ကျုပ် သူ့ကို လေ့ကျင့်ပေးမယ်
Vol. 39 Ch. 584
#ဘာသာပြန် = စနိုးဝှိုက်
ရဲဌာနတွင်..။
ခေါင်းဆောင် တစ်ယောက်က ပြောလိုက်တယ်..။
"စစ်ဆေးရေးမှူး လီ ..မင်း ဒီတစ်ကြိမ် ကောင်းကောင်း လုပ်ဆောင်ခဲ့တာပဲ..။အထက်လူကြီးတွေ အတော်ကျေနပ် နေကြတယ်.."
လီရှောင်ရှမ်း စစ်ဆေးရေးမှူး ရာထူးကို ယူပြီး ကတည်းက..အမူတွေ အများကြီး ဖြေရှင်းခဲ့ပေမယ့် ဒီနေ့ အမူနဲ့ ယှဥ္ရင်တော့ ဘာမှ မပြောပလောက် ပါဘူး..။အရင်အမူတွေက နှိုင်းယှဥ္လို မရပေ..။
လီဟုကို ဖမ်းမိတာက ပျော်စရာ ကိစ္စဖြစ်ပေမယ့်..ကင်းမြီးကောက်ကိုဖမ်းမိတာက သူတို့ရဲ့ စိတ်ခွန်အားတွေကို တက်ကြွစေပါတယ်..။ထပ်ပြောရရင် ကင်းမြီးကောက်ဆီက သတင်းအချက်အလက်တွေ အများကြီး ရလာခဲ့တာပါ..။
သူက မူးယစ်ရာဇာ တစ်ယေယက် ဆိုတော့ လျိုဝြှက်ချက် အများကြီးကို သိထားတာ ပုံမှန်ပါပဲ..။အရင်တုန်းက ဆိုရင် ရဲတွေဟာ တည်နေရာတွေကို သွားရှာ ပေမယ့်..ဘာမှ အကျ်ိုးမထူးတာ များပါတယ်..။သိုပေမယ့် အခုတော့ ကွာခြားသွားခဲ့ပါပြီ..။ကင်းမြီးကောက် ဆီက အချက်အလက်တွေ နဲ့ ဆိုရင် သူတို့ အလုက်လုပ် တာ ပိုလွယ်ကူသွားတော့မှာပါ..။
လီရှောင်ရှမ်း ရှက်ရွံ့စွာ ပြောလိုက်တယ်..။
"ဌာန ခေါင်းဆောင်..ကျွန်တော်က ဘာမှ သိပ်မလုပ်ရပါဘူး..။ဒါက မာစတာ လင်းရဲ့ အကျိုးဆောင်မူတွေ ကြောင့်ပါ.."
ဌာန ခေါင်းဆောင် အကူညီမဲ့စွာ ခေါင်းခါယမ်း လိုက်တယ်..။လီရှောင်ရှမ်းက မာစတာ လင်းနဲ့ ဘာလို့ ဒီလောက်အထိ ရင်းနှီးနေတာလဲ သူ မသိတော့ပါဘူး..။လီရှောင်ရှမ်းက မာစတာ လင်းနဲ့သိထားတာက မဟာ ကံကောင်းမူကြီးပါ..။သူက .အမူကြီးတွေ တစ်ခုပြီးတစ်ခု ဖြေရှင်းပြီး လစာတိူး..ရာထူးတက် နေရတာက မာစတာ လင်း ကြောင့်ပါပဲ..။
တကယ်လို့ မာစတာ လင်းသာ ရဲအရာရှိဖြစ်လာရင် ဘယ်အဆင့်အထိ ရာထူးတက်သွားမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပေ..။
သူက လူကုန်ကူးအဖွဲ့ကို ဖမ်းပြီး..တစ်နိုင်ငံလုံးကိုလည်း အံ့ဩသင့်စေခဲ့ဖူးပါတယ်..။
ဒီတစ်ကြိမ် ကင်းမြီးကောက်က ရဲဌာနအတွက် ပိုကြီးမားတဲ့ ပြသနာ တစ်ခုဖြစ်နေခဲ့တာပါ..။
ခေါင်းဆောင် လက်ဝေ့ယမ်းလိူက်ပြီး..
"ကောင်းပြီ..မင်းကတော့ ဘာမှ တွေးမိမှာ မဟုတ်ဘူး..ဒါပေမဲ့ မာစတာ လင်းက အမူကြီးကို ဖြေရှင်းတိုင်း တစ်ခြားလူကို အကြောင်းမကြားပဲ မင်းကိုပဲ အကြောင်းကြားနေတာ..။မင်းတို့က တကယ်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာပဲ..။ကြည့်ရတာ မင်းရဲ့ စစ်ဆေးရေးမှူး ရာထူးကတော့ ပြောင်းလဲတော့မယ် ထင်တယ်.."
"အာ.."
လီရှောင်ရှမ်းရဲ့ မျက်နှာဟာ အရောင်လက်သွားခဲ့တယ်..။ယင်းနောက် သူ ရှက်ရွံ့သွားခဲ့ပြီး..
"ခေါင်းဆောင် ကျွန်တော်..စစ်ဆေးရေးမှူးရာထူး ယူထားတာတောင် မကြာသေးဘူးလေ..။တကယ်လို့..ကျွန်တော်သာ.. ထပ်ပြီး မြန်မြန် ရာထူးတက်သွားရင် လူတွေက ပြောကြလိမ့်မယ်.."
ခေါင်းဆောင်ဟာ ပြောလိုက်တယ်..။
"ဒါတွေကို အာရုံစိုက်မနေနဲ့..အဖွဲ့အစည်းရဲ့ စီစဥ္မူ အတိုင်းကိုသာ လိုက်နာ..။ဒီမာစတာ လင်းက အကြိမ်တိုင်း မင်းကိုပဲ သတင်းပေးနေတာ..။ကြည့်ရတာ မင်းမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အရည်အချင်း တစ်ချို့ ရှိနေတဲ့ ပုံပဲ..။ဒါက တကယ် တန်ဖိူး ရှိတယ်.."
လီရှောင်ရှမ်း ဘာမှ ထပ်မပြောတော့ပေ..။ဒါက အတော် အဓိပ္ပါယ် ရှိပါတယ်..။သူ့ရဲ့ စွမ်းရည်က မာစတာ လင်းကို ယုံကြည်တာပါပဲ..။
မာစတာ လင်း ဘယ်ချိန်ပဲ သူ့ကိုခေါ်ခေါ် သူ ဘာမှ တွေးမနေတော့ပဲ..ဌာနကနေ အလျင်အမြန် ထွက်သွားလေ့ရှိပါတယ်..။ကြည့်ရတာ အနာဂတ်မှာ သူမာစတာ လင်း အပေါ် ပိုပြီး ယုံကြည်ရတော့မယ့် ပုံပါပဲ..။
လီရှောင်ရှမ်း အတွက်တော့ မာစတာ လင်းနဲ့ တွေ့ပြီးကတည်းက ပိုပိုပြီး ကံကောင်းလာခဲ့တာပါ..။သူ ရာထူးတက်တဲ့ အကြိမ်တိုင်း..ဘာမှ ထွေထွေထူးထူး မလုပ်ခဲ့ရပါဘူး..။မာစတာ လင်း ဖုန်းဆက်တဲ့ နေရာကို သွားပြီး တရားခံကို ဖမ်းလိုက်ယုံပါပဲ..။
ဒါကို တွေးကြည့်လိုက်ရင် တကယ်ကြောက်စရာပါပဲ..။
အဲ့အချိန်မှာပဲ လီရှောင်ရှမ်း လင်းဖန်ရဲ့ တောင်းဆိုမူကို..မှတ်မိသွားခဲ့တယ်..။
"ဒီတစ်ကြိမ် မာစတာ လင်းက ကင်းမြီးကောက်ကို ဖမ်းပြီး ကြီးမားတဲ့ အကျ်ိုးဆောင်ထားတာ ဆိုတော့..နိုင်ငံသားကောင်းဆုနဲ့..ဂုဏ်ပြုပွဲ အခမ်းအနားကို သူ့ကို လုပ်ပေး သင့်တယ် ထင်တယ်နော်..။အဲတာ ဖြစ်လာပါ့မလား.."
လီရှောင်ရှမ်း မေးလိုက်တာပါ..။
ခေါင်းဆောင်ဟာ ပြန်ပြောလိုက်တယ်..။
"ဒီကိစ္စတွေကို စိတ်မပူနဲ့..။အဖွဲ့ အစည်းက စဥ္းစားနေကြတယ်..။အနည်းဆုံးတော့..ဂုဏ်ပြုပွဲ အခမ်းအနားတော့ ဖြစ်လာမယ် ထင်တာပဲ..။ဘာပဲဖြစ်ဖြစ်..အဖွဲ့အစည်းက မာစတာ လင်းလို လူမျိုးကို အလေးထားဖို့ လိုအပ်တယ်လေ..."
"ဒါ ကောင်းတယ်.."
လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်ပါတယ်..။အနည်းဆုံးတာ့..ဒါက မာစတာ လင်းကို. ပျော်ရွှင်စေမှာပါ..။
တိမ်ဖြူလမ်း...။
လင်းဖန် ဆိုင်ကို ရောက်လာခဲ့တယ်..။သို့ပေမယ့် ဆိုင်ပိုင်ရှင် တွေ အကုန်လုံးက ဒီမှာ ရောက်နေခဲ့ကြပါပြီ..။
"သူဌေးလေး.မင်း တကယ်ငါတို့ကို ကြောက်လန့်ပြီး သေအောင် လုပ်နေကြတာပဲ..။အင်တာနက် ပေါ်က သတင်းတွေကို မြင်တုန်းက ငါတို့က အမှန်လို့ ထင်သွားခဲ့ကြတာ..."
"ဒီ ကိုယ်ကျင့်တရား မရှိတဲ့ သတင်းထောက်တွေက ကြိုက်သလိုကို လုပ်နေကြတော့တာပဲ..."
"သူဌေးလေးက တကယ် အံ့ဩသင့်ဖို့ ကောင်းတာပဲ..။မင်းက တကယ် သူရဲကောင်းပဲ..."
လင်းဖန် ပြုံးပြီး လက်ဝေ့ယမ်းလိုက်တယ်..။
"ဘာတွေ များကောင်းနေလို့လဲ..။ကျုပ်က ဒီတိုင်း လူဆိုးကို ဖမ်းပေးရုံတင်ပဲလေ..။အင်တာနက်ပေါ်က သတင်းအတု တွေ အတွက်ကတော့ ကျုပ်စိတ်ကို မဝင်စားဘူး..။ကျွန်တော်က အဲလို သဘောထားကြီးတဲ့ လူတစ်ယောက်ပဲ.."
ဒီစကား လုံးတွေက သိပ်တော့ မဟုတ်သေးပါဘူး..။ဘယ်သူက ဒီသတင်းတွေကို ဂရုမစိုက်ပဲ နေမှာလဲ..။ကောလာဟာလ တွေကို မာစတာ လင်း တုန့်ပြန်တဲ့ ပုံစံက အတော်ကို ဒေါသထွက်နေတဲ့ ပုံပါ..။
ဆိုင်ပိုင်ရှင်တွေဟာ သက်ပြင်းချလိုက်ကြတယ်..။သူဌေးလေးကတော့ သူဌေးလေးပါပဲ..။သူ့ရဲ့ အကျင့်စရိုက်က တကယ်ကို တမူထူးခြားပါတယ်..။
ဝူယူလန်ဟာ သူမရဲ့ ပါးစပ်ကို ပိတ်ပြီး ရယ်မောလိုက်တယ်..။သူမ မနက်.အစ်ကို လင်းကို ဖုန်းခေါ်တုန်းက ဒီလိုပုံစံမျိုး မဟုတ်ပါဘူး..။
သို့ပေမယ့် အခု ပြသနာက ဖြေရှင်းပြီး သွားပြီ ဆိုတော့ အစ်ကိုလင်းက ဘာမှ မဟုတ်သလိုမျိုး ပြုမူ နေခဲ့ပါတယ်..။
ရဲဌာနတွင်..။
လီယန်ဟာ..သူ့အဖေ မူးယစ်ဆေးဝါးမူနဲ့ အဖမ်းခံလိုက်ရပြီ ဆိုတာသိတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။သူ အခုလို လုပ်ချင်တိုင်း လုပ်နေရတဲ့ အကြောင်းအရင်းက သူ့အဖေကြောင့်ပါ..။
သူ့ မိသားစုနောက်ခံကြောင့် လူတွေ အများကြီးနဲ့ အဆက်အသွယ် ရှိပါတယ်..။သူ ကျောင်းမှာ ဘယ်လို အခြေအနေပဲ ရှိရှိ ကူညီပေးမယ့် လူတွေ ရောက်လာကြမှာပါ..။အခု..သူ့ရဲ့ အဓိက ထောက်တိုင်ကြီး..လဲကျသွားပြီ ဆိုတော့ လီယန် ကောင်းကင်ကနေ..ပြုတ်ကျ သလို ခံစားလိုက်ရတယ်..။
သူက အသက်မပြည့်သေးပေမယ့် သူ့ရဲ့ ဆိုးရွားတဲ့ အပြုအမူတွေကြောင့် လူငယ် ထိန်းသိမ်းရေး စင်တာကို အပို့ခံရနိုင်ပါတယ်..။
ရှေ့ဆက်ပြီး ဆက်ဖြစ်မလဲ ဆိုတာကတော့ ဘယ်သူမှ မပြောနိုင်ပါဘူး..။
သို့ပေမယ့် အဲဒိီမှာ ကျိန်းသေ ရိုက်နှက်ခြင်းတွေ..ဆူဆဲခြင်းတွေကို ခံရမှာပါ..။
လူငယ် ထိန်းသိမ်းရေး..စင်တာမှာတော့ အကျိုးအကြောင်းတွေ သွားပြောပြလို့ ရမှာ မဟုတ်ပေ..။သူ လုပ်ခဲ့တဲ့ အပြစ်တွေကို အဲ့မှာ သွားပြီး ခံစားရတော့မှာပါ..။
တကယ်လို့..သူ သာ လိုက်နာ နိုင်တယ် ဆိုရင် အဆင်ပြေသေးပေမယ့်..လိုက်မနာနိုင်ဘူးဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး..။
ဆေးရုံတွင်..။
လင်းဖန် အသီးတွေကို သယ်ပြီး လူနာဆောင်ထဲကို ဝင်လာခဲ့တယ်..။
"အကြီးအကဲ ချန်း.ကောင်လေး လိန် အခြေအနေ ဘယ်လိုလဲ..."
"အန်ကယ်လင်း.."
အန်ကယ်လင်းက သူ့ကို ကယ်တင်ခဲ့တဲ့ လူဆိုတာ ချန်းလိန် သိထားပြီးသားပါ..။ပုံမှန်အားဖြင့်..သူက လိ္မ္မာတဲ့ ကလေးတစ်ယောက်ပါပဲ..။
အကြီးအကဲ ချန်း ပြောလိုက်တယ်..။
"သူဌေးလေး..ကျွန်တော်တို့ အတွက် ဘာမှ ယူလာဖို့ မလိုပါဘူး..."
လင်းဖန် ရယ်မောလိုက်တယ်..။
"လူနာ လာကြည့်တာကို ကျွန်တော်က ဘယ်လိုလုပ်ပြီး..လက်ဗလာနဲ့ လာနိုင်မှာလဲ.."
ယင်းနောက် သူ ကောင်လေး လိန် ရဲ့ ခေါင်းကို ပုတ်လိုက်ပြီး..
"ခင်ဗျား ကလေးကို အနာဂတ်မှာ သေချာ မစဥ္းစားပဲ..မလုပ်စေမှ ရမယ်..။ကလေး ပြန်ကောင်းသွားတဲ့ အချိန်ကြမှ ကျုပ်သူ့ကို သေချာ သင်ကြားပေးရတော့မယ်.."
ချန်းလိန်က တစ်ယောက်ထဲ နေတတ်တဲ့ လူဆိုတော့
.ပေါင်းသင်းဆက်ဆံရေး ပိုင်းမှာ ကောင်းမွန်မှာ မဟုတ်ပါဘူး..။သူက တစ်ခုခု အဆင်မပြေဖြစ်တာနဲ့ ကိုယ့်ကိုကို သတ်သေဖို့ အထိကြိုးစားခဲ့တာပါ..။ဒါက အတော်ကို အန္တရာယ် များလွန်းလှပါတယ်..။ဘယ်လိုပဲဖြစ်ဖြစ် အကြီးအကဲ ချန်းက တိမ်ဖြူလမ်းက ဖြစ်တာကြောင့် ဒီလိုအခြေအနေမှာ သူ ကူညီပေးရမှာပါ..။
အကြီးအကဲ ချန်း ပြုံးလိုက်ပြီး.
"သူဌေးလေး ဆိုရင်တော့ အကောင်းဆုံးပဲပေါ့..။သူဌေးလေးသာ လေ့ကျင့်ပေးရင် အကောင်းဆုံး အဖြေထွက်လာမှာ ကျိန်းသေပဲ.."
သူ သူဌေးလေးကို အများကြီး ယုံကြည်ပါတယ်..။တကယ်လို့ သူ့ကလေးကိုသာ သူဌေးလေး လက်ထဲမှာ ထားရင်..အပေါင်းလက္ခဏာဆောင် တဲ့ ပြောင်းလဲမူတွေ ဖြစ်လာမှာ အသေအချာပါပဲ..။
"လီယန်ရဲ့ အဖေက..မူးယစ်ဆေး ရောင်းဝယ်မူကြောင့် ဖမ်းခံရတယ် ဆိုတာ အမှန်ပဲလား..."
အကြီးအကဲ ချန်း မေးလိုက်တာပါ..။
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"အင်း သူ အဖမ်းခံပြီး အချုပ်ကျခံ ထားရတယ်..။ထပ်ပြာရရင် အခြေအနေက ထိလွယ်ရှလွယ်ပဲလေ..။သူ ပြန်ထွက်လာနိုင်မလား ဆိုတာကတော့ မသိသေးဘူး..."
ချိန်းလိန်ဟာ ဒါကိုကြားတဲ့ အချိန်မှာ ခန္တာကိုယ် တုန်လှုပ်သွားခဲ့တယ်..။အထူးသဖြင့်..လီယန်ရဲ့ နာမည်ကို ကြားတဲ့ အချိန်မှာပါပဲ..။
လင်းဖန် ချန်းလိန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"မကြောက်ပါနဲ့..။လီယန်လည်း သူ့ရဲ့ အမှားတွေကို ပြန်ပြင်ဖို့ လူငယ်ထိန်းသိမ်းရေး စင်တာကို သွားရတော့မှာ..။သူ့လိုလူက သေချာ သင်ကြားမပေးရင် ကြီးလာတဲ့ အခါမှာ ပတ်ဝန်းကျင်အတွက် အနှောက်အယှက်ဖြစ်လာလိမ့်မယ်..."
"အိုး ဟုတ်သားပဲ..။မိဘတွေနဲ့ ဆွေးနွေးတာ အခြေအနေ ဘယ်လိုဖြစ်သွားလဲ..."
အကြီးအကဲ ချန်း ပြောလိုက်တယ်..။
"ကျွန်တော်တို့ တွေ့ပြီးသွားပြီ..။သူတို့က ဆေးရုံစားရိတ်တွေ ပေးပြီး ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခဲ့တယ်လေ..။ကျွန်တော်လည်း ဘာပြောရမယ်မှန်း မသိသေးဘူး..။သူတို့တွေ ကျွန်တော့်သားကို တောင်းပန်ပြီးသွားတော့ ကျွန်တော်လည်..ဒီကိစ္စကို ထပ်ပြီး အကျယ်မချဲ့ချင်တော့ဘူး..."
လင်းဖန် အကြီးအကဲ ချန်းကို ကြည့်လိုက်တယ်..။အကြီးအကဲ ချန်းက..ဒီလောက်အထိ..စိတ်သဘောထား ပျော့ပျောင်းနေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
"အကြီးအကဲ ချန်း ခင်ဗျားစိတ်ထဲမှာ မကြေနပ်တာ တစ်ခုခု ရှိရင် ဒီတိုင်း ထုတ်ပြောလိုက်လို့ ရတယ်နော်..။ကျွန်တော် ခင်ဗျားဘက်မှာ ရှိနေပေးမှာပါ.။ခင်ဗျားနဲ့ ခင်ဗျားသား ဆုံးရှုံးရအောင် မလုပ်နဲ့..."
အကြီးအကဲ ချန်း လက်ဝေ့ယမ်းလိုက်ပြီး..
"ထားလိုက်ပါတော့..ဖြစ်ပြီးတာက ဖြစ်ပြီးသွားပြီလေ..။လီယန်လည်း အခု အဆင်ပြေနေတာပဲ..။ကလေးတွေကိုလည်း သင့်တင့်သလောက် အပြစ်ပေးပြီးသွားပြီ..။ထပ်ပြောရရင် ဒီကလေးတွေမှာက အနာဂတ်ရှိသေးတော့..အခွင့်အရေး တစ်ခု ပြန်ရသင့်တယ်လေ..။ပြီးတော့..ကောင်လေး လိန်ကလည်း ဒီလိုဖြစ်စေချင်တာ..."
ချန်းလိန် ဖြည်းညင်းစွာ ခေါင်းညိမ့်လိုက်ပြီး..
"အန်ကယ်လင်း..သူတို့က သားရဲ့ အတန်းဖော်တွေပဲလေ..။သားအခု အဆင်ပြေနေပြီဆိုတော့..သူတို့ကို အဖမ်းမခံရစေချင်ဘူး..."
လင်းဖန် ချန်းလိန် ကို နောက်တစ်ကြိမ်ထပ်ပုတ်လိုက်ပြီး..ဘာမှ ထပ်မပြောတော့ပေ..။သူတို့ ဒီလောက်အထိ ပြောထားပြီးပြီ ဆိုမှတော့ လင်းဖန် မှာ ဘာမှ ပြောစရာမရှိတော့ပါဘူး..။
ဘယ်လောက်တောင် သဘောထားကြီးလိုက်တဲ့ ကလေးလဲ..။
"ကောင်းပြီလေ..နှစ်ယောက်လုံး ဒီလိုပြောနေမှတော့ အဲ့အတိုင်း လုပ်ကြတာပေါ့..။ဒါပေမဲ့ ကောင်လေး လိန်..တကယ်လို့ အနာဂတ်မှာ ဒီလိုထပ်ကြုံလာရရင် ဒါမျိုးထပ်မလုပ်ရဘူးနော်..။မင်းအဖေဆို ထပ်လန့်လွန်းလို့တောင် သေသွားနိုင်တယ်.."
လင်းဖန် ပြောလိုက်တာပါ..။
ချန်းလိန် ခေါင်းညိမ့်လိုက်ပြီး..
"ဟုတ်.သား ဒါမျိုးထပ်မလုပ်တော့ ပါဘူး.."