန်တော်လည်း မဆုံးဖြတ်နိုင်တော့ဘူးလေ..။ဒီတော့ အချင်းချင်း အေးအေးဆေးဆေး ဆွေးနွေးကြပါလား..။တကယ်လို့ ဒီလိုမှ မဟုတ်ရင် ကျွန်တော့်မှာလည်း ရွေးချယ်စရာ မရှိတော့ဘူး..။သခင်လေးတို့ နားလည်ပေးမယ် လို့ ထင်ပါတယ်.."
သူ အပြစ်တင်ခံရမယ့် အရေးကနေ ရှောင်ဖယ်လိုက်တယ်..။ဟီမင်ဟွေး..ဒီကိစ္စမှာ ဝင်မပတ်သက်ချင်တော့ပါဘူး..။ဒါကြောင့် သူ နှစ်ဖက်စလံူးကို တည်ပေးလိုက်တာပါ..။
သူ နှစ်ဖက်စလုံကို အပြစ်ပြုမိလို့ မဖြစ်ပေ..။ဒါကြောင့် သူတို့ အချင်းချင်း ဖြေရှင်းကြတာက အကောင်းဆုံးပါပဲ..။
လင်းဖန် ရယ်မောလိုက်တယ်..။အခြေအနေက ဒီလို ရှုပ်ထွေးနေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဟီမင်ဟွေး ရဲ့ ဖြေရှင်းချက်က ပါးနပ်းပြီး လက်ခံနိုင်တဲ့ အနေအထားပါ..။ကြည့်ရတာ ဒီသခင်လေး နှစ်ယောက်ရဲ့ နောက်ခံက မရိုးရှင်းလောက်ပေ..။
သခင်လေး ရှန်း လင်းဖန်ကို စိတ်ဆိုးစွာ ကြည့်လိုက်တယ်..။
"ကောင်လေး ငါတို့ ဘယ်သူလဲ ဆိုတာ မင်းသိလား..။ငါတို့ ဒီကလေးမ နှစ်ယောက်ကို ဒီလောကထဲမှာ ခြေမချ နို်င်အောင် လုပ်လိုက်လို့ ရတယ် ဆိုတာ ယုံလား.."
လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တယ်..။
"သခင်လေး ချန်း ဟုတ်တယ်မလား..။ငါက ပြသနာ မရှာတတ်ပေမယ့် ပြသနာကို ကြောက်ရွံ့တတတ်တဲ့ လူတော့ မဟုတ်ဘူးနော်..။မင်းတို့ တစ်ခြားလူတွေကို ရှုပ်ရင် ပြသနာ မရှိဘူး ဒါပေမဲ့ ဒီနှစ်ယောက်က ငါ့မိတ်ဆွေပဲ..။မင်းတို့ နည်းနည်း မျက်နှာသာပေးရင် ငါ ဘာမှ ထပ်မလုပ်တော့ဘူး..။အနာဂတ်မှာ မင်းတို့ ငါ့ဆီက အကူညီလိုတဲ့အခါဆို ငါကူညီပေးမှာပါ.."
"မင်းက ဘာကောင်မို့လို့လဲ..။မျက်နှာသာ ပေးရမယ် ဟုတ်လား..။မင်းက ဘာကောင်မို့လို့ မျက်နှာသာ ပေးရမှာလဲ..။မင်းက ဘယ်လို ပြသနာကို မကြောက်ဘူးလဲ ဆိုတာ ကြည့်ရအောင်"
သခင်လေး ချန်း ပြန်တုန့်ပြန်လိုက်တာပါ.။ယင်းနောက် သူ ရှေ့ကို တက်သွားပြီး လက်ကို မြောက်ကာ လင်းဖန်ရဲ့ မျက်နှာကို ရိုက်ဖို့ လုပ်လိုက်တယ်..။
သို့ပေမယ့် လင်းဖန်က သူ့ရဲ့ ဖက်ကို ဖမ်းထားလိုက်ပါတယ်..။
"မင်း ငါ့ကို တကယ် မျက်နှာသာ မပေးဘူးလား.."
သခင်လေး ချန်း ရဲ့ မျက်လံူးထဲမှာ အထင်သေးမူတွေ ပေါ်နေခဲ့ပါတယ်..။
"မျက်နှာသာ ပေးရအောင် မင်းက တန်လို့လား.."
လင်းဖန် အကူမဲ့ စွာ သက်ပြင်းချလိုက်ပြီး..
"မင်းတို့တွေက အမြဲတမ်း ကြမ်းတမ်းတဲ့ နည်းလမ်းကို ရွေးချင် နေကြတာပဲ..။ဒါပေမဲ့ ဒီလိုဆိုမှတော့ ငါက ဖြည့်ဆည်းပေးရတော့မှာပေါ့.."
ဘန်း..
အဲ့အချိန်မှာပဲ အားလုံးဟာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့တယ်..။
ဟီမင်ဟွေး ကြောင်အသွားခဲ့ပါတယ်..။မာစတာ လင်း သခင်လေးတွေကို ဒီလို လုပ်လိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။
ဒါက..
လင်းဖန် သခင်လေး ချန်းကို လက်သီးနဲ့ ထိုးလိုက်တဲ့ အချိန်မှာ သခင်လေးချန်း မြေကြီးပေါ် လဲကျသွားခဲ့တယ်..။လင်းဖန် သူ့ကို ကျိန်ဆဲလိုက်ပါတယ်..။
"မှတ်ထား..ငါ ပြသနာ မရှာတာက ပြသနာကို ကြောက်လို့ မဟုတ်ဘူး..။ငါ လင်းဖန်က လာရှုပ်လို့ ရတဲ့ လူမဟုတ်ဘူးဆိုတာ မင်း မကြားဖူးဘူးလား.."
သခင်လေး ရှန်း ဒါကို မြင်တဲ့ အချိန်မှာ တုတ်တစ်ချောင်းကို ကောက်ကိုင်ပြီး လင်းဖန် ဆီ ပြေးဝင်လာခဲ့တယ်..။
"ခွေးသား ..မင်းက သေချင်နေတာပဲ.."
လင်းဖန် တုတ်ကို အလျင်အမြန်ဖမ်းယူပြီး ပြန်ရိုက်လိုက်ပါတယ်..။သခင်လေး နှစ်ယောက်စလုံး မြေကြီးပေါ်လဲကျသွားခဲ့တယ်..။
လင်းဖန် သခင်လေးချန်း ရဲ့ အင်္ကျီကော်လံကို လက်တစ်ဖက်ထဲနဲ့ ဆွဲမပြီး..မြေကြီးကနေ ထူလိုက်တယ်..။
"ငါ့ကို မျက်နှာသာ ပေးမှာလား ပြော.."
သခင်လေး ချန်းက အတော် နာကျင်နေခဲ့ပါပြီ..။လင်းဖန် သူ့တို့ကို တကယ်ရိုက်ရဲလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။
"မင်း ငါဘယ်သူလဲ ဆိုတာ မသိဘူးလား.."
"မင်းဘယ်သူလဲ ငါ ဂရုမစိုက်ဘူး..။မင်းဟာ မင်း အင်ပါယာပဲ ဖြစ်ဖြစ် အင်ပါယာ အဖေပဲ ဖြစ်ဖြစ်..အလကားပဲ.."
လင်းဖန် လက်သီးနဲ့ နောက်တစ်ကြိမ် ကြမ်းတမ်းစွာ ထပ်ထိုးလိုက်ပါတယ်..။
ချန်းယွန်ယီ နဲ့ လျိုဒန်တို့ဟာ ကြောင်အစွာ ရပ်နေခဲ့ကြတယ်..။သူတို့ မြင်ကွင်းကို ကြည့်ပြီး ဆွံ့အနေခဲ့ကြပါပြီ..။
မာစတာ လင်း ဒီလိုတွေ အထိပါ လုပ်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပေ..။
"သွားပြီ.."
ဟီမင်ဟွေး ကြောက်ရွံ့လွန်းလို့ တုန်ရီ နေခဲ့တယ်..။
"မာစတာ လင်း သူတို့ကို ရိုက်နှက်လို့ မရဘူးလေ..။သူတို့က ဘေဂျင်းက သခင်လေးတွေပဲ..။မာစတာ လင်း ပြသနာ တက်လိမ့်မယ်.."
သူ နောက်ဆက်တွဲတွေကို တွေးတောင် မတွေးရဲတော့ပါဘူး..။ဒါပြီးရင် မာသတာ လင်းတော့ ပြသနာ အကြီးကြီး တက်တော့မှာပါ..။ဘာမှ မဆိုင်တဲ့ သူတောင်မှ ပြသနာ တက်နိုင်ပါတယ်..။
မာစတာ လင်းက နောက်ဆက်တွဲတွေကို ဂရုမစိုက်ဘူးလား....