ငါတို့ မင်းနောင်တရနေတာသိပါတယ်
Vol. 39 Ch. 577
#ဘာသာပြန် = စနိုးဝှိုက်
ရဲဌာန တွင်..။
ဒါက လီရှောင်ရှမ်းရဲ့ ရဲဌာန မှာ မဟုတ်ပါဘူး..။ဂျင်ယန် အလယ်တန်းကျောင်းရဲ့..အနီးနားမှာပါ..။
လင်းဖန် ..ဒီကို လာကြည့်တယ် ဆိုတာက..စုံစမ်းစစ်ဆေးတာ..ဘယ်လို အခြေအနေရှိလဲ သိချင်လို့ပါ..။
ရဲအရာရှိဟာ လင်းဖန်ကို မှတ်မိပါတယ်..။သူက..လူကုန်ကူးမူလို အမူကြီးကို ဖြေရှင်းပေးထားတာ ဖြစ်တာကြောင့် လင်းဖန်ကို မသိဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး..။
လင်းဖန် ပြောလိုက်တယ်..။
"ကျောင်းသားလေးတွေကို ဘယ်မှာ ထားထားတာလဲ.."
ရဲအရာရှိ ပြန်ပြောလိုက်တယ်..။
"သူတို့ အထဲမှာပါ..။ကျွန်တော် တို့ အခြေအနေကို စစ်ဆေးနေအ်တယ်..။မာစတာ လင်း..အပေါ်က ခုန်ချခဲ့တဲ့ ကလေး အခြေအနေ ဘယ်လို ရှိလဲ.."
ရဲအရာရှိဟာ..ချန်းလိန် ရဲ့ အခြေအနေကို စိတ်ပူနေခဲ့တာပါ..။
"သူ အဆင်ပြေပါတယ်..။သူ ဘာ အန္တရာယ်မှ ထပ်ပြီး ရှိမှာ မဟုတ်တော့ဘူး.."
လင်းဖန် ပြောလိုက်တာပါ..။
သူတို့ စိတ်သက်သာရာ ရသွားခဲ့တယ်..။
"တော်သေးတယ်..။နတ်ဘုရားတွေက သူ့အသက်ကို ကယ်ပေးသွားတာပဲ..။ဒီလို ..ကျောင်းတွင်း အနိုင်ကျင့် မူတွေက ဘာလို့..ခနခန ဖြစ်နေတာလဲ မသိဘူး.."
လင်းဖန် ပြုံးလိုက်ပြီး..ဘာမှ အများကြီး မပြောခဲ့ပေ..။
အချိန်တွေက ပြောင်းလဲ သွားပြီ ဖြစ်တာကြောင့်..ဥပဒေတွေကလည်း..ပြောင်းလဲမူတွေ လုပ်သင့်နေခဲ့ပါပြီ..။
အရင်တုန်းက..အသက် ၁၃ နှစ် ၁၄ နှစ် ကလေးတွေဟာ..ကာတွန်းကားပဲ စိတ်ဝင်စားကြပြီး..ဒီလို အရာမျိုးတွေကို တွေးတောင် မတွေးကြပေ။
သို့ပေမယ့်..အင်တာနက်တွေဟာ ခေတ်မှီလာတော့..လူကြီးတွေ သိထားတဲ့ အရာတွေကို ကလေးတွေ လည်း သိလာကြပါပြီ..။
အတွငိးဘက်..။
လင်းဖန် ကျောင်းသားလေးတွေကို ကြည့်လိုက်တဲ့အချိန်မှာ..သူတို့ဟာ ကြောက်လန့်နေတဲ့ ပုံစံပေါက်နေခဲ့တယ်..။သို့ပေမယ့်..သူတို့ထဲက တစ်ယောက်ဟာ..တည်ငြိမ်နေပြီး..ရဲအရာရှိတွေနဲ့ ပြန်လည် ငြင်းခုန်ဖို့..လုပ်နေခဲ့ပါတယ်..။
"ကျွန်တော်နဲ့..မဆိုင်ဘူး..။ကျွန်တော်က သူ့ကို နည်းနည်းပါးပါးပဲ ရိုက်နှက်တာလေ..။သူ့ကိုသူ သတ်သေခိုင်းနေတာမှ မဟုတ်တာ..။ဘာလို့ ကျွန်တော်ကို ဖမ်းထားတာလဲ.."
လီယန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။
ရဲအရာရှိတွေဟာ ခေါင်းခါယမ်း လိုက်တယ်..။ဒီလို ကျောင်းသားတွေက သူခိုး ဂျပိုးတွေနဲ့ ဘာမှ မထူးခြားတော့ပါဘူး..။
လင်းဖန် လျောက်လာပြီး မေးလိုက်ပါတယ်..။
"အခြေအနေ ဘယ်လိုရှိလဲ.."
ရဲအရာရှိဟာ ပြန်ဖြေလိုက်တယ်..။
"ကျွန်တော်တို့ သူ့တို့ကို ၁၄ ရက်ပဲ ဖမ်းဆီးထားလို့ ရမယ်..။အခြေအနေကတော့..သူတို့ မိသားစုတွေ နစ်နာသူ နဲ့ ဘယ်လို ညှိမလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်လေ..။တကယ်လို့ သူတို့ တိတ်တဆိတ် ဖြေရှင်း နိုင်မယ် ဆိုရင် ၁၄ ရက်တောင် ဖမ်းထားလို့ ရမှာ မဟုတ်ဘူး.."
လင်းဖန် မျက်မှောင်ကျုတ်လိုက်ပြီး..
"ဒါက နစ်နာသူ ဒဏ်ရာရသွား ရုံလောက်ပဲ ဆိုရင် ပြသနာ မရှိဘူးလေ..။သူတို့က နစ်နာသူကို သတ်သေလောက်အောင်ကို ဖိအားပေးခဲ့တာ။သူ့ရဲ့ ဒဏ်ရာအခြေအနေ တွေကလည်း..အတော်ကို လေးနက်တယ် လို့ ပြောလို့ရတယ်..။သူတို့ ၁၄ ရက် မဟုတ်ပဲ..နှစ်အနည်းငယ် လောက် ကျသင့်တယ် မဟုတ်ဘူးလား.."
သူ အတော်ကို မပျော်မရွှင်ဖြစ်သွားခဲ့တယ်..။
ရဲအရာရှိဟာ..အနည်းငယ် ရှက်ရွံ့သွားခဲ့တယ်..။
"ကျွန်တော်တို့လည်း မတတ်နိုင်ဘူးလေ..။ဥပဒေကိုက အသက်မပြည့်သေးတဲ့ ကလေးတွေကို..အပြစ်ပေးလို့ မရဘူး..။ထပ်ပြောရရင်..အရင်တုန်းက ဒီလို အမူမျိုး မဖြစ်ဖူးတော့ ဘာလုပ်ရမလဲ မသိဘူးလေ.."
"အစကတော့ သူတို့ကို လူငယ် ထိန်းသိမ်းရေး ကျောင်းကို ပို့ဖို့ စဥ္းစားမိပေမယ့်..ဒီကျောငိးသားတွေက..အသက် ၁၄ နှစ်တောင် မပြည့်သေးဘူးလေ..။ဥပဒေအရ ဆိုရင် ..အသက် ၁၄ နှစ် မပြည့်သေးတဲ့ ကလေးတွေကို..မိဘတွေကပဲ..ဆုံးမသင့်တာ.."
လင်းဖန် ခေါင်းခါယမ်း လိုက်ပြီး..
"သူတို့ကိုကြည့်..။သူတို့က အသက် ၁၄ နှစ် မပြည့်သေးတဲ့ ကလေးတွေလို့..ခင်ဗျား မြင်လို့လား.."
ရဲအရာရှိ အကူညီမဲ့စွာ ခေါင်းခါယမ်း လိုက်တယ်..။သူတို့ရဲ့ သက်သေခံ ကတ်တွေက ..သူတို့အတွက် သက်သေတွေပါပဲ..။
ယင်းနောက် လူတစ်ချို့ ရောက်လာခဲ့တယ်..။
မိဘ တစ်ချို့ဟာ..ရောက်လာခဲ့ပြီး.. ဗျာများနေခဲ့ပါတယ်..။
"သား အဆင်ပြေရဲ့လား.."
"မင်းတို့ ရဲအရာရှိ တွေ ဘာလုပ်နေကြတာလဲ..။ငါ့သားက အသက် ၁၄ နှစ်တောင် မပြည့်သေးဘူးကွ..။မင်းတို့က သူ့ကို လက်ထိပ်ခတ်ထားတာလား..။ဒါကြောင့် သူ့ကို စိတ်ဒဏ်ရာရသွားစေချင်တာလား..။သူ အနာဂတ်မှာ လူတော မတိုးရဲရင် ဘယ်လိုလုပ်မလဲ..။မင်းဒီအတွက် တာဝန်ယူပေးမှာလား.."
"ငါ မင်းတို့ကို တရားစွဲရမယ်.."
ဒီ မိဘတွေဟာ..အထဲဝင်လာတာနဲ့ ဒေါသထွက်သွားခဲ့ကြပါတယ်..။
"အဖေ ကယ်ပါဦး.."
"အမေ ..ကယ်ပါဦး..။သား ဒီမှာ မနေချင်ဘူး"
ကျောင်းသားလေးတွေဟာ သူတို့ မိဘတွေကို အော်ပြောနေခဲ့တယ်..။
ရဲအရာရှိတွေဟာ အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့ပါတယ်..။တစ်ချို့တွေဟာ..မိဘတွေကို တားဆီးနေကြရတယ်..။
လင်းဖန် ခေါင်းခါယမ်းလိုက် ပေမယ့်..လူကြီး တသ်ယောက်ကို သတိထားမိလိုက်ပါတယ်..။
လူကြီးကတော့ ဘာပြသနာမှ မရှာခဲ့ပါဘူး..။သူက တည်တည်ငြိမ်ငြိမ်ပဲ အခြေအနေကို ကိုင်တွယိ နေခဲ့ပါတယ်..။
လီယန် ဟာ..ဒီလူ လျောက်လာတာကို မြင်ပြီး ပြောလိုက်တယ်..။
"အဖေ..ကယ်ပါဦး.."
သက်လတ်ပိူင်း အရွယ် လူကြီးဟာ ခေါင်းခါယမ်း လိုက်ပြီး..ရဲအရာရှိကို မေးလိုက်ပါတယ်..။
"မင်းတို့ရဲ့ စစ်ဆေးရေးမှုးက ဘယ်မှာလဲ.."
…
မိဘတွေကို ဒီလူက စုဝေးခဲ့ပြီး..အခြေအနေကို ပိုပြီး ရှုပ်ထွေးအောင် လုပ်ချင်နေတဲ့ပုံပါပဲ..။
"ပါးစပ်တွေ ပိတ်ထားလိုက်ေတာ့..။ခင်ဗျားတော့ ကလေးတွေက ကျောင်းသားတစ်ယောက်ကို အနိုင်ကျင့်လိုက်တာ..ကိုယ့်ကိုကို သတ်သေဖို့ အထိ ဖြစ်သွားခဲ့တယ်..။သူက သေခါနီးနီးပဲ..ဒါကို ခင်ဗျားတို့ နားလည်ရဲ့လား.."
သူပြောပြီးတာနဲ့ ကျောင်းသား မိဘတွေဟာ ပြန်အော်လိုကိကြပါတယ်..။
"ဒါက မဖြစ်နိုင်ဘူး..။ငါ့သားက ဒါမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး.."
"ဒါအမှန်ပဲ..ဒါက နားလည်မူ လွဲတာပဲ ဖြစ်ရမယ်.."
"ငါ့သားက အရမ်းကြင်နာ တတ်တာ..။သူက ကြက်တစ်ကောင်ကို သတ်တာတောင် မကြည့်ရဲဘူး..။သူက ဘယ်လိုလုပ် တစ်ဖက်သားကို အနိုင်ကျင့်မှာလဲ.."
"မင်းတို့ မှားဖမ်းထားတာ ဖြစ်မယ်..။အမြန် ကလေးကို လွှတ်လိုက်.."
ရဲအရာရှိဟာ ပြောလိုက်တယ်..။
"မာစတာ လင်း..ဒီကိစ္စက ..ထင်သလောက် မရိုးရှင်း ဘူးလေ..။ကျွန်တော် တို့ သူတို့ကို အမြန်လွှတ်ပေးမှ ရမယ်.."
လင်းဖန် ဘာမှ ထပ်မပြောချင်တော့ပေ..။ဘာပဲဖြစ်ဖြစ်..သူ မိဘတွေကို ဘာမှ သွားပြောလို့မရပါဘူး..။သွားပြောရင် တောင် သူတို့ ယုံကြည်ကြမှာမဟုတ်ပေ..။
ထပ်ပြောရရင် ဒီကလေးတွေရဲ့ မျက်နှာက အခုချိန်မှာ ကြောက်ရွံ့ပြီး အပြစ်ကင်းနေခဲ့ပါတယ်..။မသိရင် မတော်တဆမူက မဖြစ်ထားတဲ့ အတိုင်းပါပဲ..။
အတော်ကြာပြီးနောက်..။
လီယန် ရဲ့ အဖေဟာ..ရဲဌာနရဲ့ ခေါင်းဆောင် စစ်ဆေးရေးမှူး ဝမ် နဲ့ ပေါ်လာခဲ့တယ်..။
"တော်ကြတာ့.."
စစ်ဆေးရေးမှုး လီ ပြောလိုက်တာပါ..။
မိဘတွေဟာ တိတ်ဆိတ်သွားခဲ့တယ်..။သူတို့ ကလေးတွေကို တတ်နိုင်သမျှ မြန်မြန် ပြန်လွှတ်စေချင်နေတာ ထင်ရှား ပါတယ်..။
စစ်ဆေးရေးမှူး ဝမ် ထပ်ပြောလိုက်တယ်..။
"ကျုပ်တို့က လက်ရှိ ဒီကိစ္စကို စစ်ဆေးနေတာ..။ခင်ဗျားတို့ရဲ့ ကလေးတွေက ကျောင်းမှာ တစ်ခြားကလေးတစ်ယောက်ကို အနိုင်ကျင့် ရိုက်နှက်ခဲ့တယ်..။ဒါက လုံးဝ အသေအချာပဲ..။စည်းမျဥ္းတွေ အရဆိုရင် ကျုပ်တို့ ထပ်ပြီး စစ်ဆေးရလိမ့်မယ်..။အခု ခင်ဗျားတို့ လုပ်နိုင်တာက တစ်ဖက်က နစ်နာသူရဲ့ မိဘနဲ့ တွေ့ပြီး ခွင့်လွှတ်မူကို တောင်းခံဖို့ပဲ.."
မိဘတွေ ဒါကို သဘောမတူခဲ့ကြပေ..။
"ဆာ..သူက ကျွန်တော်တို့ကို ခွင့်မလွှတ်ချင်ရင် ဘယ်လိုလုပ်မလဲ..။ကျွန်တော့်သားက ၁၄ နှစ်တောင် မပြည့်သေးဘူး..။သူ့ကို ေထာင်ထဲပို့တော့မှာလား..။ဥပဒေက အဲလို မပြောထားဘူးနော်.."
"ဟုတ်တယ် ..ကလေးက အရမ်းငယ်သေးတယ်လေ..။ဘယ်လိုဖြစ်ပြီးဒီမှာ အဖမ်းခံထားရတာလဲ..!
"ကျုပ်တို့ အမှားကို လက်ခံပါတယ်..ဒါပေမဲ့ ကျုပ်တို့ကလေးတွေကို လွှတ်ပေးပါ..ကျုပ်တို့ သေချာ ဆုံးမပါ့မယ်.."
စစ်ဆေးရေးမှူး ဝမ် မျက်မှောင်ကျုတ်လိုက်ပြီး..
"သူတို့ကို အပြင်လိုက်ပို့လိုက်.."
ရဲအရာရှိတွေဟာ ရှေ့ကို တက်လာပြီး မိဘတွေကို အပြင်ဘက်ခေါ်သွားခဲ့တယ်..။
ကလေးတွေကို အခုလွှတ်ပေးဖို့ ဆိုတာက မဖြစ်နိုင်တဲ့အရာပါ..။အင်တာနက် ဆွေးနွေးမူတွေက လက်ရှိ အမြင့်ဆုံးမှာ ရှိနေပါတယ်..။ထပ်ပြောရရင် ပညာရေး ဌာနက လည်း ဒီကိစ္စမှာ ပါဝင် ပတ်သက်နေတာပါ..။
ယင်းနောက် စစ်ဆေးရေးမှူ လီ လင်းဖန်ကို ကြည့်လိုက်ပြီး..
"မာစတာ လင်း.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"စစ်ဆေးရေးမှူး ဝမ်..ဒီကိစ္စကို ဘယ်လို ဖြေရှင်းမှာလဲ.."
စစ်ဆေးရေးမှုး ဝမ်း သက်ပြင်းချလိုက်ပြီး..
"အင်း.. မာစတာ လင်းက ဒီကိစ္စ ဘယ်လောက် ဖြေရှင်းရခက်လဲ သိမှာ မဟုတ်ဘူး..။ဟုတ်သားပဲ.ဒါက လီယန် ရဲ့ အဖေ လီဟု လေ.."
လီဟု လက်ကို ဆန့်တန်းကာ ပြုံးလိုက်ပြီး..
"ကျွန်တော် မာစတာ လင်းရဲ့ ဂုဏ်သတင်းတွေကို ကြားဖူးပါတယ်..။မာစတာ လင်း ဒီလောက် ငယ်မယ် လို့ တကယ် မထင်ထားခဲ့ဘူး..။တကယ် မထင်ခဲ့ဘူး.."
လင်းဖန် လီဟု ကို ကြည့်ပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်..။ယင်းနောက် လင်း အနံ့ခံလို်က်ပြီး..
"ခင်ဗျား လက်က အနံ့က အတော် ထူးဆန်းပါလား.."
လီဟု အနည်းငယ် ရှက်ရွံ့ပြီး နောင်တရ သွားခဲ့တယ်..။ယင်းနောက် သူ ပြုံးလိုက်ပြီး..
"မာစတာ လင်းက..လေးစားရတဲ့သူပါ..။ကျွန်တော့် လက်က အနံ့က ထူးဆန်းတယ် ဆိုတာ ဘာကို ပြောချင်တာလဲ.."
"ကျွန်တော်တို့ရဲ့ လီယန် က တစ်ကြိမ်မှာ မှားယွင်းခဲ့ပါတယ်..။ကျွန်တော် သူ့ကို သေချာ လေးလေးနက်နက် ဆုံးမမှာပါ..။တစ်ချိန်တည်းမှာပဲ..ကျွန်တော် နစ်နာသူ မိဘတွေကို သေချာ တောင်းပန်ဦးမှာပါ..။ကျွန်တော်တို့ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ရတာပဲ.."
လင်းဖန် နှာခေါင်းရှုတ်လိုက်ပြီး..
"သူ ဒီလို ဖြစ်တာ ခင်ဗျားကြောင့်ပဲ ဖြစ်လိမ့်မယ်..။လူကြီးတွေက ဒုစရိုက် အလုပ်တွေကို လုပ်နေတော့ ကလေးတွေက ဒီလိုလုပ်တာ မထူးဆန်းတော့ပါဘူး..။ခင်ဗျား လေးလေးနက်နက် ဆုံးမလည်း ဘာမှ ထူးခြားမှာ မဟုတ်ဘူး..။ကျုပ်ထင်တာနောက် ..သူ့ကို နံရံ နောက်ဖက်မှာ နှစ်အနည်းငယ်လောက်ထားပြီး သင်ခန်းစာ ပေးရမယ် ထင်တယ်.."
လီဟု ဒေါသထွက်သွားခဲ့တယ်..။သို့ပေမယ့် သူ ထိန်းသိမ်းလိုက်ပြီး..
"မာစတာလင်း..ဘာပြောချင်တာလဲ ဆိုတာ ကျွန်တော် တကယ် နားမလည်ဘူး..။ဒီကိစ္စက တကယ် ဒေါသထွက်စရာပဲ..။ကျွန်တော့်သား ဒီလိုဖြစ်တာက ကျွန်တော် သွန်သင်ပြတာ ညံ့ဖျင်းလို့ပါ..။ကျွန်တော် အခုပဲ ဆေးရုံကို သွားပြီး နစ်နာသူရဲ့ ဖခင်နဲ့ စကားသွားပြောလိုက်ဦးမယ်..။ခွင့်ပြုပါဦး.."
လင်းဖန် လီဟု ဘယ်လို တွေးမလဲ ဆိုတာ သိပေမယ့် သူဂရုစိုက်မနေခဲ့ပါဘူး..။
သူသာ လူကောင်းဆိုရင် ကောင်းကောင်းမွန်မွန် ဖြေရှင်းလို့ အဆင်ပြေဦးမှာပါ..။
တကယ်လို့ သူသာ မရိုးသားတဲ့ လူဆိုရင် ဒီလူကို ပြသနာ ဆိုတာ ဘာလဲ သိရအောင် လုပ်ပေးဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး..။
လင်းဖန် ပြောလိုက်တယ်..။
"စစ်ဆေးရေးမှူး ဝမ်.."
"မာစတာ လင်း.."
စစ်ဆေးရေး မှူး ဝမ် ပြန်ဖြေလိုက်တယ်..။
လင်းဖန် ပြောလိုက်တယ်..။
"စစ်ဆေးရေးမှူး ဝမ် ဒီလိုလူနဲ့ ဝေးဝေး နေဖို့ ကျုပိ အကြံပေးချင်တယ်..။ခင်ဗျား သူ့ကြောင့် ပြသနာ တက်လာတဲ့ အချိန်ကြရင် နောင်တရဖို့ အတွက် နောက်ကျနေလောက်ပြီ.."
စစ်ဆေးရေးမှူး ဝမ်ကြောင်အသွားခဲ့တယ်..။သို့ပေမယ့် သူ တစ်ခုခု မေးဖို့ လုပ်လိုက်တဲ့ အချိန်မှာတော့ လင်းဖန်က ထွက်သွားခဲ့ပါပြီ..။