← Chapters

အခြေအနေတွေက ပိုပြီး လေးနက်လာပြီ..

Vol. 39 Ch. 572

အခြေအနေတွေက ပိုပြီး လေးနက်လာပြီ..

Vol. 39 Ch. 572

#ဘာသာပြန် = စနိုးဝှိုက်

ကားထဲတွင်..။

အကြီးအကဲ ချန်းရဲ့ စိတ်ခံစားချက် တွေဟာ မတည်ငြိမ်နိုင်တော့ပါဘူး...။သူက သူဌေးလေးရဲ့ စကားတွေ ကြောင့် အတော်ကို စိုးရိမ် ပူပန်နေရ ပါတယ်..။တကယ်လို့ တစ်ခြား တစ်ယောက်ယောက် ပြောတာ ဆိုရင် သူ လုံးဝ ယုံကြည်မှာ မဟုတ်ပေ..။

သို့ပေမယ့် အခုပြောနေတဲ့လူက သူဌေးလေး ပါ..။

သူ့စကားတွေကို ဘယ်သူက မယုံကြည်ပဲ နေရဲမှာလဲ...

သူဌေးလေးက ပန်ကိတ်သာ ရောင်းပြီး ဘယ်သူ့ ကံကြမ္မာကိုမှ မကြည့်တော့ပေမယ့် တိမ်ဖြူလမ်းက လူတိုင်း ..သူဌေးလေးက ရှေးဖြစ်ဟော တဲ့ နေရာမှာ ဘယ်လောက်အထိ တိကျလဲ ဆိုတာ သိထားကြပါတယ်..။တကယ်လို့ သူက တစ်ခုခု ဆိုးရွားတာ ဖြစ်တော့မယ် လိူ့ ပြောရင် ဒါက ကျိန်းသေဖြစ်တော့မှာပါ..။

"သူဌေးလေး ကျွန်တော့်သားလေး အဆင်ပြေပါ့မလား.."

အကြီးအကဲ ချန်း စိတ်ပူစွာ မေးလိုက်တာပါ..။လက်ရှိအချိန်မှာ သူအားကိုး နိုင်တာ ဆိုလို့ သူဌေးလေးပဲ ရှိပါတယ်..။

"သူ အဆင်ပြေမှာပါ.."

လင်းဖန် ပြောလိုက်တယ်..။

သူဒီလိုပဲ ပြောနိုင်ပါတယ်..။အကြီးအကဲ ချန်းရဲ့ ကံကြမ္မာက ဒီလို ရုတ်တရက် ပြောင်းလဲ သွားလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။သို့ပေမယ့် တစ်ခုခုတော့မှားနေပါပြီ..။အရင်တုန်းက သူအကုန်လုံးရဲ့..ကံကြမ္မာကို တွက်ချက်ပေးတော့ အကြီးအကဲ ချန်းမှာ ဒီလို ကံကြမ္မာမျိုး ရှိမနေခဲ့ပါဘူး..။

ဘာလို့ အခုမှ ရုတ်တရက် ဖြစ်ပေါ်လာတာလ​ဲ...

သူ နားမလည်ပေမယ့် လည်း လတ်တလောတော့ အကြီးအကဲ ချန်းရဲ့ သား အဆင်ပြေလောက်မှာပါ..။သို့ပေမယ့် အတိအကျ ကြီးတော့ ပြောလို့မရပေ..။

အကြီးအကဲ လိန် မေးလိုက်တယ်..။

"အကြီးအကဲ ချန်း..ခင်ဗျားရဲ့ သားမှာ ဟမ်းဖုန်း ရှိလား..။သူ့ကို အခု ခေါ်လိုက်ပါလား.."

အကြီးအကဲ ချန်း ပြန်ဖြေလိုက်တယ်..။

"သူ့မှာ ဖုန်းမရှိဘူး..။သူ ဖုန်းနဲ့ တစ်ချိန်လုံး ဆော့နေမှာကြောင့် ကျုပ်ဝယ်မပေးထားတာ.."

အကြီးအကဲ လိန် ပြောလိုက်တယ်..။

"ဒါဆိုလည်း သူ့ရဲ့ အတန်းပိုင် ဆရာမ ကို ဖုန်းခေါ်ပြီး အခြေအနေကို အမြန်စုံးစမ်းလိုက်.."

အကြီးအကဲ လိန်က တကယ် ဖြတ်လတ်တဲ့ ဥာဏ်ရည် ရှိတဲ့ လူတစ်ယောက်ပါ..။လင်းဖန်တောင် ဒီလို မျိုး မတွေးမိခဲ့ပါဘူး..။အလျင်အမြန် ပဲ အကြီးအကဲ ချန်း အတန်းကိုင် ဆရာမကို ဖုန်းခေါ်ဖို​ြ လုပ်လိုက်တယ်..။သိူ့ပေမယ့် ဖုန်းက မဝင်ခဲ့ပါဘူး..။

"ငါဘာဆက်လုပ်ရမလဲ..။ဖုန်းခေါ်လို့ မရဘူး.။အဲတာက ဖြစ်ပြီးသွားပြီလား.."

အကြီးအကဲ ချန်းဟာ ဖြစ်နိုင်ချေ ရှိတဲ့ ဆိုးရွားတဲ့ အရာတွေကို..စတင်ပြီး တွေးတော လိုက်ပါတော့တယ်..။သူ့မျက်နှာကတော့ အဖြူရောင် စာရွက်တစ်ရွက်လိုပါပဲ..။သူ မွေးရပ်နေကထွက်လာအပြီးမှာ အလုပ်တွေ ကြိုးကြိုးစားစားလုပ်ခဲ့ပြီး အခုမှ သူ့သားလေးနဲ့အတူ ရှန်ဟိုင်းမှာ အခြေချ နို်င်တာပါ..။အခုလိုတွေ ဖြစ်လာလိမ့်မယ် လို့ သူမထင်ထားခဲ့ပေ..။

အကြီးအကဲ ချန်း အတော် စိတ်ပူနေတာကို လင်းဖန် သိလိုက်တယ်..။

"အကြီးအကဲ ချန်း အရမ်းကြီးလည်း စိတ်မပူပါနဲ့..။ဘာမှ မဖြစ်လောက်သေးပါဘူး..။ခင်ဗျားအခုလို ဖြစ်နေရင် ဟိုကို ရောက်တဲ့ အချိန်ကျ ဘာဆက်လုပ်နိုင်တော့မှာလဲ.."

အကြှီးအကဲ ချန်း လင်းဖန် ရဲ့ ကို ကျစ်နေအောင် ဖမ်းဆုပ်လိုက်ပြီး..

"သူဌေးလေး ..ကျွန်တော် သားလေးကို ကယ်တင်ပေးရမယ် နော်.."

"အင်းပါ..ကျွန်တော် ရှိပါတယ် စိတ်မပူပါနဲ့.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။လင်းဖန် လက်ချောင်းတွေကို လှုပ်ပြီး ဘာလို့ ဒီလိုမျိူး ဖြစ်လာတာလဲ ဆိုတာကို တွက်ချက်ကြည့်လိုက်ပါတယ်..။

သူရဲ့ ဗေဒင်ပညာက အကောင်းဆုံးလို့ ပြောနိုင်ပေမယ့်လည်း..ဒီလို ရုတ်တရက် ပြောင်းလဲမူ တွေကို တော့ သူလိုက်မမှီတော့ပါဘူး..။

…

ဂျင်ယန် အလယ်တန်းကျောင်း..။

အခန်း တစ်ခု၏ ကာယ ချိန်တွင်...။

သန့်စင်ခန်းများ၏ နောက်မှ ခန်းမတွင်..။

ချန်းဂျန် ရဲ့ သား ချန်းလိန်ဟာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေခဲ့ပါတယ်..။

ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ဟာ..ချန်းလိန် ရဲ့ ခေါင်းကို တက်နင်းထားခဲ့ပါတယ်..။

"မင်းက ငါပြောတာကို လုံးဝ နားမထောင်ဘူးပဲ..။ပိုက်ဆံ ဘယ်မှာလဲ..."

သူက ဆယ်ကျော်သက် အရွယ် ကောင်လေး တစ်ယောက်ဖြစ်ပေမယ့်..သူ့ရဲ့ လေသံကတော့ အကြောက်အလန့် ကင်းနေခဲ့ပါတယ်..။ကြည့်ရတာ သူက ချန်းလိန် ကို လူတစ်ယောက်လို့တောင် တွေးမထားတဲ့ ပုံပါပဲ..။

တစ်ခြား ကျောင်းသားတွေဟာလည်း ဘေးနားမှာ ဝိုင်းနေပြီး အပြုံးကိုယ်စီ နဲ့ ကင်မရာနဲ့ မှတ်တမ်း တင်နေကြပါတယ်..။

"ငါ့မှာ ပိုက်ဆံ မရှိဘူး.."

ချန်းလိန် ရဲ့ အသံဟာ အားနည်းပြီး ..ကြောက်လန့် နေခဲ့ပါတယ်..။

"ချီးပဲ မင်းမှာ ပိုက်ဆံ မဟုတ်ဘူး ဟုတ်လား..။ဒါဆို ဘာလို့ ငါ့ဆီကနေ လာမခိုးတာလဲ..။မင်းက တောသား မင်းအဖေက အသီးရောင်းတာမလား..။မင်းငါ့ကို ဆန့်ကျင်ရဲလား ပြော..။မင်းက ငါ စာမေးပွဲ အဖြေစာရွက် ကမ်းပေးဖို့ ပြောတာကို မင်းက ငြင်းပယ်ရဲတယ်လား..။မင်းက သေချင်နေတာမလား.."

ဆယ်ကျော်သက် အရွယ်ကောင်လေးဟာ ..ချန်းလိန်ရဲ့ မျက်နှာကို နင်းပြီး ပြောနေခဲ့တာပါ..။

ချန်းလိန် ဘာမှ ပြန် မပြောခဲ့ပေ..။သူ ဒီစော်ကားမူတွေကို အံကြိတ်ပြီးသာ တောင့်ခံနေခဲ့ပါတယ်..။

"အစ်ကို ယန်..ဒီငနဲ ဆရာမကို ​​ ပြန်ပြောလောက်လား.."

လီယန် ဟာ ချနး်လိန်ကို အထင်မြင်သေးစွာ ကြည့်လိုက်ပြီး..

"မင်းက သူ ဆရာမကို ပြန်ပြောရဲမယ် လို့ထင်လို့လား..။တကယ်လို့ သူသာ ဆရာမကို ပြန်ပြောရဲရင် ငါ သင်ခန်းစာကောင်းကောင်း ပေးပစ်မယ်.."

ယင်းနောက် လီယန်ဟာ..ချန်းလိန်ကို ထူလိုက်ပြီး..လည်ပင်းကို ညှစ်ကာ နံရံ မှာကပ်ထားလိုက်တယ်..။

ချန်းလိန် ကြောက်ရွံ့သွားခဲ့ပါတယ်..။

"ငါ....."

*ဖြန်း*

လီယန် သူ့ကို ချက်ချင်း ရိုက်နှက်လိုက်တယ်..။ယင်းနောက် သူ ချန်းလိန် ရဲ့ ဆံပင်ကို ကိုင်ပြီး ဆွဲချလိုက်ပါတယ်..။ချန်းလိန် ချက်ချင်း မြေကြီးပေါ် ပုံကျသွားခဲ့တယ်..။

"ဒါက အမြည်းပဲ ရှိသေးတယ်..။မနက်ဖြန် ရောက်လို့မှ..ငါ ပိုက်ဆံကို မမြင်ရရင်..မင်းကို ချီးစားခိုင်းမယ်..။ငါ ပြောတာကို ယုံလား.."

လီယန် အကြောက်အလန့်ကင်းစွာ ပြောလိုက်တာပါ..။

ကျောင်းသားတွေ ထဲက တစ်ယောက်ဟာ..လီယန် ဆီ စီးကရက် ကမ်းပေးလိုက်ပြီး..

"အစ်ကိုယန် ဒီငနဲက တကယ်ကို ရိုက်နှက်ခံရဖို့ ထိုက်တန်တယ်.."

လီယန် ဆေးလိပ်ကို သောက်ပြီး လက်ဝေ့ယမ်းလိုက်တယ်..။

"သူ့ကို ဆက်ပြီး ရိုက်နှက်ကြ.."

တစ်ခြား ကျောင်းသားတွေဟာ ပြုံးလိုက်ပြီး..ချန်းလိန် ရဲ့ မျက်နှာကို အဆက်မပြတ် ရိုက်နှက်လိုက်ကြတယ်..။

တစ်ချို့ကျောင်းသား တွေဟာ ချန်းလိန် ရဲ့ ဘောင်းဘီကို ဆွဲချွတ်ပြီး ဓာတ်ပုံတွေ ရိုက်လိုက်ကြပါတယ်..။

"တော်ပါတော့..."

ချန်းလိန် သူတို့ကို ရပ်တန့်ဖို့ ကြိုးစားပေမယ့်..သူသာ ဆက်ပြီး ရိုက်နှက်ခံနေရပါတယ်..။

လီယန် ချန်းလိန်ကို ကြည့်လိုက်ပြီး..

"မနက်ဖြန်နေလို့မှ ငါ ပိုက်ဆံကို မမြင်ရရင် ဖုန်းထဲမှာ ရှိတဲ့ မင်းရဲ့ ပုံတွေကို..ကျောင်းသာတိုင်းဆီ ပို့ပစ်မယ်..။အဲ့အချိန်ကြရင် မင်းရဲ့ မျက်နှာ ဘယ်နားသွားထားမလဲ ကြည့်ကြသေးတာပေါ့.."

ချန်းလိန် ရဲ့ မျက်လုံးတွေဟာ နီရဲနေခဲ့တယ်..။သူ ဒီကိစ္စကို လက်တု့န်ပြန်မှာ မဟုတ်ပါဘူး..။သူ လက်တုန့်ပြန်ရဲမှာ မဟုတ်ပေ..။ပြီးတော့ သူ ဆရာတွေကိ​ြ လည်း မပြောရဲပါဘူး..။

ဆရာတွေကို ပြောလိုက်တာက..ကိုယ့်ဒုက္ခကို ပိုပြီး ရှာဖွေသလိုပဲ ဖြစ်တော့မှာပါ..။

ကလင် ကလင်..

ကျောင်းခေါင်းလောင်း မြည်လာခဲ့တယ်..။

အခန်းရဲ့ ကာယ ချိန်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ..။

လီယန် စီးကရက်ကို လွင့်ပစ်လိုက်ပြီး..ချန်းလိန်ကို လေးနက်စွာ ကြည့်လိုက်တယ်..။

"သေချာ မှတ်ထား..တကယ်လို့ မင်းသာ ဆရာတွေကို သွားပြောရဲမယ် ဆိုရင် မင်းတော့ သေပြီပဲ..။ငါ မင်းကို သတ်မှာ..။သွားကြမယ်.."

တစ်ခြား လူတွေလည်း သူနဲ့ အတူ ထွက်သွားခဲ့ကြပါတယ်..။

ချန်းလိန် သူ့ မျက်လုံးက မျက်ရည်တွေကို သုတ်လိုက်ပြီး..ဘောင်းဘီကို ပြန်ဝတ်လိုက်တယ်..။သူ့ပုံစံက သာမန်ပဲဖြစ်ပြီး ကိုယ့်ကိုကို နိမ့်ချ နေတတ်တဲ့ လူမျိုးပါ..။သို့ပေမယ့် သူ့အနေနဲ့ ရှန်ဟိုင်းမှာ ကျောင်းတက်ဖို့ဆိုတာ ခက်ခဲမှန်း သိထားပါတယ်..။ဒါကြောင့် သူ သူ့အဖေကို စိတ်မပျက်စေချင်ပါဘူး..။

သို့ပေမယ့် သူ့ရဲ့ အိပ်မက်ဆိုးတွေဟာ ဒီကျောင်းကို ရောက်ပြီးတဲ့ အချိန်မှာ စတင်လာခဲ့တယ်..။

လီယန်က ဒီကျောင်းမှာ လူမိုက် တစ်ယောက်ဖြစ်ပြီး သူ့နောက်ကို လိုက်နေတဲ့ လူတစ်စုလည်း ရှိပါတယ်..။တကယ်လို့ သူက တစ်ယောက်ယောက်ကို မကြိုက်ဘူးဆိုရင် ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ရိုက်နှက်လိုက်တာပါပဲ..။ဘယ်သူကမှ အခုထိ ဆရာတွေကို သွားမပြောရဲပေ..။ဆရာ တွေကို သွားပြောရင်လည်း ဒါက အပိုပါပဲ..။ဆရာတွေက သူတို့ကို ဆူနိုင်ကြပေမယ့် အဲဒါပြီးရင်တော့ သူတို့ ပိုပြီး ဒုက္ခရောက်ပါပြီ..။

သူ့အဖေ သူ့ဆီ လာလည်တဲ့ အချိန်းတိုင်း သူ ဒီအကြောင်းကို မပြောရဲခဲ့ပေ..။သူ့ အဖေကို ဖုန်းကွယ်ထားဖို့သာ သူတတ်နိုင်ခဲ့ပါတယ်..။

…

အတန်းထဲတွင်..။

လီယန် နဲ့ သူ့လူတွေဟာ..အတန်းရဲ့ နောက်ဘက်မှာ ထိုင်နေခဲ့တယ်..။သူတို့က ဝတ္ထုကို သာ ဖတ်နေခဲ့ပြီး ဆရာမ ဘာပြောနေလဲ ဆိုတာ လုံးဝ ဂရုမစိုက်ကြပါဘူး..။တူညီစွာပဲ ဆရာတွေကလည်း သူတို့ကို ဂရုမစိုက်ကြပေ..။

တကယ်လို့ သူတို့က ဆရာတွေကို သွားမရှုပ်ရင် ဆရာတွေကလည်း သူတို့ကို ခက်ခဲအောင် မလုပ်ကြပေ..။

အခုချိန်က ဘာသာစကား အတန်းချိန်ဖြစ်ပြီး..ဆရာဟာ မျက်မှောင်ကျုတ်လိုက်တယ်..။

"ချန်းလိန် ဘယ်ကိုသွားတာလဲ.."

ကျောင်းသားတွေဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။ချန်းလိန်ကို လီယန် နဲ့ ကျန်တဲ့ လူတွေ ရိုက်နှက် ခဲ့ကြတာ သူတို့သိပေမယ့် ဆရာကို ဘယ်သူမှ မပြောရဲကြပါဘူး..။

"သား မသိဘူး.."

"စာသင်ချိန် မစခင်တုန်းကတော့ သမီးတွေ့သေးတယ်.."

"သားလည်း မသိဘူး.."

ဆရာဟာ အနည်းငယ် သံသယ ဖြစ်သွားခဲ့တယ်..။ချိန်းလိန်က ကောင်းမွန်တဲ့ ရလာဒ် တွေ ရှိပြီး စာကြိုးစားတဲ့ ကလေးပါ..။သို့ပေမယ့် သူက ကိုယ့်ကိုကို နိမ့်ချပြီး အမြဲတမ်း တိတ်တဆိတ်သာ နေတတ်ပါတယ်..။ဆရာတွေက မေးခွန်းမေးလိုက်ရင် သူက အမြဲတမ်း ပြည့်ပြည့်စုံစုံ ဖြေနိုင်ခဲ့ပါတယ်..။

"လီယန် ..ချန်းလိန် ဘယ်သွားလဲ ဆိုတာသိလား.."

ဆရာဟာ လီယန် ကို ကြည့်ပြီး မေးလိုက်တာပါ..။ဒီကောင်တွေက ကျောင်းတွင်း လူမိုက်တွေပါပဲ..။သို့ပေမယ့် သူတို့ရဲ့ မိသားစုတွေက လွမ်းမိုးနိုင်စွမ်း ရှိတာကြောင့် ကျောင်းကို Vip ဝင်ခွင့်နဲ့ ဝင်လာနိုင်ခဲ့ကြပါတယ်..။

လီယန် ခေါင်းခါယမ်းလိုက်တယ်..။

"ကျွန်တော် က ဘယ်လိုသိမှာလဲ..။သူ့ကို တွေ့တောင် မတွေ့မိဘူး..။သူ အတန်းပျက်တာလဲ ဖြစ်နိုင်တာပဲလေ.."

ဆရာက လေးနက်စွာ ပြောလိုက်တယ်..။

"မင်းအတန်း ပျက်ချင်တိုင်း ပျက်သလို တစ်ခြားလူတွေ ပျက်မယ် ထင်မနေနဲ့..."

လီယန်က အရေထူ နေတဲ့ လူ ဖြစ်တာကြောင့် ဆရာ ဒီလို ပြောတာကို လုံးဝ ဂရုမစိုက်ပါဘူး..။

"အာ..."

ရုတ်တရက် ကျောင်းသားတွေဟာ အပြင်ကို ကြည့်ပြီး အော်လိုက်ကြတယ်..။

"တစ်ယောက်ယောက်တော့ သတ်သေဖို့ လုပ်နေပြီ.."

"အဲတာ ဘယ်သူလဲ..ဘာလို့ ခေါင်းမို့ပေါ်မှာ ရှိနေတာလဲ.."

အော်သံတွေကို ကြားတဲ့ အချိန်မှာ အခန်းထဲက လူတိုင်း ပြတင်းပေါက်ကနေ တဆင့်ကြည့်လိုက်ကြတယ်..။

ဆရာဟာ အလျင်အမြန် အပြင်ကို ထွက်သွားခဲ့ပြီး..ခေါင်းမိုးပေါ်မှာ ရှိနေတဲ့ ကလေးကို မြင်တဲ့ အချိန်မှာ အမူအရာ ပြောင်းလဲ သွားခဲ့ပါတယ်..။

All Chapters