← Chapters

အခန်း (၁၉၆)

Vol. 14 Ch. 196

အခန်း (၁၉၆)

Vol. 14 Ch. 196

လုယောင်ယောင်အားကြည့်နေသော ပတ်၀န်းကျင်မှမျက်လုံးများအားလုံး တောက်ပလာခဲ့သည်။ ထို့နောက် အကြည့်များက ရှေးဦးသားရဲအသေကောင်များထံသို့ရောက်သွားပြီး ရင်များ တစ်ဒုန်းဒုန်းခုန်လာခဲ့၏။

ရွာ၌ နိုးထသူမရှိစဉ်က ရှေးဦးသာရဲတစ်ကောင်ကိုသတ်ရန်ပင် အတော်လေးအားထုတ်ရသည်။

ယခုတွင် လုယောင်ယောင်က နိုးထသူဖြစ်သွားပြီး သူမနှင့်အတူ ရှေးဦးသားရဲအသေကောင်များစွာ ယူဆောင်လာခဲ့၏။

လုယောင်ယောင်အမေက ရွှမ်ယီအား အလွန်ကျေးဇူးတင်သော မျက်၀န်းများဖြင့်ကြည့်နေခဲ့သည်။

လုယောင်ယောင်၏ မောင်ဖြစ်သူက ပြူးကျယ်နေသော မျက်၀န်းများဖြင့် ရွှမ်ယီအနီးသို့ ကပ်ကြည့်လိုက်ပြီး တောင်ငယ်လေးကဲ့သို့ဖြစ်ပေါ်နေသော သားရဲအသေကောင်များကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူ့မျက်၀န်းများထဲတွင် ယုံကြည်ကိုးကွယ်မှုများဖြစ်ပေါ်လာသည်။

ရွှမ်ယီအား ကြည့်နေသောလူတိုင်း စိတ်ထဲတွင် တွေးတစ်ခုဖြစ်ပေါ်လာ၏။

လုယောင်ယောင်ဆရာက မြင့်မြတ်သူတစ်ယောက်ပဲ…!

“ စီနီယာ.. ယောင်ယောင်ကိုဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်…”

ကျေးရွာခေါင်းဆောင်က ရှေ့တိုးလာပြီး ဦးညွှတ်ရန်ပြင်လိုက်၏။

ရွှမ်ယီက အနည်းငယ်ခေါင်းယမ်းလိုက်ပြီး ထိုသို့မလုပ်ရန် တားလိုက်သည်။

“ ကျေးရွာခေါင်းဆောင် အဲ့လိုလုပ်စရာမလိုပါဘူး… ကျုပ်ကိုယ်တိုင်ကလည်း ယောင်ယောင်ကို အရမ်းသဘောကျပါတယ်… ပြီးတော့ သူမက ရွာမပြန်ခင် အဲ့ဒီသားရဲတွေကို သူ့လက်နဲ့ကိုယ်တိုင် အမဲလိုက်ခဲ့တာ… ကဲ အဲ့တာတွေအားလုံး ရွာသားတွေကိုဝေပေးလိုက်ပါဦး… ယောင်ယောင်ရှိနေတဲ့နောက် ခင်ဗျားတို့ အနာဂါတ်နေ့ရက်တွေ အရင်လိုခါးသီးတော့မှာ မဟုတ်ဘူး….”

သူကယောင်ယောင်အား များစွာသင်ပေးခဲ့သည်။ ချင်ဟီကျေးရွာတစ်ခုလုံး ယောင်ယောင်၏ ဦးဆောင်မှုအောက်၌ အနာဂါတ်၌ များစွာအားကောင်းလာပေလိမ့်မည်။

ရွာလူကြီးက ကျေးဇူးတင်စကားပြောပြီးနောက် တစ်ရွာလုံး အလွန်တက်ကြွနေကြသည်။ အားကောင်းသော ယောက်ျားများကရှေ့ထွက်လာပြီး ရှေးဦးသားရဲအသေကောင်များအား ခုတ်ထစ်ကာ တစ်ရွာလုံးသို့ ဝေမျှပေးလိုက်၏။

ချင်ဟီကျေးရွာ၌ မီးခိုများမစဲအောင် ဖြစ်နေပြီး ရယ်မောသံများ ပြည့်နှက်နေခဲ့သည်။ မစားရတာကြာပြီဖြစ်သော အသားနံ့က တစ်ရွာလုံး၏ လေထုထဲ၌ ပျံ့လွင့်နေလေသည်။

ထိုအရာများအားလုံး ယောင်‌ယောင်၏ ကျေးဇူးပင်။

‘ ဒါတွေအားလုံး ဆရာ့ကျေးဇူးတွေကြောင့်ပဲ…’

ယောင်ယောင် စိတ်ထဲမှ ကြိတ်ကာကျေးဇူးတင်လိုက်၏။

ယောင်ယောင်က အ‌မေနှင့်မောင်လေးအား ရွှမ်ယီအကြောင်းအဆက်မပြတ် ပြောကြာရင်း ဂုဏ်ယူစွာနှင့် ရွှမ်ယီအား အိမ်ခေါ်လာခဲ့သည်။

အ၀တ်ရုံနက်၀တ် အမျိူးသား၏ ရက်စက်မှုအားကြုံတွေ့ပြီးနောက် သူမအပေါ် အလွန်ကောင်းသည့် ရွှမ်ယီအား ပိုမိုမြတ်နိုးခင်တွယ်လာ၏။

ရွှမ်ယီကြောင့်သာမဟုတ်ပါက တစ်ရွာလုံးအသားစားရရန်အသာထား သူမပင် အမည်မသိသားရဲများ၏ သွားကြားအသက်ပျောက်သွားလောက်ချေပြီ။

“ ဆရာက အရမ်းအစွမ်းထက်တယ်…”

လုယောင်ယောင်၏ မောင်ဖြစ်သူ လုယိုက ရွှမ်ယီအနားကပ်ပြီး တောက်ပသောမျက်၀န်းများဖြင့် ငေးကြည့်နေခဲ့သည်။

ဆရာဆိုသည့်အဓိပ္ပါယ်ကိုသူက နားမလည်သေးချေ။ အစ်မဖြစ်သူခေါ်သည်အားကြားပြီး လိုက်ခေါ်လိုက်ခြင်းဖြစ်၏။

ရွှမ်ယီက ခေါင်းယမ်းလိုက်ပြီး လုယို၏ ခေါင်းအားပွတ်သပ်ရင်း နွေးထွေးစွာပြောလိုက်သည်။

“ ငါ့ကို ဆရာရွှမ်လို့ခေါ်ပါ…”

“ ဆရာရွှမ်…”

လုယိုက ခိုင်မာသောလေသံဖြင့်

“ ဆရာရွှမ်.. ကျေးဇူးပြုပြီး ကျွန်တော့ကိုလည်း သိုင်းပညာတွေသင်ပေးလို့မလား… ကျွန်တော်လည်း အစ်မလို ရှေးဦးသားရဲတွေကို သတ်ချင်တယ်…”

ရွှမ်ယီ တစ်ခဏမျှအံ့ဩသွားခဲ့သည်။ တစ်ချိန်တည်းပင် အိမ်တံခါး၀မှ ချောင်းကြည့်နေသော မျက်၀န်းများစွာကိုတွေ့လိုက်ရ၏။

သို့တို့အားလုံး ရွာထဲမှ ကလေးများဖြစ်ကြသည်။ ရွှမ်ယီက မြင့်မြတ်သူတစ်ယောက်ဖြစ်ကြောင်းကြားပြီး လေးစားစွာ လာကြည့်ကြခြင်းဖြစ်သည်။

သူတို့နှုတ်ဖျားမှ ထုတ်မပြောကြသော်လည်း မျက်၀န်းများထဲ၌ ဆန္ဒမီးတောက်များ အထင်းသား တောင်လောင်နေ၏။

ရွှမ်ယီ ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ.. မင်းတို့ကို ဓားပညာသင်ပေးမယ်…”

သူက ၎င်းတို့အား တပည့်အဖြစ်လက်ခံခြင်းမဟုတ်ပေ။ သာမန်အတိုင်း ဓားပညာအနည်းငယ် မျှဝေခြင်းဖြစ်၏။ သူတို့အား အခြေခံကျော်လောက်သာသင်ပေးမည်ဖြစ်သော်လည်း အစွမ်းထက်‌သွားစေရန် လုံလောက်သည်။

ထိုကလေးများအားလုံး၏ နှဖူးသို့ လက်ညှိုးဖြင့်ထောက်ပြီး ‌ဓားပညာတချို့ လွှဲပြောင်းပေးလိုက်၏။ တစ်ချိန်တည်းတွင် လုယိုက ယောင်ယောင်၏ မောင်ဖြစ်သောကြောင့် ကျန်လူများထက် ထည့်သွင်းသင်ကြားပေးလိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရွှမ်ယီက ဆေးလုံးအလုံအလောက် ချန်ထားပေးခဲ့ပြီး လုယောင်ယောင်၏ နှဖူးအား လက်ညှိုးဖြင့်ထောက်လိုက်၏။

“ ငါ မင်းလေ့လာဖို့ လိုအပ်တာလေးတွေ ပို့ပေးခဲ့မယ်.. ငါမရှိတဲ့အတောအတွင်း အကောင်းဆုံးကြိုးစားလေ့ကျင့်ထားပါ….”

သူက ရှေးဦးကမ္ဘာ၌ ရှိနေသည်မှာ ရက်အတန်ကြာချေပြီ။ ထို့ကြောင့် ဗဟိုသူတော်စင် အကယ်ဒမီသို့ ပြန်ရန် အချိန်တန်ပြီဖြစ်၏။

သူက အကယ်ဒမီ၌ ဆရာရာထူးယူထားသည်ဖြစ်ရာ စာသင်ချိန်များ ပျက်၍ အဆင်မပြေချေ။

“ ငါ့အတန်းကို ဘယ်နှစ်ယောက်လောက် လာတက်ကြမလဲ မသိဘူး…”

ရွှမ်ယီ၏ နှုတ်ခမ်းထောင့်များတွန့်ကွေးသွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရွှမ်ယီ ‌ဗဟိုသူတော်စင် အကယ်ဒမီသို့ ပြန်ရောက်လာခဲ့သည်။

အကယ်ဒမီမှ ဆရာတိုင်း မိမိတို့၏ ကိုယ်ပိုင် ကျောင်းသားများအား သင်ပေးရမည့်တာ၀န်အပြင် အပတ်တိုင်း တံခါးဖွင့်အတန်းတစ်ခု သင်ကြားပေးရ၏။

ဗဟိုသူတော်စင် အကယ်ဒမီမှကျောင်းသားဖြစ်နေသ၍ မည်သူမဆို တက်ရောက်သင်ကြားနိုင်သော အတန်းဖြစ်သည်။

ကျောင်းသားအသစ်များ လက်ခံခဲ့သည်မှာ မကြာသေးသည့်အတွက် ၎င်းတို့အတွက် ထိုသို့အတန်းမျိုးမစသေးသော်လည်း မှော်ဆေးပညာဌာနကမူ နဂိုးအတိုင်းလည်ပတ်နေသည်ဖြစ်ရာ ပုံမှန်အတိုင်း အတန်းများ ဆက်ရှိသွားမည်ဖြစ်၏။

ရွှမ်ယီက ဆေးတာအိုတွင်လည်း ဆရာတစ်ဦးအဖြစ်တာ၀န်ယူထားသည်ဖြစ်ရာ အပတ်တိုင်း တံခါးဖွင့်အတန်းတစ်ခု သင်ကြားပေးရန် တာ၀န်ရှိသည်။

သူသင်ကြားပြီး တံခါးဖွင့်အတန်းက မြက်မှိုကျောင်း၌ဖြစ်၏။

ရွှမ်ယီက မြက်မှိုကျောင်းရှေ့၌ အပြုံးတစ်ခုဖြင့် ခေတ္တရပ်ကြည့်နေခဲ့ပြီး အတွင်းသို့ ဖြည်းညှင်းစွာ၀င်သွားလိုက်သည်။

အတန်စချိန်မရောက်သေးပေ။ ထို့ကြောင့် သူတစ်ယောက်တည်းသာ ထိုနေရာ၌ ရှိနေ၏။ လှည့်ပတ်ကြည့်ရင်း ကြုံရာနေရာတစ်ခု၌ ၀င်ထိုင်လိုက်သည်။

ထိုအချိန်တွင် တံခါးဖွင့်အတန်းများရှိရာနေရာသို့ ကျောင်းသားတစ်ချို့လာနေကြ၏။

“ ဟေး.. မင်းကြားပြီးပြီလား.. ဒီနေ့ မြက်မှိုကျောင်းမှာ အတန်းရှိတယ်တဲ့…”

မြက်စိမ်းရောင်၀တ်ထားသည့် ကျောင်းသားတစ်ဦးက နည်းပြဆရာများ၏ အတန်းအချိန်ဇယားအားကြည့်လိုက်ရာ ယခင်က ပိတ်ထားသော မြက်မှိုကျောင်း စ‌တင်နေကြောင်း ရုတ်တရက်တွေ့လိုက်ရသည်။

“ အတန်းပြောင်းသွားတာလား… ဒါမှမဟုတ် ဆရာအသစ်ရောက်နေတာများလား…”

နဂိုကတည်းက မှော်ဆေးဆရာများ ရှားပါးသည်။ ထို့အပြင် ‌ဗဟိုသူတော်စင်အကယ်ဒမီ၌ ဆရာဖြစ်ရန် ဆေးဘုရင်အဆင့်ရှိရမည်ဖြစ်သောကြောင့် ပို၍ရှားပါး၏။

ထို့ကြောင့် မှော်ဆေးပညာဌာနအတွက် စာသင်ကျောင်းများဆောက်လုပ်ခဲ့သော်လည်း ဆရာမလုံလောက်သော တချို့ကျောင်းများမှာ ပိတ်ထားခဲ့ရသည်။ သို့သော် နဂိုကပိတ်ထားသော မြက်မှိုကျောင်း ယနေ့ရုတ်တရက် ဖွင့်လှစ်လိုက်၏။ ဆရာအသစ်တစ်ယောက် ရောက်လာခြင်းပေလော။

“ ဆရာအသစ်နာမည်က ရွှမ်ယီတဲ့…”

မြက်စိမ်းရောင်၀တ်ထားသည့် ကျောင်းသားက စူးစမ်းလိုစိတ်များပြည့်နေသောမျက်နှာဖြင့် ခေါင်းညိတ်လိုက်၏။

“ ငါတော့ ရွှမ်ယီဆိုတဲ့ နာမည်နဲ့ ဆရာအကြောင်းမကြားဖူးဘူး.. ဘယ်လိုလဲ မင်သွားကြည့်ချင်လား…”

ထိုစကားအားကြားလျှင် လှပသော အမျိုးသမီးတစ်ဦးက ခေါင်းညိတ်လိုက်ပြီး

“ အင်း.. သွားကြည့်သင့်တယ်ထင်တာပဲ.. ဆရာရန်ရဲ့ တံခါးဖွင့်အတန်းက လူအရမ်းများလွန်းတယ်.. ထိုင်ဖို့နေရာတောင်မရှိဘူး.. အဓိကကတော့ လူအုပ်ကြားထဲ မွန်းပြီးမသေချင်ဘူး… ပြီးတော့ လျှို့ဝှက်ဆန်းကျယ်တဲ့ ဆရာရွှမ်ယီက အတန်းသစ်ဖွင့်ထားတယ်.. သူသင်ပြတာ ကောင်းရင်ကောင်းနေမှာပေါ့.. ပြီးတော့ အသစ်ဖွင့်တာဆိုတော့ လူလည်းသိပ်ရှိမယ်မထင်ဘူး…”

ထိုအဖွဲ့တွင် လူ(၅)ယောက်ရှိနေပြီး ထိုအမျိုးသမီးမှလွဲ၍ ကျန်သူများမှာ ယောက်ျားများဖြစ်ကြသည်။

အမျိုးသားများ သဘာ၀အတိုင်း အလှလေးအား ကြည့်ရှုရန်အတွက် သူမနောက်မှ‌လိုက်လာခဲ့ကြ၏။

မြက်မှိုကျောင်းသို့ရောက်သော် သူတို့ရှေ့မှ ရောက်နေသည့် အဖြူ၀တ်လူငယ်တစ်ဦးအား တွေ့လိုက်ရသည်။

“ ဟ.. ကံကောင်းသားပဲ.. ငါတို့အစောကြီးရောက်လာကြတယ်…”

“ အသစ်ဖွင့်တဲ့အတန်းက ပုံမှန်အတန်းတွေနဲ့မတူဘူး.. စစချင်းဆိုတော့ လူနည်းပြီး သက်တောင့်သက်သာရှိတယ်.. ဒါပေမယ့် ဆရာတစ်ယောက်ရောက်လာပြီဆိုတော့ နောက်လည်း ပုံမှန်ဖွင့်သွားလောက်မယ်…”

သူတို့ ကံကောင်းသည်ဟု ယူဆပြီး နေရာများ ရွေးချယ်ကာထိုင်လိုက်ကြသည်။ ထို့နောက် ရွှမ်ယီအားကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ထိုအဖြူ၀တ်လူငယ်က လူသစ်တစ်ဦးဖြစ်ဟန်ရသည်။ သူ့အား ဤမတိုင်ခင်က မှော်ဆေးပညာဌာန၌ မမြင်ဖူးပေ။

ကျောင်းသားသစ်လက်ခံချိန်မကျသေး‌မီ ကြိုတင်စုဆောင်းခံထားရသော ကျောင်းသားဖြစ်ရပေမည်။

ထိုသို့သော ကျောင်းသားသစ်များက နှစ်မျိုးရှိသည်။ တစ်မျိုးက အလွန်ပါရမီကောင်းမွန်သူများဖြစ်ပြီး နောက်တစ်မျိုးက ‌သက်တောင့်သက်သာရှိသော ဘ၀အားပိုင်ဆိုင်ရန် အဆက်အသွယ်အားကိုးဖြင့် အကယ်ဒမီသို့၀င်လာသူများဖြစ်၏။

သူတို့ရှေ့မှ လူငယ်က ဒုတိယတစ်မျိူးဖြစ်ဟန်ရသည်။

ထိုသို့မဟုတ်လျှင် နာမည်ကြီး ဝါရင့်နည်းပြဆရာ ရန်၏ အတန်းသို့မသွားဘဲ အဘယ်ကြောင့် ဤကဲ့သို့ အတန်းသို့ရောက်လာမည်နည်း။

သူတို့အဖွဲ့တောင်မှ ကံစမ်းရန်စိတ်ကူးပြီးရောက်လာကြခြင်းဖြစ်သည်။

ရွှမ်ယီ၏ မျက်၀န်းများက ပြုံးယောင်ယောင်နှင့် ထိုငါးယောက်အား တစ်ယောက်ချင်းလိုက်ကြည့်လိုက်၏။ ခဏစောင့်ပြီးနောက် မည်သူမှထပ်မလာသည်မှာ သေချယသွားပြီးနောက် ထရပ်လိုက်ပြီး စင်မြင့်ထက်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်သွားလိုက်သည်။

All Chapters