← Chapters

သေဆုံးခြင်း နတ်ဘုရားနဲ့တိုက်ခိုက်ခြင်း..

Vol. 39 Ch. 575

သေဆုံးခြင်း နတ်ဘုရားနဲ့တိုက်ခိုက်ခြင်း..

Vol. 39 Ch. 575

#ဘာသာပြန် = စနိုးဝှိုက်

ဆေးရုံတွင်..။

လူနာ တင်ယာဥ္ တစ်စီးဟာ ရောက်လာခဲ့တယ်..။

ခွဲစိတ် ဆရာဝန်ဟာ ဒီအခြေအနေကို သိတဲ့ အချိန်မှာ အဝတ်အစားလဲ လိုအပ်တာတွေ ပြင်ဆင်ပြီး ခွဲစိတ်ဖို့..အဆင်သင့်ဖြစ်နေခဲ့ပါတယ်..။

လင်းဖန် ဆေးရုံရဲ့ အဝ နားမှာ စောင့်နေခဲ့တယ်..။သူ့ကားက..ပိုမြန်တဲ့ အတွက် သူက အရင်ရောက်နေနှင့်တာပါ..။

"နတိဆေးဆရာ လေး..ကျွန်တော် တို့ သူ့ကို အခု ခွဲစိတ်ခန်း ပို့လိုက်ရတော့မလား.."

လူနာတင်ယာဥ္ နဲ့ ပါလာတဲ့ ဒေါက်တာက မေးလိုက်တာပါ..။

"အင်း..အခုပဲ..သူ့ကို ခွဲစိတ်ခန်းဆီ ပို့ပေးပါ.."

လင်းဖန် ပြောလိုက်တယ်..။

ဒေါက်တာဟာ ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ ဘေးနားက သူနာပြုမလေး ဆီကို လှည့်လိုက်ပြီး..

"အမြန် နတ်ဆေးဆရာ လေးကို အဝတ်လဲ ပို့ ခေါ်သွားပြီး..ခွဲစိတ်ခန်း နံပါတ် ၂ ကိုလိုက်ပြလိုက်.."

"သိပါပြီ.."

ဒေါက်တာ နဲ့ သူနာပြုတွေဟာ စတင်ပြီး ပြင်ဆင်လိုက်ကြတယ်..။

"ကျေးဇူးပြုပြီး ဘေးကိုဖယ်ပေးပါ..။အရေးပေါ်..အရေးပေါ်.."

သူနာပြုမလေးဟာ လမ်းရှင်းအောင် အော်ပြီး တွန်းသွားခဲ့ပါတယ်..။

အကြီးအကဲ ချန်း နဲ့ အကြီးအကဲ လိန်တို့ဟာ..နောက်ကနေ အနီးကပ်လိုက်နေခဲ့တယ်..။သူတို့တွေရဲ့ မျက်နှာမှာ စိုးရိမ်မူတွေ ရှိနေခဲ့ပါတယ်..။အထူးသဖြင့် ဘေးနားမှာနေပြီး ကောင်းကင်ဘုံက ကူညီမူတွေ ရအောင် ဗုဒ္ဓ တရားစာတွေတတွတ်တွတ် ရွတ်ဆိုနေတဲ့ အကြီးအကဲ ချန်း ပါပဲ..။

ခွဲစိတ်ခန်း ထဲမှာ အရာအားလံူး အသင့်ဖြစ်နေခဲ့တယ်..။

ခွဲစိတ်ရမယ့် ဆရာဝန်ဟာ..ချန်းလိန်ကို စတင် ခွဲစိတ်ဖို့ ပြင်ဆင်လိုက်တဲ့ အချိန်မှာပဲ..ဘေးနားက ဆရာဝန်ရဲ့ တားဆီးခြင်းကို ခံလိုက်ရပါတယ်..။

"ဒေါက်တာ မား..မင်း ဒီကိစ္စကို ကိုင်တွယ်လို့ မရဘူး..။တစ်ခြား တစ်ယောက် လာလိမ့်မယ်.."

ဒေါက်တာ မား မျက်မှောင်ကျုတ်လိုက်ပြီး..

"မင်း ဘာလုပ်နေတာလဲ..။ဒဏ်ရာတွေက ဒီလောက် ဆိုးရွားနေတာတောင်..ဘယ်သူ လုပ်မလဲ ဆိုတာ မင်းက ဂရုစိုက်နေတာလား..။အမြန်လုပ်..ငါ တို့ သူ့ကို အခု ခွဲစိတ်မှ ရမယ်.."

ဒေါက်တာဟာ ခေါင်းခါယမ်းလိုက်ပြီး..

"မဟုတ်ဘူး.နတ်ဆေးဆရာလေးက..သူကလွဲပြီး ဘယ်သူမှ မခွဲစိတ်နိုင်ဘူးလို့ ပြောတယ်.."

ဒေါက်တာ မား..ဒေါသထွက်သွားတယ်..။သူက ဒီဆေးရုံက ကျွမ်းကျင်အဆင့် ခွဲစိတ်ဆရာဝန် ဖြစ်ပေမယ့်..အခု တစ်စုံတစ်ယောက်ရဲ့..တားဆီးခြင်းကို ခံနေရပါတယ်..။ယင်းနောက် ဒေါက်တာ မား..အံ့ဩသွားခဲ့ပြီး..

"နတိဆေးဆရာလေး လား..။ဘယ်က နတ်ဆေးဆရာ လေးလဲ.."

"တိမ်ဖြူလမ်းက နတ်ဆေးဆရာလေး လေ..။လူနာက ခြောက်ထပ်မြောက်ကနေ ခုန်ချခဲ့တာ..အခုချိန်ထိ သူ အသက်ရှင်နေတယ် ဆိုတာ..နတ်ဆေးဆရာ လေး ကယ်ထားလို့ပဲ..။ဒါပေမဲ့ သူ့ရဲ့ ကိုယ်တွင်း အစိတ်အပိုင်းတွေ..အရိုးတွေက..ကျိုးကြေနေပြီး အခုချက်ချင်း ခွဲစိတ်မှ ရမယ်..။ဒါပေမဲ့ ခွဲစိတ်ဖို့က အတော်ရှုပ်ထွေးတယ်လေ..။ဒေါက်တာ မား..မင်းရဲ့ စွမ်းရည်တွေက ထိ်ပ်တန်း အဆင့်မှာ ရှိ​ေပမယ့်..လက်ရှိ အခြေအနေကိုတော့ ကိုင်တွယ် နိုင်မှာ မဟုတ်ဘူး.."

ဒေါက်တာ မား လည်း..နတိဆေးဆရာ လေးရဲ့..ဂုဏ်သတင်းကို သိထားပါတယ်..။ယင်းနောက် သူ မေးလိုက်တယ်..။

"အမှန်တကယ်ပဲ ..နတ်ဆေးဆရာလေးက ခွဲစိတ်မှာလား.."

"ဟုတ်တယ်..နတ်ဆေးဆရာလေး ကိုယ်တိုင်ခွဲစိတ်မှာ.."

ဒေါက်တာ မား ဘာမှ ထပ်ပြီး မတွေးတော့ပေ..

"ကောင်းပြီ..ငါ ဒါရိုက်တာ ကို အကြောင်းကြားလိုက်မယ်..။ဒါက အရေးကြီးတဲ့ ကိစ္စပဲ..မိသားစုဝင်တွေက ဘယ်မှာလဲ.."

"သူတို့က ခွဲစိတ်ခွင့် ပြုကြောင်း လက်မှတ်ထိုးနေတယ်..။ဒါကို နတ်ဆေးဆရာလေး လုပ်မှာ ဆိုပေမယ့် ငါတို့ စည်းမျဥ္းတွေ အတိုင်းသွားမှ ရမယ်လေ.."

ဒေါက်တာ က ပြောလိုက်တာပါ..။

ဒေါက်တာမား ခေါင်းညိမ့်လိုက်ပြီး အလျင်အမြန် ထွက်သွားခဲ့ပါတယ်..။သူ အပြင် ရောက်တဲ့ အချိန်မှာ ဒေါက်တာ တစ်ယောက် အခန်းထဲဝင်ဖို့ လုပ်နေတာ တွေ့လိုက်တယ်..။ယင်းနောက် သူ ရပ်ကာ ကြည့်လိုက်ပြီး..

"သူက နတိဆေးဆရာလေး လား.."

လင်းဖန် အတော်ကို လေးနက်နေခဲ့ပြီး..

"စလိုက်ကြရအောင်.."

သူနာပြုနဲ့ ဒေါက်တာ တွေဟာ ခေါင်းညိမ့်လိုက်ကြပါတယ်..။သူတို့ ခွဲ့စိတ်ကြမှာ မဟုတ်ပေမယ့်လည်း..ပြသနာကို သူတို့ သိထားကြပြီးသားပါ..။

ဆေးရုံတွင်..။

ဒေါက်တာ မား..ဒါရိုက်တာရဲ့ ရုံခန်းကို ..ရောက်တဲ့ အချိန်မှာ ဒါရိုက်တာဟာ အလျင်အမြန် ထွက်လာခဲ့ပါတယ်..။

"ဒါရိုက်တာ..နတ်ဆေးဆရာ လေးက ကျွန်တော်တို့ ဆေးရုံမှာ ရောက်နေတယ်.."

ဒေါက်တာ မား စိတ်ပူစွာ ပြောလိုက်တာပါ..။

ဒါရိုက်တာဟာ ခေါင်းညိမ့်လိုက်ပြီး..

"ငါ့ကို အကြောင်းကြားပြီးသွားပြီ..။အခု..အားနေတဲ့ ဆရာဝန် တွေ အကုန်လုံးကို စုဝေးလိုက်.."

ဒေါက်တာ မား ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော်တို့ စုဝေးမှ ဖြစ်မယ်..။ကျွန်တော်တို့ သိထားတာက နတ်ဆေးဆရာ လေး..က တရုတ်ဆေးပညာကိုပဲ ကျွမ်းကျင်တယ်လို့လေ..။ထပ်ပြောရရင် သူ့ရဲ့ အနောက်ဆေးပညာက မယုံနိုင်စရာ ကောင်းတယ်လို့ သူက ပြောထားသေးတယ်..။တကယ်လို့ ကျွန်တော် တို့ ခွဲစိတ်မူတစ်ခု ကြည့်ရရင်တောင်..အကူအညီဖြစ်စေမှာပဲ.."

ခွဲစိတ်ခန်း အပြင်ဘက်တွင်..။

အကြီးအကဲ ချန်း စိတ်ပူစွာ လမ်းလျောက်နေခဲ့တယ်..။သူသားလေး..အန္တရာယ်တောထဲက မလွတ်ရင် သူ စိတ်အေးနိုင်မှာ မဟုတ်ပါဘူး..။

"အကြီးအကဲ ချန်း..ကြောက်ရွံ့မနေပါနဲ့..စိတ်မပူပါနဲ့..။သူ အဆင်ပြေသွားမှာပါ.."

အကြီးအကဲ လိန်..သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်ပါတယ်..။

အကြီးအကဲ ချန်း..ဘာမှ မပြောပေမယ့်..သူ အတော်ကြောက်ရွံ့နေတာကို အကြအကဲ လိန် ပြောနိုင်ပါတယ်..။

"အကြီးအကဲ ချန်း ဘယ်လိုဖြစ်သွားပြီလဲ.."

ယင်းနောက် တိမ်ဖြူလမ်းက အစ်မဟောင်ဟာ လူတစ်ချို့နဲ့ အတူ ရောက်လာခဲ့တယ်..။

သူတို့ သတင်းအကြောင်းကြားတဲ့ အချိန်မှာ အတော်ကို အံ့ဩသင့်သွားခဲ့ကြတာပါ..။အကြီးအကဲ ချန်းရဲ့ သားဒီလို အခြေအနေမျိုးတွေ့ရလိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ကြပါဘူး..။ဒါကြောင့် သတင်းကြားတာနဲ့ သူတို့ ဆိုင်တွေ ပိတ်ပြီး ချက်ချင်း ရောက်လာခဲ့ကြတာပါ..။

အစကတော့..လူတွေ အများကြီး လိုက်လာကြချင်ပေမယ့်..အစ်မဟောင် ဟာ တားဆီးခဲ့တယ်..။တကယ်လို့ လူတွေ အကုန်လိုက်လာရင်ပိုပြီး ရှုပ်ထွေးသွားနိုင်ပါတယ်..။ဒါကြောင့် သူနဲ့ အတူ လူအနည်းငယ်ပဲ ခေါ်လာခဲ့တာပါ..။

အကြီးအကဲလိန် ခေါင်းခါယမ်း လိုက်ပြီး..

"အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ ငါတို့လည်း မသိသေးဘူး..။ကလေးက အခု ခွဲစိတ်ခန်းထဲမှာ.."

အစ်မဟောင် ပြန်ပြောလိုက်တယ်..။

"အကြီးအကဲ ချန်း စိတ်မပူနဲ့.။ဆေးရုံက ကုန်ကျစရိတ် အတွက်လည်း ပြသနာ မရှိဘူး..။တိမ်ဖြူလမ်းက လူတွေ အညီအမျှ ကျခံပေးကြလိမ့်မယ်.."

အကြီးအကဲ ချန်း ဒါကိုကြားတဲ့ အချိန်မှာ ငိုကြွေးလိုက်တယ်..။

"အားလုံးကို ကျေးဇူးတင်ပါတယ်..."

ဒီစကား အပြင် သူဘာမှ ထပ်မပြောခဲ့ပါဘူး..။

အကြီးအကဲ လိန် ပြောလိုက်တယ်..။

"စိတ်မပူပါနဲ့..။သူဌေးလေးက. ကောင်လေး လိန် ကို ခွဲစိတ်ပေးနေတာ မလား..။သူဌေးလေးရဲ့ ဆေးပညာ ဘယ်လောက် ကောင်းလဲ ဆိုတာကို ရှင်တို့ သိသင့်တယ်..။သူ ကျိန်းသေ ဘာမှ ဖြစ်မှာ မဟုတ်ဘူး.."

တစ်ခြား လူတွေလည်း ဒါကိုကြာမှ စိတ်သက်သာရာ ရသွားခဲ့ကြတယ်..။

"သူဌေးလေး ကိုယ်တိုင် ဒီမှာ ရှိနေတာပဲ..။ဘာပြသနာ မှ ရှိလာမှာ မဟုတ်ဘူး.."

အကြီးအကဲ ချန်း ရဲ့ စိုးရိမ်မူတွေဟာလည်း အနည်းငယ် လျော့ကျသွားခဲ့တယ်..။သူအရင်တုန်းက ဒီလိုမျိုး မစိုးရိမ်ဖူး ခဲ့ပါဘူး..။

သူတို့ သူဌေးလေး အပေါ်မှာ လုံးဝ ယုံကြည်မူ ရှိပြီး သူဌေးလေး လုပ်နိုင်မယ် ဆိုတာကို သိထားပါတယ်..။

ဒါရိုကိတာ တွေဟာ..ဆရာဝန် တွေကို ခေါ်ပြီး ခွဲစိတ်ခန်းထဲက အခြေအနေ တွေကို..တိုက်ရိုက်

ကြည့်ရူဖို့ ပြင်ဆင်လိုက်တယ်..။သူတို့ ခွဲစိတ်ခန်းထဲက အခြေအနေကို သိချင်နေကြတာပါ..။

ဒေါက်တာ တစ်ယောက်ဟာ နောင်တရစွာ ပြောလိုက်တယ်..။

"ငါတို့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး..။တကယ်လို့ ငါတို့သာ ခွဲစိတ်ခန်းထဲမှာ ဆိုရင်..!

"လူနာကို စမ်းသပ်ထားတာ ကြည့်ရသလောက်တော့..သူ့ရဲ့ အခြေအနေက အတော်လေးနက်တယ်..။ငါတို့ ခွဲစိတ်မယ် ဆိုရင် တောင် အခွင့်အရေး သိပ်ရှိမှာ မဟုတ်ဘူး.။ခွဲစိတ်မူ အောင်မြင်သွားရင်တောင် လူနာက အန္တရာယ် ရှိနေဦးမှာ..။နတ်ဆေးဆရာလေး..ဘယ်လိုခွဲစိတ်မလဲ ဆိုတာ စောင့်ကြည့်ရမှာပဲ.."

"သိပ်မသေချာပေမယ့်..နတိဆေးဆရာလေးရဲ့ ကိုင်တွယ်ပုံတွေ ကြည့်ရတာ ယုံကြည်မူ ရှိနေတဲ့ ပုံပဲ.."

"ကြည့်..နှလုံးဝန်ူကျင်က အပ်တွေက ဘာအတွကိ စိုက်ထားတာလဲ.."

"သူနာပြုမလေးတွေ ပြောတာကတော့ သွေးလည်ပတ်မူ မှန်အောင်လို့တဲ့..။ဒါပေမဲ့ ဒါက တကယ် အလုပ်ဖြစ်လို့လား..သိပ္ပံနည်းကျ အထောက်အထားလဲ မရှိဘူးလေ..!"

"ဒါက တရုတ်ဆေးပညာ လုပ်ငန်းစဥ် ဖြစ်မယ်..။ဒီတစ်ကြိမ် ငါတို့ တရုတ်ဆေးပညာနဲ့ အနောက်တိုင်းဆေးပညာ ပေါင်းစပ် ကုသတာကို မြင်ရတော့မှာပဲ..။ငါ တကယ် စိတ်လှုပ်ရှားနေပြီ.."

နတ်ဆေးဆရာလေးက ဆေးပညာ လောကမှာ ဂုဏသတင်းကျော်ကြား ပါတယ်..။ခွဲစိတ်ဆရာဝန်တွေဟာ အမှန်တကယ်ပဲ သူနဲ့ တွေ့ပြီး သင်ယူချင်နေကြတယ်..။

ခွဲစိတ်ခန်းထဲတွင်..။

"နတိဆေးဆရာလေး..လူနာက သွေးတွေ အများကြီး ဆုံးရှုံးနေပြီ.."

ဒေါက်တာ တစ်ယောက်က စိတ်ပူစွာ ပြောလိုက်တာပါ..။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ကောငိးပြီ ..ငါ သိတယ်..။ဒဏ်ရာ တွေကို ဆက်ပြီး သန့်ရှင်းရေး လုပ်ပေးထား..။ငါ ဒါကို ဖြေရှင်းလိူက်မယ်..။ငွေအပ် တစ်ချို့ ပေးပါ.."

"သိပါပြီ..."

ခွဲစိတ်ခန်းထဲက လေထုဟာ ..သိပ်သည်းနေပေမယ့် ကိစ္စတိုင်းကို အဆင်ပြေပြေ လုပ်ဆောင် နေခဲ့ပါတယ်..။

ဒီခွဲစိတ်မူ အတွင်းမှာ လူနာက အန္တာရာယ် အခြေအနေတွေ အများကြီး ကျော်ဖြတ်ခဲ့ရတာပါ..။တကယ်လို့ သူတို့သာ ဒါကို ဖြေရှင်းရမယ် ဆိုရင် အဆုံးသတ်သွားပါပြီ..။သို့ပေမယ့် လင်းဖန် ဦးဆောင် မူအောက်မှာ အနည်းငယ် အလျင်အမြန်လုပ်ရပေမယ့် စီစဥ္ထားမူအတိုင်း ဖြစ်နေခဲ့တယ်..။

အန္တရာယ် ရှိတဲ့ အခြေအနေ တွေက အများကြီးပါပဲ..။

ခွဲစိတ်ခန်းထဲက ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ အံ့ဩသင့်နေကြပါပြီ..။တကယ်လို့ သူတို့ မျက်လုံးနဲ့ မမြင်ရရင် ဒါအမှန်လို့ ယုံကြည်ရဲမှာတောင် မဟုတ်ကြပါဘူး..။

ဒါက တကယ်ကို မယုံနိုင်စရာတစ်ခုလို သူတို့ ခံစားနေကြရပါတယ်..။တစ်ချို့ အချိန်မှာ ငွေအပ်လေးတစ်ချောင်းက အများကြီး အကျိုးသက်ရောက်မူ ရှိနေခဲ့တာပါ..။

တကယ်လို့ သူတို့ ဒီမှာရှိမနေခဲ့ရင်..ခွဲစိတ်မူက ဒီလောက် အန္တရာယ်များပြီး ရှုပ်ထွေးတာကို သိကြရမှာ မဟုတ်ပေ..။

အတွေ့အကြုံ ရှိဆုံး ဒေါက်တာတောင် မာစတာ လင်းရဲ့ ကိုယ်တွယ်မူတွေကို လက်ဖျားခါ ရပါတယ်..။

ဒီကိစ္စက တကယ်ကို မယုံနိုင်စရာပါပဲ..။

အချိန်တွေဟာ လျင်မြန်စွာ ကုန်သွားခဲ့တယ်..။

လေးနာရီ ကြာပြီးနောက်..။

ခွဲစိတ်ခန်း အပြင်ဘက်က မီးဟာ တစ်ဖြည်းဖြည်း

မှိန်သွားခဲ့တယ်..။

*ဘန်း*

တံခါးဟာ ပွင့်သွားခဲ့ပါတယ်..။

လူတိုင်းဟာ အသက်ရူတောင် ရပ်တန့်ပြီး စောင့်ဆိုင်းနေခဲ့ကြတယ်..။

စိတ်ထဲမှာ တော့ကြောက်လန့်မူတွေ အပြည့်နဲ့ပါ..။

"အဆင်ပြေပါစေ..အဆင်ပြေပါစေ.."

အရိပ်တစ်ခု ထွက်လာခဲ့တယ်..။

လင်းဖန် သူ့နှာဖူးပေါ်က ချွေးတွေကို သုတ်ကာ ပြုံးလိုက်ပြီး..

"သူ အခု အဆင်ပြေသွားပြီ..။အန္တရာယ် တောထဲကနေ လွတ်မြောက်သွားခဲ့ပြီ.."

ယင်းနောကိ လူတိုင်း အံ့ဩသင့်သွားခဲ့ကြတယ်..။

လူတိုင်းဟာ ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်ကြပါတယ်..။

"ဟားဟား..ဘာမှ မဖြစ်တော့ဘူး.."

"သူဌေးလေးက မယုံနိုင်စရာပဲ.."

"အံ့ဩစရာ သူဌေးလေးပဲ.."

အကြီးအကဲ ချန်း ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး..။သူ လင်းဖန်ရဲ့လက်ကို ဆုပ်ကိုင်ပြီး ငိုကြွေးလိုက်တယ်..။

"သူဌေးလေး ကျေးဇူးအများကြီးတင်ပါတယ်..။ကျေးဇူးအများကြီး တင်ပါတယ်.."

လင်းဖန် ပြန်ဖြေလိုက်တယ်..။

"ကျုပ်ကို ကျေးဇူးမတင်ပါနဲ့..။ခင်ဗျား ပန်းသီးတွေ ပေးပြီးသွားပြီလေ..။ထပ်ပြီး ကျေးဇူးတင်စရာ မလိုတော့ပါဘူး..။ဒီက ဒေါက်တာတွေ နဲ့ သူနာပြုတွေကိုသာ ကျေးဇူးတင်ရမှာ..။သူတို့မရှိပဲ ကျွန်တော်လည်း လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး.."

ဒေါက်တာ တွေနဲ့ သူနာပြုတွေဟာ ရယ်မောလိုက်ကြတယ်..။သူတို့ အကုန်လုံး စိတ်ကြည်လင် နေခဲ့ကြပါတယ်..။ဘာပဲဖြစ်ဖြစ်..လူနာက ..​သေခြင်းတရားကနေ လွတ်မြောက်နိုင်ခဲ့ပါပြီ..။သူတို့ ဘာမှ မလုပ်ခဲ့ရပေမယ့် တစ်ထောင့် တစ်နေရာကနေ ပါဝင်နိုင်ခဲ့ပါတယ်..။

All Chapters