← Chapters

လျို့ဝှက်ချက်ကြီးတစ်ခုရှာတွေ့ခြင်း.

Vol. 39 Ch. 579

လျို့ဝှက်ချက်ကြီးတစ်ခုရှာတွေ့ခြင်း.

Vol. 39 Ch. 579

#ဘာသာပြန် = စနိုးဝှိုက်

သီးသန့်ခန်းထဲတွငိ..။

အကြီးအကဲ ခွေးကို ဘယ်သူမှ ရှာမတွေ့ခဲ့ပါဘူး..။သူ ထောင့်တစ်ထောင့်မှာ ရှိတဲ့ ဆိုဖာနားမှာ..ခံစားချက်မဲ့စွာ..ပုန်းအောင်း နေခဲ့တယ်..။ယင်းနောက် သူ ခေါင်းကို မော့လိုက်ပြီး..ပတ်ဝန်းကျင်မှာ ရှိတဲ့ အခြေအနေကို..လေ့လာလိုက်ပါတယ်..။

ဒီအခန်းထဲမှာ လူလေးယောက် ရှိနေပြီး အံ့ဩစရာပဲ..လီဟု က ဒီထဲက တစ်ယောက်ပါ..။တစ်ခြား လူသုံးယောက်ဟာလည်း လူကောင်းတွေနဲ့ ့ လုံးဝ မတူပါဘူး..။သူတို့က လူမိုက်ပုံစံ ပေါက်မနေကြပေမယ့်..သူတို့ရဲ့..မျက်လုံးတွေမှာတော့ အမှောင်ထုတွေ ဖုံးလွှမ်းနေခဲ့ပါတယ်..။ပြီးတော့ သူတို့ရဲ့ မျက်လံူးတွေက..ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ် နေကြပြီး တစ်ခုခု ဖြစ်ပျက်လာခဲ့ရင်..ချက်ချင်း ထွက်ပြေးမယ့် အနေအထားမှာ ရှိနေခဲ့ပါတယ်..။

သူတို့ထဲက..ဆံပင်အရှည်နဲ့ လူကြီးဟာ..လက်ထဲမှာ ရှိတဲ့ ဝိုင်ခွက်ကို..ကစားနေခဲ့တယ်..။

"အစ်ကို ဟု..ဒါက ကြီးမားတဲ့ စီးပွားရေး အပေးအယူကြီးပ​ဲ..။လက်ခံနိုင်လား လက်မခံနိုင်ဘူးလား ဆိုတာတော့ အစ်ကိုဟု အပေါ်မှာပဲ မူတာ်တယ်နော်.."

လီဟု ငြင်သာစွာ ရယ်မောလိုက်ပြီး..

"ဆံရှည်..ငါ လုပ်နိုင်ပါ့မလား ဆိုတဲ့ လေသံနဲ့မပြောနဲ့..။မင်းလုပ်နိုင်လား မလုပ်နိုင်ဘူးလား ဆိုတာကိုပဲ ငါ့ကိုပြော..။နောက်ဆုံး တစ်ကြိမ်ကလိုတော့ မဖြစ်စေနဲ့နော်..။စကားပြောကြီးပြီး..လက်တွေ့ကြတော့ လိုက်မလုပ်နိုင်ဘူး.."

ဆံရှည် အနည်းငယ် ရှက်ရွံ့သွားခဲ့ပေမယ့်..ဒီတစ်ခေါက်တော့ ယုံကြည်မူ အတော်ရှိနေခဲ့ပါတယ်..။

"နောက်ဆုံးတစ်ကြိမ်တုန်းက ပြီးပြီးသား ကိစ္စပဲ..။ဒီတစ်ကြိမ်ကတော့ တကယ်လေးနက်တယ်..။ကျွန်တော် ပစ္စည်းတွေကို ယူလာခဲ့မယ်..။အစ်ကိုက ရောင်းပေါ့..။ဒီတစ်ကြိမ် အစ်ကို့ကို ကူညီပေးမယ့် လူတစ်ယောက်ပါ ရှိဆယ်..။အစ်ကို ဟု လုပ်ရဲ တယ်ဆိုရင် အကျိုးအမြတ်က တကယ် မယုံနိုင်စရာပဲ.."

လီဟု..သူ့ကိုကြည့်ကာ ပြုံးလိုက်ပြီး..

"ကောင်းပြီ ကောင်းပြီ..ပြောတာ လုံလောက်ပြီ..။သောက်ကြရအောင်..။ဒီနေ့ အကုန်လုံးက ငါ့ကို လာရှာတယ် ဆိုတော့ တကယ် ဝမ်းသာစရာပဲ..။အကုန်လုံးကို ငါကပဲ ဧည့်ခံပါရစေ.."

ဆံရှည်နဲ့ ..ကျန်တဲ့ လူတစ်ယောကိဟာ..မျက်လုံးချင်းစကား ပြောနေကြသလိုမျိုး အကြည့်ချင်းဖလှည်လိုက်ကြပါတယ်..။ယင်းနောက် သူ လက်တစ်ဖက်ကို ..လီဟုရဲ့ ပေါင်ပေါ်တင်ပြီး ပြောလိုက်တယ်..။

"အစ်ကို ဟု..ကျွန်တော် တကယ် လေးလေးနက်နက် ပြောနေတာ..။အစ်ကို စဥ္းစားသင့်တယ်နော်.."

လီဟု..ခေါင်းခါယမ်းကာ ပြုံးလိုက်ပြီး..

"ဆံရှည် ..ငါက စီးပွားရေးကို ရိုးရိုးသားသား လုပ်တဲ့ လူတစ်ယောက်ပါ.."

သို့ပေမယ့် အဲ့အချိန်မှာပဲ သူ့အမူအရာဟာ ပြောင်းလဲ သွားခဲ့တယ်..။သူ့ရဲ့ပေါင်ကြားမှာ အဖြူရောင်..အထုတ်တစ်ထုတ် ရှိနေခဲ့တာပါ..။

ဆံရှည် ပြုံးကာ..လီဟု ကို ကြည့်လိုက်ပြီး..

"အစ်ကို ဟု..တစ်ချက်ကြည့်ကြည့်ပါဦး.."

လီဟု..အထုတ်ကို ယူကြည့်ဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..တံခါးဟာ ပွင့်သွားခဲ့တယ်..။

ဝိတ်တာ ပြောလိုက်တယ်..။

"အကြီးအကဲ လီ.."

ဟီဟု..လက်ဝေ့ယမ်းပြီး ဝိတ်တာကို ပြန်သွားဖို့ အချက်ပြလိုက်ပါတယ်..။

ဝိတ်တာ ဒီီလို ဝင်လာပြီး စစ်ဆေးဖို့ကို သူ စီစဥ္ထားခဲ့တာပါ..။တစ်ခုခု ဖြစ်နေတယ် ဆိုရင် အနည်းဆုံးဆော့..သိနိုင်ကြပါလိမ့်မယ်..။

ဆံရှည်ဟာ အခြေအနေကို နားလည်သွားခဲ့တယ်..။

"အစ်ကို ဟု..ဒီတစ်ကြိမ် ကျွန်တော် ရိုးရိုးသားသား နဲ့ လာခဲ့တာပါ.."

လီဟု..ခနလောက် တိတ်ဆိတ်သွားပြီး..သူ့လက်ထဲကို ကြည့်လိုက်တယ်..။ပစ္စည်းကို မြင်တဲ့ အချိန်မှာ သူ့ အမူအရာပြောင်းလဲ သွားခဲ့ပြီး..

"ဒါက ပစ္စည်းအသစ်တွေလား..."

ဆံရှည် ပြုံးလိုက်တယ်..။

"အင်း..ပစ္စည်းအသစ်တွေပဲ..။တကယ်ကောင်းတဲ့ ပစ္စည်း အသစ်တွေ..။အစ်ကို ဟု ကြိုက်သလောက် ယူလို့ရတယ်..။အဲသလောက်ကို ရိုးရှင်းတာ..။အစ်ကိုဟု သာ သဘောတူတယ် ဆိုရင် ပစ္စည်း ပြတ်တာတွေ ဘာတွေ ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး..။တကယ်ကို ကျေနပ်စေလိမ့်မယ်.."

လီဟု အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့တယ်..။

"ဆံရှည်..ငါ သိသလောက် ဆိုရင် ..မင်းမှာ ဒီလို ပစ္စည်းတွေ ရနိုင်လောက်အောင် အဆက်အသွယ် မရှိပါဘူး..။လတ်တလော..တစ်ယောက်ယောက်က ရှန်ဟိုင်းကို ဆေးတွေ သွင်းလာလို့..ရဲဌာနက အပူတပြင်း ရှာဖွေနေတယ်..။မင်း အဲလူဆီက ရလာတာ လို့တော့ ငါ့ကို မပြောနဲ့နော်..။အဲလို ဆိုရင်တော့ ငါလည်း လက်ခံရဲမှာ မဟုတ်ဘူး..!

"ဟားဟား.."

ဆံရှည် ရယ်မောလိုက်တယ်..။

"အစ်ကိုဟု..ဒီလိုမျိုး ဆက်လုပ်နေမယ် ဆိုရင် တော့ ကျွန်တော်တို့ ဘာမှ ဆက်ပြီး ပြောနေစရာ မရှိတော့ဘူး..။ရှန်ဟိုင်းမှာ..ဒီလိုမျိုး လုပ်ရဲတာ တစ်ခြားလူ မရှိဘူးဆိုတာ သိနေတာပဲ..။အရင်တုန်းက..ကျွန်တော့်အပေါ်မှာ အစ်ကိုဟု ရဲ့ ကျေးဇူးတွေ ရှိနေလို့..အခုလို ကောင်းတာလေးတွေ တွေ့တဲ့ အချိန်မှာ အစ်ကိုဟုကို အရင်လာရှာတာပဲ..။အစ်ကိုဟု တစ်ကယ် မလိုချင်ဘူးဆိုရင် ကျွန်တော် တွန်းအား မပေးတော့ပါဘူး.."

လီဟု ခနလောက် စဥ်းစားပြီးမှ ပြောလိုက်တယ်..။

"ကောင်းပြီ..ငါ လိုက်ကြည့်ဖို့ အတွက် စီစဥ္ပေး..။ငါ အတည်ပြုချင်တယ်.."

လီဟု လက်ဝေ့ယမ်းလိုက်ပြီး..

"ဒါက အဆင်ပြေမှာ မဟုတ်ဘူး..။အစ်ကို လည်း

စည်းမျဥ္းတွေကို သိနေတာပဲ..။ဒါကတော့ အဆင်မပြေဘူး..။မနက်ဖြန်ည ..ဒီမှာပဲ တွေ့ပြီး..ပထမ ဆုံး လုပ်ငန်းကို စလုပ်မယိ.."

"ကောင်းပြီ..သောက်ကြရအောငိ..။ပြောတာ တော်လောက်ပြီ..။ဒီနေရာက လုံခြုံတယ် ဆိုပေမယ့် လူတွေ အများကြီး ရှိနေတယ် လေ.."

လီဟု ပြောလိုက်တာပါ..။

"ကောငိးပြီ ကောင်းပြီ.."

လီဟု ပြုံးလိုက်တယ်..။ကျန်တဲ့ နှစ်ယောက်ဟာလည်း တိတိဆိတ်နေပေမယ့် အပြုံးကိုယ်စီ ရှိနေခဲ့ကြပါတယ်..။

လီဟု..ဒီနှစ်ယောက်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်..။သူ ဒီနှစ်ယောက်ကို တစ်ခါမှ မမြင်ဖူးပဲ..ဆံရှည် မှာ ဒီလို သူငယ်ချင်းမျိူး ရှိတာကို အရင်ကလည်း မသိခဲ့ပေ..။

…

အောက်ဘက်တွင်..။

လင်းဖန် အချိန်အကြာကြီး..စောင့်ဆိုင်းနေခဲ့တယ်..။အကြီးအကဲ ခွေးက ဘာလို့ ထွက်မလာသေးတာလဲ..။တစိခုခု မှားယွင်းသွားတာ များ ဖြစ်နိုင်မလား..။

သူ အပေါ်တက်ပြီး လိုက်သွားကြည့်တော့မယ့် အချိန်မှာပဲ..အကြီးအကဲ ခွေးဟာ သူ့ခြေထောက်နားမှာ ပေါ်လာခဲ့ပါတယ်..။

လင်းဖန် ကျေနပ်သွားခဲ့တယ်..။သူ အကြီးအကဲ ခွေးကို ရင်ဘတ်ထဲ အမြန်ပွေ့ချီပြီး အပြင်ကို ထွက်လာခဲ့လိုက်ပါတယ်..။

အပြင်ဘက်..။

"အကြီးအကဲ ခွေး.. အခြေအနေ ဘယ်လိုလဲ..။တစ်ခုခု ကြားခဲ့သေးလား.."

လင်းဖန် သိချင်စွာ မေးလိုက်တာပါ..။သူ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိထားတော့ အကြီးအကဲ ခွေး..တစ်ခုခု အသုံးဝင်တာ ကို ရှာတွေ့လာဖို့ မျှော်လင့်မိပါတယ်..။

လီဟုက..တစ်ခုခု ကြီးမားတာကို လုပ်တော့မယ် ဆိုတာ သူသိပေမယ့်..ဘာဖြစ်နိုင်မလဲ ဆိုတာတော့ သူလည်း မတိအကျ မသိထားပါဘူး..။

"ဝုတ် ဝုတ်.."

အကြီးအကဲ ခွေး ဟောင်လိုက်တယ်..။

"လက်မခံနိုင်ဘူး..လက်မခံနိုင်ဘူး..။ကြီးမားတဲ့ ဆုလာဒ်..။ငါက ရိုးသားတဲ့ စီးပွာရေး သမားပဲ..။တကယ်ကောင်းမွန်တဲ့ ပစ္စည်းတွေ.."

လင်းဖနိ အကြီးအကဲ ခွေးကို တုံးအစွာ ကြည့်လိုက်တယ်..။ဒါက ဘယ်လို ဂိမ်းအမျိုးအစားလဲ...။

အကြီးအကဲ ခွေး ပြောတာတွေက ဆက်စပ်လို့ မရဖြစ်နေပြီး..ဘာမှ နားမလည်နိုင်ပါဘူး..။

လင်းဖန် အကြီးအကဲ ခွေးကို စိတ်ပျက်သွားခဲ့တယ်..။သူ အကြီးအကဲ ခွေး အပေါ်ကို အများကြီး မျှော်လင့်ထားတဲ့ ပုံပါပဲ..။ခွေးတစ်ကောင်က ဒီလူတွေ ပြောနေကြတာ တွေကို အကုန်နားလည် နိုင်မှာ မဟုတ်ပေ..။

သို့ပေမယ့် သူ အကြီးအကဲ ခွေးရဲ့ မျက်နှာပေါ်က မျှော်လင့်နေတဲ့ အမူအရာကို ကြည့်ပြီး အံ့ဩသင့်သွားခဲ့တယ်..။သူက တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားပုံပါပဲ..။

လင်းဖန် လက်မြောက်ပြလိုက်ပြီး..

"ပန်ကိတ် ဆယ်ခုနော်.."

အကြီးအကဲ ခွေး ဒါကိုကြားတဲ့ အချိန်မှာ စိတ်ပျက်တဲ့အမူအရာဖြစ်သွားခဲ့တယ်..။သူ စွန့်စွန့်စားစား ရှာဖွေလာရတဲ့ သတင်းက ပန်ကိတ် ဆယ်ခုပဲ တန်တယ်လို့ တွေးမိလိုက်တဲ့ အချိန်မှာ မြေကြီးပေါ်မှာ လှဲပြီး မောပန်းချင်ယောင် ဆောင်လိုက်ပါတယ်..။

အဲ့အချိန်မှာပဲ လင်းဖန် နားလည်သွားခဲ့တယ်..။

လင်းဖန် အကြီးအကဲ ခွေး ရဲ့ ခေါင်းကို ပုတ်လိုက်ပြီး..

"အခု နှစ်ဆယ် ဒါက အများဆုံးပဲ..။တကယ်လို့ မင်းသဘော မတူဘူးဆိုရင်လည်း ထားလိုက်တော့..။မင်းက ခွေးတစ်ကောင်ဖြစ်ပေမယ့်..ခွေးတစ်ကောင်ကလည်း လောဘမကြီးသင့်ဘူးဆိုတာ သိထားရမယ်နော်.."

"ဝုတ် ဝုတ်..."

အကြီးအကဲ ခွေး စိတ်လှုပ်ရှားစွာ ဟောင်လိုက်တယ်..။

"အစ်ကိုဟု ဒါက စီးပွားရေး အကြီးကြီးနော်..။ဒါက အစ်ကို ဟု..လက်ခံနိုင်မလား ဆိုတဲ့ အေပါ် မူတည်နေတာ......"

အကြီးအကဲ ခွေး အများကြီး ဖုံးကွယ်ထားမယ် လို့ လင်းဖန် မထင်ထားခဲ့ပါဘူး..။အကြီးအကဲ ခွေးက ရှင်းရှင်းလင်းလင်း မှတ်မိပေမယ့် မသိချင်ယောင် ဆောင်နေခဲ့တာပါ..။တကယ် ဥာဏ်များတဲ့ ခွေးတစ်ကောင်ပါပဲ..။

အဲ့အချိန်မှာပဲ..လင်းဖန် အနီးကပ်နားထောင်ပြီး တဖြည်းဖြည်း အမူအရာ ပြောင်းလာခဲ့တယ်..။

အကြီအကဲ ခွေးရဲ့..ရှင်းပြမူကြောင့် ဘာတွေ ဖြစ်နေလဲ ဆိုတာကို လင်းဖန် နားလည် သွားခဲ့ပါတယ်..။

"မူးယစ်ဆေး လား.."

ကြည့်ရတာ ဒီနောက်ကွယ်မှာ..ကြီးမားတဲ့ လျို့ဝှက်ချက်ကြီး ရှိနေတဲ့ပုံပါပဲ..။

ရှန်ဟိုင်း ရဲဌာနက အလိုရှိနေတာ..။

ဒါက လီရှောင်ရှမ်း ပြောထားတဲ့ လူ မဟုတ်ဘူးလား..။

ဒီလူက ဘယ်လိုဖြစ်ပြီး ဒီမှာ ပါလာရတာလဲ..။

"ဟေး..စိတ်ဝင်စားစရာပဲ..။ဒီကို စပ်ခွေးတစ်ကောင် နဲ့ ရောက်လာတာလား.."

အဲ့အချိန်မှာပဲ ကျယ်လောင်တဲ့ ရယ်မောသံတစ်ခုဟာ ရောက်လာခဲ့ပါတယ်..။

လင်းဖန် ..အဲ့လူကို ကြည့်လိုက်တယ်..။ဆံရှည်ဟာ လင်းဖန်ကိုစိုက်ကြည့်လိုက်ပြီး..

"မင်းက ဘာကို ကြည့်တာလဲ ကောင်လေး..။မင်းထပ်ကြည့်နေမယ် ဆိုရင် ငါမင်းကို ရိုက်မိလိမ့်မယ်.."

သူ့ဘေးနားက လူကြီးဟာ ပြောလိုက်တယ်..။

"ပြသနာ မရှာနဲ့.."

ဆံရှည်ဟာ..ဒါကိုကြားတဲ့ အချိန်မှာ အမူအယာ ပြောင်းပြီး ချက်ချင်းယဥ္ကျေးသွားခဲ့ပါတယ်..။

"ဟားဟား..စနောက်နေတာပါ.."

ယင်းနောက် လူသုံးယောက်ဟာ..လင်းဖန် ရဲ့ ရှေ့ကနေ ဖြတ်သွားခဲ့တယ်..။

လင်းဖန် ဒီလူ သုံးယောက်ကို ကြည့်ပြီး မျက်နှာမှာ အပြုံးတစ်ခု..ပေါ်လာခဲ့ပါတယ်..။ဒီသုံးယောက်က လီဟုနဲ့ စကားပြောခဲ့ကြတဲ့ လူတွေ ဖြစ်မှာပါ..။

သူတို့ထဲက တစိယောက်..ကားထဲကို ဝင်ဖို့ ငုံ့လိုက်တဲ့ အချိန်မှာ...အင်္ကျီကော်လံဟာ အောက်ကို ကျသွားပြီး လည်ပင်းက တက်တူးဟာ ထွက်ပေါ်လာခဲ့တယ်..။

"ကင်းမြီးကောက်.."

လင်းဖန်.လီရှောင်ရှမ်း သူ့ကို ပြထားတဲ့ တက်တူးပုံကို..ပြန်မှတ်မိလိုက်တယ်.။သူ ဒီလူရဲ့ မျက်နှာကို သေချာ မမြင်ဖူးပေမယ့်..လီရှောင်ရှမ်းက သေချာ ပြောပြထားခဲ့တာပါ..။အသွင်အပြင်က မူးယစ်ရာဇာ..ပုံစံမျိုး ဖြစ်ပြီး လည်ပင်းမှာ ကင်းမြီးကောက်ပုံ တက်တူး ရှိပါတယ်..။

အဲ့အချိန််မှာပဲ..။

လူကြီး သုံးယောက်ဟာ မောင်းထွက်သွားခဲ့တယ်..။

လင်းဖန် သူတို့ မနက်ဖြန် ပြန်လာမှာ သိနေတဲ့ အတွက် လိုက်မသွားခဲ့ပါဘူး..။

"ကောငိးကောင်း ကြိုးစားခဲ့တယ် အကြီးအကဲ ခွေး..။ပြန်ကြရအောင်.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

အကြီးအကဲ ခွေး ဟောင်လိုက်တယ်..။သူ့စိတ်ထဲမှာ တော့ သူ စားရမယ့် ပန်ကိတ်တွေ အတွက် ကြိုတင်ရင်ခုန်နေခဲ့ပါပြီ..။

All Chapters