အထင်မြင်သေးဖို့ကောင်းသော
Vol. 38 Ch. 569
#ဘာသာပြန် = စနိုးဝှိုက်
"မင်းတို့ ဘာလုပ်နေကြတာလဲ.."
အဲ့အချိန်မှာပဲ ကျို့ထျန်းဖူ အခန်းထဲကို ဝင်လာခဲ့တယ်..။သူ အခန်းထဲက ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို မြင်လိုက်ရတဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။
"ဘာတွေ ဖြစ်နေတာလဲ..။ဘာလို့ တိုက်ခိုက်နေကြတာလဲ.."
"သခင်လေး.."
သခင်လေး ချန်း ..နဲ့ သခင်လေး ရှန်းတို့..သူ့ကို ဝင်လာတဲ့ လူကို မြင်တဲ့ အချိန်မှာ ကျေနပ်သွားခဲ့ကြတယ်..။ယင်းနောက် သူတို့ ရဲ့ အမူအရာ တွေဟာ ရှက်ရွံ့မူတွေ အဖြစ်ကို ပြောင်းလဲ သွားခဲ့ပါတယ်..။ဒါက သခင်လေး ကျို့ရဲ့ ရှေ့မှာ ကိုယ့်ကိုကို အရှက်ခွဲနေသလို ပါပဲ..။
သူတို့ သခင်လေး ကျို့ နဲ့ သိပ်ပြီး မရင်းနှီးကြပေ..။သူတို့က နယ်ပယ် တစ်ခုတည်းမှာ အလုပ်လုပ်ကြတော့ စကားအနည်းငယ် ပြောဖူးရုံတင်ပါ..။
သူတို့ အစက ရှန်ဟိုင်းကို နှစ်ယောက်ထဲ လာကြဖို့ စီစဥ္ထားတာ ဖြစ်ပေမယ့် သခင်လေး ကျို့က ဒါကို သိသွားပြီး အတူတူ လိုက်လာခဲ့တာပါ..။သူတို့အတွက်ကတော့ ဒါက ပျော်စရာပါပဲ..။ဒါက သခင်လေးကျို့နဲ့ ရင်းနှီးဖို့ အကောင်းဆုံး အခွင့်အရေးပါ..။
သို့ပေမယ့်..သူတို့ ဒီလို အခြေအနေဖြစ်လာလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။သူတို့ရဲ့ လက်ရှိအခြေအနေက သခင်လေး ကျို့ရဲ့ ရှေ့မှာ အရှက်ခွဲခံနေရသလိုပါပဲ..။
အဲ့အချိန်မှာပဲ သူတို့နှစ်ယောက်စလုံး လင်းဖန်ကို မုန်းတီးမူတွေ အပြည့်နဲ့ ကြည့်လိုက်တယ်..။သူတို့ ဒီငနဲကို သတ်ချင်နေခဲ့ပါပြီ..။
ဟီမင်ဟွေး ဟာ သူတို့နှစ်ယောက် သခင်လေးလို့ လှမ်းခေါ်လိုက်တာကို ကြားပြီး လှမ်းကြည့်လိုက်တယ်..။သူ့နှလုံးခုန်သံ တွေကတော့ အတော်ကို မြန်နေခဲ့ပါပြီ..။
ဒါက အစောက သူတို့နှစ်ယောက်ပြောတဲ့ အထူးအရေးကြီး ပုဂ္ဂိုလ် လား...။
"ဟင်..."
လင်းဖန် နဲ့ ကျို့ထျန်းဖူ တို့ မျက်လုံးချင်းဆုံးတဲ့ အချိန်မှာ နှစ်ယောက်စလုံး အံ့ဩသင့်သွားခဲ့ကြပါတယ်..။
"မင်းလား..."
သူတို့ တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်တဲ့ လေသံတွေနဲ့ ရေရွတ်လိုက်ကြတာပါ..။
အဲ့အချိန်မှာပဲ ကျို့ထျန်ဖူ ပြောလာခဲ့တယ်..။
"ဒီရောက်နေတာလား..။ကျွန်တော် တိမ်ဖြူလမ်းကို သွားခဲ့သေးတယ်..ဒါပေမဲ့ မတွေ့ခဲ့ဘူး..။ဒါပေမဲ့ အခုတော့.."
လင်းဖန် ပြုံးလိုက်ပြီး..
"ဘာလို့ သခင်လေးက ဒီကို ရောက်နေတာလဲ..။ဒီနှစ်ယောက်က မင်းရဲ့ သူငယ်ချင်းတွေလား.."
ကျို့ထျန်းဖူ လဲကျနေတဲ့ လူနှစ်ယောက်ကို ကြည့်ပြီး ခနလောက် တွေ ဝေပြီးမှ ခေါင်းညိမ့်လိုက်တယ်..။
"အင်း..သူငယိချင်းတွေ..။
သခင်လေး ကျို့ က သူငယ်ချင်း ဆိုတဲ့ စကားလုံးကို ပြောလိုက်တဲ့ အချိန်မှာ သခင်လေးရှန်း နဲ့ သခင်လေး ချန်းတို့ မျက်ရည် ဝဲသွားကြတယ်..။သခင်လေးကျို့က သူတို့ကို သူငယ်ချင်းလို့ သဘောထားမယ် လု့ိ သူတို့ မထင်ထားခဲ့ပါဘူး..။
အစောက ရှိနေတဲ့ သူတို့ရဲ့ မရေမတွက်နိုင်တဲ့ဒေါသတွေဟာ အခုချိန်မှာ စိတ်လှုပ်ရှားမူ အဖြစ်ပြောင်းလဲ သွားခဲ့ပါတယ်..။
လင်းဖန် ' အိူး..' လို့ သာ ရေရွတ်လိုက်ပြီး ထပ်ပြောလိုက်တယ်..။
"သူတို့ကို ကျုပ်ရိုက်လိုက်တာပဲ.."
ယင်းနောက် သူ ချန်းယွန်ယီ နဲ့ လျိုဒန် တို့ကို လက်ညိုးထိုးပြလိုက်ပြီး..
"သူတို့က ကျုပ်သူငယ်ချင်းကို လာရှုပ်ချင်နေလို့ သင်ခန်းစာ ပေးလိုက်တာ.."
ကျို့ထျန်းဖူ မာစတာ လင်းနဲ့ ဒုတိယတွေ့ဆုံမူက ဒီလို အခြေအနေမျိူး ဖြစ်နေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။သူ မာစတာ လင်းကို တကယ် လေးစားမိပါတယ်..။မာစတာ လင်း သူ့ကို ဟောကြားပေးခဲ့တာတွေက တိကျလွန်းလှပါတယ်..။သူ အရင်ကတည်းက မာစတာ လင်းဆီလာပြီး ကျေးဇူးတင်စကား ပြောချင်ပေမယ့် အချိန်မရခဲ့ပေ..။
သို့ပေမယ့် လက်ရှိ အခြေအနေကတော့ တကယ် ရှက်ရွံစရာပါပဲ..။
"သခင်လေး ကျွန်တော်တို့.."
သခင်လေး ချန်း တစ်ခုခု ပြောချင်ပေမယ့်လည်း ကျို့ထျန်းဖူ ရဲ့ တားဆီးခြင်းကို ခံလိုက်ရတယ်..။
"မာစတာ လင်း အရင်တစ်ခေါက်တုန်းက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်..။ဒီနှစ်ယောက်က နည်းနည်း ကလေးဆန်ပေမယ့် ကျွန်တော်ရဲ့ သူငယ်ချင်းတွေလေ..။သူတို့ကို ရိုက်တာက ကျွန်တော့်ကို မျက်နှာသာ မပေးသလို ဖြစ်နေတာပေါ့..။ဒီလိုဆို ဘယ်လိုလဲ..ကျွန်တော်တို့ နည်းနည်းလောက် လက်ရည်စမ်းကြမယ်..။တကယ်လို့ မာစတာ လင်း ကျွန်တော် တိုက်ခိုက်တာကို သုံးစက္ကန့်လောက် တောင့်ခံနိုင်ရင် ဒီကိစ္စကို ကျော်သွားပေးမယ်..။ကျွန်တော် အမှားကို ဝန်ခံပြီး ပြန်တောင်းပန်မယ်..။တကယ်လို့ မာစတာ လင်း တောင့်မခံနိုင်ဘူးဆိုရင်လည်း ဒီမတော်တဆမူကို မေ့လိုက်ကြတာပေါ့.."
ကျို့ထျန်းဖူ အပေါ်အဝတ်ကို ဖယ်လိုက်ပြီး ဘေးနားမှာ ထားလိုက်တယ်..။သူ့ရဲ့ တောင့်တင်းတဲ့ ခန္တာကိုယ်ဟာ ချက်ချင်းပေါ်ထွက်လာခဲ့ပါတယ်..။ဒါပေါ့ မာစတာ လင်းသာ သုံးစက္ကန့် တောင့်မခံ နိုင်ခဲ့ရင် သူ့သူငယ်ချင်းတွေကို ရိုက်နှက်ခဲ့တဲ့ အတွက် ပြန်ပြီး ရိုက်နှက်ခံရမှာပါ..။ဒါကိုတော့ သူထည့်မပြောခဲ့ပါဘူး..။
ကျို့ထျန်းဖူ ရဲ့ ကြွက်သားတွေကို ကြည့်ပြီး လင်းဖန် ပြုံးလိုက်တယ်..။
"သခင်လေး ကျို့ရဲ့ ကြွက်သားတွေက သေချာလေ့ကျင့်ထားတဲ့ ပုံပဲ..။ကြည့်ရတာ အရည်အချင်း ရှိတယ် ထင်တယ်.."
ကျို့ထျန်းဖူ ပြုံးလိုက်တယ်..။
"ကျုပ်က စစ်တပ်မျိုးရိုးရှိ တဲ့ မိသာစုကနေ ဆင်းသက်လာခဲ့တာလေ..။တကယ်လို့ ကျွန်တော်သာ ကိုယ်ခံပညာ မတတ်မြောက်ရင် ဟာသတစ်ခုလို ဖြစ်နေမှာပေါ့..။ဘယ်လိုလဲ မာစတာ လင်း..။အဆင်ပြေပါ့မလား.."
လင်းဖန် ခေါင်းခါယမ်း လိုက်တယ်..။
"သခင်လေး ကျို့က လူကောင်းတစ်ယောက် ဖြစ်ပေမယ့် အရိုက်နှက်ခံချင်နေတာပဲ..။ဒီလိုဆိုတော့လည်း သခင်လေး ကျို့ရဲ့ ဆန္ဒကို ဖြည့်ဆီးပေးရတော့မှာပေါ့ နောင်တတော့ မရနဲ့နော်.."
သခင်လေး ချန်းယာ လင်းဖန် သခင်လေး ကျို့နဲ့ တိုက်ခိုက်ရဲတာကို ကြည့်ပြီး အပြစ်တင်ဖို့ လုပ်လိုက်တယ်..။
"မင်းက သခင်လေး ကျို့ အတွက်တော့ ဘာမှ မဟုတ်ဘူး..။သူက...."
"တော်လောက်ပြီ.."
ကျို့ထျန်းဖူ သခင်လေး ချန်းကို ကြည့်လိုက်တယ်..။
"အရင်တုန်းက မာစတာ လင်းက ငါ့အပေါ်ကူညီဖူးတယ်..။မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ.."
"ကျွန်တော်.."
သခင်လေး ချန်း ခေါင်းကို ငုံ့လိုက်ပြီး ဘာမှ ထပ်မပြောရဲတော့ပါဘူး..။
ဒီငနဲက သခင်လေး ကျို့နဲ့ သိနေလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။ပြီးတော့ သူတို့ရဲ့ ဆက်ဆံရေးကလည်း အတော်ကို ကောင်းမွန်လှပါတယ်..။
သို့ပေမယ့် ငနဲက သခင်လေးကျို့နဲ့ တိုက်ခိုက်ချင်တာကတော့ ကိုယ့်သေတွင်းကို တူးနေတာပါပဲ..။
ဘေဂျင်းမှာ ဆိုရင် သခင်လေးကျို့ ဘယ်လောက် ကြမ်းတမ်လဲ လူတိုင်းသိကြပါတယ်..။သူက လူဆယ်ယောက်ကို တစ်ယောက်ထဲ တိုက်ခိုက်တာတောင် ဘာမှ မမူပါဘူး..။
အမှန်တကယ်တော့ ကျို့ထျန်းဖူဟာ သူ့အပေါ် ကျေးဇူးရှိဖူးတဲ့ လင်းဖန် နဲ့ မတိုက်ခိုက်ချင်ပေ..။သို့ပေမယ့် အရိုက်ခံရတဲ့ နှစ်ယောက်က..အရေးမကြီးဘူးဆိုရင် တောင် သူ့လူတွေ အဖြစ်ရှိနေပါသေးတယ်။အခုလို သူ့လူတွေ အရိုက်ခံရတာတောင် သူ ဘာမှ ပြန်မလုပ်ရင် ဒါက အရှက်ခွဲခံရသလိုပါပဲ..။
ဒါကြောင့် သူ ဒီလို အကြံဥာဏ်ရခဲ့တာပါ..။
ကျို့ထျန်းဖူ ပြောလိုက်တယ်..။
"မာစတာ လင်း စိတ်မပူပါနဲ့..ကျွန်တော် သက်ညှာပေးမှာပါ..။အရမ်းနာကျင်အောင် မလုပ်ပါဘူး.."
လင်းဖန် ရယ်မောပြီး လက်ဝေ့ယမ်းလိုက်တယ်..။
"အဲလို လုပ်ဖို့မလိုပါဘူး...။အားကုန်သုံးပြီးသာ လာခဲ့ပါ.."
ချန်းယွန်ယီ စိုးရိမ်စွာ လှမ်းပြောလိုက်တယ်..။
"မာစတာ လင်း..မတိုက်ခိုက်ပါနဲ့လား.."
သူမ ကျို့ထျန်းဖူ ရဲ့ ကြွက်သားတွေကို မြင်ကတည်းက ကြောက်ရွ့ံနေခဲ့တာပါ..။တကယ်လို့ သူသာ အမှန်တကယ် တိုက်ရိုက်ရင် မာစတာ လင်းလို ပိန်ပိန်ပါးပါး လေးက တောင့်ခံနိုင်မှာ မဟုတ်ပါဘူး..။
ကျို့ထျန်းဖူ ပြုံးလိုက်တယ်..။
"ကောင်းပြီ မာစတာ လင်းကို ဒီအတွေ့အကြုံခံစားစေရမယ်..။ကျွန်တော် စစ်တပ်ထဲမှာ တုန်းက လူ ဆယ်ယောက်လောက်ကို တစ်ယောက်ထဲ တိုက်ခိုက်လာခဲ့တာ..။တကယ်လို့ မာစတာ လင်းသာ ကျွန်တော်ကို သုံးစက္ကန့် တောင့်ခံနိုင်ရင် ဒါက အတော်ကောင်းတယ်လို့ ပြောလို့ရနေပြီ.."
လင်းဖန် ကျို့ထျန်းဖူကို ကြည့်လိုက်တယ်..။ဒီ ငနဲက နိမ့်ချသလို နေနေပေမယ့် တိုက်ခိုက်ရေးအပိုင်းမှာ အတော်ကို ဘဝင်မြင့်နေတာပါ..။
ငါက သုံးစက္ကန့်တောင့်ခံနိုင်ရင် မဆိုးဘူးလို့ ပြောလို့ရတယ်လား..။
တကယ်လို့ လူလိမ်ထျန်သာ ဒါကိုကြားရင် အူတက်အောင် ရယ်နေတော့မှာပါ..။
"သခင်လေး ကျို့ ..ကျုပ်လည်း ပြောစရာရှိတယ်..။တကယ်လို့ သခင်လေး ကျို့သာ သုံးစက္ကန့် အထိ တိုက်ခိုက်နေနိုင်ရင် ဒါက အတော်သန်မာနေပြီလို့ ပြောလို့ရတယ်.."
လင်းဖန် ပြောလိုက်တာပါ..။
ဘေးနားက ကြည့်နေတဲ့ ဟီမင်ဟွေး ဟာ အကူညီမဲ့နေခဲ့တာ..။ဒီနှစ်ယောက်က ဘာလုပ်နေကြတာလဲ..။
အဲ့ သုံးစက္ကန့်ကရော ဘာလုပ်ရမှာလဲ..
မင်းတို့ တိုက်ခိုက်မယ် ဆိုရင် လည်း မြန်မြန်တိုက်ခိုက်ကြလေကွာ..။ဘယ်သူ နိုင်လဲဆိုတာက ပြသနာ မဟုတ်ဘူး..။အေးအေးဆေးဆေး ဖြေရှင်းလို့ ရရင် ပြီးတာပဲ..။
"ပြင်ဆင်ထားတော့ မာစတာ လင်း ကျွန်တော်လာပြီ.."
ယင်းနောက် ကျို့ထျန်းဖူ အမူအရာပြောင်းပြီး ပြေးဝင်သွားခဲ့တယ်..။သူ မာစတာ လင်းကို အရမ်းမနာကျင်စေချင်တဲ့ အတွက် အလျင်အမြန်အဆုံးသတ်ပြီး မြေကြီးပေါ် လှဲသိပ်ပေးရမှာပါ..။
"မြန်သားပဲ.."
လင်းဖန် ပြုံးလိုက်တယ်..။သူ ခန္တာကိုယ်ကို တစ်ပတ်လှည့်ပြီး ခြေထောက်ကို ရွေ့ကာ ကျို့ထျန်းဖူ ရဲ့ ကျောကို လက်ဝါးနဲ့ ရိုက်လိုက်ပါတယ်..။
ဘန်း...
ကျို့ထျန်းဖူ မြေကြီးပေါ်ကို ကျသွားခဲ့ပါတယ်..။
အံ့ဩမူ..
သခင်လေး ချန်း နဲ့ သခင်လေး ရှန်းတို့ဟာ ကြောင်အသွားခဲ့ကြတယ်..။ဘာတွေ ဖြစ်နေတာလဲ..။ဘာလို့ သခင်လေး ကျို့က မြေကြီးပဲ လဲကျသွားတာလဲ..။
မြေကြီး ပေါ်လဲကျသွားတဲ့ သခင်လေး ကျို့ဟာ ခနလောက် ကြယ်တွေ လတွေ မြင်သွားခဲ့ပါတယ်..။
ဘာဖြစ်သွားတာလဲ..။ဘာလို့ ငါ ရုတ်တရက်ကြီး မြေကြီးပေါ် ရိုက်ချခံလိုက်ရတာလဲ...။
ချီးပဲ မာစတာ လင်းကလည်း သေချာလေ့ကျင့်ထားတဲ့ လူပဲလား..။
အချိန်ခနလေးအတွင်းမှာပဲ ကျို့ထျနိးဖူရဲ့ ဦးနှောက်ထဲမှာ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့တယ်..။
ဒီတစ်ကွက်ထဲနဲ့တင် ..သူက မာစတာလင်း အတွက် ဘက်မဟုတ်ဘူးဆိုတာကို သိလိုက်တယ်.။တကယ်လို့ သူသာ အရှုံးကို ဝန်မခံပဲ..ထပ်ပြီး တိုက်ခိုက်ရင် ..ကိုယ့်သေတွင်းကို တူးသလိုပဲဖြစ်မှာပါ.။ဒါဆိုရင် သူ အရှက်ကွဲတာပဲ အဖတ်တင်ပါလိမ့်မယ်..။
မဟုတ်ဘူး..ငါ တစ်ခြား နည်းလမ်းကို တွေးရမယ်..။
"အာ..မာစတာ လင်း. ဒီအကွက်က အတော်အံ့ဩဖို့ ကောင်းတာပဲ..။ဒါပေမဲ့ ကျွန်တော်က ရှန်ဟိုင်းကို အခုမှ ရောက်တာဆိုတော့ ခရီးပမ်းနေသေးတယ်လေ..။ခြေထောက်တွေက ထုံကျင်နေတော့ ခွန်အား အပြည့် မထုတ်နိုင်သေးဘူး..။ထားလိုက်တော့..ကျွန်တော် အရှုံူးပေးပါတယ်.."
သခငိလေး ကျို့ အပြုံးလေးနဲ့ ပြန်ထလာပြီး ပြောလိုက်တာပါ..။ဒါက သူ့အတွက် အကောင်းဆုံး ဆင်ခြေပါပဲ..။
လင်းဖန် ပြုံးလိုက်တယ်..။သူသခင်လေးကျို့ကို မဖော်ထုတ်ပေမယ့်လည်း အလွယ်တကူတော့ လွှတ်ပေးမှာ မဟုတ်ပါဘူး..။
"အာ..ဒါဆိုလည်း နောက်တစ်ခါ အခွင့်အရေးရှိတဲ့ အခါကြမှ ..ပြန်ပြီး လက်ရည်စမ်းကြတာပေါ့.."
သခင်လေး ကျို့ ပြုံးလိုက်ပြီး..
"ကောင်းပြီလေ..နောက်တစ်ခါ ပြန်တွေ့ကြမှ ထပ်ပြီး လက်ရည်စမ်းကြတာပေါ့.။ဒါပေမဲ့ အနိုင်ကတော့ အနိုင်ပဲလေ.။ကျွန်တော် အရှုံးကို ဝန်ခံပါတယ်..။ကျွန်တော် သူတို့ကိုယ်စားတောင်းပန်ပါတယ်..။မာစတာ လင်းကပဲ သဘောထားကြီးစွာ ခွင့်လွတ်ပေးပါ.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"မလိုတော့ပါဘူး ဒါက ကိစ္စသေးသေးလေးပါ..။ဒါပေမဲ့ နောက်တစ်ကြိမ်တော့ ကျုပ်ရဲ့ မိတိဆွေ နှစ်ယောက်ကို ထပ်မနှောက်ယှက်ဖို့ မျှော်လင့်ပါတယ်.."
သခင်လေးကျို့ သူတို့ နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်တယ်..။
"ကြားကြတယ်နော်.."
သခင်လေး ချန်း နဲ့ သခင်လေး ရှန်းတို့ ခေါင်းညိမ့်လိုက်ကြပါတယ်..။
"ကျွန်တော်တို့ နားလည်ပါတယ် .သခင်လေးကျို့.."
သူတို့ အရူးတွေ မဟုတ်ကြပါဘူး..။သူတို့ သခင်လေး ကျို့ နဲ့ မာစတာ လင်းရဲ့ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်..။
သူတို့ရဲ့ ဒေါသတွေက တော့ အစောထဲက ပျောက်ကွယ်သွားခဲ့ပါပြီ..။တကယ်လို့ သူတို့သာ လင်းဖန်ကို ထပ်ပြီး ဆန့်ကျင်နေသေးရင် ငတုံးတွေ ဖြစ်သွားတော့မှာပါ..။
အဲ့အချိန်မှာပဲ လင်းဖန် ဟီ််မင်ဟွေးကို ကြည့်လိုက်တယ်..။
"အကြီးအကဲ ဟီ..ကျွန်တော်တို့ စာချုပ် ဖျက်သိမ်းဖို့ ဘာဆက်လုပ်ရမလဲ.."
ဟီမင်ဟွေး ကြောင်အသွားပြီးမှ ပြုံးကာ ပြန်ဖြေလိုက်ပါတယ်..။
"မာစတာ လင်းဘာတွေ ပြောနေတာလဲ..။မာစတာ လင်း ပြောနေမှတော့ ကျွန်တော် စာချုက်မဖျက်သိမ်းပဲ ဘယ်နေလို့ ရတော့မှာလဲ..။ကျွန်တော် တစ်ယောက်ယောက်ကို စာချုပ်ဖျက်သိမ်းဖို့ အခုပဲ လုပ်ခိုင်းလိုက်ပါ့မယ်.."
ချန်းယွန်ယီ နဲ့ လျိုဒန် တို့ ဒါကိုကြတဲ့ အချိန်မှာ မျက်မှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။
လင်းဖန် ရယ်မောလိုက်တယ်..။ဒါက အတော်ကို စက်ဆုပ်ဖို့ ကောင်းတာပါ..။