အမှန်တရား ဖန်တို့တော့..မှားယွင်းစွပ်စွဲ ခံနေရပြီ...
Vol. 39 Ch. 583
#ဘာသာပြန် = စနိုးဝှိုက်
နောကိတစ်ရက်..
*ကလင် ကလင်*
လင်းဖန် ဆီကို ဖုန်းဝင်လာတဲ့ အချိန်မှာ သူအပြည့်အဝ မနိုးသေးပါဘူး..။
"ချီးပဲ..အခုမှ အစောကြီးရှ်ိသေးတယ်..။ခင်ဗျား မအိပ်ဘူးလား.."
"ညီအစ်ကို မင်းက ဘာလို့ အိပ်နေသေးတာလဲ..။အဟုတ်ဘူး..မင်း ဘယ်လိုဖြစ်ပြီး အိပ်နေနိုင်သေးတာလဲ.."
ဝမ်မင်ယန် အံ့ဩသင့်စွာ မေးလိုက်တာပါ..။
လင်းဖန် ဘာပြောရမှန်း မသိတော့ပဲ..။
"ခင်ဗျား ဘာပြောချင်တာလဲ..။ကျုပ်က အိပ်ဖို့ မလိုအပ်တဲ့ လူလို့ ထင်နေတာလား."
ဝမ်မင်ယန် နားလည်သွားခဲ့တယ်..။
"ချီးပဲ..ဒီ သတင်းထောက်တွေက တကယ် ခွေးတွေပဲ..။သူတို့ က မင်းအကြောင်းကိုတောင် သတင်းအတု ရေးထားကြသေးတယ်.."
လင်းဖန် မေးလိုက်တယ်..။
"ဘာတွေ ဖြစ်နေတာလဲ..။ဘာကို သတင်းအတုလဲ.."
"ကိုယ့်ဟာကို ကြည့်လိုက်တော့..။သူတို့တွေက အင်တာနက်မှာ..မင်း မနေ့ညက မူးယစ်ဆေး ကုန်ကူးတဲ့ အတွက်ကြောင့် ဖမ်းခံရတယ်လို့ သတင်းရေးထားကြတာ.."
လင်းဖန် အိပ်ချင်စိတ်တွေ ပျောက်သွားခဲ့တယ်..။
"ချီးပဲ..ဘယ်ကောင်က ရေးထားတာလဲ..။ကျုပ်က အိမ်မှာ အေးအေးဆေးဆေး အိပ်နေတာလေ..ဘယ်လိုဖြစ်လို့ အဖမ်းခံရမှာလဲ..။ကျုပ် ဖုန်းချလိုက်တော့မယ်..အခြေအနေကို ကြည့်လိုက်ဦးမယ်.."
သူ ဝိုက်ဘိုကို ဖွင့်လိုက်တယ်..။
သူသတင်းခေါင်းစဥ္ ကို မြင်တဲ့ အချိန်မှာ မေ့လဲ မလိုတောင် ဖြစ်သွားခဲ့ပါတယ်..။
သူသတင်း အပြည့်အစုံ မဖတ်နိုင်ခင်မှာပဲဝူယူလန် ဟာ ဖုန်းခေါ်လာခဲ့တယ်..။
"အစ်ကိုလင်း..."
"ငါသိတယ်...။ငါ့ကို ဘာမှ မမေးနဲ့ဦး..။ငါ အဆင်ပြေတယ်..။တစ်ယောက်ယောက်က သတင်းအတု ဖန်တီးပြီး ငါ့ကို စွပ်စွဲထားတာ..။ငါ အခြေအနေကို စစ်ဆေးကြည့်လိုက်ဦးမယ်..."
သူ ဖုန်းချလိုက်တာနဲ့..နောက်ထပ် ဖို်းတွေဟာ ဝင်လာခဲ့တယ်..။
ကျိုးမင်ချင်း..
ကျောက်ကျနး်ယန်
အဖေ လင်း...
…
သတင်းကို ဖတ်လိုက်တယ်..။
လင်းဖန် ဒေါသထွက်နေခဲ့ပါပြီ.။ဘယ်ခွေးသားက ဒီသတင်းကို ရေးထားတာလဲ..။ဒါက မှားယွင်းစွပ်စွဲ ထားတာ ဖြစ်ပြီး လံူးဝကိုမှားယွင်းတဲ့ ကောလဟာလ ပါ..။
နေ့စဥ္သတင်း တင်ဆက်မူ : "မနေ့ည ၁၁ နာရီ လောက်က..ရဲတွေ အများကြီးဟာ xx ဘား ဝန်းကျင်ကို ပိတ်ဆို့ ထားခဲ့ကြတယ်..။အဲ့အချိန်မှာပဲ အဲ့နားမှာ ရှိနေတဲ့ သတင်းထောက် တစ်ချို့က စုံစမ်းလိုက်တဲ့ အချိန်မှာ မူးယစ်ဆေး ရောင်းဝယ်မူကို ဖမ်းဆီးဖို့ လုပ်နေတယ် ဆိုတာ သိလိုက်ရတယ်လေ..။သူတို့ထဲက တစ်ယောက်က ဘားပိူင်ရှင် ဖြစ်ပြီး နောက်တစ်ယောက်က အင်တာနက်မှာ နာမည်ကြီးနေတဲ့ မာစတာ လင်းပဲ..။အမှန်တရားကို အမြဲလေးစား ခဲ့တဲ့ မာစတာ လင်း..ကဒီလို မူးယစ်ဆေး ရောင်းဝယ်မူကို လုပ်လိမ့်မယ် လို့ ဘယ်သူက ထင်ထားမှာလဲ..။ဒီအပြောင်းအလဲက တကယ်ကို လှပတယ်....."
ဒီမှာ ပုံတစ်ပုံရှိနေတဲ့ အတွက် အမှန်တရားလို ဖြစ်နေခဲ့ပါတယ်..။
ဓာတ်ပုံကလည်း လံူးဝ အသေအချာကို ရိုက်ကူးမိထားတာပါ..။
ဓာတ်ပုံထဲမှာ..လင်းဖန်ဟာ ရဲကားထဲကို ဝင်နေခဲ့တာပါ..။ရဲအရာရှိတစ်ယောက်ဟာ လင်းဖန်ရဲ့ ပုခုံးကို ကိုင်ထားခဲ့တယ်..။ဒီရူထောင့်ကနေ ကြည့်ရင်တော့ လင်းဖန်က ကျိန်းသေ အဖမ်းခံလိုက်ရတာပါပဲ..။
ဒါက..
လင်းဖန် ဆွံ့အသွားခဲ့တယ်..။တကယ်လို့ အမှန်တရား ဖန်ကသာ..မူးယစ်ဆေး ရောင်းဝယ် တဲ့ လူဖြစ်နေရင် ကမ္ဘာကြီးက မျှော်လင့်ချက် မဲ့သွားတော့မှာပါ..။
သူ ဝိုက်ဘိုပေ့ချ် ကို သွားပြီး မှတ်ချက်တွေကို ဝင်ဖတ်ကြည့်လိုက်ပါတယ်..။
"ချီးပဲ..ဘာတွေ ဖြစ်နေတာလဲ ဆိုတာ တစ်ယောက်ယောက် ရှင်းပြကြစမ်းပါ..။မာစတာ လင်းက..မူးယစ်ဆေး ေရာင်းဝယ်နေတယ် ဆိုတာ ငါတော့ မယုံကြည်ဘူး"
"ငါလည်း မယုံကြည်ဘူး..။မာစတာ လင်း ဆိုတာက အမှန်တရားကို လေးစားတဲ့ လူမျိုးပဲ..။သူက ဘယ်လိုဖြစ်ပြီး ဒီလို အရာမျိုးတွေကို လုပ်ပါ့မလဲ.."
"ဟားဟား..ပရိတ်သတ်တွေကတော့ ရူးသွပ်နေကြပြီ..။ဒီမှာ ဓာတ်ပုံရှိနေတာ မမြင်ဘူးလား..ဒါက အမှန်ပဲ.."
"တစ်စုံတစ်ယောက်ရဲ့ ရုပ်ကို မြင်နိုင်ပေမယ့် နှလုံးသားကို မြင်ရမှာ မဟုတ်ဘူး..။မာစတာ လင်းက ဒီလို လူမျိုးလို့ ငါတကယ် မထင်ထားခဲ့ဘူး..."
"ဟားဟား..မာစတာ လင်း ပရိတ်သတ်တွေ အံ့ဩနေကြပြီ.."
အဲ့အချိန်မှာတော့ တစ်ချို့ ဆယ်လီတွေဟာ..ဝိုက်လို ဆွေးနွေးမူထဲ ဝင်လာခဲ့ကြပါတယ်..။
ချန်းဂျင်က ပထမ အဆင့် ယောက်ျားလေး ဆယ်လီ တစ်ယောက်ဖြစ်ပြီး ပေါ်ပြူလာ ဖြစ်တဲ့ ဇာတ်ကားတွေ အများကြီး..ရိုက်ကူးခဲ့ပါတယ်..။
"မာစတာ လင်း...မူးယစ်ဆေး ရောင်းဝယ်တဲ့လူ ဖြစ်နေတာက ငါ့ကို စိတ်ပျက်စေတယိ..။သူ့ရဲ့ အရင်က လုပ်ရပ်တွေကြောင့် သူက အမှန်တရားကို မြတ်နိုးတဲ့ လူလို့ ငါထင်ထားခဲ့တယ်..။သူက ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..။ဒါက တကယ်စိတ်ပျက်ဖို့ ကောင်းတာပဲ.."
ယန်ဂျင်..: " ငါ သူ့ကို ပထမဆုံး အကြိမ် တွေ့ကတည်းက သူက လူကောင်းမဟုတ်တာကို သိနေခဲ့တယ်..။အခုတော့ အရာအားလုံးပ ပေါ်လာခဲ့ပြီလေ.."
…
တစ်ယောက်ပြီး တစ်ယောက်..များပြားလှတဲ့ ဆယ်လီ တွေဟာသူတို့ရဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော်လာခဲ့ကြပါတယ်..။
"ချီးပဲ..ဒီဆယ်လီ တွေ အကုန်လုံးကို ငါက စိတ်ပျက်စေမိတာလား..။သူတို့က ဘယ်တုန်းက ငါ့ကို ဂရုစိုက်သွားကြတာလဲ..."
သာမန်လူတွေက အပြစ်တင်တယ် ဆိုရင် သူ လက်ခံလို့ရပါသေးတယ်..။အခုဟာ က ဆယ်လီ တွေ အများကြီး ထွက်ပြီး သူ့ကို ရိုက်ချနေကြတာပါ..။
ဒီလို လုပ်ဖို့ လိုအပ်လို့လား....
လီရှောင်ရှမ်း ရဲ့ ဖုန်းဝင်လာခဲ့တယ်..။
"မာစတာ လင်း..သတင်းတွေ့ပြီးပြီလား..။ကျွန်တော်လည်း မာစတာ လင်းကို ဒီလောက်အထိ ပြသနာ ဖြစ်လာစေမယ် လို့ မထင်ထားခဲ့ဘူး..။စိတ်မပူပါနဲ့ ရှန်ဟိုင်း..ရဲဌာနရဲ့ တရားဝင် ဝိုက်ဘိုပေ့ချ်ကနေ ကြေညာချက်ထုတ်ပြန်ပေးပါ့မယ်.."
လင်းဖန် ပြောလိုက်တယ်..။
"အလျင်မလိုဘူး..။ကျုပ် ဒီလူတွေ ရဲ့ နာမည်တွေ အကုန်လုံးကို အရင်မှတ်လိုက်ဦးမယ်..။ပြီးမှ အကြောင်းကြားလိုက်မယ်.."
လီရှောင်ရှမ် ပြန်ဖြေလိုက်တယ်..
"ကောင်းပြီလေ.."
မာစတာ လင်း ဘာကို ဆိုလိုချင်မှန်း သူသိပ်တော့ နားမလညိပါဘူး..။
လင်းဖန် ဒီဆယ်လီ တွေကို ကြည့်လိုက်တယ်..။သူ့စိတ်ထဲမှာတော့ ဒေါသထွက်နေခဲ့တာပါ..။သူ ဒီနာမည်တွေကို ချက်ချင်းပဲ မှတ်သားထားလိုက်တယ်..။
"မင်းတို့ တွေ ငါ့ကို လာရှုပ်ချင်တယ် ဆိုရင် ငါသေချာ မှတ်ထားမှာပါ..။တကယ်လို့ မင်းတို့မှာ..တစ်ခုခု ပြသနာ ဖြစ်လာခဲ့ရငါ သေတဲ့အထိ အပြစ်တင်ပြမယ်.."
လင်းဖန် သူ့ကိုသူ တွေးလိုက်တာပါ..။
တိမ်ဖြူလမ်း..။
ဆိုင်ပိုင်ရှင်တွေဟာ အလျင်အမြန် စုဝေးလာခဲ့ကြတယ်..။
"အကြီးအကဲ ထျန်..သတင်းက အမှန်မဟုတ်ပါဘူးနော်..ဟုတ်တယ်မလား..။သူဌေးလေး တကယ်ပဲ..."
"ခင်ဗျား အရေးမပါတာတွေ ပြောနေတာပဲ..။သူဌေးလေးက ဒါမျိုး လုပ်မယ့် လူမို့လိူ့လား..။အင်တာနက်က ဟာတွေကို မယုံကြည်နဲ့.."
"ဒါပေမဲ့ ဓာတ်ပုံထဲက လူက တကယ်ပဲ သူဌေးလေးလေ.."
"မင်းဘာတွေ ပြောနေတာလဲ..။ပုံထဲက လူက သူဌေးလေးနဲ့ နည်းနည်းပဲ တူနေတာပါ.."
လူလိမ် ထျန် လက်ဝေ့ယမ်းလိုက်ပြီး..
"ပုံထဲက လူကတော့ သူဌေးလေးပဲ..ဒါပေမဲ့ သတင်းတွေ ထဲကလို မဟုတ်ဘူး..။သူက မူးယစ်ဆေး ကုန်ကူးတာမဟုတ်ဘူး..။အကုန်လုံး နားလည်မူ လွဲနေကြတာ.."
ဆိုင်ပိုင်ရှင်တွေဟာ စိတ်သက်သာရာရ သွားခဲ့တယ်..။
"ငါ မင်းတို့ကို ပြောသားပဲ..။သူဌေးလေးက ဘယ်လိုဖြစ်ပြီး ဒီလို အလုပ်ကို လုပ်မှာလဲ.."
…
လင်းဖန် နာမည်တွေကို မှတ်သားပြီး ဝိုက်ဘိုမှာ ဆေ့ထားခဲ့တယ်..။ယင်းနောက် သူ လီရှောင်ရှမ်း ကို ဖုန်းခေါ်လိုက်ပြီး..
"ကောင်းပြီ ..ကျွန်တော့် နာမည်ကို အမြန်ပြန်အဖတ်ဆယ်ပေး ပါဦး..."
ဒီကိစ္စကို ဒီတိုင်း ဆက်ပြီး လွှတ်မထားတာက အကောင်းဆုံးပါ..။ဘယ်လို အခြေအနေထိ ရောက်သွားမလဲ ဆိုတာကို ဘယ်သူသိနိုင်မှာလဲ..။
လီရှောင်ရှမ်းကတော့ လင်းဖန် အခုလို အစွပ်စွဲ ခံရတာကို အံ့ဩသင့်နေခဲ့့ပါတယ်..။မာစတာ လင်းက မနေ့ညက အကောင်းဆုံး အကျိုးပြုခဲ့ပေမယ့် ဒီလို အခြေအနေဖြစ်လာမယ်လို့ မထင်ထားခဲ့ပါဘူး..။မာစတာ လင်းကြောင့်သာ မဟုတ်ရင် ဒီအမူက လွယ်လွယ် ဖြေရှင်းနိုင်မှာ မဟုတ်ပေ..။
ဒါကြောင့် ရဲဌာနက မာစတာ လင်းရဲ့ နာမည်ကို ပြန်ကာကွယ် ပေးရပါလိမ့်မယ်..။
ရဲဌာန ၏ ဝိုက်ဘိုပေ့ချ် : "မာစတာ လင်း မူးယစ်ဆေးဝါး ေရာင်းဝယ် နေတယ် ဆိုတဲ့ သတင်းဟာ သတင်းအမှား ဖြစ်သည်..။အဖမ်းခံလိူက်ရတဲ့ လူဟာ နိုင်ငံတစ်ဝှမ်းလုံးမှာ အလိုရှိနေတဲ့ အန္တာရာယ် အများဆံူး မူးယစ်ရာဇာ ဖြစ်သည်..။မနေ့ညက မူးယစ်ရာဇာကို ၁၁ နာရီ ခန့်တွင် ဖမ်းမိခဲ့ပြီး..မာစတာ လင်းက ပါဝင်ကူညီ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်..။မာစတာ လင်း အခုလို အမှန်တရားအပေါ် လေးစားပြီး ရဲဌာနကို ကူညီပေးခဲ့တဲ့ အပေါ် များစွာ ဂုဏ်ယူမိပါသည်..။ရဲတပ်ဖွဲ့ တစ်ခုလံူး ကိုယ်စား ကျေးဇူးတင်ရှိပါသည်..။အင်တာနက်က သတင်းအမှား အတွက် သေချာ စုံစမ်းစစ်ဆေးပြီး မာစတာ လင်းရဲ့ နာမည်ကို ပြန်လည် သန့်ရှင်းစေမည် ဖြစ်သည်.."
ဒီ ပို့စ်တက်လာနဲ့ လင်းဖန်လည်း ဝိုက်ဘို ပိုစ့်တစ်ခု တင်လိုက်ပါတယ်..။
"ဒီ နာမည်စာရင်းမှာ ပါတဲ့ ဆယ်လီတွေ ..ဘဝမှာ ဥပဒေ ချိုးဖောက်မူ မလုပ်မိကြစေနဲ့နော်.။မဟုတ်ရင် အမှန်တရား ဖန် က မင်းတို့ကို ချက်ချင်းဖော်ထုတ်မှာ..။မင်းတို့ အခု ငါ့ရဲ့ စောင့်ကြည့်ချင်းကို ခံနေရပြီ..။ဂရုစိုက်နေကြတော့..."
လင်းဖန် အတော်ကို မပျော်မရွင်ဖြစ်နေခဲ့တယ်..။သူ သာ လက်စားမချေနိုင်ရင်..လူကြီးလူကောင်း ပီသတော့မှာ မဟုတ်ပါဘူး..။
သူ ဒါကို သေချာ မှတ်သားထားရမှာပါ..။
အင်တာနက်..။
"ချီးပဲ..."
"အစိုးရက ကောလဟာလတွေကို ဆန့်ကျင်လိုက်ပြီ.."
"မအိမ်လံူးတွေ..မာစတာ လင်းကို မှားယွင်းစွပ်စွဲတဲ့ လူတွေ အခု နာကျင်နေကြပြီမလား..."
"မာစတာ လင်းက တကယ်အံ့ဩစရာပဲ..။မင်းတို့ အခု မာစတာ လင်းကို ကြိတ်ကြွေနေကြပြီ မလား.."
"ဟားးးဟား မာစတာ လင်း ထွက်လာပြီ..။မင်းတို့ကို မာစတာ လင်းက မှတ်သားထားပြီနော်..။မာစတာလင်းက အမြဲတည်း စောင့်ကြည့်နေတော့မှာ.."
ပထမ ဆုံး ကောလဟာလ ကိုဖြန့်မိတဲ့ သတင်းထောက်ဟာ..ဒါကို မြင်တဲ့ အချိန်မှာ ကြောက်လန့်သွားပြီး ချက်ချင်းအရှုံးပေးကာ..သတင်းမှား အဖြစ် ဝန်ခံခဲ့ပါတယ်..။
အဲ့အချိန်မှာတော့ ဆယ်လီ တွေဟာ..အမှန်တရားကို သိတဲ့ အချိိ်န်မှာ ရှက်ရွံ့သွားကြပြီး သူတို့ရဲ့ ဝိုက်ဘို ပို့စ်တွေကို ဖျက်ပစ်လိုက်ကြတယ်..။သူတို့က ဒီလိှုင်းလုံးကို အသုံးချပြီး နာမည်ယူချင်ခဲ့ကြပေမယ့် သူတို့ ဘက်ကို ပြန်လှည့်လာမယ်လို့ မထင်ထားခဲ့ကြပါဘူး..။
"တောင်းပန်ပါတယ် မာစတာ လင်း ..ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.."
ဆယ်လီ တစ်ယောက်က ပို့တင်လိုက်တာပါ..။
ချီးပဲ ဘယ် အယ်ဒီတာက ဒီသတင်းကို ရေးခဲ့တာလဲ....
လင်းဖန် တွေးလိုက်တယ်..။
"တောင်းပန်လို့ နောက်မကျသေးဘူး..။မင်းတို့ နဲနဲ ရိုးသားသင့်တယိ..။မဟုတ်ရင်တော့ သေဖို့ ပြင်ထားကြ.."
အဲ့အချိန်မှာတော့ လင်းဖန်ဟာ ထိန်းချုပ်လို့ မရတော့ပါဘူး..။ငါ..အမှန်တရား ဖန် က မင်းတို့ အပြစ်တင်ချင်တိုင်း တင်လို့ရတဲ့လူ မဟုတ်ဘူး..။မင်းတို့ အခုကစပြီး အနေအထိုင် ဆင်ခြင်ကြတာ ပိုကောင်းလိမ့်မယ်..။