နောက်ကျနေတုန်းပဲ..
Vol. 39 Ch. 573
#ဘာသာပြန် = စနိုးဝှိုက်
ကျောင်းသားလေး တစ်ယောက် သေကြောင်းကြံနေတယ် ဆိုတဲ့ ဖြစ်ရပ်ဟာ ကျောင်းတစ်ခုလုံးရဲ့ အာရုံစိုက်မူ ကို ရသွားခဲ့တယ်..။
တစ်ချို့ အခန်းထဲက ကျောင်းသားတွေဟာ ဆူညံသံတွေ ကြားနေကြပေမယ့် ဘာတွေ ဖြစ်နေလည်း ဆိုတာ မသိကြပါဘူး..။သို့ပေမယ့်..သူတို့ ပြတင်းပေါက်ကနေ ကြည့်လိုက်တဲ့ အချိန်မှာ..ခေါင်းမိုးပေါ်က အရိပ်ကို မြင်ပြီး ကြောင်အသွားခဲ့ကြတယ်..။
"ဆရာ..တစ်ယောက်ယောက်က အဆောက်အဦးပေါ်ကနေ ခုန်ချဖို့ လုပ်နေတယ်.."
"ချီးပဲ..ဘယ်သူလဲ..။ဘာဖြစ်လို့လဲ..."
ဆရာဟာ..ပြတင်းပေါက်ကနေ တဆင့်ကြည့်လိုက္တဲ့ အချိန်မှာ ဆွံ့အသွားခဲ့တယ်..။ယင်းနောက် သူ အတန်းခေါင်းဆောင်ကို အတန်းကို ကြည့်ထားဖို့ ညွှန်ကြားပြီး အပြင်ကို အလျင်အမြန် ပြေးထွက်သွားခဲ့ပါတယ်..။
ခေါင်မိုးတွင်..။
ချန်းလိန် မျက်ရည် တွေကို သုတ်ပြီး ရှေ့ကို ကြည့်လိုက်တယ်..။သူ့ ကြည့်ရတာ တည်ငြိ်မ်နေပေမယ့်..ခုန်ချဖို့အတွက် ..စဥ္းစားနေခဲ့တာပါ..။
လတ်တလောမှာ..သူ ကမ္ဘာကြီးပေါ်မှာ ရှိမနေသင့်ပဲ..လူတိုင်းက သူ့ကို အနိုင်ကျင့်နေတယ် လို့ ခံစားနေခဲ့ရပါတယ်..။
အထူးသဖြင့် သူ ဒီနေ့ ..အရှက်ခွဲခံခဲ့ရတဲ့ အခိုက်အတန့် တွေကို ပြန်စဥ္းစားမိတဲ့ အချိန်တွေမှာပါပဲ..။သူ အပေါ်ကနေ ခုန်ချချင်စိတ် တွေ ဖြစ်ပေါ်နေပြီး သူမရှိမှ အေးမယ် ဆိုတဲ့ စိတ်တွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။
ဆရာတွေ နဲ့ ကျောင်းသားတွေဟာ တော့ အောက်ဘက်မှာ စကားတွေ ပြောဆို နေခဲ့ကြတယ်..။
"အဲတာ ဘယ်အခန်းက ကျောင်းသားလဲ.."
"ဟေး..အဲတာ အခန်း ၆ က ချန်းလိန် မဟုတ်ဘူးလား..။သူက ကျောင်းသားကောင်းတစ်ယောက်ပါ..။အခု ဘာလို့ ကိုယ့်ကိုကို သတ်သေဖို့ ကြိုးစားနေတာလဲ.."
"ဆရာ ကျန်း..ခင်ဗျား ကျောင်းသားက ဘယ်လိုဖြစ်တာလဲ..!
ချန်းလိန် တို့ အတန်းရဲ့ အတန်းပိုင်ဆရာ..
ကျန်းဟွေး ဟာ.. ခေါင်မိုးပေါ်မှာ ရှိနေတဲ့ ချန်းလိန်ကို လှမ်းကြည့််လိုက်တယ်..။သူ့ မျက်နှာကတော့ ဖြူဖျော့နေပြီး..သူ့ကို လာမေးနေတဲ့ ဆရာကို လျစ်လျူရူ ထားလိုက်ပါတယ်..။သူ ချက်ချင်းပဲ လှမ်းအော်လိုကိတယ်..။
"ချန်းလိန် အမြန်ဆင်းလာခဲ့..။ဘာဖြစ်တာလဲ ဆိုတာ ဆရာ့ကို ပြောပြ..။မိုက်မဲတာတွေကို မလုပ်မိစေနဲ့.."
ချန်းလိန် က တော့ ဘာမှ ပြန်မပြောခဲ့ပါဘူး..။သူ ဒီတိုင်း ရှေ့ကိုသာ ကြည့်နေခဲ့တယ်..။
ဆရာ ကျန်း အတော် စိတ်ပူသွားခဲ့တယ်..။သူ ဘာလုပ်ရမှန်း မသိတော့ပါဘူး..။
"အမြန်ရဲကို ခေါ်..ရဲကို ခေါ်လိုက်.."
ဘေးနားမှာ ရှိတဲ့ ဆရာတွေဟာလည်း စိတ်ပူနေခဲ့ကြပါတယ်..။သူတို့ ဖုန်းကို အလျင်အမြန်ထုတ်ပြီး ရဲကို ဖုန်းဆက်ခေါ်လိုက်ကြပါတယ်..။
ဒါက.ကြီးမားတဲ့ မတော်တဆ မူကြီးပါ..။တကယ်လို့ တစ်ခုခုသာ ဖြစ်ပျက်ခဲ့မယ် ဆိုရင် နောက်ဆက်တွဲကတော့ မတွေးရဲ စရာပါပဲ..။
သိပ်မဝေးတဲ့ နေရာတစ်ခုတွင်..။
လီယန် ခေါင်မိုးပေါ်ကို ကြည့်ပြီး နှာခေါင်းရှုတ်လိုကိတယ်..။
"အစ်ကို ယန် ဒီငနဲ ..က တကယ် ခုန်ချဖို့ ကြိုးစားနေတာလား.."
လီယန် အထင်သေးစွာ ရယ်မောလိုက်ပြီး..
"သူလား..။သူ မခုန်ရဲဘူးဆိုတာတော့ ငါ ကျိန်ပြောရဲတယ်..။သူက လူတိုင်းကို ခြောက်လန့်ဖို့ ကြိုးစားနေတာပဲ..။သူ ပြန်ဆင်းလာတဲ့ အချိန်ကြရင် ငါ သူ့ကို ဘာလုပ်မလဲ ဆိုတာကို စောင့် ကြည့်ထား.."
"အစ်ကို ယန်..ဒါက တကယ်ကို ပေါက်ကွဲထွက်တော့မယ်..။ဘာလို့ ဒါက ငါတို့ကြောင့် ဖြစ်တယ်လို့ ခံစားနေရတာလဲ မသိဘူး.."
လီယန် သူ့ကို စိုက်ကြည့်လိုက်ပြီး..
"မင်းအဲတာ ဘာစကားပြောတာလဲ..။ဒါက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး..။လျောက်ပြောနေတာ ရပ်လိုက်တော့..။ဒီငနဲ ဘာဖြစ်ချင်နေတာလဲ ကြည့်လိုက်ရအောင်.."
ယင်းနောက် ကျောင်းရဲ့ ကျောင်းအုပ်ဟာ ရောက်လာခဲ့တယ်..။
"ဆရာ ကျန်း ဘယ်လိုဖြစ်တာလဲ..။ဘာလို့ ခင်ဗျားရဲ့ ကျောင်းသားက..ကိုယ့်ကိုကို သတ်သေဖို့ ကြိုးစားတာလဲ.."
ကျောင်းအုပ် ဟာ မစဥ္းစားတတ်အောင် ဖြစ်နေခဲ့တယ်..။ဒါက စာသင်းကျောင်း တစ်ခုလေ..ဘာလို့ ဒီလို အဖြစ်အပျက်မျိူး တွေ ရှိလာရတာလဲ..။
တကယ်လို့ ဒီလိုမျိူးသာ ဖြစ်လာရင် သူတော့ အဆုံးသတ်တော့ မှာပါ..။
ဆရာ ကျန်း ခေါင်းခါယမ်း လိုက်ပြီး..
"ကျောင်းအုပ်, ကျွန်တော်လည်း မသိတော့ဘူး..။ကျွန်တော် သိတာက ချန်းလိန် အတန်းပျက်တယ် ဆိုတာပဲ..ဒါပေမဲ့ သူ ဒီလို လုပ်လိမ့်မယ် လို့ မ..မထင်..."
"မင်းဘာတွေ တွေးနေတာလဲ..။အမြန်သူ့ကို အောက်ဆင်းလာအောင် ကြိူးစား.."
ဆရာ ကျန်း ဘာမှ ထပ်ပြီး တွေးမနေတော့ပါဘူး..။သူ ချက်ချင်းပဲ လှမ်းအော်လိုက်တယ်..။
"ချန်းလိန် အလျင်မလိုနဲ့..။ဆရာ မင်းနဲ့ စကားလာပြောမယ်.."
ယင်းနောက် သူ အမြန်တက်သွားခဲ့တယ်..။
ခြောက်ထပ်မြောက်ရပ် လူသွားလမ်းမှာ ခေါင်မိုးပေါ်ကို တက်ဖို့ လှေကား တစ်ခု ရှိပါတယ်..။ဒါက ခေါင်းမိုးပေါ်ကို ဦးတည်ထားတာပါ..။သတ္ထု လှေကားက..သော့အခတ်ထားခဲ့ပေ..။ဒီလို ဖြစ်လာမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပါဘူး..။
သူ ခေါင်မိုးပေါ်ကို တက်သွားလိုက်တယ်..။
ဆရာ ကျန်း နည်းနည်း ဝေးဝေးမှာ ရပ်လိုက်ပြီး..
"ချန်းလိန်..ဆရာပြောတာ နားထောင်..ဒီကိုလာခဲ့.."
ဆရာ ကျန်း ရှေ့ကို တစ်လှမ်းတိုးလာတဲ့ အချိန်မှာ..ချန်းလိန်..ခံစားချက်တွေ ပြင်းထန်လာခဲ့တယ်..။
"အနားကို မလာနဲ့.."
"ကောင်းပြီ ကောင်းပြီ ..ဆရာမလာတော့ဘူး..။ဆရာ ပြောတာ နားထောင် အလျင်မလိုနဲ့..။မင်းက ဆရာ့မျက်လုံးထဲမှာတော့ အတော်ဆုံးကျောင်းသားပဲ..တကယ်လို့ မင်းသာ တစ်ခုခုဖြစ်သွားရင် ဆရာတော့ ယူကြုံးမရ ဖြစ်ရမှာ.."
ဆရာကျန်း နှစ်သိမ့်ဖို့ ကြိုးစားလိုက်တယ်..။
ချန်းလိန် မျက်ရည် တွေကို သုတ်လိုက်ပြီး..
"ဆရာ ကျန်း.. ဆရာ ကျွန်တော့် အပေါ် ကောင်းတာကို ကျွန်တော် သိပါတယ်..။ဒါပေမဲ့ အနားမလာခဲ့နဲ့ မဟုတ်ရင် ကျွန်တော် ခုန်ချလိုက်တော့မယ်.."
"ချန်းလိန် အလျင်မလိုနဲ့..။မင်းကို ဒီမှာကျောင်းထားဖို့ အလုပ်ကြိုးစားနေရတဲ့..မင်းအဖေကို တွေးကြည့်ပါဦး..။သူက ရွာကနေ မင်းကို ရှန်ဟိုင်း အထိခေါ်လာပြီး ပညာတတ်ကြီး ဖြစ်စေချင်ခဲ့တာလေ..။မင်းအခုလို ခုန်ချလိုက်ရင် မင်းအဖေ ဘယ်လို ခံစားရတော့မလဲ.."
ဆရာ ကျန်း ရှင်းပြလိုက်တယ်..။ချန်းလိန်မှာ အဖေ တစ်ယောက်တည်း ရှိတယ် ဆိုတာကို သူ သိထားပြီးသားပါ..။သူ့အဖေက ..တိမ်ဖြူလမ်းရဲ့ ဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်ပြီး ဘဝက အနည်းငယ် ခက်ခဲပါတယ်..။
ချန်းလိန် က အေးအေးဆေးဆေး နေတတ်တဲ့ ကောင်းလေး တစ်ယောက်ပါ..။သူ အရင်တုန်းက ဘာပြသနာမှ မရှာဖူးပါဘူး..။သူက သူ့အဖေကို စိုးရိမ်မူတွေ မပေးချင်ခဲ့ပေ..။တစ်ခြား လူတွေက ကျောင်းအဆောင်မှာ မနေချင်ပေမယ့် သူ ကျောင်းမှာ နေတာက ကုန်ကျစရိတ်တွေကို လျော့ချချင်လို့ပါ..။တစ်ချိန်တည်းမှာပဲ သူ စာကို ကြိုးစားပြီး သူ့အဖေ..ဂုဏ်ယူရအောင် လုပ်ခဲ့ပါတယ်..။
ချန်းလိန် ခေါင်းငုံ့ကာ ငိုလိုက်ပြီး..
"ဆရာ..ကျွန်တော်.."
ယင်းနောက်..ချန်းလိန် အောက်ကိုကြည့်လိုက်တဲ့ အချိန်မှာ လီယန်ကို မြင်လိုက်တယ်..။
လီယန်ကတော့ မတ်တတ်ရပ်နေပြီး သူ့ကို လက်ခလယ် ထောင်ပြနေခဲ့ပါတယ်..။တစ်ချိန်တည်းမှာ သူ့လက်ချောင်းနဲ့ လည်ပင်းကို လှီးသလို လုပ်ပြလိုက်တယ်..။လီယန် ပြောချင်တဲ့ အဓိပ္ပါယ် က သူတော့ အဆုံးသတ်တော့မယ် ဆိုတာပါပဲ..။
ယင်းနောက် ချန်းလိန်ဟာ ခံစားချက်တွေ ပိုပြင်းထန်လာခဲ့တယ်..။
ဆရာ ကျန်း အောက်ဘက်ကို ကြည့်ပြီး အော်လိုွတယ်..။
"လီယန်..မင်းဘာလုပ် နေတာလဲ.."
လီယန် လက်ကို အောက်ချပြီး ဘာမှ မဖြစ်သလို ဟန်ဆောင်လိုက်ပါတယ်..။
"ဆရာ..ဘာမှ မဟုတ်ပါဘူး..။ဒီတိုင်း ခြင်ကိုက်လို့ပါ.."
"မင်း...မင်း.."
ဆရာ ကျန်း ဒေါသထွက်သွားခဲ့ပါတယ်..။ချန်းလိန် ဒီလို အခြေအနေ ဖြစ်နေတုန်းမှာ လီယန်က ..ဒီလို ပြုမူနေနိုင်သေးတယ်လို့ မထင်ထားခဲ့ပါဘူး..။သူ အောက်ကို ဆင်းပြီးသာ မျက်နှာကို ဖြတ်ရိုက်လိုက်ချင်ပါတော့တယ်..။
ယင်းနောက်တစ်ခုခု ကြောက်လန့်စရာ ဖြစ်သွားခဲ့တယိ..။
ချန်းလိန် စိတ်ခံစားချက် အပြည့်နဲ့ အော်ပြောလိုက်တယ်..။
"လီယန်..ငါ သရဲဖြစ်သွားရင်တောင် မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး.."
ယင်းနောက် သူ ခြောက်လွှာပေါ်ကနေ..ခုန်ချလိုက်ပါတယ်..။
"မလုပ်နဲ့.."
ကျယ်လောင်လှတဲ့ အော်သံတွေကို..ဆက်တိုက်ကြားနေကြရပါတယ်..။
အကြီးအကဲ ချန်း သူ့သား ခေါင်းမိုးပေါ်ကနေ ခုန်ချတဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့ အချိန်မှာ အရူးတစ်ယောက်လို အော်ဟစ်နေခဲ့တယ်..။
လင်းဖန် ဒါကို မြင်လိုက်တဲ့ အချိန်မှာ ရှေ့ကို မြန်နိုင်သမျှ မြန်မြန် ပြေးတက်သွားခဲ့ပါတယ်..။
ပြေးခုန်ပစ် အသိပညာက ရထားတဲ့ စွမ်းရည်ဟာလည်း အသက်ဝင်လာခဲ့ပါပြီ..။
သူ့ရဲ့ လျင်မြင်မူကြောင့် အားလုံးက ဆွံ့အနေခဲ့ကြပါတယ်..။ဒါက ဒုံးကျည်တစ်ခု ပြေးထွက်သွားခဲ့ သလိုပါပဲ..။
လူအုပ်ကြီးဟာ ကြောင်အနေပြီး အရာရာတိုင်းကလည်း ရှုပ်ထွေးနေခဲ့ပါတယ်..။
လင်းဖန် လက်ကို ဆန့်ထုတ်ပြီး ချနး်လိန် ကျတဲ့ နေရာကို ဖမ်းဖို့ ကြိုးစားလိုက်တယ်..။
သို့ပေမယ် ချန်းလိန် ရဲ့ ခါး သူ့လက်ပေါ်ကို ကျတဲ့ အချိန်မှာ ကျယ်လောက်တဲ့ အသံကြီး ထွက်ပေါ်လာခဲ့ပါတယ်..။လင်းဖန်ရဲ့ လက်တွေဟာ..ချန်းလိန် ကိုယ်က ပြင်းထန် တဲ့အားကြောင့် အောက်ကို ပါသွားခဲ့တယ်..။
*ဘုန်း*
"အား..."
ကြောက်လန့်တကြား အော်ဟစ်တဲ့ အသံတွေ ဆက်တိုက်ထွက်လာခဲ့တယ်..။
လူတိုင်းဟာ မြင်ကွင်းကြောင့် ကြောက်လန့်နေကြပြီး ဆက်တိုက် အော်ဟစ်နေကြပါပြီ..။
မိန်းကလေး ကျောင်းသူ တွေဟာ ဆက်တိုက် အော်ဟစ်နေကြပြီး..တစ်ချို့ ဆရာမ တွေဟာ ဒီဖြစ်ရပ်ကို မြင်ပြီး မြေကြီးပေါ် လဲကျသွားခဲ့ကြတယ်..။
"ချီးပဲ.."
ငါ ထိလိုက်ပေမယ့် အသုံးမဝင်ဘူး..။
လင်းဖန် ချန်းလိန် ရဲ့ ရှေ့နားမှာ ရပ်နေခဲ့တယ်..။ဒါက ကျရံှုးသွားလိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး..။
သူ့ရဲ့ လက်မောင်းတွေဟာ.. တစ်ပတ်လည်အောင် ကျိုးပြီး အဆစ်လွဲနေခဲ့တယ်..။ချန်းလိန် အတော်နာကျင်ရမှာ ဖြစ်ပေမယ့် လင်းဖန် ဂရုမစိုက်နေနိုင်ပါဘူး..။
"အချိန်ရှိသေးတယ်.."
လင်းဖန် သူ့လက်မောင်းကို ကိုင်ပြီး အားနဲ့ ပုံမှန်အတိုင်းပြန်တည့်ပေးလိုက်ပါတယ်..။ကျယ်လောင်တဲ့ အရိုးချင်းထိသံ ကြီး မြည်လာခဲ့တယ်..။
ဒါက လက်မောင်းကို ကုသဖို့ အကြမ်းတမ်းဆုံး နည်းလမ်းပါ..။နာကျင်မူက အရမ်းပြင်းထန်မှာ ဖြစ်ပေမယ့် လင်းဖန် ဂရုမစိုက်နိုင်တော့ပေ..။
"ငါ့သားလေး.."
အကြီးအကဲ ချန်း ပြေးလာတဲ့ အချိန်မှာ သွေးတွေနဲ့ လဲနေတဲ့ သူ့သားလေးကို တွေ့လိုက်ရတယ်..။ယင်းနောက် သူ မြေကြီးပေါ်မှာ လဲကျသွားခဲ့ပါတယ်..။
အကြီးအကဲ လိန် ရဲ့ မျက်လုံး တွေဟာ..ပြူးကျယ်နေပြီး မြင်ရတာကိုတောင် မယုံကြည်နိုင်တော့ပါဘူး..။
"သူဌေးလေး.."
အကြီးအကဲ ချန်းဟာ မျက်ရည်တွေ အပြည့်နဲ့ လင်းဖန်ကို ကြည့်လိုက်တယ်..။
လင်းဖန် ဘေးနားမှာ ထူးထောက်လိုက်ပြီး စစ်ဆေးမူ တစ်ချို့ ပြုလုပ်လိုက်တယ်..။ကံကောင်စွာပဲ သူ့ကြောင့် ခေါင်းမိုးပေါ်က ကျလာတဲ့ အရှိန်က လျော့ကျသွားခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ ခေါင်းက မြေကြီးနဲ့ မထိခဲ့ပါဘူး..။အဓိက အစိတ်အပိူင်းက ခါးပါ..။သူ့ရဲ့ အရိုးတွေနဲ့ အတွင်းအစိတ်အပိူင်း တစ်ချို့ဟာ ကျိုး သွားခဲ့ပါတယ်..။
"အကြီးအကဲ ချန်း ခင်ဗျားသားကို မထိနဲ့ဦး..။အမြန် လူနာ တင်ယာဥ္ ခေါ်လိုက်..။ကျုပ် ဒါကို ကိုင်တွယ်လိုက်မယ်.."
လင်းဖန် ပြောလိုက်တာပါ..။
အကြီးအကဲ ချန်း..သွေးတွေ များစွာထွက်နေတဲ့ သူ့သားကို ကြည့်လိုက်တယ်..။သူတကယ်ကို ကြောက်လန့်နေခဲ့ပါပြီ..။သူဌေးလေး ပြောတာကြားတဲ့ အချိန်မှာ သူအလျင်အမြန် ခေါင်းညိမ့်လိုက်တယ်..။သူ့ရဲ့ တုန့်ရီတွေနဲ့ လက်တွေနဲ့ ဖုန်းခေါ်ဖို့ ကြိုးစားလိုက်ပါတယ်..။
"သူဌေးလေး..ကျေးဇူးပြုပြီး ကျွန်တော့်သားလေးကို ကျိန်းသေ ကယ်ပေးရမယ်နော်.."
အကြီးအကဲ ချန်းဟာ တကယ်ကြောက်လန့်နေပြီး သူ့ရဲ့ မျှော်လင့်ချက်တွေက လင်းဖန် အပေါ်မှာပဲ ရှိပါတော့တယ်..။