← Chapters

အကြီးအကဲ ခွေး တောက်ပရမယ့်အချိန်ပဲ..

Vol. 39 Ch. 578

အကြီးအကဲ ခွေး တောက်ပရမယ့်အချိန်ပဲ..

Vol. 39 Ch. 578

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း..။

လူလိမ် ထျန် မေးလိုက်တယ်..။

"အကြီးအကဲ ချန်းရဲ့ သား အခြေအနေ ဘယ်လိုရှိလဲ..။ငါ သတင်းတွေကို ဖတ်ကြည့်ရသလောက် တော့ အတော် ဆိုးရွားတာပဲ.."

လင်းဖန် ပြန်ဖြေလိုက်တယ်..။

"သူ အဆင်ပြေသွားပါပြီ..။သူ အသက်ရှင်နေပေမယ့်. ဆေးရုံမှာတော့ ဆက်ပြီး ကုသမူ ခံယူရဦးမယ်..။သူ ပြန်ကောင်းဖို့ အနည်းဆုံး ၃ လ လောက်တော့ ကြာမှာပေါ့.."

ဝူယူလန် ပြောလိုက်တယ်..။

"အန္တရာယ် မရှိတော့တာ တော်သေးတယ်..။ဘာလို့ ကျောင်းသားတွေက ဒီလို ဖြစ်နေကြတာလဲ..။သူတို့ ဒီလို အလုပ်တွေကို တောင် လုပ်နိုင်ကြတယ်.."

"အာ.."

လင်းဖန် ကြောင်အသွားခဲ့တယ်..။

"ခင်ဗျားတို့ ဒါတွေကို ဘယ်လို သိနေကြတာလဲ.."

ဝူယူလန် ပြောလိုက်တယ်..။

"အင်တာနက်ပေါ်မှာ ဗီဒိီယို တက်နေပြီလေ..။ဒါက အတော်ကြောက်ဖို့ ကောင်းတာပဲ..။ညီမဆို ကြည့်တောင် မကြည့်ရဲဘူး.."

ကျောက်ကျန်းယန် စိတ်ဆိုးစွာ ပြောလိုက်တယ်..။

"ငါ သာ အဲစောက်ကလေးတွေကို တွေ့ရင် သေအောင် ရိုက်နှက်ပစ်မှာ.."

ယင်းနောက် တစ်ခြား ဆိုင်ပိုင်ရှင်တွေဟာ ရောက်လာခဲ့ကြတယ်..။သူတို့ အကုန်လုံး အကြီအကဲ ချန်းရဲ့ သားအခြေအနေကို လာမေးကြတာပါ..။အစ်မ ဟောငိ နဲ့ တစ်ခြားလူတွေက ချန်းလိန် အဆင်ပြေတယ် လို့ ပြောပေမယ့် သူတို့ စိတ်ပူနေကြတုန်းပါပဲ..။ဒါက သူတို့ကလေး မဟုတ်ပေမယ့် သူတို့တွေက အရမ်းရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတဲ့ လူတွေပါ..။

သိုပေမယ့် သူဌေးလေးက အဆင်ပြေတယ် ပြောတဲ့ အချိန်မှာ စိတ်သက်သာရာ ရသွားခဲ့ကြတယ်..။တကယ်လို့ ကလေးသာ တစ်ခုခုဖြစ်သွားရင် အကြီးအကဲ ရဲ့ ဘဝကတော့ ဘာဆက်လုပ်ရမှန်း သိမှာ မဟုတ်တော့ပါဘူး..။

သူတို့အတွက်ကတော့ သူဌေးလေးက အတော် လေးစားဖို့ ကောင်းတဲ့ လူတစ်ယောက်ပါ..။ကောင်လေး လိန် အသက်ရှက်နိုင်တာ သူဌေးလေး ကြောင့် ဆိုတာ သူတို့ အကုန်လုံး သိထားခဲ့ကြပါတယ်..။သူဌေးလေးသာ မရှိရင် အခြေအနေက ပိုဆိုးသွားမှာ အသေအချာပါပဲ..။

အင်တာနက်ဟာ..ငြိမ်းချမ်း မနေခဲ့ပေ..။

ဒီမှာ ကောလာဟာလတွေလည်း အများကြီးပါပဲ..။

တစ်ချို့တွေက..ချန်းလိန် သေသွားပြီ လို့ ပြောနေကြတယ်..။

တစ်ချို့တွေကတော့ မသန်စွမ်း ဖြစ်သွားပြီလို့ ပြောနေခဲ့ကြပါတယ်..။

လင်းဖန် ဒီကိစ္စတွေကို ရှင်းလင်းသင့်တယ် လို့ ခံစားလိုက်ရပါတယ်..။

ဝိုက်ဘိုတွင်..။

"ရှန်ဟိုင်း ဂျင်ယန် အလယ်တန်းကျောင်းက နစ်နာသူ ကလေးကို ကယ်တင်ပြီးသွားပါပြီ..။လတ်တလော သူ ပြန်သက်သာလာအောင် လုပ်ဆောင်နေပါတယ်..။အားလုံးပဲ ကျေးဇူးပြုပြီး ကောလဟာလ တွေ မဖန်တီးကြပါနဲ့.."

မြို့သားတွေဟာ သိချင်သွားခဲ့ကြတယ်..။

"ချီးပဲ မာစတာ လင်းပါ ဝင်ပြောလာပြီ..။ဒါပေမဲ့ မာစတာ လင်းက ဒါကို ဘယ်လို သိတာလဲ.."

"ငါလည်း အဲတာပဲ မေးတော့ မလို့ပဲ.."

"အခုဆိုအကုန်လုံးကစိတ်ပူ နေကြပြီ..။ဒါက ကျောင်းတွင်း အကြမ်းဖက်မူ တစ်ခုပဲ.."

"သူက ခြောက်ထပ်မြောက် ခေါင်မိုးပေါ်က ခုန်ချပြီးတာတောင် မသေသေးဘူးလား..။မာစတာ လင်း..မနောက်ရဘူးလေ.."

မြို့သားတွေရဲ့ သံသယဖြစ်တဲ့ မေးခွန်းတွေကို မြင်ပြီး လင်းဖန် အကူညီမဲ့သွားခဲ့ပါတယ်..။သူတို့က ငါ ဘယ်သူလဲ ဆိုတာကို မေ့သွားကြတာလား...။

သိူ့ပေမယ့်. မကြာခင်မှာသူတို့ အမှန်တရားကို သိကြရတော့မှာပါ..။

"မင်းတို့ ငပိန်းတွေပဲ..။မာစတာ လင်းက နတ်ဆေးဆရာလေးလေ..။မင်းတု့ိ့ ဟာသလုပ် မနေကြနဲ့.."

"မာစတာ လင်းရဲ့ ဆေးပညာက ဒုတိယ မရှိဘူး..။သူက မျက်တောင် တခတ်အတွင်း သေတော့မယ်ါ လူနာကိုတောင် ကယ်တင်နိုင်တယ်..။သူ က နစ်နာသူကို မကယ်နိုင်ပဲ နေမလား.."

"ကျုပ်က ဆေးရုံရဲ့ ဆရာဝန်တစ်ယောက်ပါ..။မာစတာ လင်းက နစ်နာသူကို ကိုယ်တိုင်လာခွဲစိတ်ခဲ့တယ်.."

"အံ့ဩစရာပဲ.."

…

လင်းဖန် မှတ်ချက်တွေကို ကြည့်ပြီး ကျေနပ်မနေတော့ပေ..။ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ပျော်စရာ ကိစ္စမဟုတ်ပါဘူး..။

"အစ်ကိုလင်း..ဒီကိစ္စကို ဘယ်လို ဖြေရှင်းမှာလဲ..။ဒီကလေးတွေကို ဒီတိုင်းလွှတ်ပေးလိုက်တော့မှာလား.."

ကျောက်ကျန်းယန် မေးလိုက်တာပါ..။

လင်းဖန် ခေါင်းခါယမ်း လိုက်ပြီး..

"ငါလည်း မသိဘူး..ဒါပေမဲ့ ရဲဌာနက ပြောတာတော့ သူတို့က ၁၄ နှစ်မပြည့်သေးတဲ့ အတွက် တာဝန်ယူခိုင်းလို့ မရသေးဘူးတဲ့..။မင်းတို့လည်း ဒါကို သိကြမယ် ထင်တယ်.."

ကျောက်ကျန်းယန် ဒေါသထွက်သွားခဲ့တယ်..။

"ဒါက စောက်ရေးမပါတာပဲ.."

လင်းဖန် ပြောလိုက်တယ်..။

"ဒါက အဲလိုပဲ..မင်းလည်း ဘာမှ သွားလုပ်လို့ မရဘူး.."

တစ်ခြားလူတွေလည်းခေါင်းခါယမ်း လိုက်ကြတယ်..။သူတို့ လုပ်နိုင်တဲ့အရာ ဘာမှ မရှိပါဘူး..။

စည်းမျဥ္းတွေက စည်းမျဥ္းတွေ ဖြစ်ပြီး သူတို့ သွား့ပြန်ပြင်လို့ မရပေ..။သူတို့ အနာဂတ်မှာ ဒါမျို့ မဖြစ်ဖို့ ပဲ..ဆုတောင်းကြရတော့မှာပါ..။

ညဘက်..။

လမ်းဘေးတစ်နေရာရှိ ဘားတစ်ခုတွင်..။

လင်းဖန် မတ်တတ်ရပ်ပြီး ဘေဘက် ဝဲယာကို ကြည့် လိုက်တယ်..။ယင်းနောက် သူ အကြီးအကဲ ခွေးကို အောက်ကို ချလိုက်ပါတယ်..။သူ့ လက်ကို ..သူ့ရှေ့မှာ ထိုးပြလိုက်ပြီး..

"အနံ့ခံကြည့်..ငါ့အနံ့အပြင် တစ်ခြား အနံ့ တစ်ခုရှိသေးတယ်..။မင်း အဲတာ ကို..အနံ့ခံနိုင်လား.."

အကြီးအကဲ ခွေးဟောင်လိုက်တယ်..။

"အနံ့ ရတယ်.."

လင်းဖန် အကြီးအကဲ ခွေးကို ပုတ်လိုက်တယ်..။

"အဲ့အနံ့ အတိုင်း လိုက်ရှာပြီး အဲ့လူ ဘယ်မှာလဲ ဆိုတာကို ရှာခဲ့..။မင်းကို ပန်ကိတ် ၅ ခု ကြွေးမယ်.."

အပေးအယူက .. ပန်ကိတ် ၅ ခု ဆိုတာကို ကြားတဲ့ အချိန်မှာ အကြှီးအကဲ ခွေး..ပျော်ရွှင်စရာ ထခုန်မိမတတ် ဖြစ်သွားခဲ့တယ်..။သူ့ရဲ့ ပရိတ်သတ်တွေ သူ့အတွက် အစာတွေ ပို့ပြီး ကတည်းက သူ ပန်ကိတ် ထပ်မစားရတော့ပါဘူး..။အခု ..သူ ၅ ခုတောင် စားရတော့မှာ ဆိုတော့ မပျော်ရွှင်ပဲ မနေတော့ပေ..။

လင်းဖန် အကြီးအကဲ ခွေး ပြေးသွားတာ မြင်ပြီး ကျေနပ်သွားခဲ့တယ်..။အကြီးအကဲ ခွေးက ပိုပိုပြီး ဥာဏ်ကောင်းလာခဲ့တာပါ..။ကြည့်ရတာ ဥာဏ်ကောင်းစေသော ဆေးလုံးက အသုံးဝင်တဲ့ ပုံပါပဲ..။

အကြီးအကဲ ခွေးရဲ့ အရည်အချင်းနဲ့ ဆိုရင် လူတစ်ယောက်ကို အနံ့ခံပြီး..ရှာဖွေဖို့ ဆိုတာက ပြသနာ မဟုတ်ပေ..။

လီဟု က လူကောင်းတစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။ဒါက လင်းဖန် သူနဲ့ သွားရှုပ်ချင်လို့ မဟုတ်ပေ..။ဒီလူက သာ သူ့ကို လာရှုပ်ချင် နေခဲ့တာပါ..။ချန်းလိန် က အကြီးအကဲ ချန်းရဲ့ သားပါ..။ဒီလိုတွေ ဖြစ်ပြီးတာတောင် ၁၄ နှစ် မပြည့်သေးလို့ ဆိုပြီး သူ့သားက ကောင်းကောင်း နေခွင့်ရရမှာလဲ..။

ဒီကောင်တွေက တစ်ခြား လူကို အနိုင်ကျင့်ပြီးတာတောင် လွယ်လွယ် လွတ်မြောက်နိုင်မယ် လို့ ထင်နေတဲ့ ပုံပါပဲ..။

အထူးသဖြင့် ဒီငနဲရံ့ အဖေက လူကောင်းတစ်ယောက် ပုံစံမျိုး မရှိပေ..။

ဒီလူကသာ လူကောင်းဆိုရင် လင်းဖန် ဒီလူကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး..။ဒီလူကို မကြိုက်ဖူးဆိုရင်တောင် ..ဥပဒေကို ပြင်ဆင်နိုင်တဲ့ အထိ သူ မစွမ်းဆောင်နိုင်ပေ..။

ခနကြာပြီးနောက်..။

အကြီးအကဲ ခွေး နီကိုးလပ် ပြန်ရောက်လာခဲ့တယ်..။သူ့ကြည့်ရတာ တစ်ခုခု တွေ့လာခဲ့တဲ့ ပုံပါပဲ..။

*ဝုတ် *

"နောက်ကလိုက်ခဲ့.."

အကြီးအပဲ ခွေး ပြောလိုက်တာပါ..။

လင်းဖန် အကြီးအကဲ ခွေး နောက်ကို လိုက်ကာ စီရင်စု တစ်ခု ဆီကို ရောက်သွားပြီ..ဘား တစ်ခု ရှေ့မှာ ရပ်လိုက်ကြတယ်..။

"ကြည့်ရတာ ဒီမှာထင်တယ်.."

လင်းဖန် သူ့ဟာသူ ပြောလိုက်တာပါ..။ယင်းနောက် သူ အကြီးအကဲ ခွေးကို အင်္ကျီထဲ ထည့်ပြီး အထဲကို လျောက်ဝင်သွားခဲ့တယ်..။

အထဲမှာ အလင်းရောင် မှိန်မှိန်လေးပဲ..ဖွင့်ထားတာကြောင့် သူ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရပါဘူး..။သူ အကြီးအကဲ ခွေးကို အိမ်သာထဲခေါ်သွားပြီး ဘယ်သူမှ မရှိတာ သေချာ အောင်စစ်ဆေးလိုက်ပါတယ်..။

"အကြီးအကဲ ခွေး ..ငါ ကျန်တာကို မင်းကိုပဲ အပ်လိုက်တော့မယ်..။အဲ့လူကို လိုက်ရှာပြီး သူ့နောက်ကိုလိုက်..။တစ်ခြား ဘယ်သူမှ မတွေ့စေနဲ့..။တကယ်လို့ ဖြစ်နိုင်ရင် ..သူတို့ ပြောနေတာတွေ နားထောင်ပြီး ငါ့ကို ပြန်ပြောပြ. ။မှတ်ထားပါ..အဖမ်းမခံ ရစေနဲ့.."

လင်းဖန် ပြောလိုက်တာပါ..။

သူ ဒီလူရဲ့ ကံကြမ္မာကို ကြည့်လိုက်တဲ့ အချိန်မှာ မကြာခင် တရားမဝင်တာ တစ်ခုခု လုပ်တော့မယ်မှန်း သိလိုက်ရပါတယ်..။လင်းဖန် ဒီအခွင့်အရေးကို လက်မလွှတ်ချင်ပါဘူး..။

သူ့ရဲ့ ဗေဒင်ပညာ အရဆိုရင် လီဟုက နောက်တစ်နှစ်ကြာရင် ဥပဒေနဲ့ ရင်ဆိုင်ရတော့မှာပါ..။

သိူ့ပေမယ့် သူ တစ်နှစ်ကြာအောင် မစောင့်ချင်ပေ..။သူ ဒီလူရဲ့ အပြစ်တွေကို အခုပြန်ခံစားစေ ချင်ခဲ့တာပါ..။

အကြီးအကဲ ခွေး လင်းဖန်ကို ကြည့်လိုက်ပြီး..

"ညီအစ်ကို..ငါတို့က ဘာလို့ ဖမ်းခံရမှာလဲ.."

လင်းဖန် အကြီးအကဲ ခွေးက နည်းနည်း တုံးအနေသေးသလို ခံစားလိုက်ရတယ်..။

"ငါတို့က အဖမ်းမခံရ တော့ဘူးလား.."

အကြီးအကဲ ခွေး ထပ်ပြောလိုက်တယ်..။

"ငါက ဘာလို့ မင်းပြောတဲ့ အတိုင်း လိုက်လုပ်ရမှာလဲ.."

လင်းဖန် အကူညီ်မဲ့သွားခဲ့တယ်..။အကြီးအကဲ ခွေူက ဘာထ ဖြစ်တာလဲ..။ဘာလို့ သူက မနာခံ တော့တာလဲ..။

ရုတ်တရက် လင်းဖန် ဘာတွေ ဖြစ်နေတာလဲ သဘောပေါက်လိုက်ပါတယ်..။

"အကြီးအကဲ ခွေး..ပန်ကိတ် ဆယ်လုံး..ဘယ်လိုလဲ.."

အကြီးအကဲ ခွေး အစက တုံးအသလို ဟန်ဆောင်နေရင်းကနေ ချက်ချင်း မျက်လုံး အရောင်လက်သွားခဲ့ပါတယ်..။ပြီးတော့ သူ သန့်စင်ခန်း အပြင်ကို ပြေးထွက်သွားခဲ့တယ်..။

ဒီလို မှိန်ပြပြ အလင်းရောင် ရဲ့ အောက်မှာ ဘယ်သူမှ ခွေးတစ်ကောင်ကို သတိမပြုမိခဲ့ပါဘူး..။

လင်းဖန် အပြင်ကို ထွက်လာပြီး အကြီးအကဲ ခွေးရဲ့ လုပ်ဆောင်ပုံတွေကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်..။အကြီးအကဲ ခွေးက လူတွေကြားထဲမှာ ကွယ်ပြီး ပထမ ထပ်ကနေ ဒုတိယထပ်ကို တက်သွားခဲ့ပါတယ်..။လူစိမ်းတွေ ကြားထဲကနေ သူ့ရဲ့ တားဂတ်ကို ဆက်တိုက် ရှာဖွေ နေခဲ့တယ်..။

ယင်းနောက် လင်းဖန် သက်ပြင်းချလိုက်ပါတယ်..။အကြီးအကဲ ခွေးက စပိုင်တစ်ယောက်လိုလဲ တကယ် သရုပ်ဆောင်နိုင်တာပါ..။

သူ့ခန္တာကိုယ်က အနည်းငယ် သေးပေမယ့် ဥာဏ်ရည်ကတော့ အတော်ကို ကောင်းမွန်ပါတယ်..။သူကို တစ်စုံတစ်ယောက်က.. တွေ့သွားရင် တောင် အများကြီး စဥ္းစားနေမှာ မဟုတ်ပေ..။

ယင်းနောက် လင်းဖန် စားပွဲတစ်ခုဆီ လာပြီး ထိုင်လိုက်တယ်..။သူ လုပ်စရာ ဆိုလို့ အကြီးအကဲ ခွေး ဆီက သတင်းကောင်းကို စောင့်နေဖို့ ပါပဲ..။

…

"ငါ ဘာလုပ်ရမလဲ.."

အကြီးအကဲ ခွေး ပန်းအိုး တစ်လုံးဘေးမှာ ပုန်းနေပြီး သီးသန့်ခန်း တစ်ခုဆီ စိုက်ကြည့်နေခဲ့တယ်...။သူ အထဲကို လုံးဝ ဝင်လို့ မရပါဘူး..။

တားဂတ်က အထဲမှာ ဆိုတာကို သူသိထားပါတယ်..။

သူ မစ်ရှင်ကို မပြီးမြောက်ရင် ပန်ကိတ် ဆယ်လုံး စားရမှာ မဟုတ်ပေ..။

အကြီးအကဲ ခွေး စဥ္းစားရ ကြပ်နေတဲ့ အချိန််မှာ ပဲ .ဝိတ်တာလေး..တစ်ယောက်ဟာ..​ေလျာက်လာခဲ့ပါတယ်..။သူ့လက်ထဲမှာ ဘီယာ ခွက်တွေ အပြည့်ပါတဲ့ ဗန်းကို ကိုက်ထားပြီး သီးသန့်ခန်း တံခါးကို တွန်းဖွင့်လိုက်တယ်..။

ဒါက အကြီးအကဲ ခွေး အတွက်တော့ မဟာ အခွင့်အရေးကြီး ပါပဲ..။

All Chapters