ငါက အမှန်တရားကို ချစ်မြတ်နိုးတဲ့ နိုင်ငံသားကောင်းပဲ..
Vol. 39 Ch. 581
#ဘာသာပြန် = စနိုးဝှိုက်
သန့်စင်ခန်း ဝင်ပေါက်တွင်..။
လင်းဖန် သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်..။ယင်းနောက် သူ အကြီးအကဲ ခွေးကို ကြည့်လိုက်ပါတယ်..။အကြီးအကဲ ခွေးဟာ..သူ့ရဲ့ ခြေထောက်တွေကို မြှောက်လိုက်ပြီး တွေဝေခြင်းမရှိ အထဲကိုဝင်သွားခဲ့တယ်..။
ကင်းမြီးကောက် ဟာ ချက်ချင်း တိုက်ခိုက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ..ဒါက ခွေးတစ်ကောင် ဆိုတာ နားလည်လိုက်ပါတယ်..။သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပေမယ့်..သတိပြန်ဝင်လာခဲ့ပြီး ဝင်ပေါက်ကို အာရုံပြန်စိုက်ထားခဲ့တယ်..။
အကြီးအကဲ ခွေးဟာ..အထဲကို ဝင်လာခဲ့ပေမယ့် ဒီငနဲက သူ့ကို ဒီတိုင်း လျစ်လျူရူလိုက်မယ်လို့ မထင်ထားခဲ့ပါဘူး..။အကြီးအကဲ ခွေး ဒါကို သည်းမခံနိုင်ခဲ့ပေ..။
"ဝုတ် ဝုတ်.."
အကြီးအကဲ ခွေး ဟောင်လိုက်တယ်..။
"အမြန် အထဲကို ဝင်လာခဲ့..ဒီကောင်က ဝင်ပေါက်ဘေးနားမှာ ပုန်းနေတာ.."
ကင်းမြီးကောက်ဟာ..အကြီးအကဲ ခွေးကို..ကြည့်လိုက်ပြီး ပါးစပ် ပိတ်ထားဖို့ ပြောချင်နေခဲ့တယ်..။ယင်းနောက် ..သူဟာ ဝင်ပေါက်ကိုသာ အပြည့်အဝ အာရုံစိုက်ထားလိုက်ပါတယ်..။တကယ်လို့ တစ်ယောက်ယောက် သာ ဒီအချိန်မှာ ဝင်လာရင် သူ ချက်ချင်း တိုက်ခိုက်တော့မှာပါ..။
လင်းဖန် ပြုံးပြီး အထဲကို ဝင်သွားလိုက်တယ်..။
လေသီးထိုးချက်ကနေ လာတဲ့ လေထု ဟာ လင်းဖန် ဆီကို ဝင်ရောက်လာခဲ့ပါတယ်။
ဒါပေါ့..လေထု ရောက်လာတိုင်း လက်သီးက ရောက်နိုင်တယ် လို့ ပြောလိုမရပါဘူး..။
*ဖတ်*
လင်းဖန် လက်ကိုမြောက်ပြီး ကင်းမြီးကောက်ရဲ့..လက်သီးကို ဖမ်းထားလိုက်တယ်..။သူ ပြုံးလိုက်ပြီး..
"ခင်ဗျားရဲ့..ခွန်အားက တကယ် မဆိုးဘူးပဲ.."
သို့ပေမယ့်..သူ့ရဲ့ အေးအေးဆေးဆေး စကားပြောနေတဲ့ ပုံစံအရ လက်သီးရဲ့ ခွန်အားက ပြင်းထန်တယ် ဆိုတာ ယုံကြည်ဖို့ ခက်ခဲလှပါတယ်..။
ကင်းမြီးကောက် ရဲ့ အမူအရာဟာ ပြောင်းလဲသွားခဲ့တယ်..။ဒါက အတော်အဆင်မပြေ လှတာပါ..။သူ့ရဲ့ လက်သီးကို လင်းဖန်က ဒီလောက် လွယ်လွယ်ဖမ်းသွားလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။
သန့်စင်ခန်း ဧရိယာက ကျဥ်းလွန်းနေတဲ့ အတွကိကြောင့်..သူ တိုက်ခိုက်ချင်တိုင်း တိုက်ခိုက်လို့ မရပေ..။သိူ့ပေမယ့်..သူ လင်းဖန် ဆီကို ကန်ချက် တစ်ခု ထုတ်လိုက်ပါတယ်..။
"ဟီးဟီး..မူးယစ်ရာဇာကြီး..ခင်ဗျားက ပြစ်မူ ကျုးလွန် ချင်နေတာလား..။ခင်ဗျားတော့ အဆုံးသတ်ပြီ.."
လင်းဖန်...သူ့ပြိုင်ဘက်ကို ဂရုမစိုက်တဲ့ အတိုင်း ပြုံးပြီး ပြောလိုက်တာပါ..။
လျင်လျင် မြန်မြန် နဲ့ လွယ်ကူစွာပဲ..သူ ကင်းမြီးကောက် ရဲ့ ကန်ချက်ကို တားဆီး လိုက်တယ်..။
ကင်းမြီးကောက် ကြောင်အသွားခဲ့တယ်..။သူ မယုံနိုင်စွာဖြင့်..
"မင်း ဘယ်သူလဲ...။မင်းက ရဲအရာရှိလား..."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ဟင့်အင်.."
လင်းဖန်က ရဲတစ်ယောက် မဟုတ်ဘူးဆိုတာ ကြားတဲ့အချိန်မှာ ကင်းမြီးကောက် ..စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။တကယ်လို့ လင်းဖန်သာ ရဲဌာန ကဆိုရင် သူ့ရဲ့ ဘဝက တကယ် အဆုံးသတ်ပါပြီ..။
ကင်းမြီးကောက် လင်းဖန်ကို စိုက်ကြည့်လိုက်ပြီး..
"အမှန်တကယ် မင်းဘာလိုချင်တာလဲ..။ငါ မင်းကို နှောက်ယှက်ဖူး လိမ့်မယ်လို့တော့ မထင်ဘူး..ဟုတ်တယ်မလား.."
"ဟင့်အင်.."
လင်းဖန် ခေါင်းခါယမ်းလီုက်တယ်..။
"ဒါဆို မင်းဘာလို့ ငါ့ကို ဖမ်းချင်နေရတာလဲ.."
လင်းဖန် မပြောခင် ခနလောက် တိတ်ဆိတ်နေခဲ့ပြီးမှ..
"ဘာလို့လဲဆိုတော့ ကျုပ်က နိုင်ငံသားကောင်း တစ်ယောက် မို့လို့လေ.."
ကင်းမြီးကောက်. "????"
သူအနည်းငယ် သံသယ ဖြစ်သွားခဲ့တယ်..။ဒီကောင် ဘာကို ဆိုလို ချင်တာလဲ..။
လင်းဖန် ပြုံးလိုက်ပြီး..
"ကျုပ်က နိုင်ငံသားကောင်း တစ်ယောက်ပဲ..။လူတိုင်းမှာ ဒီလို သာယာပြီး ငြိမ်းချမ်းနေတဲ့ ရှန်ဟိုင်းကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်..။ခင်ဗျားလို မူးယစ်ရာဇာက အခု ကျုပ်လက်ထဲမှာ ဖမ်းမိနေပြီ..။ခနနေရင် ကျုပ် ရဲဌာနကို ဖုန်းဆက်ပြီး ခင်ဗျားကို ထောင်ထဲ ပို့တော့မှာ.."
ကင်းမြီးကောက် ပုခုံးတွန့်လိုက်ပြီး..
"ညီအစ်ကို..တကယ်လို့ တစ်ခုခု ရှိတယ် ဆိုရင် ငါတို့ စကားပြောလို့ရပါတယ်..။အမှန်တကယ် မင်းဘာကို လိုချင်တာလဲ...။မင်းသာ ငါ့ကို လွှတ်ပေးမယ် ဆိုရင် ငါမင်း ဆန္ဒကို ဖြည့်ဆည်းပေးမှာပါ.."
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။
"မဟုတ်ဘူး..ခင်ဗျား မဖြည့်ဆည်းပေးနိုင်ပါဘူး.."
ယင်းနောက် သူ ပြုံးလိုက်ပြီး..
"ကျုပ်သာ ခင်ဗျားကို ရဲလက်အပ်လိုက်ရင် နောက်ထပ် နိုင်ငံသားကောင်း ဆုတံဆိပ်ထပ် ရဥိီးမှာ.။ကံကောင်းရင် အခမ်းအနား ကျင်းပပြီးတောင် ဂုဏ်ပြုနိုင်သေးတယ်..။ဒါက အတော်ခံစားလို့ ကောင်းတာပဲ..။နိုင်ငံသားကောင်း ဆုဆိုတာ ဘာလဲ ခင်ဗျား သိလား..။ဒါက တကယ် ဂုဏ်ကျတ်သရေ ရှိတာ.."
"ဟားဟား.."
ကင်းမြီးကောက် ကြောင်အနေခဲ့တယ်..။သူ့ရှေ့မှာ ရှိနေတဲ့ ကောင်က တကယ် ငတုံးတစ်ယောက်လို ပါပဲ..။
နိုင်ငံသားကောင်း ဆုလား....
ခွေးမသား မင်းရဲ့ဆု က ကိုက်စားလို့ ရလို့လား...
ရုတ်တရက် ကင်းမြီးကောက်ဟာ..သူ လှုပ်လို့ မရတော့ဘူးဆိုတာကို သတိထားမိလိုက်တယ်..။သူ့ရဲ့ လက်တွေ ခြေထောက်တွေကို ခိုင်းစေလို့ မရတော့ပါဘူး..။အကြောက်တရားက သူ့ရင်ထဲကနေ ပေါ်ထွက်လာခဲ့ပါတယ်..။ကြည့်ရတာ..ဒီနေ့က သူ့ရဲ့ ကျရှုံးတဲ့နေရက် ဖြစ်လာတော့မယ့် ပုံပါပဲ...။
လင်းဖန် ကင်းမြီးကောက်ကို သန့်စင်ခန်းထဲ သယ်ပြီး..တံခါးပိတ်ထားလိုက်တယ်..။
"ဒီမှာ စောငိ့နေ..။အလျင်မလိုနဲ့...။အကုန်လုံး ခနနေရင် ပြီးသွားလိမ့်မယ်.."
ကင်းမြီးကောက်ဟာ..လင်းဖန် သာ သူ့ကို လွှတ်ပေးမယ်..ဆိုရင် ..မရေမတွကိနိုင်တဲ့ ပိုက်ဆံတွေနဲ့ ချမ်းသာမူကို ပေးမယ်လို့ ပြောချင်ပေမယ့်..ပါးစပ်ထဲကနေ ဘာအသံမှ ထွက်မလာခဲ့ပါဘူး..။သူ စကားမပြောနိုင်ခဲ့ပေ..။
ဒီတစ်ကြိမ် သူ ရှန်ဟိုင်းကို လာတယ် ဆိုတာက စျေးကွက်ချဲ့ထွင်ဖို့ အတွက်ပါ..။သူ့တပည့်တွေကို လွှတ်လို့ရပေမယ့် စိုးရိမ်တဲ့ အတွက် သူကိုယ်တိုင်လာခဲ့တာပါ..။
သို့ပေမယ့် သူ ဒီကိုလာတာကို တစ်နည်းနည်းနဲ့ ရဲဌာနက သိသွားခဲ့ပါတယ်..။ကြည့်ရတာ သူလျို ရှိနေတဲ့ပုံပါပဲ..။သူ ဒီကိစ္စကို ပြန်ရောက်ရင် စစ်ဆေးဖို့ စီစဥ္ထားပေမယ့် ဒီမှာတင် အဆုံးသတ်ရမယ်လို့ မထင်ထားခဲ့ပါဘူး..။
သီးသန့်ခန်းထဲတွင်..။
လီဟု ပစ္စည်းတွေကို ကိုင်ထားပြီး သေချာကြည့်နေခဲ့တယ်..။သူ ခေါင်းညိမ့်လိုက်ပြီး...
"မဆိုးပါဘူး..ဒါပေမဲ့..ပမာဏက..."
ဆံရှည် ပြောလိုက်တယ်..။
"အစ်ကို ဟု..စိတ်မပူပါနဲ့... ပမာဏက အများကြီး ရှိပါတယ်..။အရင်ဆုံး ဒါကို အရင်ရောင်းလိုက်ဦး..နောက်တစ်ခါကြမှ လိုသလောက် ယူပေါ့..."
"ဟားဟား.."
လီဟု..ဆံရှည်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"ညီအစ်ကို ငါမင်းနဲ့ မတွေ့ရတာ အတော်ကြာတော့..မင်းရဲ့..အဆက်အသွယ်တွေက အတော်ကို ကောင်းမွန်နေတာပဲ..။အနာဂတ်မှာ ပစ္စည်းကောင်းတွေ တွေ့ရင်လည်း မင်းရဲ့ အစ်ကိုကြီးကို မမေ့ရဘူးနော်.."
ဆံရှည် ခေါင်းညိမ့်လိုက်ပြီ..
"သေချာတာပေါ့..။ရှန်ဟိုင်းမှာ အစ်ကို ဟု ရဲ့ အင်အားကို မသိတဲ့လူ ရှိလို့လား..။အစ်ကို ဟု သာ ဒါကို ကိုင်တွယ်မယ် ဆိုရင် ကျွန်တော်တို့ရဲ့ ကာစတန်မာတွေ ဘယ်တော့မှ ရပ်တန့်မှာတောင် မဟုတ်တော့ဘူး..။အစ်ကိုဟုက အစိုးရပိူင်းမှာတောင် အဆက်အသွယ် တွေ ရှိနေတာပဲ.."
လီဟု..ရယ်မောလိုက်ပြီး ထပ်မပြောတော့ပေ..။ဆံရှည်က ဘာကို ပြောချင်နေတာလဲ ဆိုတာကို..သူ သိထားပါတယ်..။
ဒီပိုင်ထားတဲ့ နယ်မြေကို ဘယ်တော့မှ ရဲတွေ ရောက်မလာတာက ..သူ အစိုးရ ပိုင်းက လူတစ်ချို့ကို ပိုင်ထားလို့ပါ..။သိူ့ပေမယ့်..တစ်ခြားလူတွေထင်ထားတာက လီဟု က ရိုးရိုးသားသား စီးပွားရေး လုပ်နေတဲ့ စီးပွားရေး သမားတစ်ယောက်လို့ပါ..။သူတို့က သူ မူးယစ်ဆေးဝါး ရောင်းဝယ်နေတာကို မသိပါဘူး..။သူရင်တော့ အခြေအနေက တူမှာ မဟုတ်ပေ..။
သို့ပေမယ့် လီဟုက ပြင်ဆင်ထားပြီးပါပြီ..။တကယ်လို့..သူတို့ အစစ်ဆေး ရမယ် ဆိုရင်..ချက်ချင်း ရှောင်ထွက်ပြီး တစ်နေရာမှာ သွားနေတော့မှာပါ..။
အဲ့အချိန်မှာပဲ သီးသန့်ခန်းရဲ့ တံခါးဟာ ပွင့်သွားခဲ့တယ်..။
လီဟု ရဲ့ အမူအရာဟာ ပြောင်းလဲ သွားခဲ့ပြီး..
"မင်းကို ဘယ်သူ ဝင်လာခိုင်းလို့လဲ...."
သိူ့ပေမယ့် သူ ဘယ်သူလဲ ဆိုတာ မြင်လိုက်ရတဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။
"မာစတာ လင်း..."
လင်းဖန် ပြုံးလိုက်ပြီး..
"ဟီးဟီး..လူမိုက်တွေရော..မူးယစ်ဆေးတွေရော..ဒီမှာ အကုန်ရှိနေတာပဲ..။
ဒါကိုကြားတဲ့ ..အချိန်မှာ လီဟာ ရဲ့ အမူအယာဟာ ပျက်ယွင်းသွားခဲ့တယ်..။
"ငါတို့ ဘာလုပ်နေတယ် ဆိုတာကို မင်းသိနေတာလား.."
"သေချာတာပေါ့..."
လင်းဖန် ပြုံးလိုက်တာပါ..။
"မင်းက ငါတို့ကို တိုင်ကြားချင်နေတာလား.."
လီဟု နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်..။
"သေချာတာပေါ့..။ခင်ဗျားတို့ အမှိုက်တွေ ပြောနေတာ မဟုတ်ဘူးလား..။ကျုပ် သာ ခင်ဗျားတို့ကို အဆုံးသတ်ပေးလိုက်ရင် ဒါက တကယ့်ကို ကြီးမားတဲ့ အကျိုးဆောင်မူကြီးပဲ..။နိုင်ငံသားကောင်း ဆုတံဆိပ်က ကျုပ်ဆီကို ချက်ချင်း ရောက်လာမှာ..."
လင်းဖန် ပြောလိုက်တာပါ..။
အဲ့အချိန်မှာပဲ..လီဟု ရဲ့ စိတ်ထဲမှာ သတ်ဖြတ်ချင်စိတ် တွေ ပေါ်ထွက်လာခဲ့တယ်..။
တစ်စုံတစ်ယောက်ကို သတ်လိုက်တာက ပြသနာ ရှိနိုင်ပေမယ့် ဒီကိစ္စသာ ပေါ်သွားရင် သူ့ဘဝ လုံးဝ အဆုံးသတ်ပါပြီ..။
လီဟု..မျက်နှာပျက်ယွင်းစွာ ပြောလိုက်တယ်..။
"အိုကေ အိုကေ...ဒီညတော့ သေဆုံးခြင်းမြစ်မှာ နောက်ထပ် ဝိဥာဥ္ တစ်ကောင် ထပ်ပေါ်လာတော့မယ့် ပုံပဲ.."
လင်းဖန် ကတော့ ဒီသုံးယောက်ကို လုံးဝ ဂရုစိုက်တဲ့ ပုံ မရှိပါဘူး..။သူ ဖုန်းကို ထုတ်ပြီး ခလုတ်တစ်ချို့ကို နိပ်လိုက်တဲ့ အချိန်မှာ လီဟုရဲ့ အသံထွက်ပေါ်လာခဲ့ပါတယ်..။
"ကျုပ်တော့ နောက်ထပ် သက်သေတစ်ခု ရပြန်ပြီ..။ခင်ဗျားက ကျုပ်ကို သတ်ချင်နေတာပါ..။ဒီတစ်ကြိမ်တော့ ခင်ဗျားလုံးဝ အဆုံးသတ်ပြီ..။ကံကောင်းရင်တော့ ခင်ဗျား ရဲ့ လက်ကျန်ဘဝကို ထောင်ထဲမှာပဲ ဖြတ်သန့်ရမှာပေါ့.."
လင်းဖန် ပြုံးလိုက်တယ်..။ကံဆိုးရင် ဒီငနဲက ကင်းမြီးကောက် နဲ့ အတူ သေဒဏ် ကျနိုင်ပါတယ်..။
လီဟု ပြောလိုက်တယ်..။
"ကြည့်ရတာ မင်းက နောက်ဆုံးအချိန်အထိ ငါ့ကို ဆန့်ကျင်ချင်နေတာပဲ.."
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"မှားတယ်..ကျုပ်ခင်ဗျားကို ဆန့်ကျင်နေတာ မဟုတ်ဘူး..။ရှန်ဟိုင်းရဲ့ နိုင်ငံသားကောင်း တစ်ယောက် အနေနဲ့ လုပ်သင့်တာကို လုပ်နေတာ..."
"ငရဲကို သွားလိုက်တော့.."
အဲ့အချိန်မှာပဲ ဆံရှည်ဘေးက လူဟာ လင်းဖန် ဆီကို ရုတ်တရက် ပြေးဝင်လာခဲ့တယ်..။
သို့ပေမယ့် လင်းဖန် အတွက်ကတော့ ဒီလူတွေက ခန္တာကိုယ်ပဲ သန်မာနေကြတာပါ..။သူ့လို ကျွမ်းကျင် အဆင့်နဲ့ တွေ့တဲ့ အချိန်မှာတော့ ဒီလူဟာ..ခနအတွင်းမှာပဲ မှောက်သွားခဲ့တယ်..။
ဆံရှည် ဒါကို မြင်တဲ့ အချိန်မှာ နှလုံးခုန်သံ မြန်သွားခဲ့ပါတယ်..။ဒီငနဲက ဒီလောက်အထိ သန်မာလိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး..။
"အစ်ကိုဟာ..ဘာတွေ ဖြစ်နေတာလဲ.."
ဒီလူက..ကင်းမြီးကောက် ရဲ့ လူတွေထဲမှာ အတော်ဆုံး ဖိုက်တာ ပါ..။သူက အရမ်းသန်မာ ပေမယ့် လင်းဖန် နဲ့ တွေ့တဲ့အချိန်မှာ စက္ကန့်အနည်းငယ်တောင် မတောင့်ခံနိုင်ခဲ့ပါဘူး..။ဒါက တကယ်ကို ကြောက်စရာပါပဲ..။
ဘာတွေ ဖြစ်နေတာလဲ လီဟုက ဘယ်လို သိမှာလဲ..။သူလည်း မတွေးတတ်တော့ပေ..
နိုင်ငံသားကောင် ဆုအတွက် ဒါတွေ လိုက်လုပ်နေတာလား...
လင်းဖန်က တော့ ခွန်အားတွေ ပြည့်နေခဲ့ပါပြီ..။သူ့မျက်လုံးတွေဟာ စိတ်လှုပ်ရှားမူကြောင့် တောက်ပနေခဲ့ပြီး..
"ကျုပ်နဲ့..နိုင်ငံသားကောင်းဆု ကြားမှာ လာနှောက်ယှက်တဲ့ လူတိုင်း ဒီလို အဆုံးသတ်ရမှာပဲ.."
ချီးပဲ..
ဆံရှည်နဲ့ လီဟု တို့ဟာ လင်းဖန် အတွက်တော့ ပြိုင်ဘက်ကောင်းတွေ မဟုတ်ခဲ့ပေ..။သူတို့ ဘာအခွင့်အရေးမှတောင် မရှိပဲ အမှောက်သိပ်ခံလိုက်ရပါတယ်..။
လင်းဖန် သူ့လက်တွေကို ဖုန်ခါပြီး..စားပွဲပေါ်က သေတ္တာကို ကြည့်လိုက်တယ်..။
"မင်းတို့ကို မဟုတ်တဲ့ အလုပ်တွေကို သိပ်ကြိုက်ကြတာပဲ..။ဒါကတင် မင်းတို့ အသက်ကိုယူဖို့ လုံလောက်နေပြီ..။မင်းတို့တွေ ဘဝတော့ အဆံူးသတ်ပြီပဲ.."
လင်းဖန် သူတို့ကို ပြောလိုက်တာပါ။ဒါပေါ့..နောက်ဆက်တွဲတွေကို သူ လီရှောင်ရှမ်း ဆီကိုပဲ အပ်ရမှာပါ..။