← Chapters

ဒါက ကြက်ချေးတုံး လိုပဲ..

Vol. 38 Ch. 570

ဒါက ကြက်ချေးတုံး လိုပဲ..

Vol. 38 Ch. 570

#ဘာသာပြန် = စနိုးဝှိုက်

နေ့လည်စာ..။

အမှန်တော့ ဒီနေ့နေ့လည်စာက အန္တရာယ် များတဲ့ နေ့လည်စာ တစ်ခုဖြစ်နိုင်ပေမယ့် လင်းဖန် ရောက်လာတဲ့ အတွက်ကြောင့် သန့်စင်တဲ့ နေလည်စာ တစ်ခုဖြစ်သွားခဲ့ပါပြီ..။

ချန်းယွန်ယီ နဲ့ လျိုဒန်ဟာ မာစတာ လင်းကို အလယ်မှာ ထားပြီး ဘယ်နဲ့ညာဘက်မှာ ထိုင်နေခဲ့ကြတယ်..။သူတို့ မာစတာ လင်းကို အတော်လေး ကျေးဇူးတင်နေခဲ့တာပါ..။မာစတာ လင်းရဲ့ အကူညီ ကြောင့်သာ မဟုတ်ရင် သူတို့ အခုချိန်ဘယ်လို အခြေအနေဖြစ်နေမလဲ ဆိုတာတောင် မတွေးရဲတော့ပေ..။

သို့ပေမယ့် အခုတော့ အရာအားလုံး ဖြေရှင်းပြီး သွားပါပြီ..။စာချုပ်ကိုလည်း ဖျက်သိမ်းပြီး သွားပြီ ဖြစ်တာကြောင့်သူတို့ ပြန်လွတ်လပ် သွားပြီလို့ ပြောလိူ့ရပါတယ်..။

သခင်လေး ချန်း နဲ့ သခင်လေး ရှန်းတို့ အကြည့်ချင်း ဖလှယ်လို်က်ကြတယ်..။သူတို့က သူတို့အတွက် ဘာက ကောင်းလဲဆိုတာကို မသိတဲ့ လူတွေ မဟုတ်ကြပါဘူး..။လက်ရှိအချိန်မှာ ..လင်းဖန် က သူတို့ရဲ့ ရန်သူ ဖြစ်နေပေမယ့်..သူက သခင်လေး ကျို့နဲ့ အတော်ရင်းနှီးနေခဲ့ပါတယ်..။သူတို့ လင်းဖန်ကို အတော် ဒေါသထွက်ပေမယ့်လည်း အရှုံးကို ဝန်ခံကြရတော့မှာပါ..။

ဘေဂျင်းမှာ ဆိုရင် သူတို့ကို မောက်မာတဲ့ လူတွေလို့ ပြောလို့ရပါတယ်..။သို့ပေမယ့် သူတို့ မောက်မာတယ် ဆိုတာက သာမန် လူတွေ အပေါ်မှာပါပဲ..။

အဲ့အချိန်မှာပဲ သူတို့နှစ်ယောက်စလုံး ဝိုင်ခွက်ကို ကိုင်ပြီး မတ်တတ်ရပ်လိုက်ကြတယ်..။

"မာစတာ လင်း.ကျွန်တော်တို အစောက အမှားလုပ်မိခဲ့ကြပါတယ်..။မာစတာ လင်းကပဲ သဘောထားကြီးပေးမယ် လို့ မျှော်လင့်ပါတယ်..။ကျွန်တော်တို့ လေးစားတဲ့ အနေနဲ့ ဒါကို ကုန်အောင် သောက်ပါရစေ.."

*ဂလု ဂလု*

ကျို့ထျန်းဖူ ဒါကို မြင်ပြီး ခေါင်းညိမ့်လိုက်ပါတယ်..။အနည်းဆံူးတော့ ဒီနှစ်ယာက်က အခြေနေကို မသိတဲ့ လူမိုက်တွေ မဟုတ်သေးပါဘူး..။

လင်းဖန် သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြုံးလိုက်တယ်..။

"ကောင်းပြီ..အတိတ်ကို အတိတ်မှာပဲ ထားလိုက်ကြရအောင်..။ခင်ဗျားတို့ အမှားကို ဝန်ခံပြီိဆိုမှတော့ ဘာလို့ ရှေ့ဆက်ပြီး အပြစ်တင် နေရဦးမှာလဲ..။ဒီလို အေးဆေးသွားတာက ကျုပ်အတွက်လည်း ကောင်းပါတယ်.."

သခင်လေး ချန်း နဲ့ သခင်လေး ရှန်းတို့ စိတ်သက်သာရာ ရသွားခဲ့တယ်..။မာစတာ လင်း သူတို့အပေါ် ဆုံးမစကားတွေ မပြောသ၍ ဒါက အဆင်ပြေပါတယ်..။ဘာပဲဖြစ်ဖြစ် သူတို့က သခင်​ေ လး ကျို့ နဲ့ သူငယ်ချင်းတွေပါ..။တကယ်လို့ သူတို့ သခင်လေး ကျို့နဲ့ ရင်းနှီးတဲ့ လူတစ်ယောက်ကို အပြစ်ပြုမိရင် မျက်နှာပူစရာတွေ ဖြစ်လာမှာပါ..။

ဟီမင်ဟွေးကတော့ ထောင့်လေးမှာသာ ထိုင်နေပြီး စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ..။သူ တစ်ခြားလူတွေ အတွက် ဝိုင်ကို လောင်းထည့်ပေးပြီးသာ..ဝန်ဆောင်မူ ပေးနေခဲ့ပါတယ်..။

လင်းဖန် အပြုံးလေးနဲ့ ပြောလိုက်တယ်..။

"သခင်လေး ကျို့ ရဲ့ အနေအထားကို ကြည့်ရတာ ..ဘေဂျင်းက ကိစ္စအောင်မြင်သွားတဲ့ ပုံပဲ.."

ကျို့ထျန်းဖူ ကျေနပ်စွာ ရယ်မောလိုက်ပါတယ်..။

"ဒီကိစ္စ မပြောပါနဲ့ဦး..တကယ်တော့ မပြီးသေးပါဘူး.."

လင်းဖန် ရယ်မောလိုက်ပြီး ဘာမှ ​မပြောတော့ပေ..။နေ့လည်စာက ပုံမှန် အတိုင်းပဲ ရှေ့ဆက်နေခဲ့ပါတယ်..။

သို့ပေမယ့် သခင်လေး ချန်းကို ပဟေဠိဖြစ်စေတာက..မာစတာလင်းက သူ့ကို တစ်ချိန်လုံးစိုက်ကြည့်နေခဲ့တာပါ..။ဒါက သူ့ကို အနေရခက်စေပါတယ်..။

မာစတာ လင်းက အခြောက်များ ဖြစ်နေတာလား...

"မာစတာလင်း ကျွန်တော်ရဲ့ ကိုယ်ပေါ်မှာ တစ်ခုခု ရှိနေလို့လား.."

သခင်လေး ချန်း မေးလိုက်တာပါ..။

လင်းဖန် ပြုံးပြီး ခေါင်းခါယမ်း လိုက်တယ်..။

"ဟင့်အင် ဒီတိုင်း ခံစားချက် မကောင်းလို့ပါ.."

သခင်းလေး ချန်း အံ့ဩသွားခဲ့တယ်..။လင်းဖန် ရဲ့ ဆိုလိုရင်း ကို သူ နားမလည်ခဲ့ ပါဘူး..။

ဘာကို ခံစားချက် မကောင်းတာလဲ...

လင်းဖန် က ဘာမှ လုပ်စရာ မရှိတဲ့ အချိန်မှာ လူတိုင်းရဲ့ ကံကြမ္မာကို လိုက်စစ်ဆေးကြည့်နေတာပါ..။ဒီမှာ သခင်လေးချန်း ရဲ့ မျက်နှာကလွှဲပြီး တစ်ခြား ဘယ်သူကမှ ပြသနာ မရှိပါဘူး..။

သူ တစ်ချိန်လုံး ဘာမှ မပြောပဲ နေနေတာက အကြံဥာဏ် ပေးသင့်လား မပေးသင့်လား မသေချာလို့ပါ..။

သို့ပေမယ့် သခင်လေး ချန်းက အမှားကို ဝန်ခံထားပြီ ဖြစ်တာကြောင့် လင်းဖန် ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်..။သူ့ရဲ့ အကြံဥာဏ်ကို လက်ခံတာမခံတာ ကတော့ သူ့ကိစ္စမဟုတ်တော့ပါဘူး.။

ကျို့ထျန်းဖူ ကလည်း လင်းဖန်ကို သိချင်စွာ ကြည့်လိုက်တယ်..။

"သူက ဘာဖြစ်လိူ့လဲ..။မာစတာ လင်း ဘာလို့ ခံစားချက် မကောင်းတာလဲ.."

လင်းဖန် ပြောလိုက်တယ်။

"ငါ မင်းကို အကြံပေးလိုက်မယ်..။မင်း ဘေဂျင်းကို ပြန်ရောက်လို့ ရှိရင် ၇ ရက်အတွင်း အန္တရာယ် ရှိတဲ့ လုပ်ဆောင်မူ တွေမှာ မပါဝင်နဲ့..။မဟုတ်ရင် တစ်ခုခု ဆိုးရွားတာ ဖြစ်လိမ့်မယ်.."

"အာ.."

သခင်လေး ချန်း အံ့ဩသွားခဲ့တယ်..။

"မာစတာ လင်း..ဒါက ဘာကို ဆိုလိုတာလဲ.."

လင်းဖန် သိပ်အများကြီး မပြောချင်ခဲ့ပေ..။

"ဒါကိုသာ မှတ်ထား..။ဘေဂျင်းပြန်ရောက်ရင် ၇ ရက်အတွင်း အန္တာရာယ်ရှိတဲ့ လုပ်ဆောင်မူတွေကို မလုပ်နဲ့ အဆင်ပြေသွားလိမ့်မယ်..။ကောင်းပြီ ထပ်မပြောနဲ့တော့ စားကြရအောင်.."

ကျို့ထျနိးဖူ ပြုံးလိုက်ပြီး..

"ဟုတ်တယ် ဟုတ်တယ် ပြောတာ တော်လောက်ပြီ..။မာစတာ လင်းရဲ့ စကားကိုသာ မှတ်ထားလိုက်.."

သခင်လေး ချန်း လင်းဖန်ကို သေချာ ကြည့်လိုက်တယ်..။သူ့ရင်ထဲမှာတော့ ထူးခြားတဲ့ခံစားချက် တစ်ခု ဖြစ်ပေါ်နေခဲ့ပါတယ်..။

နေ့လည်စာစားပြီး နောက်မှာ လင်းဖန် ကျို့ထျန်းဖူတို့နဲ့ ဆက်မနေခဲ့ပေ..။အဲ့အစား သူ ထွက်လာခဲ့လိုက်ပါတယ်..။

သူက ကျို့ထျန်းဖူ နဲ့ ရင်းနှီးတယ် လို့ ပြောလို့မရပါဘူး.။အခုချိန်မှာ သူတို့ တစ်ယောက်ကို တစ်ယောက် သိတယ် ဆိုယုံမျှသာပါ..။

အဆောက်အဦး၏ အောက်ဘက်တွင်..။

ချန်းယွန်ယီ ရဲ့ သွက်လက်တဲ့ မျက်လံူးတွေဟာ လင်းဖန် အပေါ် ကျရောက်နေပြီး.

"ကျေးဇူး အမျာကြီး တင်ပါတယ် မာစတာ လင်း.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြုံးလိုက်တယ်..။

"ကျေးဇူးတင်ဖို့ မလိုပါဘူး..။ဒါက အသေးအဖွဲလေးပါ..။အခု ဘာဆက်လုပ်ဖို့ စီစဥ္ထားလဲ.."

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တယ်..။သူတိူ့ အခုက စပြီး ဘာဆက်လုပ်ရမလဲ ဆိုတာ မသိသေးပါဘူး..။သူတို့ရဲ့ အိပ်မက်က ဆယ်လီ တွေဖြစ်လာဖို့ပါ..။အခု အကြီးအကဲ ဟီ နဲ့ စာချုပ် ဖျက်သိမ်းမူကြောင့် လွတ်လပ်သွားပေမယ့် နောင်တ အနည်းငယ်တော့ ရှိနေခဲ့ပါတယ်..။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စက သူတို့အပေါ် သက်ရောက်မူ ကြီးမားခဲ့ပါတယ်..။တကယ်လို့ မာစတာ လင်းကြောင့်သာ မဟုတ်ရင် သူတို့ ဘဝက အတွေးရဲ စရာပါပဲ..။

"ညီမ တို့ မစဥ္းစားရသေးဘူး..။အခြေအနေကို ကြည့်ပြီး လုပ်ရမှာပဲ.."

ချန်းယွန်ယီ ပြောလိုက်တာပါ..။

လင်းဖန် ခနလောက်တွေ ဝေပြီးမှ ပြောလိူက်တယ်..။

"ဒီလို ဆိုဘယ်လိုလဲ..။နင်တို့ နှစ်ယောက် ငါနဲ့ လိုက်ခဲ့..။ငါ့ မိတ်ဆွေ တစ်ယောက်ရဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းပေါ့.။ငါ အများကြီး အာမမခံ နိုင်ပေမယ့် ဒီလိုတော့ ထပ်ပြီး ဆိုးရွားလာမှာ မဟုတ်တော့ဘူး..။စိတ်ဝင်စားကြလား.."

သူတို့နှစ်ယောက် မျှော်လင့်ချက်တွေ ပြည့်လာခဲ့တယ်..။ယင်းနောက် အပြုံးလေးတွေနဲ့ ပြန်ပြောလိုက်ကြပါတယ်..။

"ဟုတ် ..စိတ်ဝင်စားပါတယ်.."

"ဒါဆိုလဲ ကားထဲဝင်ကြ..။မင်းတို့ နှစ်ယောက်ကို ခေါ်သွားပေးမယ်.."

လင်းဖန် သူတို့ကို ဝမ်မင်ယန် ဆီ ခေါ်သွားဖို့ စီစဥ္နေခဲ့တာပါ..။ဝမ်မင်ယန် ဆီမှာဆိုရင် အနည်းဆုံးတော့ ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး..။ထပ်ပြောရရင် သူတို့နှစ်ယောက်က အလားအလာ ရှိပါတယ်..။သူတို့ကို သာ ပွဲထုတ်ပေးနိုင်ရင် ဝမ်မင်ယန် ရဲ့ ကုမ္ပဏီကိုလည်း အကျိုးပြုနိုင်မှာပါ.။

ဒါက အပေးအယူ ကောင်း တစ်ခုပါပဲ..။

အရှေ့ဘက် ဟန် အုပ်စု..။

ချနး်ယွန်ယီ သူမ ရှေ့က အဆောက်အဦးကို ကြည့်ပြီး ကြောင်အစွာ ပြောလိုက်တယ်..။

"မာစတာ လင်း..ဒီကို ဘာလို့ လာခဲ့တာလဲ.."

လင်းဖန် ပြုံးလိုက်ပြီး..

"ဒါပေါ့..ငါ မင်းတို့ကို သူဌေးအသစ်နဲ့ မိတ်ဆက်ပေး မလို့လေ..။ဒီက သူဌေးက ငါ့ရဲ့ ညီအစ်ကို ကောင်းပဲ..။သူက ယုံကြည်ရတယ်..မင်းတို့ကို ရောင်းစားမှာ မဟုတ်ဘူး.."

လျိုဒန် အံ့ဩသင့်စွာ ပြောလိုက်တယ်..။

"ဒါက အရှေ့ဘက် ဟန် အုပ်စုပဲ..။ညီမ သိတယ်..။ဒီ လက်အောက်က ဖျော်ဖြေရေး ကုမ္ပဏီက အတော်ကောင်းတယ်..။လက်ရှိဆိုရင် ဝူရွှန်းယွဲ့က အတော်​ကျော်ကြားနေပြီ..။အဆိုတော် အသစ်တစ်ယောက် ဒီလောက်မြန်မြန် ဆယ်လီ ဖြစ်သွားဖို့ ဆိုတာက မလွယ်ကူဘူး.."

လင်းဖန် ပြောလိုက်တယ်..။

"ဒါဆိုလည်း သွားကြရအောင်.."

လူတိုင်းက သူနဲ့ ဝမ်မင်ယန် ရဲ့ ဆက်ဆံရေးကို သိထားကြပါတယ်..။ပုံမှန်အားဖြင့် သူ ဒီအဆောက်အဦးထဲ ဝင်လာလို့ ရှိရင် ဘယ်သူမ မတားတဲ့ အပြင် တလေးတစားတောင် နှုတ်ဆက်ကြပါသေးတယ်..။

ရုံးခန်းတွင်..။

ဝမ်မင်ယန် သတင်းကြည့်နေရင်းကနေ သူ့ညီအစ်ကို ရောက်လာတာ တွေ့ပြီး..မျက်နှာမှာ ပျော်ရွှင်တဲ့ အပြုံးတစ်ခု ပေါိလာခဲ့တယ်..။

"ဘယ်လိုဖြစ်ပြီး ဒီနေ့မှာ ငါ့ကို လာရှာတာလဲ.."

လင်းဖန် ရုံးခန်းစားပွဲပေါ်မှာ ထိုင်လိုက်ပြီး..

"ဘာလို့လဲ..ဒါက ပုံမှန်မဟုတ်ဘူးလား..။ကျုပ် ခင်ဗျားကို အရည်အချင်းရှိတဲ့ မိန်းကလေး နှစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့.."

ဝမ်မင်ယန် မိန်းကလေး နှစ်ယောက် ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။

"မဆိုးဘူး မဆိုးဘူး.."

ယင်းနောက် သူဆက်ပြောလိုက်ပါတယ်..။

"မင်းက သူရဲကောင်းကြီး တစ်ယောက်လို ကယ်တင်ခဲ့ပြီး အခုတော့ ငါ့ဆီကို စောက်ရှောက်ပေးဖို့ ခေါ်လာတာမလား..."

သူက ဟာသအဖြစ်ပြောလိုက်တာ ဆိုပေမယ့် မိန်းကလေး နှစ်ယောက်ကတော့ ရှက်ရွံ့စွာ ခေါင်းတွေကို ငုံ့လိုက်ကြပါတယ်..။ဒါက အတော်ရှက်စရာပါပဲ..။

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ဒါက ဘယ်လို အဓိပ္ပါယ် မရှိတာလဲ ..ကျုပ် အတည်ပြောနေတာ.."

"ကောင်းပြီလေ..မင်းက မိတ်ဆက်ပေးမှတော့ ငါမင်းကို ယုံကြည်ပါတယ်..။ငါ သူတို့ကို ငါ့လူတွေလို ဆက်ဆံပြီး ထောက်ပံ့ပေးမှာပါ.."

ဆယ်မိနစ်ကြာလောက် စကားပြောပြီး နောက်မှာ ဆွေးနွေးမူ ပြီးဆုံးသွားခဲ့တယ်..။

ချန်းယွန်ယီ နဲ့ လျိုဒန် တို့ဟာ စာချုပ်ချုပ်ဖို့ ဝန်ထမ်းတစ်ယောက် နောက်ကို လိုက်သွားခဲ့ပါတယ်..။

လင်းဖန် သူ့အိပ်ကပ်ထဲက ကားသော့ကို ထုတ်ပြီး စာပွဲပေါ်ပစ်တင်လိုက်တယ်..။

"ကျုပ်ကားကို ပြန်ပေးလိုက်ပြီနော်.."

ဝမ်မင်ယန် နားလည်ခဲ့ပေ..။

"ဘာလို့လဲ..ဒီကားကို မကြိုက်ဘူးလား..။တစ်ခြားကား လိုချင်လို့လား.."

"မဟုတ်ဘူး..ကားက ကျုပ်ကြောင့် ပစ္စည်းသွားလို့.."

ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..။

"ဘာ ပျက်စီးသွားပြီလား..။ဘယ်လို ပျက်စီးသွားတာလဲ..။မင်းကို ပေးလိုက်တာ ၂ ရက်ပဲ ရှိသေးတယ်လေ.."

လင်းဖန် အကူညီမဲ့စွာ ပြန်ပြောလိုက်တယ်..။

"ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ..။ကျုပ်က လတ်တလော ဆေးဖော်စပ်နေတာ..။ပေါက်ကွဲမူ တွေလဲ အများကြီး ဖြစ်တယ်လေ..။ဒါကြောင့် ကားကို မတော်တဆ ထိ်မိသွားတာ..။ကျုပ်လည်း မတတ်နိုင်ဘူး.."

"ချီးပဲ..မင်းက ကားဖျက်စီးတဲ့ လူပဲ..။နှစ်ရက် အတွင်းမှာတင် သန်းချီတန်တဲ့ ကားကို ဖျက်စီးလိုက်တယ်..။ဒါပေမဲ့ ပြသနာ မရှိဘူး..။ငါက ချမ်းသာတော့ ကားတွေ အများကြီး ရှိပါသေးတယ်..။နောက်မှ မင်းအတွက် ကားတစ်စီး ထပ်ပို့ ကေးလိုက်မယ်.."

ဝမ်မင်ယန် ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်တယ်..။သူ လင်းဖန်ကို ထပ်ပြီး အပြစ်မတင်တော့ပါဘူး..။

လင်းဖန် ဝမ်မင်ယန် ရဲ့ စကားကြောင့် ခံစားသွားရပါတယ်...

"ကျုပ်ရဲ့ ဆေးဖော်စပ်မူမှာ ခင်ဗျားက အဓိက ကူညီပေးတဲ့လူပဲ..။ဒီနေ့ ကျုပ်သာ ခင်ဗျားကို ဘာမှ မပေးရင် ခင်ဗျား အချိန်ကို လာဖြုန်းသလို ဖြစ်နေလိမ့်မယ်..။ဒါက ကျုပ် အပင်ပန်းခံပြီး ကြိုးစားထားရတဲ့ ဆေးပဲ..။ဒါက လုံးဝ မပြည့်စုံသေးပေမယ့် ရတနာ တစ်ခုလို့ ပြောလို့ရတယ်..။ဒါမျ်ိုးက ပိုက်ဆံနဲ့ ဝယ်လို့ရတဲ့ အရာမဟုတ်ဘူး.."

ဝမ်မင်ယန် လင်းဖန်ကို ကြည့်ပြီး အဖြူရောင် ဆေးလုံးကို ကြည့်လိုက်တယ်..။ယင်းနောက် သူ့မျက်နှာပေါ်မှာ အထင်မြင်သေးမူ တွေ ပေါ်လာပြီး..

"ချီးပဲ..ဟုတ်ရော ဟုတ်လို့လား..။ဒါက ကြက်ချီးတုံး နဲ့ တူနေတယ်နော်.."

လင်းဖန် : "...."

All Chapters