← Chapters

ကျုပ်ကိုင်တွယ်လိုက်မယ်..

Vol. 39 Ch. 574

ကျုပ်ကိုင်တွယ်လိုက်မယ်..

Vol. 39 Ch. 574

ဘာသာပြန် = စနိုးဝှိုက်

"ကောင်းပြီ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။လက်ရှိအခြေအနေက အတော်လေးနက်ပြီး..စွယ်စုံကျမ်းရဲ့ စွမ်းဆောင်ရည်တွေ ကြောင့် မဟုတ်ရင် သူ ဒီလို ပြန်ဖြေရဲမှာ မဟုတ်ပါဘူး..။

သို့ပေမယိ့..အခြေအနေက အတော်ဆိူးရွားတာ ကြောင့် သူနည်းနည်းလေးမှ ကြန့်ကြာနေလို့ မရပေ..။

သူ ဘေးကို ကြည့်လိုက်ပြီး..မိန်းကလေး ကျောင်းသူ တစ်ချို့ဆီက တွယ်ချိတ်တွေကို လိုက်တောင်းလိုက်တယ်..။ယင်းနောက် သူ ဒါတွေကို ငွေအပ်တွေ အဖြစ်သုံးဖို့ ပြင်ဆင်လိုက်ပါတယ်..။အခုချိန်မှာ အချိန်မရတော့တာကြောင့် သူ အကောင်းဆုံး နည်းလမ်းကို ပဲ ရွေးပြီး အသုံးပြရတော့မှာပါ..။

​ကျောင်းအုပ်ဟာ ကြောင်အနေခဲ့တယ်..။

"သွားပြီ.."

ဆရာကျန်း ခေါင်မိုးပေါ်မှာ ဒူးထောက်နေပြီး..အောက်က အခြေအနေကို မြင်တဲ့ အချိန်မှာ သူ့မျက်နှာသူ လက်နဲ့ အုပ်ထားခဲ့တယ်..။သူ့ရဲ့ ကျောင်းသား တစ်ယောက်က သူ့ရှေ့မှာတင် သတ်သေဖို့ ကြိုးစားတာကို ​မြင်တွေ့ရလိမ့်မယ် လို့မထင်ထားခဲ့ပါဘူး..။

ဒါက တကယ်ကို လက်ခံဖို့ ခက်ခဲလှပါတယ်..။

ရုတ်တရက် ဆရာကျန်း..မတ်တတ်ရပ်ပြီး အောက်ကို အမြန် ဆင်းသွားခဲ့တယ်..။

အောက်ဘက်တွင်..။

လီယန် ကြောင်အနေခဲ့ပါတယ်..။ချန်းလိန် အပေါ်ကနေ ခုန်ချရဲလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။နောက်ဆုံး စာကြောင်းက သူဘာကို ဆိုလိုတာလဲ..။ဒီကောင်က ငါ့ကိုပါ ငရဲကို အတူခေါ်သွားချင်တာလား..။

တစ်ခြား လူတွေဟာ သတိမထားမိခဲ့ကြပါဘူး..။သူတို့ အပေါ်က ပြုတ်ကျ တဲ့ ချန်းလိန်ကို သာ ကြည့်နေခဲ့ကြတယ်..။ဒါကြောင့် သူ တိတ်တဆိတ် ထွက်သွားဖို့ ပြင်ဆင်လိုက်ပါတယ်..။

သူ လှည့်ဖို့ လုပ်လိုက်တဲ့ အချိန်မှာ ဆရာ ကျန်းရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်..။ဆရာကျန်း ဒေါသထွကိစွာ ပြောလိုက်ပါတယ်..။

"လီယန် မင်းဘာလုပ်ခဲ့တာလဲ.."

လီယန် စိတ်ပူသွားပေမယ့်လည်း တည်ငြိမ်ချင်ယောင် ဆောင်လိုက်ပြီး..

"ဆရာကျန်း..ဒါက ဘာကို ဆိုလိုချင်တာလဲ..။ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး.."

*ဖြန်း*

ဆရာကျန်း ချက်ချင်း ဖြတ်ရိုက်လိုက်တယ်..။

"မင်းက တကယ် လူမဆန်တဲ့ ကောင်ပဲ.."

လီယန် ကြောင်အသွားခဲ့ပါတယ်..။တစ်ခြား ကျောင်းသားတွေကပါ သူ့ကို ကြည့်နေတာကို သတိထားမိလိုက်တယ်..။ယင်းနောက် သူ ပြန်အော်လိုက်ပါတယ်..။

"ခင်ဗျားက ပြသနာ ရှာချင်နေတာလား.."

လီယန် ရဲ့ မိသားစုက လွမ်းမိုးနိုင်စွွမး် ရှိတယ် ဆိုတာကို ဆရာကျန်း သိထားပြီးသားပါ..။ခါတိုင်းဆိုရင် သူ ဒီကောင့်ရဲ့ စောက်တလွဲ လုပ်ရပ် တွေကို လစ်လျုရူ လေ့ရှိပါတယ်..။သို့ပေ့မယ့် ဒီနေ့မှာ ဒီကောင်က တစ်စုံတစ်ယောက်ရဲ့ အသက်ကို သေစေတဲ့ အထိ ပြသနာ ရှာခဲ့တာပါ..။

ဒီကောင့် မိသာစု က လွမ်းမိုးနိုင်စွမ်းရှိတယ် ဆိုရင်တောငိ သူ သည်းမခံနိုင်တော့ပေ..။သူ ချက်ချင်းနောက်တစ်ချက် ထပ်ရိုက်လိုက်တယ်..။

*ဖြန်း*

ဘေးနားက ကျောင်းသားတွေဟာလည်း လီယန် ဆရာ ကို ပြန်အော်ရဲလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။သူတို့ ဒီကိစ္စမှာ ပါလာမှာ ကြောက်တာကြောင့် မသိချင်ယောင်ဆောင်ပြီး..ချန်းလိန်ကို ကြည့်နေလိုက်ကြတယ်..။

ဆရာကျန်း ..ကာယ ဆရာ တစ်ချို့ကို လှမ်းပြောလိုက်ပါတယ်..။

"သူ့ကို ကြည့်ထား..။ဒီကောင် ထွက်မပြေးသွားစေနဲ့.."

တစ်ခြား ဆရာတွေက ခေါင်းညိမ့်လိုက်ကြတယ်..။ဒီကိစ္စက အတော်ကို လေးနက်တာပါ..။သူတို့ လီယန်ကို သေချာ စောင့်ကြည့်ထားမှ ရပါမယ်..။

ဆရာ ကျန်း အကြီးအကဲ ချန်း ဆီကို လျောက်သွားလိုက်ပြီး..

"မစ္စတာ ချန်း ကျွန်တော် တောင်းပန်ပါတယ်..။ကျွန်တော့က ဆရာတစ်ယောက် အနေနဲ့ သူ့ကို သေချာ မစောင့်ကြည့်နိုင်ခဲ့ဘူး..။ဒါက ကျွန်တော် အမှားပါ.."

မြေကြီးပေါ်မှာ ထိုင်နေတဲ့ အကြီးအကဲ ချန်းဟာ ကြောင်တောင်တောင် ကြီးဖြစ်နေခဲ့တယ်..။သူ ဆရာကျန်းကို တောင် ဂရုမစိုက်ပါဘူး..။သူ ဒီတိုင်း ချန်းလိန်ကိုသာ ငေးကြည့်နေခဲ့ပါတယိ..။

ယင်းနောက လင်းဖန် ချန်းလိန် ရဲ့ အင်္ကျီကို ဖွင့်လိုက်တဲ့ အချိန်မှာ.. ညိုမဲစွာနေတဲ့ အစိမ်းရောင် အပြာရောင် လက်သီးရာတွေကို တွေ့လိုက်ရပါတယ်..။ဒါက အတော်ဆိူးရွားတာပါ..။

လင်းဖန် ကြောင်အသွားခဲ့တယ်..။ဒါက လူတစ်ယောက် ခေါင်းမိုးပေါ်က သူ့ဟာသူ ခုန်ချခဲ့တာ မဟုတ်လောက်တော့ပါဘူး..။ယင်းနောက် သူ ဆရာကျန်းကို ကြည့်လိုက်ပြီး..

"သေချာကြည့်.."

ယင်းတောက် သူ ဘာမှထပ်မပြောတော့ပဲ ချန်းလိန်ရဲ့ အခြေအနေတွေကို စတင်ကုသလိုက်ပါတယ်..။

ဆရာ ကျန်းဟာ ချန်းလိန် ရဲ့ ဒဏ်ရာတွေကို မြင်ပြီး ကြောင်အသွားခဲ့တယ်..။

ဒီဒဏ်ရာ တွေကို လူတစ်ယောက်က ပြုလုပ်ထားခဲ့တာပါ..။ဒါတွေက အပေါ်ကနေ ခုန်ချလို့ ဖြစ်လာတဲ့ ဒဏ်ရာတွေ မဟုတ်ပါဘူး..။ယင်းနောက် သူ လီယန် ကို ဒေါသထွကိနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်..။

ဒါတွေက ဘယ်လိုဖြစ်တာလဲ..။ဒီလို လုပ်နိုင်တဲ့ တစ်ယောက်တည်းသော သူက လီယန် ပါပဲ..။

ချန်းလိန်က တစ်ခါတုန်းက လီယန် သူ့ကို တစ်ခြားလူတစ်ယောက်နဲ့ ရိုက်နှက်ခိုင်းတယ်လို့ ပြောဖူးပါတယ်..။အဲ့တုန်းက သူ ဒီတိုင်း ကျောင်းသားတွေကြား စကားများကြတယ်လို့ပဲ ထင်ထားခဲ့တာပါ..။ယင်းနောက်သူ လီယန် ကို ခေါ်ပြောတဲ့ အချိန်မှာ လီယန်ကလည်း ထပ်မလုပ်တော့ပါဘူး လိူ့ ​ပြောခဲ့ပါတယ်..။

အခြေအနေက ဒီအထိရောက်လာလိမ့်မယ် လို့ သူမသိခဲ့ပေ..။

ဆရာကျန်း သူ့ကိုယ်သူ အပြစ်တင်နေပြီး..ဒီကိစ္စက သူ့မှာ တာဝန်ရှိတယ် လို့ ခံစားနေရပါတယ်..။

အတန်းပိုင်တစ်ယောက် အနေနဲ့ ဒီအခြေအနေ ရောက်နေတာ မသိခဲ့ပါဘူး..။ဒါတွေ အကုန်လုံးက သူအသုံးမကျမူတွေ ကြောင့်ပါပဲ..။

"သူဌေးလေး."

အကြီးအကဲ ချန်း..ဝမ်နည်းမူတွေကနေ ပြန်အသိစိတ်ဝင်လာခဲ့ပြီး..သူ့သားကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ သူဌေးလေးကို ကြည့်လိုက်တယ်..။

အကြီးအကဲ လိန် အကြီးအကဲ ချန်းရဲ့ ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်ပြီး..

"အာ..အကြီးအကဲ ချန်း ခင်ဗျား စိတ်အခြေအနေ မကောင်းတာ ကျုပ်သိပ်တယ်..။သူဌေးလေးက ခင်ဗျားသားကို ကယ်တင်ဖို့ ကြိုးစားနေတာလေ..။သူ့ကို မနှောက်ယှက် ပဲနေရအောင်..။တကယ်လို့ သူဌေးလေး မကယ်နိုင်ဘူးဆိုရင်တော့ မျှော်လင့်ချက် မရှိတော့ဘူးပေါ့.."

အကြီးအကဲ လိန် သက်ပြင်းချပြီး ခေါင်းခါယမ်း လိုက်တယ်..။ဒီလိုဖြစ်လာမယ် လို့ သူ မထင်ထားခဲ့ပါဘူး..။

ယင်းနောက် လင်းဖန် လေးနက်စွာကြည့်လိုက်တယ်..။သူ လက်ရှိအစားထိုး သုံးနေတဲ့ ပစ္စည်းတွေက ပိုးသတ်ထားတဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး..။သို့ပေမယ့် သူ့မှာ ရွေူချယ်စရာ မရှိပေ..။သူ အသက်ကို အရင်ဆုံးကယ်တင်မှ ရမှာပါ..။

သူ သွေးကြောအမှတ် တစ်ချို့ကို ဖွင့်လိုက်တယ်..။

ဒါက မလုံးလောက်သေးပါဘူး..။သူ စွမ်းစုံကျမ်းရဲ့ ..ခွန်အားဖြည့် အကူအညီကို ထပ်ယူလိုက်ပါတယ်..။

သူ့ရဲ့ လက်ကို ချန်းလိန် ရဲ့ ခန္တာကိုယ်ပေါ်မှာ တင်ထားခဲ့တယ်..။တစ်ခြားလူကြည့်ရင် သူ နိပ်ပေးနေတယ် ထင်ရပေမယ့် အမှန်တကယ်တော့ စွယ်စုံကျမ်းရဲ့ စွမ်းအင် တစ်ချို့ကို ထည့်ပေးနေခဲ့တာပါ..။တစ်ချိန်တည်းမှာပဲ သူ ကုသပေးနေခဲ့တယ် ။

ရဲကား နဲ့ လူနာတင်ယာဥ္ ဟာ ရောက်လာခဲ့တယ်..။

လင်းဖန် နောက်ဆုံးတော့ လက်ကို ပြန်လွှတ်လိုက်ပြီး စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။

သူ့ဘဝကို ခနလောက် ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ပေမယ့် အခြေအနေက အန္တာရာယ် များနေဆဲ ပါပဲ..။

အကြီးအကဲ ချန်း လင်းဖန်ကို ကြည့်လိုက်ပြီး

"သူဌေးလေး အခြေအနေ ဘယ်လိုလဲ.."

လင်းဖန် ခေါင်းညိမ့်ပြီး အကြီးအကဲ ချန်းရဲ့ ပုခုံးကို ပုတ်လိုက်တယ်..။

"မျှော်လင့်ချက် ရှိသေတယ်..။ဒါပေမဲ့ အန္တရာယ်တော့ များနေတုန်းပဲ..။စိတ်မပူပါနဲ့ ကျွန်တော်ရှိပါတယ်..။ဘာပြသနာ မှ ဖြစ်လာမှာ မဟုတ်ပါဘူး.."

အကြီးအကဲ ချန်း စိတ်ပူစွာ ခေါင်းညိမ့်လိုက်တယ်..။

"သူဌေးလေး ..ငါ မင်းကို ယုံကြည်ပါတယ်..။မင်း လုပ်နိုင်မယ် ဆိုတာ ငါသိတယ်.."

ဆေးဘက်ဆိုင်ရာ အကူတွေ ရောက်လာခဲ့တယထ..။ဒီမှာ တစ်စုံတစ်ယောက် သတ်သေဖို့ လုပ််တယ် ဆိုတာကို သူတို့ သိထားပြီးသားပါ..။သူနာပြုမလေး တစ်ယောက်ဟာ ချန်းလိန် ရဲ့ ခန္တာကိုယ်ကို လူနာတင်ယာဥ္ ပေါ် တင်ဖို့ လုပ်နေတာ မြင်ပြီး လင်းဖန် တားလိုက်ပါတယ်..။

"အဲလို မ မနဲ့ ..သူ့ရဲ့ ကျောဘက်ကို လက်ထည့်ပြီး သေချာမ..။ပြီးတော့ အပ်တွေကို လည်း မဖယ်လိုက်နဲ့.."

လင်းဖန် အပ်လေးချောင်းကို ချန်းလိန် ရဲ့ နှလုံး ဝန်းကျင်မှာ စိုက်ထားခဲ့ပါတယ်..။သူ နှလုံးကို လုံခြုံအောင် ထားထားရမှာဖြစ်ပြီး သွေးလည်ပတ်မူ မှန်ဖို့လည်း လိုအပ်ပါတယ်..။တစ်ချိန်တည်းမှာ ပဲ နှလုံးခုန်မှန် အောင် လုပ်ဆောင်ထားခဲ့တယ်..။

ချန်းလိန်ရဲ့ လည်ချောင်းမှာ သွေးတစ်ချို့ ခဲနေခဲ့ပြီး ဒါကြောင့် လင်းဖန် လေဝင်ပေါက်ရှိအောင် လည်ချောင်းကို ဖောက်ထားခဲ့ပါသေးတယ်..။

အခု သူ လုပ်ဖို့ ကျန်တာဆိုလို့ ဆေးရုံကို သွားပြီး ခွဲစိတ်ဖို့ပါပဲ..။

ခွဲစိတ်မူက အတော်ရှုပ်ထွေးမယ် ဆိုပေမယ့် သူသေချာ လုပ်နိုင်မယ် လို့ ယုံကြည်မူ ရှိပါတယ်..။

"ခင်ဗျားက ဘယ်သူလဲ.."

ဒေါက်တာဟာ မျက်မှောင်ကျုတ်လိုက်တယ်..။ဒီလို အခြေအနေမှာတောငိ..ဒီလူက ဘယ်လို လုပ်ရမလဲ ဆိုတာ လာသင်ပြနေပါသေးတယ်..။

လင်းဖန် ဒီလူကို သိပ်ပြီး ပြန်မဖြေချင်ခဲ့ပေ..။

"တိမ်ဖြူလမ်းက မာစတာ လင်းပဲ..။ကျုပ်ကို သိလား.."

ဒေါက်တာဟာ..ဒီနာမည်ကို ကြားတဲ့ အချိန်မှာ စိတ်လှုပ်ရှားသွားခဲ့တယ်..။

"နတ်ဆေးဆရာလေးလား.."

လင်းဖန် ​ေခါင်းညိမ့်လိုက်ပြီး..

"ဟုတ်တယ်..သူ့ကို ဆေးရုံပို့ပြီး ..သူ့ကို ကျုပ်ကိုင်တိုင် ခွဲစိတ်မယ် လို့..ခင်ဗျားတို့ ဒါရိုက်တာကို ပြောလိုက်..။တစ်ခြား ဘယ်သူမှ သူ့ကို မထိစေနဲ့ဦး.."

ဒေါက်တာဟာ ​ပြုံးလိုက်ပြီး..

"နတ်ဆေးဆရာလေး..စိတ်မပူပါနဲ့..။ကျွန်တော် သေချာ လုပ်ဆောင်လိုက်ပါ့မယ်..။သူ့ကို ဘယ်သူမှ မထိစေရပါဘူး.."

သူ ရှန်ဟိုင်းက နတ်ဆေးဆရာ လေးကို သိထားပါတယ်..။သူက လက်ရှိ ဆေးပညာလောကက ဒေါက်တာတွေရဲ့ အိုင်ဒေါပါပဲ..။လူတိုင်း သူ အခမဲ့ ဆေးကုသ ပေးခဲ့တဲ့ ခရီးစဥ္ အကြောင်းကို သိထားကြပါတယ်..။

သူ့ရဲ့ နတ်ဘုရား ဆန်တဲ့ လက်တစ်စုံနဲ့ လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ပြီး ဆေးပညာ အရည်အချင်းကလည်း မယုံနိုင်စရာပါပဲ..။

"အကြီးအကဲ ချန်း..အကြီးအကဲ လိန် ..လူနာတင်ယာဥ္ နဲ့ လိုက်သွားလိုက်လေ..။ကျွန်တော်လည်း ဆေးရုံကို လိုက်လာခဲ့မယ်.."

လင်းဖန် ပြောလိုက်တာပါ..။

…

ရဲအရာရှိ တွေဟာ ရောက်လာခဲ့ပြီး အခြေအနေ တွေကို စတင် စစ်ဆေးပါတော့တယ်..။ချန်းလိန်ကို အနိုင်ကျင့်ခဲ့ကြတဲ့ ကျောင်းသားတွေဟာ ရဲတွေကို မြင်ပြီး ကြောက်လန့်နေခဲ့ကြတယ်..။သူတို့က ..ခေါင်းတွေကို ငုံ့ထားပြီး ဘာမှ မသိသလို ဟန်ဆောင် နေခဲ့ကြပါတယ်..။

လင်းဖန် လီယန်ကို ကြည့်လို်က်ပြီး သူ့ရှေ့ကို သွားရပ်လိုက်ပါတယ်..။

လီယန် လင်းဖန်ကို ကြောက်ရွံ့စွာ ကြည့်လိုက်ပြီး..

"ခငိဗျား ဘာလုပ်မလို့လဲ.."

*ဖြန်း*

ဆရာ ကျန်း ဘေးမှာ ရပ်နေပြီး တားဆီးဖို့ မကြိုးစားခဲ့ပေ..။သူ လီယန် ​လင်းဖန် ရိုက်လို့ မြေကြီးပေါ်လဲကျသွားတာကို ဒီတိုင်း ကြည့်နေခဲ့ပါတယ်..ဉ

"ငါ မင်းတို့ကို အခွင့်အရေး ပေးနေတာနော်.."

လင်းဖန် လူအုပ်ထဲက ကျောင်းသားတွေကို ကြည့်ပြီး ပြောလိုက်တာပါ..။

တစ်ခြား ကျောင်းသားတွေ ..ဟာ အခြေအနေတွေကို ကြည့်ပြီး ကြောက်လန့်နေကြတယ်..။သူတို့က သာမန် မိသားစုက ကလေးတွေပါ..။သူတို့ ဒီီလို အခြေအနေ မျိုး မကြုံဖူးကြပါဘူး..။

"အဲတာ ကျွန်တော်မဟုတ်ဘူး..လီယန်..။သူက ချန်းလိန်ကို သန့်စင်ခန်း နောက်က နေရာကို ကာယ ချိန်မှာ ဆွဲခေါ်သွားတာ..။ပြီးတော့ ရိုက်နှက်တော့တာပဲ.."

"ကျွန်တော် တို့လည်း အပါဘူး..။ချန်းလိန်ကို လီယန်ကပဲ သင်ခန်းစာ ပေးချင်နေတာ.."

ယငိးနောက် တစ်ခြား ကျောင်းသားတွေဟာ လည်း လီယန်ကို အပြစ်တင်လိုက်ကြပါတယ်..။

ရဲအရာရှိတွေဟာလည်း အခြေအနေကို နားလည်သွားခဲ့ကြတယ်..။

"သူ့ကို ​ေခါ်သွားပြီး သေချာ စစ်ဆေးလိုက်.."

လင်းဖန် သူတို့တွေနဲ့ အချိန်မဖြုန်း တော့ပါဘူး..။သူ လီယန်ကို သာ နောက်တစ်ချက်ကြည့်လိုက်ပြီး ကျောင်းကနေ ထွက်ခွာလာခဲ့ပါတယ်..။

"အစည်းအဝေး လုပ်မယ်..။အကုန်လုံး အစည်းအဝေးခန်းကို လာခဲ့ကြ.."

ကျောင်းအုပ်ဟာ..စိတ်မကြည်လင်ခဲ့ပေ..။သူတို့ ကျောင်းတွင်း အနိုင်ကျင့်မူ တွေကို သေချာ ကိုင်တွယ်မှ ရပါတော့မယ်..။

All Chapters