အံ့ဩစရာ
Vol. 39 Ch. 582
#ဘာသာပြန် = စနိုးဝှိုက်
ဝိတ်တာဟာ..ဝိုင်ပုလင်းတွေကို သယ်ပြီး သီးသန့်ခန်းကို ရောက်လာခဲ့တယ်..။
သူ့သူဌေးက အခုလေးတင်ပဲ..ဝန်ဆောင်မူ ဘဲလ် ကို တီးလိုက်တာပါ..။သူ့ သူဌေး ဝိုင်လိုချင် နေတယ် ဆိုတာ သူ သိနေတဲ့ အတွက် .ဝိုင်တွေကို ပါ တစ်ခါတည်း ယူလာလိုက်ပါတယ်..။
သူ တံခါးကို တွန်းဖွင့်လိုက်တယ်..။
လင်းဖန် က .လီဟု ကို ဖက်ထားပြီး..သီချင်း တစ်ပုဒ် သီဆိုနေခဲ့ပါတယ်..။သူက ခံစားချက် အပြည့်နဲ့ သီဆိုနေခဲ့တာပါ..။
"သူငယ်ချင်း ဆိုတာ .ဘဝတစ်လျောက်လုံး အတူ ဖြတ်သန်းကြတဲ့ လူတွေပါ....."
ဝိတ်တာဟာ အနည်းငယ် ပဟေဠိဖြစ်သွားခဲ့တယ်..။ဒီမှာ လူသုံးယောက်ပဲ ရှိနေတာ မဟုတ်ဘူးလား..။ဘာလို့ အခု လေးယောက် ဖြစ်နေတာလဲ..။
ပြီးတော့ သူ့ရဲ့ သူဌေးက ခံစားချက်မဲ့စွာ ထိုင်နေခဲ့တာပါ..။ဘာလို့ သူ့မျက်လုံးက ဘယ်ညာ ရွေ့နေတာလဲ..။
သို့ပေမယ့် သူ ဘာမှ မမေးရဲပေ..။သူ ဝိုင်တွေကို သာ ချပြီး..အခန်းပြင်ကို ပြန်ထွက်လာခဲ့ပါတယ်..။
ဝိတ်တာ ထွက်ခွာသွားပြီး နောက်မှာ လင်းဖန် ရယ်မောလိုက်တယ်..။
"ခင်ဗျားက တကယ် မနာခံ တတ်တာပဲ..။ကျုပ်သာ ဥာဏ်မကောင်းရင် မိသွားတော့မလို့..."
လီဟု..မျှော်လင့်ချက် တွေ ပျောက်ဆုံးသွားခဲ့တယ်..။ဒီငနဲက..ဒီလောက် သရုပ်ဆောင်တတ်မယ် လို့ သူမထင်ထားခဲ့ပါဘူး..။ဝိတ်တာကလည်း အတော်ကို တုံးအတာပါ..။
ရှန်ဟိုင်း ရဲဌာန တွင်..။
လီရှောင်ရှမ်း အလုပ်ရှုပ်နေခဲ့တယ်..။သူ ..ရဲအရာရှိတွေ နဲ့ အတူ ..အစည်းအဝေး တစ်ခု ပြုလုပ်နေခဲ့တာပါ..။
"ဒီကိစ္စကို ဖြစ်နိုင်သမျှ မြန်မြန် ဖြေရှင်းရမယ်..။ကင်းမြီးကောက် ရှန်ဟိုင်းမှာ ပေါ်လာတဲ့က ကောင်းတဲ့ သတင်းမဟုတ်ဘူး..။ဒါက လမ်းပျောက်နေတဲ့ အနေအထားဆိုရင် တောင် မင်းတို့ သဲလွန်စ တစ်ခုခု ကို ရှာဖွေနိုင်လိမ့်မယ် လို့ ငါမျှော်လင့်ပါတယ်.."
ဌာန ခေါင်းဆောင်ဟာ စင်ပေါ်မှာ ရပ်နေပြီ ပြောလိုက်တာပါ..။သူတို့ အတွက်ကတော့..လက်ရှိအချိန်တွေက အရေးပေါ် အခြေအနေ တွေပါပဲ..။
"စစ်ဆေးရေးမှုး လီ , မင်း နည်းနည်း ပိုအားထုတ်ပြီး ကြိုးစားပေးပါဦး..။ကင်းမြီးကောက် က အရမ်းကို အန္တရာယ် များတယ်..။သူ ရှန်ဟိုင်းမှာ ဆက်ပြီး လှုပ်ရှားခွင့်ရနေမယ် ဆိုရင် ဘာတွေ ဖြစ်လာမယ် ဆိုတာ မင်းလည်း သိထားမှာပါ..."
လီရှောင် ရှမ်း ခေါင်းညိမ့်လိုက်ပြီး..
"ကျွန်တော် နားလည်ပါပြီ..ဌာနခေါင်းဆောင်.."
…
အစည်းအဝေး ပြီးသွားခဲ့တယ်..။
ရဲအရာရှိ တိုင်းက သူတို့ရဲ့ပုခုံးပေါ်မှာ ကျောက်တုံး အကြီးကြီးကို တင်ထားသလို ခံစားနေကြရပါတယ်..။သူတို့ နေ့တိူင်း နောက်ကျတဲ့ အထိ အလုပ်ကြိုးစားကြပေမယ့်..အခုထိ ဘာသဲလွန်စမှ မရသေးပါဘူး..။
ဒီလို အခြေအနေ တွေ ဖြစ်နေတာက ကင်းမြီးကောက်က ဘာ သဲလွန်စမှ ချန်မထားခဲ့လို့ပါ..။သူတို့ သိတာ ဆိုလို့ ကင်းမြီးကောက် ရဲ့ လည်ပင်းမှာ တက်တူး ရှိတယ် ဆိုတာပါပဲ..။သူက ရှန်ဟိုင်းမှာ ရှိနေတယ် ဆိုပေမယ့်..သူ့ကို ရှာပြီး ဖမ်းဖို့ ဆိုတာက ကောက်ရိုးပုံထဲ အပ်ရှာရတာ ထက်တောင် ပိုပြီး ခက်ခဲပါသေးတယိ..။
"စစ်ဆေးရေးမှူး..ကျွန်တော် တို့ အခုဘာလုပ်ကြမလဲ..."
ရဲအရာရှိတစ်ယောက်က မေးလိုက်တာပါ..။
လီရှောင်ရှမ်း ပြောလိုက်တယ်..။
"အကုန်လုံး..ပြန်ပြီးတော့ အချိန်ပို ဆက်ဆင်းရမယ်..။တစ်ဖွဲ့လုံးကို အကြောင်းကြားလိုက်..။နေရတစ်ခုစီ တိုင်းကို စစ်ဆေးဖို့ လူလွှတ်ရမယ်..။ငါတို့..ကင်းမြီးကောက်ရဲ့ တည်နေရာကို သိရမှ ဖြစ်မယ်..."
"သိပါပြီ စစ်ဆေးရေးမှူး လီ.."
*ကလင် ကလင်*
လီရှောင်ရှမ်း ခေါင်းကိုက်စရာ အခြေအနေ ဖြစ်နေတဲ့ အချိန်မှာပဲ ဖုန်းဝင်လာခဲ့ပါတယ်..။
"စစ်ဆေးရေးမှူး လီ..ဘာတွေ လုပ်နေတာလဲ..။အလု့ပ်ရှုပ်နေတာလား.."
လီရှောင်ရှမ်း ပြောလိုက်တယ်..။
"ဟင်း...မာစတာ လင်းက ဘယ်လို ထင်လို့လဲ..။အဲ့ ငနဲ ရှန်ဟိုင်းကို ရောက်ကတည်းက..ရှန်ဟိုင်းရဲတပ်ဖွဲ့က လူတွေ အနားကို မရသေးဘူး..။ကျွန်တော်တို့ သူ့ကိုပဲ ရှာနေကြရတာ.."
လင်းဖန် ပြောလိုက်တယ်..။
"ကျွန်တော် သူ့ကို ရှာတွေ့ရင် နောက်ထပ် နိုင်ငံသားကောင်း ဆုတံဆိပ်ရလောက်လား..။ဒါမှမဟုတ်..ကျွန်တော့်အတွက် အခမ်းအနားတွေ ဘာတွေ တောင် ကျင်းပပေးနိုင်လောက်လား..."
လီရှောင်ရှမ်း ပြုံးလိုက်ပြီး..
"မာစတာ လင်း ..တကယ်လို့ မင်းသာ..သူ့ကို ဖမ်းနိုင်မယ် ဆိုရင်..နိုင်ငံသားကောင်း တံဆိပ်တင်မဟုတ်ဘူး..တစ်ခြား ကြိုက်တဲ့ဆုတွေတောင် အကုန်ယူလို့ ရတယ်..။မူးယစ်းဆေး နိမ်နင်းရေး အဖွဲ့က ကွန်မနိဒါ တွေ ဆိုရင် ..သူတို့ရဲ့ ဘဝတစ်လျောက်လုံးမှာ ဒီလူကို..ဖမ်းဖို့ အတွက်ပဲ..ရှင်သန်လာခဲ့ကြတာ..."
"အဲလောက်တောင်ပဲ လား.."
လင်းဖန် တည်ငြိမ်စွာ မေးလိုက်တာပါ..။
"ဒါပေါ့..အလေးအနက်ပဲ..။သူက..အလိုအရှိဆုံး ပြစ်မူ ကျူးလွန်သူတွေ ထဲက တစ်ယောက်ပဲ.."
လီရှောင်ရှမ်း ပြောလိုက်တာပါ..။
အဲအချိန်မှာတော့ လင်းဖန် ခံစားချက်တွေ ကောင်းမွန်နေခဲ့တယ်..။ကင်းမြီးကောက်က ငါးအကြီးကြီး ဖြစ်နေလိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး..။
"စစ်ဆေးရေးမှူးလီ ကျုပ်ခင်ဗျားကို အကြောင်းမကြားဘူးလို့ မပြောနဲ့နော်..။ခင်ဗျားလူတွေခေါ်ပြီး xx ဘားကို အခုလာခဲ့တော့..။ကျုပ်မှာ ခင်ဗျားအတွက် စပရိုက် ရှိတယ်..."
"ဘာကို ဆိုလိုတာလဲ.."
လီရှောင်ရှမ်း အံ့ဩသွားခဲ့တယ်..။သူ့စိတ်ထဲမှာတော့ မျှော်လင့်ချက်တွေနဲ့ ပြည့်နေခဲ့ပါပြီ..။
လင်းဖန် ပြောလိုက်တယ်..။
"ခင်ဗျားရောက်ရင် သိလိမ့်မယ်..။လူ ပိုခေါ်လာခဲ့ဖို့ မမေ့နဲ့ဦး.."
*တီ *
ဖုန်းကျသွားခဲ့ပါတယ်..။
ီလီရှောင်ရှမ်း ငုတ်တုတ် ထိုင်နေရင်းကနေ အတွေးနက် နေခဲ့တယ်..။ယင်းနောက် သူ အလျင်အမြနိပဲ ပြေးထွက်သွားလိုက်ပါတယ်..။မာစတာ လင်းက သူ့ကို ခေါ်နေပြီ ဆိုမှတော့ သူအချိန်ဆွဲနေလို့ ရမှာ မဟုတ်ပါဘူး..။ဧ
ဖြစ်နိုင်တာက....
"အမြနိ လူစုပြီး ..ငါ့နောက်လိုက်ခဲ့ကြ..
လီရှောင်ရှမ်း အမိန့်ပေးလိုက်တယ်..။ရဲအရာရှိတွေဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အံ့ဩသင့်နေခဲ့ကြပါတယ်..။
"ဘာတွေ စောင့်နေကြတာလဲ..။ငါ သတင်းရထားပြီးပြီ..အမြန်လုပ်ကြ.."
အဲအချိန်မှာပဲ ရဲအရာရှိတွေ သတိပြန်ဝင်လာခဲ့ကြတယ်..။
"ချီးပဲ..ဘာ သတင်းလဲ.."
"ဘယ်လို ဖြစ်နိုင်မှာလဲ..။နားကြားမှားတာ များလား.."
"ဘယ်သူ သိမှာလဲ..အမြန်လူစုလိုက်တော့..။ငါတို့ ရောက်ရင် သိလိမ့်မယ်.."
…
သီးသန့်ခန်းထဲတွင်..။
လင်းဖန် အခွင့်အရေးကို သိသွားတဲ့ အချိန်မှာတော့ ကင်းပြီးကောက်ကို ..သန့်စင်ခန်းထဲက..ထုတ်ပြီး သီးသန့်ခန်းထဲကို ဆွဲခေါ်လာခဲ့လိုက်ပါတယ်..။
ဆံရှည်ဟာ..ကင်းပြီးကောက်ကို မြင်တဲ့ အချိန်မှာ အံ့ဩသင့်သွားခဲ့တယ်..။သူတို့ရဲ့ သူဌေးတောင် အဖမ်းခံရလိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး..။
လင်းဖန် လက်ခုပ်တီးလိုက်တယ်..။
"ကောင်းပြီ..အခုတော့ လူစံူသွားပြီ..။ရဲအရာရှိတွေ မကြာခင် ဒီရောက်လာကြတော့မယ်..။မင်းတို့ ထောင်ထဲရောက်မှ စကားဆက်ပြောကြပေါ့.."
ကင်းမြီးကောက်ဟာ သူ့ဘဝ ရှန်ဟိုင်းမှာ အဆုံးသတ်ရမယ် လို့ မထင်ထားခဲ့ပါဘူး..။သူဘယ်လောက်ပဲတွေးတွေး ဘယ်လို စောက်ကျိုးနဲတွေ ဖြစ်နေတာလဲ ဆိုတာ သူနားမလည်နိုင်ခဲ့ပေ.။
အကြီးအကဲ ခွေးကတော့ ဘေးမှာ ထိုင်ပြီး အသီးတွေကို စားနေခဲ့တယ်..။
လင်းဖန်ကတော့ ရဲတွေ ရောက်လာတာကို စောင့်ရင်း သီချင်းဆိုနေခဲ့ပါတယ်..။
ခနကြာပြီးနောက်..။
အပြင်ဘက်ကနေ ရဲကားသံတွေ ထွက်ပေါ်လာခဲ့ပါပြီ..။
မရေမတွက်နိုင်တဲ့ ယောက်ျားနဲ့ မိန်းမတွေဟာ..ဒါကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြတယ်..။ဘာတွေ ဖြစ်နေတာလဲ ဆိုတာ သူတို့ စဥ္းစားလို့ မရကြပါဘူး..။
တည်နေရာကို ရောက်တဲ့..အချိန်မှာပဲ လီရှောင်ရှမ်း ချက်ချင်း အမိန့်ပေးလိုင်တယ်..။
"ဒီနေရာတစ်ခုလုံးကို ဝိုင်းထားလိုက်..။ဝင်လာတဲ့ လူရော ထွက်သွားခဲ့တဲ့ လူတွေ ရော အကုန်လုံးရဲ့ အချက်အလက်တွေကို စစ်ဆေး..။သံသယ ရှိတဲ့လူ မှန်သမျှ အကုန်လုံးကို ဖမ်းလိုက်..."
"ရက် ဆာ.."
သိပ်မဝေးတဲ့ နေရာတစ်ခုမှာတော့..။
သတင်းထောက် တစ်ချို့ဟာ..ဆယ်လီ တစ်ယောက်ကို တိတ်တဆိတ် ဓာတ်ပုံ ရိုက်နေကြတာပါ..။သို့ပေမယ့်..သူတို့ အခြေအနေ မူမမှန်ဘူးဆိုတာ သတိထာမိသွားပြီး သိချင်သွားခဲ့တယ်..။
"ဘာတွေ ဖြစ်နေတာလဲ..!
"ဘာလို့ ရဲတွေ အများကြီး ရောက်လာကြတာလဲ.."
"မသိဘူးလေ.."
"ကြည့်ရတာ တစ်ခုခု ကြီးမားတာ ဖြစ်နေတဲ့ ပုံပဲ..။အမြန်သွားကြည့်ရအောငိ.."
လီရှောင်ရှမ်း ဖုန်းခေါ်လိုက်ပါတယ်..။
"မာစတာ လင်း..အခုဘယ်မှာလဲ.."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ဒုတိယ ထပ် ရဲ့ သီးသန့်ခန်း ထဲမှာ..။ကျုပ် အပြင်က အသံတွေ ကြားနေရတယ်..အထဲကို ဝင်ခဲ့လေ..!
လီရှောင်ရှမ်းရဲ့ မျက်နှာမှာ တက်ကြွမူတွေ ပေါ်လာခဲ့တယ်..။တကယ် အတိအကျ ဘာတွေ ဖြစ်နေတာလဲ..။ယင်းနောကိ..သူ လူတစ်ချို့ကို ခေါ်ပြီး အထဲကို ဝင်သွားခဲ့ပါတယ်..။
"နောက်ကလိုက်ခဲ့..။ကျန်တဲ့လူတွေက ဝင်ပေါက်ကို စောင့်ကြည့်ထား..ဘယ်သူမှ မဝင်စေနဲ့..."
"ရက် ဆာ..."
…
လင်းဖန် လီဟု နဲ့ ကျန်တဲ့ လူတွေကို ကြည့်လိုက်ပြီး..
"ရဲတွေ ဒီရောက်နေပြီ..မင်းတို့ ဘဝကတော့ အဆုံးသတ်ပြီ..."
သူတို့က ဘာမှ ပြန်မပြောနိုင်ကြပေမယ့်..သူတို့မျက်လုံးကနေတဆင့် အတော် ဒေါသထွက်နေတယ် ဆိုတာကို မြင်နိုင်ပါတယ်..။
ဘန်း...
လီရှောင်ရှမ်း တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့ပါတယ်..။အတွင်းဘက်မှာ မီးရောင် မှိန်နေတဲ့ အတွက်သူ ချက်ချင်းပဲ..မီးတွေကိုဖွင့်လိုကိတယ်..။သူ စိတ်မရှည်စွာ မေးလိုက်ပါတယ်..။
"မာစတာ လင်း..ဘာတွေ ဖြစ်နေတာလဲ.."
လင်းဖန် ပြုံးလိုက်ပြီး..
"ဒါ ဘယ်သူလဲ ဆိုတာ ခင်ဗျား ကိုယ်တိုင်ပဲ ကြည့်လိုက်တော့.."
လီရှောင်ရှမ်း သူ့ရှေ့က လူတွေကို ကြည့်ပြီး ပဟေဠိဖြစ်သွားခဲ့တယ်..။သူ ဒီထဲက တစ်ယောက်ကိုမှ မမှတ်မိပါဘူး..။သို့ပေမယ့် သူ စားပွဲပေါ်က သေတ္တာ နှစ်ခုကို မြင်တဲ့ အချိန်မှာ အံ့ဩသွားခဲ့ပါတယ်..။
ဒီထဲက ..မူးယစ်ဆေး အထုတ်တွေနဲ့ ပိုက်ဆံတွေ ရှိနေခဲ့တာပါ..။
"ဒါက မူးယစ်ဆေးတွေပဲ.."
လီရှောင်ရှမ်း အံ့ဩသွားခဲ့တယ်..။
"မာစတာ လင်းက တကယ် အံ့ဩဖို့ကောင်းတာပဲ..။မင်း တကယ်ပဲ..မူးယစ်ဆေး အရောင်းအဝယ်လုပ်တဲ့ နေရာကို ရှာနိုင်ခဲ့တယ်.."
လင်းဖန် လီရှောင်ရှမ်ကို ကြည့်ပြီး ပြောလိုက်တယ်..။
"ချီးပဲ..ကျုပ် ခင်ဗျားကို အဲတာကြည့်ခိုင်းတာ မဟုတ်ဘူးလေ..။ကျုပ်က ဒါကိုကြည့်ခိုင်းတာ.."
သူ ကင်းမြီးကောက်ရဲ့..ကော်လံကို ဆွဲချလိုက်ပြီး..
"ဒါ ဘာလဲ ဆိုတာကို ကြည့်လိုက်..."
လီရှောင်ရှမ်း ကြောင်အသွားခဲ့တယ်..။
"ဘာလဲ...ကင်းမြီးကောက်လား..."
လင်းဖန် ဂုဏ်ယူစွာ ခေါင်းညိမ့်လိုက်တယ်..။
"ဒါအမှန်ပဲ ..သူက ကင်းမြီးကောက်ပဲ..။လူဆိုးတွေရော..တရားမဝင်း ရောင်းဝယ်တဲ့လူတွေရော ဒီမှာ အကုန် ရှိနေပြီ...။ဒီလူတွေက..မူးယစ်ဆေးအရောင်းအဝယ် လုပ်နေတာကို ကျုပ်က ဖမ်းဆီးထားတာ..။ကျုပ် တကယ် ကောင်းကောင်း လုပ်ပေးခဲ့တယ်လို့ မထင်ဘူးလား.."
လီရှောင်ရှမ်း ဆွံ့အသွားခဲ့တယ်..။သူ အသက်ရူဖို့တောင် ခက်ခဲနေခဲ့ပါပြီ..။
ဘယ်လိုဖြစ်နိုင်မှာလဲ...။
ရှန်ဟိုင်း ရဲတပ်ဖွဲ့ တစ်ခုလုံး အားကြိုးမာန်တက် ကြိူးစားနေတာတောင် ဘာသဲလွန်စမှာ မရပေမယ့်..မာစတာ လင်းက ရှာဖွေနိုင်ခဲ့ပါတယ်..။ထပ်ပြောရရင် မူးယစ်ဆေးတွေကိုပါ ဖမ်းမိခဲ့တာပါ..။
တကယ်လို့ ကျန်တဲ့ ရဲအင်အားစုတွေသာ ဒါကို သိရင် ပုန်းစရာ နေရာတောင် ရှိတော့မှာ မဟုတ်ပါဘူး..။
ဒါက တကယ်ကို အရှက်ရစရာပါ..။
လီရှောင်ရှမ်း လက်မထောင်ပြလိုက်ပြီး..
"အံ့ဩစရာပဲ သူဌေးလေး..။တကယ်ကို အံ့ဩဖို့ကောင်းတယ်..။ကျွန်တော် မာစတာ လင်းကို တကယ်လေးစားမိပါတယ်..။ဒါက..အရမ်း အရမ်းကို ကြီးမားတဲ့..အကျိုးဆောင်မူကြီးပဲ..."
လင်းဖန် ဂုဏ်ယူစွာ ပြောလိုက်တယ်..။
"ဒါကောင်းတယ်..။ဒီလူတွေကို ဖမ်းဖို့..ဒီခွေးလေးကလည်း အများကြီး ကူညီခဲ့တာ..။နိုင်ငံသားကောင်း ဆုတံဆိပ်ပေးအပ်တဲ့ အခမ်းအနား လုပ်မယ် ဆိုရင် ကျုပ်ကို အရင် အသိပေးသင့်တယ်နောိ..။ကျုပ် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုအပ်တယ်.."
အကြီးအကဲ ခွေး နီကိုးလပ် ဟာ ထိုင်နေရင်း ကနေ တွေးတောလိုက်တယ်..။
"ငါ မင်းကို ဘယ်တုန်းက ကူဖမ်းပေးခဲ့လို့လဲ..။မင်းကသာ ငါ့ကို ကူညီခဲ့ရတာ..။ငါ မရှိပဲ..မင်းဖမ်းလို့ ရမယ် ထင်နေလား..။သူတို့ကို ငါ ဖမ်းခဲ့တာပဲ..."
လီရှောင်ရှမ်းကတော့ ပြေစရာ စကားကင်းမဲ့ နေခဲ့ပါပြီ..။
သို့ပေမယ့် အခုက ဒါတွေကို တွေးတော့ရမယ့် အချိန်မဟုတ်သေးပါဘူး..။သူ ဒီလူတွေကို စခန်းကို ခေါ်သွားပြီး မေးခွန်းထုတ်ရဦးမှာပါ..။
…