← Chapters

ယုံကြည်မူ လွန်ကဲခြင်း

Vol. 39 Ch. 580

ယုံကြည်မူ လွန်ကဲခြင်း

Vol. 39 Ch. 580

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ဒီကိစ္စကို လီရှာင်ရှမ်းဆီ အကြောင်းမကြား ခဲ့ပါဘူး..။ဒါက မှန်ကန်တဲ့ အချိန်အခါ မဟုတ်သေးပေ..။မနက်ဖြန် ကြရင်တော့..သူတို့ ပစ္စည်းတွေ ပါလာမလား ဆိုတာ သူ စောင့်ကြည့်ရမှာပါ..။

အကြီးအကဲ ခွေး လင်းဖန်ရဲ့ အဆောက်အဦး ဆီကို ရောက်ဖူးတာ..ဒါက ပထမဆုံး အကြိမ်ပါပဲ..။သူကစိတ်လှုပ်ရှားပြီး..အိမ်ပတ်ဝန်းကျင်ကို ပြေးနေခဲ့တယ်..။သိူ့ပေမယ့် ကံကောင်းချင်တော့ အကြီးအကဲ ခွေးက..အများကြီးဟောင်ရတာကို မကြိုက်ပါဘူး..။မဟုတ်ရင် တစ်ယောက်ယောက်ရဲ့ တိုင်ကြားမူကို ခံရမှာပါ..။

အကြီးအကဲ ခွေးကတော့..နောက်တစ်ရက်မှာစားရမယ့်..ပန်ကိတ်တွေ အကြောင်းကို တွေးပြီး အိပ်ပျော်သွားခဲ့တယ်..။

အကြီးအကဲ ချန်းရဲ့ ကိစ္စကလည်း အခုထိ မဖြေရှင်း ရသေးပါဘူး..။ဘယ်သူ့ အသက်မှ အန္တရာယ် မရှိတော့ပေမယ့်လည်း..ဒါက..ထိလွယ် ရှလွယ် ကိစ္စပါ..။သို့ပေမယ့်..ကျောင်းနဲ့ ပညာရေး ဌာနက ဒီကိစ္စကို ဘယ်လို ကိုင်တွယ် နေလဲ ဆိုတာကိုတော့ သူမသိသေးပေ..။

နောက်တစ်ရက်..။

တိမ်ဖြူလမ်း..။

အကြီးအကဲ ခွေး..ဟာ လျာကို ထုတ်ပြီး ..လင်းဖန်အနီးနားမှာ အမြီးယမ်းပြီး..ပြေးလွှားနေခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့..လင်းဖန်ရဲ့ တွန်းလှည်းကိုပဲ ကြည့်နေခဲ့ပါတယ်..။အရသာ ရှိတဲ့ ပန်ကိတ်တွေက မကြာခင် ရရှိတော့မှာပါ..။

မြို့သားတွေဟာ စောင့်နေခဲ့ကြတယ်..။

သူတို့..စောင့်ဆိုင်းနေတဲ့ အချိန်မှာ..အကြီးအကဲ ချန်း တို့ရဲ့ အဖြစ်အပျက်ကို ဆွေးနွေး နေခဲ့ကြပါတယ်..။သူတို့ နဲ့ နီးစပ်တဲ့ လူတစ်ယောက်ဆီမှာ..

​ေကျာင်းတွင်း အနိုင်ကျင့်မူ ဖြစ်ခံရလိမ့်မယ် လို့ မထင်ခဲ့ပေ..။

"သူဌေးလေး..အကြီးအကဲ ချန်းရဲ့သား..အဆင်ပြေရဲ့လား.."

မြို့သားတစ်ယောက်ဟာ ပန်ကိတ်ကို စောင့်နေရင်း မေးလိုက်တာပါ..။

လင်းဖန် ပြုံးလိုက်ပြီး..

"သူ အဆင်ပြေပါတယ်..။အားလုံး လုံခြုံတယ်..ပြီးတော့..ကျုပ်တို့ ပြောနေချိန်တောင်..သူက..ပြန်ကောင်းလာနေလောက်ပြီ.."

"ဒါကောင်းတယ်.."

လင်းဖန် ပန်ကိတ်တွေကို ယူလိုက်ပြီး..

"​ေကာင်းပြီး ကျေးဇူးပြုပြီး ကောင်းကောင်း စားလိုက်ကြပါဦး.."

"ဝိုး..ဒီနေ့က ငါ့ရဲ့ ကံတရားတွေက အတော်ကို ကောင်းနေတာပ​ဲ.."

တစ်နေ့ကို ပန်ကိတ် ဆယ်လုံး..ပဲ ရောင်းတယ် ဆိုပေမယ့်လည်း..ပန်ကိတ်မရတဲ့ လူတွေဟာ မပျော်မရွှင် မဖြစ်ကြပေ..။သူတို့..အလုပ်မသွားခင် နေ့တိုင်း ဒီမှာ လာတန်းစီတာက အကျင့်တစ်ခုလို ဖြစ်နေခဲ့ပါပြီ..။သူတို့ ဒီမှာ လာတန်းစီကြတဲ့ လူတွေနဲ့..စကားပြောရင်း..ရင်းနှီးမူတွေ တည်ဆောက်နိုင်ခဲ့ကြပါတယ်..။

သူတို့ တစ်ချို့သတင်းအသစ်တွေတောင် ဒီမှာ ကြားနိုင်ကြပါတယ်..။

…

လင်းဖန် အစက ရပ်တန့်ဖို့ ပြင်လိုက်ပေမယ့်..အကြီးအကဲ ခွေးရဲ့ အကြည့်တွေကို မြင်တဲ့ အချိန်မှာ အကူညီမဲ့စွာ သက်ပြင်းချလိုက်တယ်..။

"ဟေး..သူဌေးလေး..ဘာလုပ်နေတာလဲ..။ဒီနေ့အတွက် အကန့်အသတ်က ပြီးသွားပြီ မဟုတ်ဘူးလား.."

"ကြည့်ရတာ..သူဌေးလေး..က စိတ်ကောင်းဝင်ပြီး ငါတို့ကို အရေအတွက် တိုးပေးမလို့ ထင်တယ်.."

သူတို့ ရဲ့ ဆုတောင်းတွေက သူဌေးလေး တစ်နေ့မှာ စိတ်ကောင်းဝင်ပြီး..အကန့်အသတ်ကို ပယ်ဖျက်လိုက်ဖို့ပါပဲ..။ဒါဆိုရင် အတော်အဆင်ပြေသွားမှာပါ..။

လင်းဖန် ပြောလိုက်တယ်..။

"မဟုတ်ဘူး..အကြီးအကဲ..ခွေးက ကျုပ်ကို တစ်ခုခု ကူညီထားတော့ သူ့ကို ဆုချမှ ရမယ်.."

လူတိုင်းဟာ အကြီးအကဲ ခွေးကို မနာလိုမူတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ကြည့်လိုက်တယ်..။

တစ်စုံတစ်ယောက်ဟာ..အံ့ဩစွာ ရေရွတ်လိုက်တယ်..။

"လူတွေက ခွေးလောက်တောင် တန်ဖိုး မရှိကြတော့ဘူးလား.."

အကြီးအကဲ ခွေး တည်တည်ငြိမ်ငြိမ်ပဲ ထိုင်နေခဲ့တယ်..။သူက..ပန်ကိတ် အခု ၃၀ စားခွင့်ရထားတဲ့ ခွေးတစ်ကောင်ပါ..။ဒီလူတွေက သူနဲ့ လာနှိုင်းယှဥ္လို့ မရပါဘူး..။

"တစ်နေ့ ကို တစ်ခုစီ..တစ်လတိတိ​ကျွေးမယ်..။တကယ်လို့ အကုန်လုံးကို ငါ တစ်ခါတည်း လုပ်ပေးရင် မင်း ကုန်မှာ မဟုတ်ဘူး.."

လင်းဖန် ပန်ကိတ်တစ်ခုကို လုပ်ပြီးတဲ့ အချိန်မှာ ပြောလိုက်တာပါ..။

"ဝိုး သူဌေးလေးက အကြီးအကဲ ခွေးနဲ့ ဆက်သွယ် နေပြန်ပြီ..။အရင်တုန်းက သူဌေးလေး တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တယ်လို့ ပြောပေမယ့် မင်းတို့ မယုံနိုင်ကြဘူးလေ..။အခု မင်းတို့ မြင်ပြီလား..ဒါက အမှန်တရားပဲ.."

"မဖြစ်နိုင်တာ..အရင်တုန်းက ငါ ဒါကို ကြားခဲ့ပေမယ့် ကိုယ်တိုင် မမြင်ရတော့ မယုံခဲ့ဘူးလေ..။အခုတော့.."

"ငါ ထင်တာတော့..သူက ကိုယ့်ကိုကို ပြောတာ ဖြစ်မှာပေါ့..။သူဘာပြောနေလဲ ဘယ်သူမှ မသိကြတာ.."

"သူဌေးလေးကို သံသယ မဖြစ်နဲ့..။မင်းအရင်တစ်ခေါက်က မြင်ကွင်းကို မတွေ့လိုက်ရလို့..။သူဌေးလေးက ခွေးတွေ အများကြီးကို စကားပြောခဲ့တာ..။အဲ့မြင်ကွင်းကို ငါ တစ်သက်လုံး မေ့နိုင်မှာ မဟုတ်ဘူး.."

တိမ်ဖြူလမ်းက လူတွေအကုန်လံူး သူဌေးလေး ဘယ်လောက် စွမ်းဆောင်နိုင်စွမ်း ရှိတယ် ဆိုတာကို သိထားကြပါတယ်..။သူက အံ့ဩစရာကောင်းပေမယ့်..တစ်ချို့ သူ့အကြောင်းကြားဖူးပြီး ကိုင်တိုင်မမြင်ဖူးတဲ့ လူတွေက..အပြည့်အဝ မယုံကြည်ကြပေ..။

ဝုတ် ဝုတ်..

အကြီးအကဲ ခွေး ဘေးပတ်လည်ကို ကြည့်ပြီးဟောင်လိုကိတယ်..။

တစ်ချို့ မြို့သားတွေဟာ..အခြေအနေ ဘာတွေဖြစ်နေလဲ ဆိုတာ နားလည်သွားခဲ့ကြပါတယ်..။

အဲ့အချိန်မှာတော့ တစ်ခြား မြို့သားတွေဟာ နားမလည်ကြပါဘူး..။

သို့ပေမယ့် ရုတ်တရက် အံ့ဩစရာ အဖြစ်အပျက်ဖြစ်လာခဲ့တယ်..။

ဝုတ် ဝုတ်

ခွေးအုပ်စု တွေဟာ..နေရာမျိုးစုံက နေချက်ချင်း ရောက်လာကြတာပါ..။ဒီခွေးတွေက တိမ်ဖြူလမ်းရဲ့ လျို့ဝှက်စစ်သည်တော်တွေပါပဲ..။သူတို့က ပုံမှန်အားဖြင့် တိမ်ဖြူလမ်း ဝန်းကျင်မှာ လျောက်သွားနေကြတာပါ..။

ဒီခွေးတွေက..မကောင်းတဲ့ လူတွေရဲ့ အနံ့အသက်ဆိုရင် သိလွယ်ကြပါတယ်..။

"ဘာတွေဖြစ်နေတာလဲ.။ဘာလို့ ခွေးတွေ အများကြီး ရောက်လာတာလဲ..."

"ဟားဟား..ငါပြောသားပဲ.။အကြီးအကဲ ခွေးက အံ့ဩဖို့ကောင်းတယ်..။ကြည့်ရတာ သူ အကုန်လုံးကို တစ်ခါတည်း..လိုချင်နေတဲ့ ပုံပဲ.."

လင်းဖန် ကြောင်အသွားခဲ့တယ်..။အကြအကဲ ခွေးက အတော်ကို တွက်ချက်တတ်တာပါ..။သူ့ရဲ့ ပန်ကိတ်တွေကို အကုန်ရဖို့..သူ့အဖွဲ့သားတွေကို လှမ်းခေါ်ထားခဲ့ပါသေးတယ်..။

"ဝုတ် ဝုတ်.."

အကြီးအကဲ ခွေး လင်းဖန်ကို ဟောင်လိုက်တယ်..။

"ငါ့ရဲလ ပန်ကိတ်တွေကို ငါ့ဘော်ဒါတွေကိုလည်း ​ကျွေူးချင်သေးတယ်..။ကျန်တဲ့ ပန်ကိတ် ၂၉ လုံးပေါ့.."

လင်းဖန် အကြီးအကဲ ခွေးကို ထူးဆန်းစွာ ကြည့်လိုက်တယ်..။အဆုံးမှာတော့ သူရွေးချယ်စရာ မရှိပဲ..လုပ်ရပါတော့မယ်..။မဟုတ်ရင် နောက်တစ်ကြိမ် သူ အကြီးအကဲ ခွေးရဲ့ အကူအညီကို လိုအပ်တဲ့ အခါ လွယ်တော့မှာ မဟုတ်တော့ပါဘူး..။

မြို့သားတွေဟာ..မျက်တောင်မခက်ပဲ ကြည့်နေကြပြီး..သူတို့ရဲ့ စိတ်ထဲမှာတော့ ဝမ်းနည်းမူတွေ ဖြစ်ပေါ်နေခဲ့ကြပါတယ်..။

သူတို့က ပန်ကိတ်တစ်ခုတောင် ဝယ်လို့မရပေမယ့် အကြီးအကဲ ခွေးကတော့ ပန်ကိတ်တွေကို အလှူလုပ်ချင်နေခဲ့တာပါ..။

ဒါက နာကျင်စရာပါပဲ..။

…

ညအချိန်..။

လင်းဖန် နေရာဟောင်းမှာ ပြန်ပေါ်လာခဲ့တယ်..။

ဒီနေ့ညက အပေးအယူလုပ်မယ့်ညပါပဲ..။

သူအစက လီဟုကို စုံစမ်းချင်ပေမယ့်..ရဲဌာနက အလိုရှိနေတဲ့ မူးယစ်ရာဇာကိုပါ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။ကြည့်ရတာ သူကံကောင်းသွားတဲ့ ပုံပါပ​ဲ..။

သို့ပေမယ့် သူ ဂရုစိုက်ဖို့လိုပါသေးတယ်..။ဒီမူယစ်ရာဇာကို..ရဲဌာနကတောင် မဖမ်းနိုင်ဘူးဆိုတော့..အရည်အချင်း တစ်ချို့ရှိတဲ့ ပုံပါပဲ..။သူက အမြဲတမ်း သတိရှိတဲ့ လူတစ်ယောက်ဖြစ်နိုင်ပါတယ်..။

သူတို့ ဒီနေရာကို အလွှဲအပြောင်း လုပ်မယ့် နေရာအဖြစ်ရွေူးချယ်လိုက်တာက တကယ်ကောင်းမွန်တဲ့ ရွေးချယ်မူပါ..။

ဒီနေရာက လူတွေ အများကြီး ရောထွေးနေတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် သိပ်အာရုံစိုက်ခံရမှာ မဟုတ်ပေ..။

ခနကြာပြီးနောက်..။

မနေ့က တွေ့ခဲ့တဲ့ ဆံရှည်ဟာ ပြန်ပေါ်လာခဲ့တယ်..။လင်းဖန် ပြုံးဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..တစ်ယောက်လျော့နေတာကို သတိပြုမိလိုက်ပါတယ်..။မူးယစ်ရာဇာက သူနဲ့ ပါမလာခဲ့ပါဘူး..။

"ချီးပဲ အဲ့ငနဲက ဘယ်ကို သွားတာလဲ..။သူက ဘာလို့ ပါမလာတာလဲ.."

လင်းဖန် ကြောင်အသွားခဲ့ပါတယ်..။တကယ်လို့ သူ အကုန်လုံးကို တစ်ခါတည်းမဖမ်းနိုင်ရင် အရှက်ရစရာ ဖြစ်သွားမှာပါ..။

သိူ့ပေမယ့် ကံကောင်းချင်တော့ အကြီးအကဲ ခွေးကပါ သူနဲ့ အတူရှိနေခဲ့တယ်..။သူအစက အကြှီးအကဲ ခွေးကို ထားခဲ့ဖို့ လုပ်မိပေမယ့် တစ်ခုခု လွဲမှားတာ ဖြစ်လာမှာကြောင့်..အကြီးအကဲ ခွေးကိုပါ ခေါ်လာခဲ့တာပါ..။

"အကြီးအကဲ ခွေး မနေ့က တွေ့ထဲက လူထဲက တစ်ယောကိပါမလားဘူး..။သူ ဒီမှာ ရှိနေလား ကြည့်ကြည့်ပါဦး.."

လင်းဖန် ပြောလိုက်တာပါ..။

လင်းဖန် ဇာတ်ကားတွေ အများကြီးကြည့်ဖူးပါတယ်..။အဲ့အထဲမှာ ဘော့စ် တွေကအရိပ်ထဲမှာ နေပြီး တစ်ခုခုဖြစ်လာရင် ထွက်ပြေးနိုင်အောင် စီစဥ္ထားကြထားပါ..။

အကြီးအကဲ ခွေး မြေကြီးပေါ်မှာ..လဲလျောင်းရင်း အနံ့ခံနေခဲ့တယ်..။ရုတ်တရက် သူ ပြေးထွက်သွားခဲ့ပါတယ်..။

သူ့ရဲ့ ဥိီးတည်ချက်က ကလပ်ထဲကိုပါ..။

"ဒီလူက..ကလပ်ကို အစောကတည်းက လာပြီး ပုန်းနေတာလား.."

လင်းဖန် ရေရွတ်လိုက်တယ်..။ဒါက တကယ်ကို ကောင်းမွန်တဲ့ အကြံအစည်ပါပဲ..။

ဘယ်လောက် ပါးနပ်လိုက်လဲ..

သို့ပေမယ့်..သူဘယ်လောက်ပဲ ဥာဏ်ကောင်းကောင်း အကြီးအကဲ လက်ကနေတော့..ပြေးလွှတ်နိုင်မှာ မဟုတ်ပါဘူး..။

ဒုတိယထပ်..။

ကင်းမြီးကောက် ဟာ လက်ရန်းကို..မှီပြီး အခြေအနေကို .နေရာတစ်ခုလုံးကို ကြည့်နေခဲ့တယ်..။သူ့ရဲ့ ပုံစံက ပုံမှန်အတိုင်းသာ ရှိနေပြီး..ဘယ်သူ့ရဲ့ အာရုံစိုက်မူ မှ မရှိကြပါဘူး..။

သို့ပေမယ့်..သူ့ရဲ့ မသိစိတ်မှာ..စောင့်ကြည့်ခံနေရသလို ခံစားလိုက်ရတယ်..။

သူလှည့်လိုကိတဲ့ အချိန်မှာ..လူငယ်လေး တစ်ယောက် သူ့ကို စိုက်ကြည့်နေတာ တွေ့သွားခဲ့တယ်..။

အဲ့အချိန်မှာတော့..ကင်းမြီးကောက် ရဲ့ နှလုံးခုန်သံ မြန်လာခဲ့တယ်..။သူ တစ်ခုခု မှားနေပြီဆိုတာ ခံစားလိုက်ရပါတယ်..။သူ နေရာ ပေါင်းစုံက နေလွတ်မြောက်လာနိုင်ခဲ့တယ် ဆိုတာက သူ့ရဲ့ မသိစိတ်အာရုံက အရမ်းကို..အစွမ်းထက်နေလို့ပါ..။

ယင်းနောက် သူ ဘာမှ မတွေးတော့ပဲ သန့်စင်ခန်းဆီ လျောက်သွားလိုက်တယ်..။

လင်းဖန် အနည်းငယ် အံ့ဩသွားခဲ့တယ်..။ဒီလူက သူ့ကို တကယ် တွေ့သွားနိုင်လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

အစကတော့ ဒီလူ ထွက်ပြေးရင် လူအုပ်ထဲကို ပြေးမယ် ထင်ပေမယ့် သန့်စင်ခန်းထဲကို သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ပေ..။

ဒါက ကိုယ့်ဟာကို ထောင်ခြောက်ထဲ ဝင်သွားတာ မဟုတ်ဘူးလား...

အဲ့အချိန်မှာတော့ ကင်းမြီးကောင်ဟာ တွေးတောနေခဲ့တယ်..။ဒီလူငယ်လေးမှာ သူနဲ့ အတူ ဘယ်နှစ်ယောကိ ပါလာမလဲ ဆိုတာ သူမသိပါဘူး..။

တကယ်လို့ သူ သာ လူကြားထဲသွားရင် ရန်သူတွေက ဘယ်သူလဲ ဆိုတာကို သိမှာ မဟုတ်ပါဘူး..။ဒါကြောင့် သူ သန့်စင်ခန်းထဲသွားပြီး..ရန်သူတွေကို တိုက်ရိုက် ရင်ဆိုင်ဖို့သာ တတ်နိုင်ပါတော့မှာပါ..။

သူ့ရဲ့ကျွမ်းကျင်မူတွေနဲ့ဆိုရင် လူကောင်ကြီးကြီး ခုနှစ်ယောက် ရှစ်ယောက် လောက်ကိုတောင် အေးဆေး အမှောက်သိပ်နိုင်ပါတယ်..။

သူ့ကိုယ်သူ တွေးလိုက်တယ်..။

"မင်းက ငါ့ကို ဖမ်းနိုင်ပြီ ထင်နေတယ်ပေါ့..။ဒီလောက်အထိ တော့ မတုံးအလောက် ပါဘူးနော်.."

"လူငယ်လေး..မင်းရဲ့ ယုံကြည်မူ လွန်ကဲ မူအပေါ်မှာပဲ..အပြစ်တင်လိုက်တော့.."

All Chapters