← Chapters

တစ်ခုခု ဖြစ်သွားပြီ..

Vol. 39 Ch. 571

တစ်ခုခု ဖြစ်သွားပြီ..

Vol. 39 Ch. 571

#ဘာသာပြန် = စနိုးဝှိုက်

"ချီးပဲ..ခင်ဗျား မလိုချင်ရင်လည်း ရတယ်လေ..။ဒါက ကျုပ်ပေးတဲ့ လက်ဆောင်ကို ငြင်းပယ်ပြီး အရှက်ခွဲနေသလိုပဲ..။ကျုပ ်ခင်ဗျားကို ထပ်ပေးတော့မှာ မဟုတ်ဘူး..။အဲဲဒီအစား တစ်ယောက်ယောက်ကို ပဲ သွားပေးလိုက်တော့မယ်.."

ယင်းနောက် လင်းဖန် ဆေးကို ပြန်ယူဖို့ လုပ်လိုက်တယ်..။ဒီငနဲက ဘယ်အရာက ကောင်းတယ် ဆိုတာကို သိတဲ့ပုံမရပါဘူး..။သူက ဒီဆေးကို ကြက်ချေး

(မစင် ) နဲ့ တူတယ် လို့တောင် ပြောနေပါသေးတယ်..။

သို့ပေမယ့် သူ့ဆေးက အမှန်တကယ်ပဲ ကြက်ချေးနဲ့ တူတယ် ဆိုတာကို လင်းဖန် သိပါတယ်..။

ဒီလို ဆိုရင်တောင် ဒီလူ လေးစားသမူနဲ့ ထုတ်မပြောသင့်ပါဘူး...။

ဒါက ဝမ်းနည်းစရာပဲ...တကယ် ဝမ်းနည်းစရာပဲ..။

"အာ..ငါက နောက်နေတာပါ..မင်းဒီလို မျိုး အတည်ယူလို့ မရဘူးလေ.."

ဝမ်မင်ယန် လင်းဖန်ရဲ့ လက်ကို အလျင်အမြန် ပြန်ဆွဲပြီး ပြောလိုက်တယ်..။ယင်းနောက် သူ ပြုံးပြီး ဆေးတစ်လုံးကို လက်ထဲထည့်လိုက်ပါတယ်..။သူ သေချာ အနီးကပ်ကြည့်လိုက်ပြီး..

"ဒီဆေးက စားလို့ရတာတော့ ကျိန်းသေ ပါတယ်နော်..။ငါ ဘာလို့ တစ်ခုခု လွဲမှားနေသလို ခံစားနေရတာလဲ.."

"ချီးပဲ..တစ်ခုခု မှား နေတယ် ဆိုရင်လည်း ယူမနေနဲ့တော့..။အခု ပြန်ပေးလိုက်.."

လင်းဖန် လုယူတော့မယ့် ပုံစံ ဟန်ဆောင်လိုက်တယ်..။

ဝမ်မင်ယန် ပြုံးပြီး ဆေးကို မြိုချလိုက်ပါတယ်..။

"ပြန်မပေးပါဘူး...အခုပဲ စားလိုက်မယ်.."

လင်းဖန် သူ့ကိုကြည့်လိုက်ပြီး..

"အဲမှာ တစ်ခုခုမှားနေတာ မဟုတ်ဘူးလား..။ဘာလု့ိ စားလိုက်တာလဲ.."

ဝမ်မင်ယန် ပြောလိုက်တယ်..။

"တစ်ခုခု မှားနေတယ် ဆိုရင်လည်း ငါ ဂရုမစိုက်ဘူး..။ငါ့ကို ပေးတဲ့ လူက မင်းလေ...မင်းက ငါ့ကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူဆိုတာ ငါသိထားတယ်..။တစ်ကယ်လို တစ်ခြားတစ်ယောက်ယောက်သာ ဆိုရင် ငါ လွင့်ပစ်ပြီးနေပြီ..။ဒါပေမဲ့ အမှန်တကယ်ပဲ ဒါက ဘာဆေးလဲ..။အရသာက နည်းနည်းချို နေသလိုပဲ..."

လင်းဖန် ပြုံးလိုက်ပြီး..

"ကျုပ် ပြောပြမယ်..ဒါက ဥာဏ်ကောင်းစေတဲ့ ဆေးလုံးပဲ..။အတော်ကို အံ့ဩဖို့ကောင်းတယ်..။ကျုပ်မှာ အားလုံးပေါင်းမှ ၃ လုံးပဲ ရှိတာ ခင်ဗျားက တစ်လုံးယူတော့ ၂ လုံးပဲ ကျန်တော့တယ်..။ဒီဆေးလုပ်ဖို့ဆိုတာက မလွယ်ကူဘူးနော်..။ခင်ဗျားကား ပျက်စီးသွားတာကိုပဲ ကြည့်ပါလား.."

ဝမ်မင်ယန် ဆေးအကြောင်းကို သိသွားတဲ့ အချိန်မှာ စိတ်ပူသွားခဲ့ပြီး..

"ပြောပါဦး..ဆေးရဲ့ အဓိကလုပ်ဆောင်ချက်က ဘာလဲ.."

"ခင်ဗျား တုံးလှချည်လား..။ကျုပ်ခုနက ပြောသွားတယ်လေ..ဥာဏ်ကောင်းစေတဲ့ ဆေးလုံးပါလို့..။ခင်ဗျား ဂျီးနီးယပ် တစ်ယောက် ဖြစ်ချင်တယ် ဆိုရင် ဒီဆေးကို မှီခို ရမှာ.."

လင်းဖန် ဒီဆေးက ဘယ်လောက်ထိ စွမ်းဆောင် နိုင်လဲ ဆိုတာကို မသိပေမယ့်..ကောင်းတယ် ဆိုတာကိုတော့ သိထားပါတယ်..။

ဝမ်မင်ယန် .အံ့ဩသွားခဲ့တယ်..။

"ကြားရတာတော့ တကယ်ကို အံ့ဩစရာပဲ..။မင်း လိမ်နေတာတော့ မဟုတ်ပါဘူးနော်..ဟုတ်တယ်မလား.."

"ခင်ဗျားက ကျုပ်ကို မယုံကြည်သေးဘူးလား..။မေ့လိုက်တော့ ဘာပဲဖြစ်ဖြစ် ခင်ဗျားစားပြီးပြီ ဆိုတော့ ပြီးပြည့်စုံတဲ့ ဆေးကို ဖော်စပ်နိုင်ခဲ့ရင် ထပ်ပြီး ပေးမှာ မဟုတ်တော့ဘူး.."

"မဖြစ်နိုင်တာ..ငါတို့က သူငယ်ချင်းကောင်းတွေလေ..။မင်းငါ့ကို မပေးချင်တာ သေချာလို့လား..။ငါက မေးခွန်းမေးတယ် ဆိုတာ သိချင်လို့ပဲ..အဲလောက်အထိ ဒေါသထွက်ဖို့ လိုလိူ့လား.."

ဝမ်မင်ယန် ပြောလိုက်တာပါ..။

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"အဲလိုလား..။ဒီဆေးက တကယ်ကို ကောင်းမွန်တဲ့ဆေးပဲ..။ကျုပ်ဒါကို ရဖို့ အတော်ကို ကြိုးစားထားရတာ..."

ဝမ်မင်ယန် ခေါင်းညိမ့်လိုက်တယ်..။

"ငါ မင်းကို ယုံပါတယ်..။ဒါက ကောင်းတယ် ဆိုမှတော့ တကယ်ကောင်းမွန်လို့ပဲ ဖြစ်မယ်.."

"ကျုပ်ကို ယုံကြည်တာ ကောင်းတယ်..။ကျုပ်ခင်ဗျားကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူး.."

ယင်းနောက် လင်းဖန် တစ်ခုခု ကို သတိရသွားခဲ့ပြီး..

"အိုး..ခင်ဗျား ရှေးဟောင်း ဆေးအိုး ကို ဘယ်မှာ ဝယ်လို့ရမလဲ ဆိုတာ သိလား.."

"ရှေးဟောင်း ဆေးကြိုတဲ့ အိုး လား.."

ဝမ်မင်ယန် ခနလောက် စဥး်စားလိုက်တယ်..။

"အဲလိုအရာတွေက ဒီနေ့ခေတ်မှာ ရှားပါးနေပြီ..။ဘယ်သူမှ အသုံးမပြုကြတော့ဘူး..။ဒါပေမဲ့ လူတစ်ချို့ကတော့ အလှပြဖို့ အတွက် အသုံးပြုကြသေးတယ်.."

လင်းဖန် အနည်းငယ် စိတ်ပျက်သွားခဲ့ပါတယ်..။ဒါက တကယ်ကို ရှားပါးလှတာပါ..။

တကယ်လို့ သူ့မှာသာ ရှေးဟောင်း ဆေးအိုး မရှိရင် ပြီးပြာ့်ဆုံတဲ့ ဆေးကို ဖော်စပ်ဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ..။ရရှိလာတဲ့ ဆေးတွေက အဆင့်မှီမှာ မဟုတ်ပေ..။

ဝမ်မင်ယန် ဆီကနေ နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့တယ်..။

သူ ကားအသစ်တစ်စီး ကို ထပ်ရခဲ့ပါတယ်..။ဝမ်မင်ယန် က ဘာမှ မပြောပေမယ့်လည်း သူ့ရဲ့ အကြည့်တွေထဲမှာ ပိုက်ဆံ တွေ ဒီလို ထပ်ပြီး မဖြုန်းတီးစေချင်တာ ထင်ရှားပါတယ်..။ဘယ်သူကမှ ဒီလို လျင်မြန်တဲ့ ငွေဆုံးရှုံးမူမျိုးကို လိုလားမှာ မဟုတ်ပေ..။

သူ ရှေးဟောင်း ဆေးပေါင်းအိုး မရခင်မှာ..ဆေးဖော်စပ်မူ ထပ်လုပ်မှာ မဟုတ်တော့ပါဘူး..။ဒါက လုံးဝ မသုံးမဝင်တော့ပေ..။

တိမ်ဖြူလမ်း..။

ဝူယူလန် သိချင်စွာ မေးလိုက်တယ်..။

"အစ်ကိုလင်း..အကုန်အဆင်ပြေရဲ့လား.."

"အင်း.."

လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

"အကုန်လုံး အဆင်ပြေပါတယ်.."

သူ အခက်ခဲ တစ်ချို့ တွေ့ခဲ့ပေမယ့် လည်း အဆုံးသတ်မှာ တော့ အကုန်အဆင်ပြေသွားခဲ့ပါတယ်..။

…

ယင်းနောက် လီရှောင်ရှမ်း ရောက်လာတဲ့ အတွက် လင်းဖန် အနည်းငယ် အံ့ဩသွားခဲ့တယ်..။

"စစ်ဆေးရေးမှူး လီ ..ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ.."

လီရှောင်ရှမ်း ပြုံးလိုက်ပြီး..

"မာစတာ လင်း ..ဒါကို ကြည့်ပါဦး..။တကယ်လို့ ဒီလူကို တွေ့မယ် ဆိုရင် ကျွန်တော်ကို အကြောင်းကြားမှ ရမယ်နော်.."

လင်းဖန် စာရွက်ကို လှမ်းယူပြီး ကြည့်လိုက်တဲ့ အချိန်မှာ တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို ဆွဲထားတာ တွေ့လိုက်ရပါတယ်..။

"ဒီလူက ဘယ်သူလဲ. "

"သူက မူးယစ်ဆေး ကုန်ကူးတဲ့လူ..။ကျုပ်တို့ ဒီလူ ရှန်ဟိုင်းကို တိတ်တဆိတ် ရောက်လာတာသိထားပေမယ့်..ဘယ်မှာလဲ ဆိုတာ စုံးစမ်းလို့ မရဘူး..။ကျွန်တော်တို့မှာ ဒီပုံရထားတာ အတော်ကြာပြီ.."

ရှန်ဟိုင်း ရဲတပ်ဖွဲ့ တစ်ခုလုံး ဒီကိစ္စကို အလေးထားပြီး ဆောင်ရွက်နေခဲ့တာပါ..။မူးယစ်ဆေး နိမ်နင်းရေး တပ်ဖွဲ့ဆိုရင် ဒီလူကို လိုက်ရှာနေတာ အနားတောင် မရကြပါဘူး..။

"ကျုပ်က သူ့ကို ဘယ်လိုရှာနိုင်မှာလဲ..။ဒီမှာက ဓာတ်ပုံတစ်ပုံပဲ ရှိတယ်လေ.."

လင်းဖန် မေးလိုက်တာပါ..။

လီရှောင်ရှမ်း သက်ပြင်းချလိုက်တယ်..။

"ဟုတ်တယ်.ဒီလူကို ဖမ်းဖို့က အတော်ကို ခက်ခဲတာ..။ဒါပေမဲ့ သူ့ရဲ့ လည်ပင်းမှာ ကင်းမြီးကောက် ပုံ တက်တူး ရှ်ိတယ်..။ဒါက လက်ရှ်ိမှာ တစ်ခုတည်းသော သဲလွန်စပဲ..။မာစတာ လင်းက ကျွန်တော်တို့ထဲက တစိယောက်ဆိုတော့ လာပြီး အကြောင်းကြားတာလေ..။ဒီလူက အန္တရာယ်များတယ်..။လက်ရှ်ိ ရှန်ဟိုင်းက ရဲတပ်ဖွဲ့တွေ အကုန်လုံး သူ့ကို ပူးပေါင်းပြီး ရှာဖွေနေကြတာ..။မဟုတ်ရင် သူ ရှန်ဟိုင်းကို မူးယစ်ဆေး တွေ ဘယ်လောက် အထိ သယ်လာမလဲ မသိနိုင်ဘူး.."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး.

"ကောင်းပြီလေ စိတ်မပူပါနဲ့ ကျွန်တော်လည်း ကြိုးစားကြည့်လိုက်ပါ့မယ်..။တကယ်လို့ ကျွန်တော် တစ်ခုခု တွေ့ရင် ချက်ချင်း အကြောင်းကြားမှာပါ.."

ပုံမှန်အားဖြင့် ရှန်ဟိုင်းလို လူစည်ကားတဲ့ နေရာမျိုးမှာ..တက်တူးတစ်ခုကို အခြေခံပြီး ရှာဖွေဖို့ဆိုတာကမဖြစ်နိုင်ပါဘူး..။

လင်းဖန် က အမှန်တရားကို ချစ်မြတ်နိုးတဲ့ လူတစ်ယောက် ဖြစ်​ေပမယ့် အမူ အသေးလေးကိုပဲ ဖြေရှင်းပေးနိုင်တာပါ..။ဒီီလို အမူကြီးတွေကတော့ ရဲတပ်ဖွဲ့ ရဲ့တာဝန်ပါပဲ..။

"ကျွန်တော် သွားတော့မယ် မာစတာ လင်း..။ဆက်ပြီး စုံစမ်းစရာလေး တွေ ရှ်ိသေးတယ်.."

လီရှောင်ရှမ်း ပြောလိုက်တာပါ..။

လင်းဖန် လီရှောင်ရှမ်း ထွက်သွားတာကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။စစ်ဆေးရေးမှူး ဖြစ်လာအပြီး မှာ လီရှောင်ရှမ်းရဲ့ ဘဝက အတော်ကို ကောင်းမွန်လှပါတယ်..။အခုဆိုရင် သူ့အဆင့်အတန်းက မနိမ့်တော့ပဲ..ကိစ္စတော်တော်များများ ရဲ့ ခေါင်းဆောင် ဖြစ်နေခဲ့တာပါ..။

သို့ပေမယ့် သူ့ရဲ့ ခန္တာကိုယ်ကတော့ အရင်ကထက် ပိန် သွားသလိုပါပဲ..။

သူ့လက်ထဲမှာ ရှိတဲ့ စာရွက်ကို ကြည့်လိုက်တယ်..။ဒီလူက တကယ် ရူးသွပ်တဲ့လူပါ..။ဒီလူ ရှန်ဟိုင်းကို မူးယစ်ဆေးတွေ သယ်လာတာက ကိုယ့်ဒုက္ခကိုယ် ရှာတာ ပါပဲ..။

…

"သူဌေးလေး.."

ယင်းနောက် ဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်တဲ့ ချန်းဂျန်ဟာ အသီးခြင်းနဲ့အတူ ရောက်လာခဲ့တယ်..။

"ဒါက ကျွန်တော်ရဲ့ မွေးရပ်မြေကလေ..။ပန်းသီးတွေက တကယ်ကို ချိုတယ်..။ဒါကို မာစတာ လင်း အတွက် ကျွန်တော် လာပို့တာ.."

လင်းဖန် ပြုံးလိုက်ပြီး..

"အကြီးအကဲ ချန်းက တကယ် သဘောကောင်းတာပဲ.."

ချန်းဂျန် ပြန်ပြောလိုက်တယ်..။

"ဒီလို မပြောပါနဲ့ သူဌေးလေး..။ကျုပ်တို့က တိမ်ဖြူလမ်းမှာ နေကြတဲ့ လူတွေပဲလေ.."

အကြီးအကဲ လိန်ဟာ လမ်းလျောက်လာနေရင်းကနေ ပန်းသီးခြင်းကို မြင်ပြီး ရည်ရွယ်ချက် ရှိရှိမေးလိုက်တယ်..။

"အကြီးအကဲ ချန်း..ဒါကတော့ မမျှတဘူးနော်..။ခင်ဗျားက သူဌေးလေးကို ခြင်းလိုက်ပေးပြီး ကျုပ်တို့ကိုကြ တစ်ယောက် ၂ လုံးပဲ ပေးတယ်..။ဒါက မမျှတဘူး.."

အကြီးအကဲ ချန်း ပြန်ပြောလိုက်တယ်..။

"ဒါက ငါ သူဌေးလေးကို ပိုပေးချင်လို့လေ..။ဒါကြောင့် ပိုပေးတာပေါ့..။သူက ဒီလမ်း အတွက် အများကြီး အကျိုးဆောင်ထားတာလေ..။ခင်ဗျား လိုချင်သေးတယ် ဆိုပြီး ပြိီးမှ ထပ်ပေးမယ်.."

အကြီးအကဲ လိန် ပြောလိုက်တယ်..။

"မဟုတ်ဘူး..ခင်ဗျား သူဌေးလေးဆီကို လာ ဖားတယ် ဆိုတာကို ကျုပ်သိတယ်နော်.."

လင်းဖန် ပြုံးလိုက်ပြီး..

"ကောင်းပြီ ကောင်းပြီ အကြီးအကဲ ချန်းက ဒီလောက် ပေးတာပဲ လုံလောက်နေပါပြီ.။အများကြိီးတောင်းလို့ မဖြစ်ဘူးလေ.."

"ကြားတယ်နော်..သူဌေးလေး ပြောတာ မှန်တယ်..။ခင်ဗျားတို့က ကျုပ်ပေးတာကို နည်းတယ် ထင်နေကြတယ်..။တကယ် လောဘကြီးတာပဲ.."

အကြီးအကဲ ချနး် ပြောလိုက်တာပါ..။

ဒါပေါ့ သူတို့နှစ်ယောက်က ဒီတိုင်း တစ်ယောက်နဲ့ တစ်ယောက် စနေကြတာပါ..။လင်းဖန်လည်း ဒီလို ရင်းနှီးတဲ့ လေထုကို တကယ် သဘောကျပါတယ်..။

ရုတ်တရက် လင်းဖန် အကြီးအကဲ ချန်း ရဲ့ မျက်နှာကို ကြည့်ပြီး ကြောင်အသွားခဲ့တယ်..။

ချန်းဂျန် အံ့ဩသွားခဲ့ပြီး..

"သူဌေးလေး ဘာဖြစ်လို့လဲ.."

လင်းဖန် အကြီးအကဲ ချန်းရဲ့ ကံကြမ္မာ ​​ပြောင်းလဲသွားတာကို တွေ့နေရပါတယ်..။ဒါက အတော်ကို ထူးဆန်းတာပါ..။ယင်းနောက် သူ ကံတရားကို အနီးကပ်ကြည့်ပြီး တွက်ချက် လိုက်တယ်..။

"မ..မဖြစ်နိုင်တာ...။ကျုပ်မျက်လုံးတွေပဲ အမြင်မှားနေတာလား.."

လင်းဖန် ပြောလိုက်ပြီး အကြီးအကဲ ချန်းရဲ့ လက်ကို ဆွဲကာ လက္ခဏာကို ကြည့်လိုက်ပါတယ်..။

သူရဲ့ မိသားစုထဲက ငယ်ရွယ်တဲ့လူတစ်ယောက်ယောက် သေဆုံးတာကို ကြုံရတော့မယ် လို့ မြင်နေရတာပါ..။

အကြီးအကဲ ချန်းကတော့ သူဌေးလေးရဲ့ အပြုအမူတွေ ကြောင့် ကြောင်အနခဲ့ပါတယ်..။

လင်းဖန် ပြောလိုက်တယ်..။

"အကြီးအကဲ ချန်း ခင်ဗျားသားက ဘယ်မှာ ကျောင်းတက်နေတာလဲ.."

အကြီးအကဲ ချန်း သူဌေးလေး လုပ်နေတာတွေကို နားမလည်ပေ..။သူ ဒီတိုင်းသာ ပြုံးလိုက်ပြီး..

"သူဌေးလေး ကျွန်တော်သားက ရှန်ဟိုင်းမှာလေ..။ဒါပေမဲ့ သူက ကျောင်းရဲ့ အဆောင်မှာပဲ အမြဲလိုလိုနေတာ..။သူဌေးလေး သူ့ကို တစ်ခါမှ မမြင်ဖူးဘူးလို့ ကျွန်တော် ယုံကြည်တယ်.."

လင်းဖန် လေးနက်စွာ ပြောလိုက်တယ်..။

"အကြီးအကဲ ချန်း ကျွန်တော် နောက်နေတာ မဟုတ်ဘူး..။ခင်ဗျားရဲ့ သားက ဘယ်မှာ စာသင်နေတာလဲ..။တစ်ခုခု ဆိုးရွားတာ ဖြစ်တော့မယ်.."

"ဘာ.."

အစတုန်းက ပျော်ပြီး ပျော်ရွင်နေတဲ့ အကြီးအကဲ ချန်းဟာ ချက်ချင်း အမူအရာ ပြောင်းလဲသွားခဲ့တယ်..။ပျောိရွင်မူတွေ အစား အံ့ဩမူတွေ ဝင်ရောက်လာခဲ့ပါပြီ..။

အကြီးအကဲ လိန်လည်း လေးနက်သွားခဲ့ပြီး..

"အကြီးအကဲ ချန်း သူဌေးလေးက ခင်ဗျားကို မေးနေတယ်လေ..။ဘာလို့ ပြန်မဖြေတာလဲ..။သူဌေးလေး ဘာပြောချင်လဲ ဆိုတာကို ခင်ဗျား သဘောပေါက်ရဲ့လား.."

ယင်းနောက် အကြီးအကဲ ချန်း အသိစိတ်ပြန်ဝင်လာခဲ့တယ်..။

တကယ်လို့ တစ်ခြားတစ်ယောက်​ေယာက်ကသာ ဒီလို ပြောရင် သူ့သားကို စော်ကားနေတယ် ဆိုပြီး မျက်နှာကို ဖြတ်ရိုက်မိမှာပါ..။သို့ပေမယ့် လူတိုင်း ငသူဌေးလေး ဘယ်သူလဲ ဆိုတာ သိထားကြပါတယ်..။

တိမ်ဖြူလမ်းက လူတိုင်းနီးပါး သူဌေးလေး ဘယ်လောက် စွမ်းဆောင်နိုင်စွမ်းရှိလဲ သိထားပါတယ်..။

ယင်းနောက် အကြီးအကဲ ချန်းဟာ တုန်လှုပ်စွာဖြင့်..

"သူဌေးလေး..ကျွန်တော်သား..ကျွန်တော်သားက..ဂျင်ယန် အလယ်တန်းကျောင်းမှာ ..စာသင်နေတာ.."

"သွားမယ် ..သွားမယ်...။ကျုပ်တို့ ဂျင်ယန် အလယ်တန်း ကျောင်းကို သွားကြမယ်..။အမြန်.."

လင်းဖန် အကြီးအကဲ ချန်းကို ဆွဲပြီး စိတ်ပူစွာ လျောက်ထွက်သွားလိုက်တယ်..။

လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေလည်း အလျင်အမြန်ထွက်လာခဲ့ကြပါတယ်..။

"ဘာဖြစ်တာလ​​ဲ..သူတို့ဘာလို့ အလျင်အမြန် ထွက်သွားကြတာလဲ.."

အကြီးအကဲ လိန် ပြောလိုက်တယ်။

"ကျုပ်လည်မသိဘူး..။သူဌေးလေးပြောတာက အကြီးအကဲ ချန်းရဲ့ သားက အန္တာရာယ် ရှိနေတယ်တဲ့..။ပြီးတော့ သူ ခေါ်သွားတော့တာပဲ.."

ဝူတန်ဟီ ပြောလိုက်တယ်..။

"မာစတာ လင်းရဲ့ ဗေဒင်ပညာက ဒုတိယ မရှိဘူး..။တစ်ခုခု ဆိုးရွားတာ ဖြစ်မှာ ငါ တကယ် ကြောက်ရွံ့မိတယ်.."

အကြီးအကဲ လိန် ဒါကိုကြားပြီး..သိပ် စိတ်မဆင််မပြေတော့ပါဘူး..။

"အကြီးအကဲ ထျန် ကျုပ်ဆိုင်ကို တစ်ချက်ကြည့်ပေးထားပါလား..။ကျုပ်လည်း လိုက်သွားပေး လိုက်ဦးမယ်.."

All Chapters