ဒါက အခုထိ မပြီးသေးဘူး..
Vol. 39 Ch. 576
#ဘာသာပြန် = စနိုးဝှိုက်
လူနာဆောင်တွင်..။
အခြေအနေက တည်ငြိမ်သွားခဲ့တယ်..။
အကြီးအကဲ ချန်း စိတ်ပူနေတဲ့ မျက်နှာနဲ့..
"သူဌေးလေး..သူဘယ်ချိန် နိုးလာမှာလဲ..!
လင်းဖန် သူ့ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"သူ မကြာခင် နိုးလာတော့မှာပါ.."
အကြီးအကဲ ချန်း ပြန်ပြောလိုက်တယ်..။
"သူက ခြောက်ထပ်မြောက်ကနေ ပြုတ်ကျထားတာလေ..။ခွဲစိတ်ပြီးတာနဲ့..သူ ဒီလောက်မြန်မြန်ကြီး နိုးလာပါ့မလား.."
လင်းဖန် အများကြီး မပြောတော့ပေ..။တကယ်လို့ ဒါသာ..သာမန် လူနာတစ်ယောက် ဆိုရင်..အဲ့ လူနာဟာ ကျိန်းသေ ကိုမား ဝင်သွားတော့မှာပါ..။သို့ပေမယ့်..သူ့ဆီ မှာ စွယ်စုံကျမ်းရဲ့ စွမ်းအင် တွေရှိနေတဲ့ အတွက် ကိုမား ဝင်စရာ အကြောင်း မရှိပါဘူး..။မဟုတ်ရင်..စွယ်စုံကျမ်း ဆိုတာ အသုံးမဝင်တဲ့ အရာတစ်ခုလို ဖြစ်သွားမှာပါ..။
ချန်းလိန် အိပ်ယာပေါ်မှာ ညဥ္းညူသံတွေ စတင်လာခဲ့တယ်..။အကြီးအကဲ ချန်း ဒါကိုကြားသွာခဲ့ပြီး..
"သူ နိုးလာပြီ..သူနိုးလာပြီ..။ဒီ ခွေးကောင်..ငါ့ကို တကယ် ထိပ်လန့်အောင် လုပ်နိုက်တာပဲ..။ငါ သူ့ကို ဒီအကြောင်း ပြောမှဖြစ်မယ်.."
ဒီကိစ္စက အကြီးအကဲ ချန်းကို..သေလောက်အောင် ကြောက်ရွံ့စေခဲ့တာပါ..။သူဌေးလေး ကြောင့်သာ မဟုတ်ရင် နောက်ဆက်တွဲတွေက မတွေးရဲစရာပါပဲ..။
လင်းဖန် အလျင်အမြန် ပြောလိုက်တယ်..။
"အကြှီးအကဲ ချန်း..ခနလေး..။ခင်ဗျားသားက အခုမှ နိုးလာတာလေ..။သူ့ကို ဆူချင်ရင် နောက်မှ ဆူပါ..။ပြီးတော့ ..ဒီကိစ္စက ထင်သလောက် မရိုးရှင်း ဘူးလေ..။ကျုပ် ခငိဗျားကို ကူညီပြီး ဖြေရှင်းပေးမယ်..။ကျောင်းမှာ ဒီလို အကြမ်းဖက်မူ တွေ ရှိလို့ ဘယ်ဖြစ်မှာလဲ..။ဒါက လက်မခံနိုင်စရာပဲ.."
"အဖေ.."
ချန်းလိန် ကြောင်အနေခဲ့တယ်..။သို့ပေမယ့် သူ့အဖေ ရဲ့ ..စိတ်ပူနေ တဲ့ မျက်နှာကို မြင် တဲ့ အချိန်မှာ ဘာတွေ လုပ်မိခဲ့လဲ ဆိုတာကို ပြန်တွေးမိသွားခဲ့ပါတယ်..။
အကြီးအကဲ ချန်း ပြောလိုက်တယ်..။
"သားလေး လိန်..ဘယ်လို ခံစားရလဲ..။ဘယ်နားက အဆင်မပြေတာ ရှိလဲ.."
"အတော် နာတယ်.."
ချန်လိန် ရဲ့ တစ်ကိုယ်လုံးဟာ နာကျင်နေခဲ့တယ်..။သူ့ ခန္တာကိုယ် အစိတ်အပိုင်း ဟာ..နေရာတိုင်းက ကျိုးကြေသွားခဲ့တာပါ..။
အစကတော့ လင်းဖန် နာကျင်မူတွေကို သက်သာ အောင် လုပ်ပေးဖို့ စဥ္းစားမိပေမယ့်..မလုပ်ပေးခဲ့ပေ..။သူ ဒီကလေးရဲ့..ရူးမိုက်တဲ့ လုပ်ဆောင် ချက်အတွက် နာကျင်မူ ကို ခံစားစေချင်ခဲ့တာပါ..။
"မင်း နာကျင်မူကို ခံစားသင့်တယ်..။ဒါက မင်းရဲ့ အနာဂတ် လုပ်ဆောင် ချက်တွေ အတွက် သင်ခန်းစာပဲ..။မင်းအဖေ ဆို ကြောက်လန့်လွန်းလို့ သေလု နီးနီးပဲ.."
လင်းဖန် ပြောလိုက်တာပါ..။
အကြီးအကဲ ချန်း အကူညီ မဲ့သွားခဲ့တယ်..။အစက တော့ သူဌေးလေးက သူ့ကို ကလေးကို မဆူဖို့ တားဆီး ထားပေမယ့် အခုတော့ သူက အရင်ဆူ နေခဲ့ပါတယ်..။သို့ပေမယ့် သူ လုံးဝ စိတ်မဆိုးပေ..။ဒါတွေပြောနေရတာက..ကောင်လေး လိန် အတွက်ပါပဲ..။
အကြီးအကဲ ချန်း ပြောလိုက်တယ်.။
"အမြန် အန်ကယ်လင်းကို ကျေးဇူးတင်လိုက်.။အန်ကယ် လင်း ကြောင့်သာ မဟုတ်ရင် မင်းအခု ဒီမှာတောင် ရှိနေရမှာ မဟုတ်ဘူး.."
ချန်းလိန်ဟာ သူ့အဖေ ပြောထားတဲ့ အတွကိ လင်းဖန် ဘယ်သူလဲ ဆိုတာကို သိထားပါတယ်.။
"ကျေးဇူးပါ အန်ကယ်လင်း.."
လင်းဖန် ခေါင်းညိမ့်လို်က်ပြီး..
"ပြသနာမရှိဘူး..။မင်းမျက်နှာက ဘာဖြစ်တာလဲ..။မင်းကို တစ်ခြားကျောင်းသားတွေက အနိုင်ကျင့်ခဲ့တာလား.."
ချန်းလိန် ခနလောက် တွေဝေ ပြီးမှ ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ်.."
"ဒါဆို ဘာလို့ မင်းအဖေကို မပြောပြတာလဲ.."
လင်းဖန် မေးလိုက်တာပါ..။
ချန်းလိန် ညှင်သာစွာ ပြောလိုက်တယ်..။
"သူတို့ အရိုက်ခံရမှာ ကြောက်လို့..."
အကြီးအကဲ ချန်း ခေါင်းခါယမ်း ပြီး အကူညီမဲ့စွာ ပြောလိုက်တယ်..။
"သူဌေးလေး ဒီကလေးက ငယ်ရွယ်စဥ် အခါကတည်းက..အဲလိုပဲ..။စကားပြောရင် တိုးတိုးတိုးတိုးနဲ့..တစ်ခြားလူတွေ နဲ့ စကားပြောရတာကိုလည်း မကြိုက်ဘူး.."
လင်းဖန် ပြန် ပြောလိုက်တယ်..။
"ဒါအဆင်ပြေပါတယ်..သူပြန်ကေင်းလာမှ ၂ လလောက် ကျုပ်ရဲ့ နည်းစနစ်တွေနဲ့ အထူးလေ့ကျင့်ပေးလိုက်မယ်..။ဒါဆို သူ အနာဂတ်မှာ လူတွေ ကို ကြောက် မှာ မဟုတ်တော့ဘူး.."
ပုံမှန်အားဖြင် အကြီးအကဲ ချန်း သူဌေးလေး နောက်နေတယ် ဆိုတာကို သိထားပါတယ်..။သူက ..သူ့ကလေးကို..အဆင်ပြေစေချင်တာပါ..။
ယင်းနောက်..။
ကျောင်းကလူတွေဟာ ရောက်လာခဲ့ကြတယ်..။
ကျောင်းအုပ် နဲ့ အတန်းပိုင်တို့ဟာ..တစ်ချို့ အရာတွေ ယူလာခဲ့ပါတယ်..။
အကြီးအကဲ ချန်း မတ်တတ်ရပ်လိုက်ပြီး..
"ကျောင်းအုပ်...ဆရာကျန်း...."
ဘာလိုပဲဖြစ်ဖြစ် ဒိီလူတွေက ကျောင်းရဲ့ ခေါင်းဆောင်တွေပါ..။ဒါက သူတို့နဲ့ ဆက်စပ်နေတယ် ဆိုပေမယ့် လည်း..ဒီအခြေအနေကို သူတို့ ဖြစ်ချင်ကြတာ မဟုတ်ပါဘူး..။
ကျောင်းအုပ်ဟာ ပြောလိုက်တယ်..။
"မစ္စတာ ချန်း တောင်းပန်ပါတယ်.။ကျောင်းအုပ် တစ်ယောက် အနေနဲ့ ဒီလိုတွေ ဖြစ်နေတာ မသိခဲ့ဘူး..။ကျွန်တော် တောင်းပန်ပါတယ်..ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်.."
အကြီးအကဲ ချန်း ဒေါသထွက်ခဲ့ပေမယ့် တစ်စုံတစ္ယောက်ကို အပြစ်ဖို့တတ်တဲ့ လူမျိုးမဟုတ်ပါဘူး..။
"ကျွန်တော် ကျောင်းအုပ်တို့ကို အပြစ်မတင်ပါဘူး..။ကျွန်တော့်သား အတွက် တရားမျှတမူကိုပဲ ရှာဖွေ ချင်တာပါ.."
ကျောင်းအုပ်ပြောလိုက်တယ်..။
"ဒါပေါ့..ကျွန်တော်တို့ ကျောင်းက ချန်းလိန် အတွက် ကျေနပ်တဲ့ အဖြေတစ်ခု ရအောင် လုပ်ပေးမှာပါ.."
သူတို့ ဒီမတော်တဆ မူကြောင့် အတော်ကို ကြောက်လန့်သွားခဲ့ကြတာပါ..။ဘာပဲဖြစ်ဖြစ်..ဒါက ကျောင်ရဲ့ ပညာရေး စနစ်ကို တိုက်ရိုက် သက်ရောက် နေခဲ့ပါတယ်..။
ဆရာကျန်း ချန်းလိန် ဆီကို လျောက်လာခဲ့ပြီး..
"ချန်းလိန် တောင်းပန်ပါတယ်..။အရင်တုန်းက မင်းလာတိုင်ခဲ့ပေမယ့်..ငါသေချာ ဂရုမစိုက်မိခဲ့ဘူး..။ငါ ဒီလိုဖြစ်လာမယ် လို့ မထင်ထားခဲ့ဘူေလ..။ ငါ့ကို ခွင့်လွှတ်ပေးပါ.."
ချန်းလိန် ပြန်ဖြေလိုက်တယ်..။
"ဆရာ..ကျွန်တော် ဆရာ့ကို အပြစ်မတင်ပါဘူး.."
လင်းဖန် အစကတော့..ကျောင်းသားတွေ အပေါ် ဂရုမစိုက် မူကြောင့်..သူတို့နှစ်ယောက်ကို ဆူပူချင်ခဲ့တာပါ..။သို့ပေမယ့်..သူတို့ရဲ့ စိတ်ရင်းနဲ့ နောင်တရမူတွေ ကြောင့်..ဒေါသတွေဟာ..တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်..။
"အခု အခြေအနေ ဘယ်လိုရှိလဲ.."
လင်းဖန် မေးလိုက်တာပါ..။
ကျောင်းအုပ်ဟာ..ဒီလူက ချန်းလိန်ကို ကယ်တဲ့ လူမှန်း သိထားပါတယ်..။သူက ရှန်ဟိုင်းရဲ့ နတ်ဆေးဆရာလေး ဖြစ်တာကြောင့် ယဥ္ကျေးစွာ ပြန်ဖြေလိုက်တယ်..။
"ဆရာကျန်း နဲ့ ကျွန်တော်က ရဲဌာနက နေပြန်လာကြတာ..။စစ်ဆေးမူမှာ လီယန် က ကျန်တဲ့လူတွေကို ဦးဆောင်ပြီး ချန်းလိန်ကို အနိုင်ကျင့်ခဲ့ကြတယ်..။ကျောင်းက ဒီကိစ္စကို သေချာ ဆောင်ရွက်ပြီး ကျေနပ်တဲ့ အဖြေတစ်ခုကို ပေးသွားမှာပါ.."
လင်းဖန် ပြောလိုက်တယ်..။
"ဒါက ကျောင်းတွင်း အကြမ်းဖက်မူပဲ..။ခင်ဗျား ဒီကိစ္စကို သေချာ မကိုင်တွယ်ရင် ဘယ်သူက ကိုင်တွယ်ပေးနိုင်မှာလဲ..။ခင်ဗျား ဒီကိစ္စမှာတော့ လက်ရှောင်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး.."
ကျောင်းအုပ် ခေါင်းညိမ့်လိုက်ပြီး..
"ဟုတ်ပါတယ် ဟုတ်ပါတယ်..။ကျွန်တော်တို့ ပြီးဆုံးသွားတဲ့ အထိ ဆောင်ရွကိသွားမှာပါ.."
လငဖန် ဘာမှ ထပ်မပြောချင်တော့ပေ..။ကျောင်းတွင်းစီမံမူကတော့ ဒီလောက်အထိပဲ..လုပ်ဆောင်နိုင်မှာအါ..။ယင်းနောက် သူမတ်တတ်ရပ်လိုက်ပြီး..
"အကြီးအကဲ ချန်း ကေလးကို သေချာ ဂရုစိုက်ဦး..။ကျုပ် ရဲစခန်းကို တစ်ခေါက်သွားလိုက်ဦးမယ်.."
အကြီးအကဲ ချန်း..လင်းဖန် ဘာလုပ်ချင်လဲ မသိပေမယ့် ခေါင်းညိမ့်လိုက်ပါတယ်..။ယင်းနောက် သူ ကျောင်းအုပ်နဲ့ တစ်ခြား လူတွေကို စကားပြောနေခဲ့တယ်..။ဒါက ကျောင်းမှာ ဖြစ်တာဆိုပေမယ့် သူ့ရဲ့ သွန်သန်မူတွေ ညံ့ဖျင်းတာလည်း ပါဝင်တယ်လို့ ခံစားနေရပါတယ်..။
ဆေးရုံက ဒေါက်တာတွေဟာ..နတ်ဆေးဆရာလေးရဲ့ လုပ်ဆောငိချက် တွေကို အခွေထုတ်ပြီး ဒေါက်တာ တွေ အကုန်လုံး လေ့လာနိုင်အောင် စီစဥ္နေခဲ့ကြတယ်..။သူတို့ နတ်ဆေးဆရာလေးကို လာရှာတဲ့ အချိန်မှာတော့..နောက်ကျသွားတဲ့ အတွက် နောင်တရနေခဲ့ကြပါတယ်..။
အင်တာနက်..။
ဗီဒိီယိုတစ်ခုဟာ အင်တာနက်ပေါ် တက်လာခဲ့ပါတယ်..။
"ရှန်ဟိုင်း ဂျင်ယန် အလယ်တန်းကျောင်းမှာ ကျောင်းတွင်း အနိုင်ကျင့်မူဖြစ်ပွားခဲ့တယ်..။နစ်နာသူဟာ..ခြောက်ထပ်ကနေ ခုန်ချခဲ့ပြီး.. သူ့ ကံတရားကို မသိရသေးပေ.."
ဗီဲဒီယိုဟာ အင်တာနက်ပေါ်ရောက်တာနဲ့ ချက်ချင်း ပြန့်နှံ့သွားခဲ့ပါတယ်..။
ကျောင်းတွင်း အနိုင်ကျင့်််မူတွေက ရှိတတ်ပေမယ့် ဒီလို လေးနက်တဲ့ ..ကိစ္စကြီးတွေတော့ ရှားပါးပါတယ်..။
ဗီဒီယို ကြည့်နေတဲ့ မြို့သားတွေဟာ ဒေါသထွက်နေခဲ့ကြတယ်..။
"ချီးပဲ လူက မွေးတာရော ဟုတ်ရဲ့လား.."
"ငါသာဆိုရင် ဒီငနဲကို အသေခံပြီး ပြန်လုပ်မှာ.."
"ပညာရေး စနစ်က သိပ်မဟုတ်တော့ဘူး.."
"ကလေး ဘာဖြစ်သွားသေးလဲ..။တစ်ယောက်ယောက် အခြေအနေကို သိထားသေးလား.."
"သူက ခြောက်ထပ်ကနေ ခုန်ချထားတာလေ..။အသက်ရှင်နိင်မယ် ထင်နေလို့လား.."
"ဟေး..."
ဗီဒီယိုကို ရဲဌာနက ဝန်ထမ်း တစ်ယောက်က တင်ထားတာပါ..။သူက ဗီဒိီယိုကိုကြည့်ပြီး ဒေါသထွက်ကာ မနေနိုင်တော့ပဲ..အင်တာနက်ပေါ်ကို အကုန်သိရအောင် တင်လိုက်တာပါ..။
အဆုံးမှာတော့ ပျံ့နှံ့သွားခဲ့တယ်..။
အင်တာနက် ဆွေးနွေးမူတွေဟာ..မြင့်တက်နေပြီး ပညာရေးဌာန ရဲ့လိုအပ်ချက်တွေကို ဦးတည်နေခဲ့ပါတယ်..။
လူအများကြီးက ဒီအကြောင်းအရာကို ဖတ်ပြီးနေကြပါပြီ..။
ဆေးရုံမှာ ရှိနေတဲ့ ကျောင်းအုပ်ကတော့..ဒီကိစ္စက ပျံ့နှံ့သွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။ပညာရေး ဌာနဟာ..မနေနိုင်တော့ပေ..ဒီလို ကိစ္စမျိုး ထပ်မဖြစ်စေရဘူးလို့ စာထုတ်ပြန်ခဲ့ပါတယ်..။