← Chapters

စိတ်ခံစားချက်ဖြစ်သွားတဲ့လင်းဖန်

Vol. 39 Ch. 585

စိတ်ခံစားချက်ဖြစ်သွားတဲ့လင်းဖန်

Vol. 39 Ch. 585

#ဘာသာပြန် = စနိူးဝှိုက်

ရက်အနည်းငယ် ကြာပြီးနောက်..။

မနက်ခင်းအစော..။

တိမ်ဖြူလမ်း..။

"မာစတာ လင်း..ကျွန်တော်လာပြီ...သတင်းကောင်းလည်း ပါတယ်နော်.."

လီရှောင်ရှမ်းရဲ့ မျက်နှာဟာ..မိှုရသလိုကို ပြုံးနေခဲ့ပါတယ်..။

လင်းဖန် ထရပ်လိုက်ကာ ပြုံးလိုက်ပြီး..

"စစ်ဆေးရေးမှူး လီ..ခင်ဗျားရဲ့ အမူအရာကို ကြည့်ရတာ..ပျော်စရာ သတင်းပဲဖြစ်မယ် ထင်တယ်..။ဒါပေမဲ့ မပြောနဲ့ဦး..ကျွန်တော် ခန့်မှန်းကြည့်မယ်..။ခင်ဗျား ရာထူး တက်သွားပြီမလား...ဟုတ်တယ်ဟုတ်.."

လီရှောင်ရှမ်း ရယ်မောလိုက်ပြီ..

"ရာထူး မတက်သေးပါဘူး..။ရာထူးက မပြောင်းလဲဘူး ဒါပေမဲ့ အဆင့်တော့ နည်းနည်းတက်သွားတယ်လို့ ပြောလို့ရတယ်..။ပြောတာ တော်လောက်ပြီ..ဒါကို ကြည့်လိုက်ပါဦး..."

လင်ဖန် ချက်ချင်း ပျော်ရွှင်တဲ့ အမူအရာ ပေါ်ပေါက်သွားပြီး..

"ကျွန်တော် နိုင်ငံသားကောင်း ဆုတံဆိပ်ရတာ တင် မဟုတ်ပဲ..အောင်မြင်မူ စာတန်းကို ရလိုက်တာလား..။ဒါက အံ့ဩစရာပဲ..."

လီရှောင်ရှမ်း ပြောလိုက်တယ်..။

"ဒါပေါ့ အခု ဆိုရင် ရှန်ဟိုင်းမှာ ရှိတဲ့ ရဲဌာနတိုင်းက မာစတာ လင်းရဲ့ ကြီးကျယ်တဲ့ နာမည်ကို သိသွားကြပြီ..။ကျွန်တော်တို့ ရဲဌာနက လူတွေတောင် နာမည်ကျော်ကြားနေကြပြီ..။မူးယစ်းဆေးဝါး တိုက်ဖျက် ရဲ့..အဖွဲ့ရဲ့ ခေါင်းဆောင်က မာစတာ လင်းကို သူ့ရဲ့ အဖွဲ့ဝင်အဖြစ် ..ကမ်းလှမ်းချင်ပေမယ့်..ကျွန်တော်ကပဲ မာစတာ လင်း ကိုယ်စား ငြင်းပေးခဲ့လိုက်တယ်လေ...."

"ဟားဟား.."

လင်းဖန် ရယ်မောလိုက်တယ်..။တစ်ခါတစ်လေ အရာရာတိုင်းမှာ တော်နေတာကလည်း မကောင်းပါဘူး..။လူတိူင်းက အဲလိုလူအကြောင်းကိုပဲ အမြဲဆွေးနွေးနေကြတော့ပါမှာ..။

လီရှောင်ရှမ်း လင်းဖန် ရဲ့ တစ်ချို့ အကြောင်းအရာလေးတွေ ပြောပြီးတဲ့ နောက်မှာ ငွေရေးကြေးရေးအကြောင်းကို ပြောလိုက်တယ်..။

"မာစတာ လင်း ကျွန်တော့်ကို ပြောထားတာလည်း မမေ့ဘူးနော်..။သဘက်ခါ ကြရင် ဂုဏ်ပြုပွဲ အခမ်းအနား တစ်ခုရှိတယ်..။အဓိက အကျဆုံးလူတစ်ယောက် အနေနဲ့ မာစတာ လင်း ပါဝင်မှ ရမှာပေါ့..။မာစတာ လင်းက စင်ပေါ်ကို တက်ပြီး ဆုယူရမှာ..။ဒါပေါ့ ဆုကြေးက သေးငယ်တဲ့ ပမာဏတော့ ဘယ်ဟုတ်ပါ့မလဲ..။အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တဲ့ အတွက် အဖွဲ့အစည်းက ဒေါ်လာ ၂ သိန်း ချီးမြင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်..."

လင်းဖန် အံ့ဩသွားခဲ့ပြီး..

"သူတို့က ဒီလောက်တောင် ရက်ရောတာလား..."

လီရှောင်ရှမ်း ပြောလိုက်တယ်..။

"သူတို့က အမြဲတမ်း ရက်ရောကြတယ်..။အဲ့နေမှာ သတင်းထောက်တွေလည်း လာကြမှာ..။ကျွန်တော်တို့ ကြေညာစရာ တစ်ချို့လည်း ရှိနေသေးတယ်လေ..။တစ်ခါတစ်လေမှာ..အပြင်က ပေးတဲ့ သတင်းတွေက ကျွန်တော်တို့ စုံစမ်းစစ်ဆေးတာထက် ပိုပြီး မြန်ဆန်တယ်.."

"ဒါအမှန်ပဲ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ရဲဌာန တွေဟာ အသေးစိတ်ကျကျ အလုပ်လုပ်ပေမယ့်..ပြည်သူတွေရဲ့ မျက်လုံးတွေကို တော့ ယှဥ္လို့မရပါဘူး..။ပြည်သူတွေ ရဲ့ စူးရှတဲ့ အမြင်အောက်မှာ မတရားမူသေးသေးလေး တောင် မလွှတ်မြောက်နိုင်ပေ..။

လီရှောင်ရှမ်း လက်ဝေ့ယမ်းလိုက်ပြီး..

"ကဲအခု ပြောစရာရှိတာတွေ အကုန်ပြောပြီး သွားပြီ..။အခမ်းအနားနေ့ကြရင် လာဖို့ မမေ့နဲ့ဦးနော်..."

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ် ​မျောက် မျက်နှာဖုံးကို ဝတ်ထားစရာ လိုသေးလား..."

လီရှောင်ရှမ်း ရယ်မောလိုက်ပြီး..

"ဘာလို့ ဝတ်ဖို့ လိုနေဦးမှာလဲ..။သတင်းထောက်တွေက ဖော်ထုတ်ပြီးသွားပြီလေ..။မလိုတော့ပါဘူး.."

လင်းဖန် ပြုံးလိုက်ပြီး..

"ကျုပ်လည်း လိုတယ်လို့ မထင်ပါဘူး..။ကောင်းတာ လုပ်ထားတာ ဆိုတော့ ဖုံးကွယ်နေဖို့ မလိုအပ်ဘူးလေ..။ထပ်ပြောရရင် ဒါက ရှန်ဟိုင်းဆိုတော့ လက်စားချေခံရမှာလည်း ကြောက်ရွံ့နေစရာ မလိုတော့ဘူး.."

လီရှောင်ရှမ်း လင်းဖန်ကို နှုတ်ဆက်လိုက်ပြီး ရဲဌာနကို ပြန်သွားခဲ့ပါတယ်..။

…

အဲ့အချိန်မှာပဲ လူလိမ် ထျန် လင်းဖန်ကို မနာလိုစွာကြည့်လိုက်ပြီး..

"နောက်ထပ် နိုင်ငံသားကောင်း ဆုတံဆိပ်တင်မဟုတ်ပဲ..အောင်မြင်မူ စာတန်းပါ ရလိုက်တာပဲ..။ငါမင်းကို မနာလိုဖြစ်လာပြီ.."

လင်းဖန် လက်နဲ့ သေချာကိုင်ပြီး အနီးကပ်ကြည့်လိုက်တယ်..။

"မဆိုးဘူး..ဒါကို ကျုပ်တို့ ဆိုင်မှာ ချိတ်ဆွဲထားရမယ်..."

ကျောက်ကျန်းယန် ပြောလိုက်တယ်..။

"အစ်ကိုလင်းမှာက နိုင်ငံသားကောင်းဆုတွေ များနေပြီနော်..။တဆိုင်လုံးကို နိုင်ငံသားကောင်း ဆုတွေနဲ့ ပြည့်နှက်နေအောင် လုပ်မလိူ့လား.."

"ငါလည်း ဒီလို တွေးနေတာပဲ.."

လင်းဖန် အပြုံးလေးနဲ့ ပြောလိုက်တာပါ..။

"ဒါပေမဲ့ လိုတော့လိုပါသေးတယ်..။ငါ ဒီလို အလှဆင်နိုင်ဖို့ဆိုရင် နောက်ထပ် အလုပ်ပိုကြိုးစားပြီး..တရားမမျှတမူတွေကို ဖော်ထုတ်နိုင်မှ ရမယ်.."

"အံ့ဩစရာပဲ.."

ကျောက်ကျန်းယန် ပြောစရာ စကားကင်းမဲ့ သွားခဲ့တယ်..။သူက ဟာသ အဖြစ်ပြောနေပေမယ့် အစ်ကိုလင်းကတော့ အတည်ပြောနေတဲ့ ပုံပါပဲ..။သာမန်လိုတွေ ဆိုရင် ဒီလိုအတွေးမျိုး တွေးရဲမှာတောင် မဟုတ်ပေ..။

ဘာပဲဖြစ်ဖြစ် လူဆိုးတွေ အများကြီးကို ဖမ်းဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး..။

အဲ့အချိန်မှာပဲ ကျိုးမင်ချင်းရဲ့ ဖုန်းဝင်လာခဲ့တယ်..။

"ဟဲလို မင်ချင်း..။ဘာဖြစ်လို့လဲ.."

လင်းဖန် မေးလိုက်တာပါ..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..အခု အလုပ်ရှုပ်နေတာလား..."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"မရှုပ်ပါဘူး..။တစ်ခုခု ဖြစ်နေတာ ရှိလို့လား..."

ကျိုးမင်ချင်း ထူးဆန်းတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်..။

"မဟုတ်ပါဘူး..ကျွန်တော် ခနနေ တိမ်ဖြူလမ်းကို ရောက်တော့မယ်..။ကျွန်တော်နဲ့ တစ်နေရာလိုက်ခဲ့ပါဦး..."

"ဘယ်လိုလဲ.။ဘာလို့ ခင်ဗျားအသံက ထူးဆန်းနေတာလဲ.."

လင်းဖန် ဒီလူ ဘာဖြစ်နေတာလဲ ဆိုတာကို တွေးလို့မရပါဘူး..။

ကျိူးမင်ချင်း..;" ဆရာ့ရဲ့ တပည့်က ခနနေရောက်လာတော့မှာပါ..."

ခနကြာပြီးနောက်..။

ကားတစ်စီးဟာ ဆိုင်အပြင်ဘက်မှာ ရပ်သွားခဲ့တယ်..။ကျိုးမင်ချင်း ကားထဲကနေ ဆင်းလာခဲ့ပြီး..

"ဆရာ..ကားထဲကို ဝင်ပါ..."

လင်းဖန် သိချင်သွားခဲ့ပြီး..

"ခင်ဗျားဘာလုပ်နေတာလဲ..။ခင်ဗျား ပုံစံက ထူးဆန်းနေတယ်နော်..."

"ဆရာ ..ကျွန်တော့်နောက်ကို လိုက်ရင် သိလိမ်မယ်.."

ကျိုးမင်ချင်း ဘာမှ မပြောပေမယ့် မျှော်လင့်ချက်တွေ ပြည့်နေခဲ့ပါတယ်..။သူ့ဆရာ မြင်တဲ့ အချိန်ကြရင် တကယ် ပျော်ရွှင်သွားမှာပါ..။

ကျိူးမင်ချင်း ဘာမှ မပြောတာကို ကြည့်ပြီး လင်းဖန် အကူညီ မဲ့သွားခဲ့တယ်..။သူ ကားထဲကို ဝင်လိုက်ပါတယ်..။ဒါရိုက်ဘာကတော့ ဘယ်သွားရမလဲ ဆိုတာကို သိနေတဲ့ ပုံပါပဲ..။ကားထဲမှာ ထပ်မေးပေမယ့် လည်း ကျိုးမင်ချင်းကတော့ မပြောပြပေ..။သူက ရောက်ရင် ​သိလိမ့်မယ်လို့ပဲ ပြောခဲ့ပါတယ်..။

ကုန်လှောင်အိမ် တစ်ခုတွင်..။

ကျိုးမင်ချင်းရဲ့..ထူးဆန်းတဲ့ အမူအရာက လင်းဖန်ကို သိချင်စိတ် ​ဖြစ်စေခဲ့ပါတယ်..။လင်းဖန် ​ြေ့ာလိုက်တယ်...

"ဘယ်လို အရာမို့လို့ ခင်ဗျား ဒီလို ထူးထူးဆန်းဆန်း တွေ ဖြစ်နေတာလဲ ဆိုတာ ကျုပ်တကယ် သိချင်မိတယ်.."

"ဆရာ မြင်တဲ့ အချိန်ကျရင် အရမ်း မအံ့ဩသွားနဲ့ ဦးနော်.."

ကျိုးမင်ချင်း ပြောလိုက်တာပါ..။

လင်းဖန် ပြုံးလိုက်ပြီး...

"စိတ်မပူပါနဲ့ ခင်ဗျား ဆရာက လွယ်လွယ်ကူကူနဲ့ အံ့ဩသင့်တတ်တဲ့ လူမဟုတ်ပါဘူး..."

သူတို့ ကုန်လှောင်အိမ် ထဲကို ဝင်သွားခဲ့တယ်..။

အထဲမှာ အနီ ရောင်အဝတ်စနဲ့ အုပ်ထားတဲ့ တစ်ခုခု ရှိနေခဲ့ပါတယ်..။ဒါ အတော်ကို ရှည်လျားတာပါ..။ဒါက မကြီးမားဘူးဆိုပေမယ့် သေးငယ်တဲ့ အထဲမှာလည်း မပါဝင်ပါဘူး...။အရှည်ကတော့ လူတစ်ရပ်နီးပါးလောက် ရှိပါတယ်..။

လင်းဖန် ဒါကိုကြည့်ပြီး အသက်ရူမြန်လာခဲ့တယ်..။သူ တကယ်ကို ကြည့်ချင်နေခဲ့ပါပြီ..။

သူ အဝတ်စကို ဖယ်လိုက်ပါတယ်..။

အဝတ်စကို ဖယ်လိုက်တာနဲ့...ဆေးဖော်စပ်ထားတဲ့ ရနံ့တွေ သူ့ရှေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်..။

ဒီ ရှေဟောင်း မီးပြင်းဖိုက..ပြတိုက် ပစ္စည်းတစ်ခု မဟုတ်ပါဘူး..။ဒါက ရှေးခေတ်တုန်းက ဆေးလုံးတွေ ဖော်စပ်ဖို့ အသုံးပြုခဲ့တဲ့ မီးပြင်းဖို တစ်ခုပါ..။

အဲ့အချိန်မှာပဲ လင်းဖန် အံ့ဩသင့်စွာ ပြောလိုက်တယ်..။

"မင်ချင်း..ဒါက..."

ကျိူးမင်ချင်း အပြုံးလေးနဲ့ပြောလိုက်ပါတယ်..။

"ဆရာ..ဒါက ဆရာ့ရဲ့ ကျောင်းသားက လက်ဆောင် အနေနဲ့ ပေးတာပါ..။ဆရာ မီးပြင်းဖို ကို အရမ်းလိုချင်နေမှန်း သိလို့..တာအို ဗိမာန် တစ်ခုမှာ သွားရှာလာခဲ့တာ..."

လင်းဖန် ဘာမှ မပြောခဲ့ပေ..။သူ သူ့ရှေ့မှာ ရှိနေတဲ့ ရှေးဟောင်း မီးပြင်းဖို အိုးကို ထိကြည့်လိုက်တယ်..။ဒါက တကယ်ပဲ သမိုင်းထဲက..ရှေးဟောင်း မီးပြင်းဖို ပါ..။

"တာအို ဗိမာန်လား..။ဘယ်လို ရလာခဲ့တာလဲ..။ဒါက စျေးပေါမှာ မဟုတ်ဘူးနော်..."

ကျိုးမင်ချင်း ပြုံးလိုက်ပြီး..

"ဆရာ ကြိုက်တယ်မလား..။ဆရာ ကြိုက်တယ် ဆိုရင် ဒါက ထိုက်တန်ပါတယ်..."

လင်းဖန် ကျိူးမင်ချင်းရဲ့ ပုခုံးကို ပုတ်လိုက်ပြီး ခံစားချက်အပြည့်နဲ့ ပြောလိူက်တယ်..။

"ကြိုက်တယ်...တကယ်ကြိုက်တယ်..။တပည့်တစ်ယောက်အနေနဲ့ ခင်ဗျား ဒါကို မှတ်မိနေလိမ့်မယ်လို့ ကျုပ် တကယ် မထင်ထားခဲ့ဘူး..."

ကျိုးမင်ချင်း ရဲ့ အသက်အရွယ်က လင်းဖန် ရဲ့ အဖိုးလောက် ရှိနေပြီ ဖြစ်ပေမယ့်..လင်းဖန် ဆီက တရုတ်ဆေးပညာသင်ကြား ကတည်းက သူ့ကိုသူ ကျောင်သားလေး တစ်ယောက်အဖြစ် သတ်မှတ်ထားတာပါ..။

"ဆရာ့ရဲ့ တပည့်က အမြဲတမး် သတိရနေတာပါ..။ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်က မီးပြင်းဖိုကို လိုချင်ရင် တာအို ဗိမာန် ကို သွားဆိုလို့ ကျွန်တော် သွားကြည့်တာ..။ကံကောင်းပြီး ဒီတစ်ခုကို တွေ့ခဲ့တယ်လေ..."

လင်းဖန် ကျိုးမင်ချင်း ရဲ့ ပုခုံးကို ပုတ်ပြီး ထပိပြောလိုက်တယ်..။

"ကောင်းတယ်..တကယ်မဆိုးဘူး..။ခင်ဗျား အတော်ကို အားစိုက်ထုတ်ထားရတာ ပဲ.."

ကျိူးမင်ချင်း ပျော်ရွှင်စွာ ပြုံးလိုက်ပြီး..

"တကယ်လို့ ဆရာ သဘောကျတယ် ဆိုရင် ကျေနပ်ပါပြီ..."

ဒီလို ရှေးဟောင်း မီးပြင်းဖို တစ်ခု ရဖို့ ဆိုတာက မရိုးရှင်းပါဘူး..။သို့ပေမယ့် ဒိီဘက် ခေတ်မှာတော့ .ပိုက်ဆံ ရှိရင် အကုန်လုံးကို ဖြေရှင်းလို့ ရပါတယ်...။

သူစျေး ကြီးကြီး ပေးခဲ့ရပေမယ့် ဒါက ထိုက်တန်ပါတယ်..။

လင်းဖန် ရှေးဟောင်း မီးပြင်းဖိုကို ကြည့်ပြီး ပျော်ရွှင်နေခဲ့တယ်..။ဒီမီးပြင်းဖို နဲဆိုရင်တော့ ပြီးပြည့်စုံတဲ့ ဥာဏ်ကောင်းစေသော ဆေးလုံးဖန်တီးဖို့ လုံလောက်မှာပါ..။

ဒီဟာကို ဖိအားလျော့ အိူးတွေနဲ့ သွားနှိုင်းယှဥ္လို့ မရပါဘူး..။

အဲ့အချိန်မှာတော့ လင်းဖန် ထပ်ပြီး မစောင့်နိုင်တော့ပဲ..။

"မင်ချင်း..ငါတို့ ဒီမှာ ဆေးဖော်စပ်လို့ ရလား.."

လင်းဖန် စိတ်လှုပ်ရှားစွာ ပေးလိုက်တာပါ..။

ကျိူးမင်ချင်းလည်း စိတ်လှုပ်ရှား စွာ ခေါင်းညိမ့်လိုက်ပါတယ်..။သူ့ဆရာ စိတ်လှုပ်ရှားနေတာကို သူပထမဆုံး အကြိမ်မြင်ဖူးတာပါ..။

လင်းဖန် အမှန်တကယ်ပဲ ရင်ခုန် နေခဲ့တာပါ..။ဒီလို ကောင်းမွန်တဲ့ ဆေးပေါင်းအိုး ရှေ့မှာ ရှိနေတဲ့ အချိန်မှာ..ဆေးဖော်စပ်ဖို့ကို မစောင့်နိုင်တော့ပါဘူး..။ဥာဏ်ကောင်းစေသော ဆေးလုံးတွေက သူ့ကို လက်ဝေ့ယမ်းပြနေသလို ခံစားနေရပါတယ်..။

တွေးကြည့်တာနဲ့တင် ရင်ခုန်ဖို့ ကောင်းပါတယ်..။ပါဝင်ပြီး တွေက အနည်းငယ် စျေးကြီးပေမယ့် ဘာမှ တွေးပူစရာ မရှိတော့ပေ..။

ဒီလို ရှေးဟောင်းမီးပြင်းဖို နဲ့ စွယ်စုံကျမ်းရဲ့ အကူအညီကို ပေါင်းစပ်လိုက်ရင်..ကျရှုံးစရာ အကြောင်းလုံးဝ မရှိတော့ပါဘူး..။

ဒါက အတော်ကို စိတ်လှုပ်ရှားဖို့ကောင်းတာပါ..။

All Chapters