← Chapters

အခန်း (၂၀၄)

Vol. 14 Ch. 204

အခန်း (၂၀၄)

Vol. 14 Ch. 204

“ ဒုတိယသခင်လေး ပြန်လာပါပြီ…”

လူအုပ်ကြီးက တံခါး၀သို့လှမ်းမျှော်ကြည့်လိုက်လျှက် အုံ့မှိုင်းနေသော မျက်နှာဖြစ်ပြန်လာသည့် ဒုတိယသခင်လေးအား တွေ့လိုက်ရသည်။

မအောင်မြင်လာသည်မှာ ထင်ရှား၏။

“ ဘယ်လိုလဲ…”

ဒုတိယသခင်လေးက လက်သီးကို တင်းကြပ်စွာဆုပ်ရင်း ခေါင်းမော့လိုက်သည်။

“ မြို့ကြီးတွေက မှော်ဆေးပညာရှင်တွေ.. သူတို့က ကျုပ်ပေးတဲ့ဈေးနှုန်းကို အရမ်းနည်းတယ်ဆိုပြီး ဘယ်သူမှ စိတ်မ၀င်စားကြဘူး…”

လူတိုင်းခေါင်းယမ်းလိုက်ကြသည်။ မြို့ကြီးများမှ မှော်ဆေးပညာရှင်များမှာ နဂိုကတည်းက အလွန်ဈေးကြီးလှ၏။ မကြာသေးမီက သာရဲအဓိကရုန်းများဖြစ်ထားသော်ကြောင့် စွန့်စားပြီး အန္တရာယ်များသော နေရာသို့ ပို၍ပင် မလာလိုကြချေ။

မြို့သခင်၏ သားတော်နှစ်ပါး တစ်‌ယောက်ကိုတစ်ယောက် စိတ်ဓာတ်ကျစွာကြည့်လိုက်ကြသည်။

သူတို့ဖခင်ဖြစ်သူ အလွန်နာမကျန်းဖြစ်နေလေရာ သူတို့က မှော်ဆေးပညာရှင်ရှိသော မြို့တိုင်းသို့သွားပြီး ကြိုးစားပင့်ဖိတ်ခဲ့ကြ၏။ အရှင်းမကုသနိုင်လျှင်တောင် ရောဂါအား အချိန်ဆွဲပေးမည်ဆိုလျှင် အဆင်ပြေသည်။ ဖြည်းဖြည်းချင်း နည်းလမ်းတွေးတောရှာဖွေသွား၍ ရ၏။

သို့သော် မှော်ဆေးပညာရှင်များ တောင်းဆိုသည့် ဈေးနှုန်းက အလွန်မြင့်မားလှသည်။ ထို့အပြင် သားရဲအဓိကရုန်းများကြောင့် အန္တရာယ်များပြီး ဝေးလံခေါင်သီလှသော ဆူရာဘာရာမြို့ကဲ့သို့ နေရာအား ပို၍ပင် မလာလိုကြချေ။

မှော်ဆေးပညာရှင်များမှာ အားလုံးအတွက် ရွှေကဲ့သို့ အဖိုးတန်လှသည်။

သို့သော် မြို့သခင်၏ အခြေအနေက နောက်ရက်အနည်းငယ်အသက်ရှင်ရန်ပင် စိန်ခေါ်မှုကြီးဖြစ်နေချေပြီ။

မြို့သခင်မရှိတော့သည်နှင့် ဆူရာဘာရာမြို့ မကြာခင် ဒုက္ခရောက်တော့မည်။

လူများ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။ တဖြည်းဖြည်း စိတ်ပျက်အားငယ်လာကြသည်။

မြို့အန္တရာယ်ရှိလာပါက မည်သည့်နေရာသို့ ပြေးရမည်နည်း။

သူတို့ ဘာဆက်လုပ်သင့်သလဲ…?

“ အစီရင်ခံပါတယ်.. တတိယ သခင်မလေး ပြန်လာပါပြီ.. သူမနဲ့အတူ လူတချို့လည်း ပါလာပါတယ်…”

“ မြန်မြန်လုပ်..! တတိယသခင်မလေးကို အမြန်ခေါ်လိုက်…”

ရှဇီဝေ၏ ပုံစံက အလွန်နုန်းချိနွမ်းလျနေသော်လည်း လူအုပ်ကြီး၏ အမူအရာကမူ အလွန်တက်ကြွ တောက်ပနေလေသည်။

သူမက လူအုပ်ကြီးထံမှ မျှော်လင့်ချက် မျက်၀န်းများကို ခံစားမိလိုက်ပြီး ချက်ချင်းပြောလိုက်၏။

“ ကျွန်မ မှော်ဆေးပညာရှင် ခေါ်လာခဲ့ပြီ…”

လူတိုင်း၏ မျှော်လင့်ချက်အကြည့်များအောက်တွင် ရွှမ်ယီက ယောင်ယောင်နှင့်အတူ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

“ ဒါက…”

ရွှမ်ယီအားမြင်ပြီးနောက် လူအုပ်ကြီး၏ မျက်၀န်းများ ပြန်လည်မှိန်ဖျော့သွားခဲ့၏။

ဆူရာဘာရာမြို့၌ မှော်ဆေးပညာရှင်မရှိသော်လည်း မှော်ဆေးပညာရှင်များအား တွေ့ဖူးသည်။

မြင့်မြတ်ခြင်းမင်းဆက်မှ ဂန္တ၀င်မှော်ဆေးပညာရှင်များဖြစ်စေ ၊ မြို့ကြီးများမှ မှော်ဆေးပညာရှင်များဖြစ်စေ ဆံဖြူအဘိုးကြီးများသာ။ ထိုအရာက မှော်ဆေးပညာရှင်လမ်းကြောင်း၌ အောင်မြင်မှုရရန် မည်မျှခက်ခဲကြောင်း သက်သေထူနေသည်။ ရှေးဦးကမ္ဘာ၌ မှော်ဆေးပညာရှင်ဖြစ်လိုလျှင် အလွန်အမင်းလုံ့လစိုက်ထုတ်ပြီး သုတေသနပြုလုပ်ရန်လိုသည်။

[ နတ်ဘုရားမင်းဆက်ကို မြင့်မြတ်ခြင်း မင်းဆက်လို့ပြောင်းရေးထားပါတယ် ]

ဤနည်းဖြင့် ဆယ်စုနှစ်များစွာ လေ့လာပြီးမှ မှော်ဆေးပညာရှင်များဖြစ်လာကြ၏။

ထို့ကြောင့် သဘာ၀ကျစွာဆိုရလျှင် ငယ်ရွယ်သော မှော်ဆေးပညာရှင်မရှိနိုင်ပေ။

လူတိုင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ မည်သည့်စကားမှထုတ်မပြောကြသော်လည်း မျက်၀န်းထဲမှ အဓိပ္ပါယ်ကို နားလည်ကြ၏။

‘ ဒီလို ငယ်ရွယ်တဲ့ မှော်ဆေးပညာရှင်ကို တစ်ခါမှမတွေ့ဖူးဘူး.. သူ တကယ်ရော လုပ်နိုင်ပါ့မလား…’

တတိယသခင်မလေးက ငယ်သေးတာကြောင့် လှည့်စားခံလိုက်ရတာပဲဖြစ်မယ်…

“ ဒီက စီနီယာကို ဘယ်လိုခေါ်ရမလဲ ခင်ဗျ…”

တောက်ပသော မျက်၀န်းများနှင့် အဘိုးကြီးတစ်ယောက်က ရှေ့တိုးပြီး အရိုအသေပြုကာမေးလိုက်သည်။

သူက အချိန်ကြာမြင့်စွာ အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်၍ လိမ်လည်လှည့်ဖျားမှု မျိုးစုံကိုလည်း ကြုံတွေ့ခဲ့ဖူးသည်။

သူ့အမြင်တွင် လူလိမ်က တန်ဖိုးရှိသောအရာများကို အခကြေးငွေအဖြစ်တောင်းယူပေလိမ့်မည်။ မှော်ဆေးပညာရှင်ဆိုပါက ငွေထက်တန်ဖိုးရှိပြီး သူတို့အတွက် အသုံးလိုသော အရာများကိုတောင်းဆိုပေလိမ့်မည်။

သူတို့ရှေ့မှ လူက ကူညီရန်လိုက်လာပြီးဖြစ်သည့်အတွက် ထိုလူ၏ တောင်းဆိုမှုကိုအရင်ဆုံးကြည့်ရမည်။ ယင်းအပေါ်အခြေခံ၍ လူလိမ်ဟုတ်မဟုတ် ဆုံးဖြတ်နိုင်သည်။

ငွေနှင့်ပတ်သက်သောအရာများ တောင်းဆိုခဲ့လျှင်…….

“ ကျုပ်နာမည်က ရွှမ်ယီပါ… မှော်ဆေးပညာရှင်တစ်ယောက်လို့ ယူဆလို့ရပါတယ်…မင်းတို့မြို့သခင်ဖြစ်နေတာကို ငါသိပြီးပြီ.. အဲ့တာက ကုသဖို့မခက်ပါဘူး…”

ရွှမ်ယီက မြို့သခင်ကို ခေတ္တမျှစိုက်ကြည့်လိုက်ပြီးနောက် လူအုပ်ကြီးကို ကြည့်ပြီး ပြုံးလိုက်ကာ စိတ်ချရသော လေသံဖြင့်ဆိုလိုက်၏။

ထိုစကားအားကြားလျှင် စောနက စကားပြောလိုက်သည့် အဘိုးကြီး၏ မျက်၀န်းများ တဖျတ်ဖျတ်လက်သွားပြီး

“ လျှို့ဝှက်ဆန်းကျယ်တဲ့ စီနီယာဆီက အကူအညီအတွက် ကျုပ်တို့ဘက်က ဘယ်ဘိုအဖိုးအခမျိုးပေးချေရမလဲ သိပါရစေ…”

‘ သူက တကယ့် မှော်ဆေးပညာရှင်ဖြစ်နေရင်တောင် မြို့သခင်ကိုပျောက်အောက် ကုသနိုင်ဖို့ အာမခံချက်မရှိဘူး.. တခြား မှော်ဆေးပညာရှင်တွေမလာချင်တာက ဒီကိစ္စနဲ့လည်းသက်ဆိုင်တယ်.. ဘယ်သူမှ နာမည်မပျက်ချင်ဘူးလေ…”

‘ ဒါပေမယ့် ငါ့ရှေ့က ကောင်လေးက မခက်ဘူးလို့ပြောနေတာလား…’

အဘိုးကြီးက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ရွှမ်ယီအား လူလိမ်ဟု သတ်မှတ်လိုက်သည်။

“ ကျုပ်အတွက် သင့်တော်တဲ့ ဆေးမီးဖိုတစ်ခုနဲ့ စိတ်ဝိညာဉ်ပစ္စည်းအနည်းငယ်လိုအပ်တယ်… ဒါက ကျုပ်လုပ်ထားတဲ့ စာရင်းပဲ… ဆေးမီးဖိုကိုတော့ အရင်စီစဉ်ပေးပါ.. ကျန်တာတွေကိုတော့ အေးဆေးရှာပြီး နောက်မှပေးပေါ့…”

ရွှမ်ယီက သာမန်အမူအရာဖြင့် အဆင့်(၅) ဆေးလုံးဖော်စပ်ရန်လိုအပ်သော ပစ္စည်းစာရင်းအားပေးလိုက်သည်။

အဆင့်(၅) ဆေးလုံးအားသန့်စင်ပြီးပါက ၎င်းက နတ်ဘုရားသွေးကို အားကောင်းစေပြီး ယောင်ယောင်၏ နတ်ဘုရားအရိုးအား အပြည့်အ၀ပြန်လည်ရရှိစေနိုင်သည်။

အဘိုးကြီးက အနည်းငယ်အံ့ဩသွားပြီး စာရင်းအားယူကြည့်လိုက်၏။

စာရင်းစာရွက်ထဲတွင် အဖိုးတန်ပစ္စည်းများစွာပါ၀င်သော်လည်း သာမန် မှော်ဆေးပညာရှင်အား ငှားရမ်းသည်ထက်ပင် ဈေးသက်သာနေခဲ့သည်။

ဆေးမီးဖိုအတွက်မူ ဆူရာဘာရာမြို့၌ မှော်ဆေးပညာရှင်မရှိသော်လည်း ရတနာသိုလှောင်ခန်းထဲ၌ သိမ်းဆည်းထားသည့် ဆေးမီးဖိုတစ်ခုရှိသည်။

အဘိုးကြီးက ခေါင်းပြန်မော့လိုက်ပြီး ရွှမ်ယီအား ရှုပ်ထွေးစွာကြည့်လိုက်၏။

ထိုလူလိမ်က ငွေအကြောင်းတစ်ခွန်းမှမဟဘဲ မှော်ဆေးပညာနှင့်ပတ်သက်သည့် ပစ္စည်းများသာ တောင်းဆိုခဲ့သည်။

ရှေးဦးကမ္ဘာ၌ ထိုမျှဈေးသက်သာသော မှော်ဆေးပညာရှင်မရှိပေ။

“ အများကြီးလျှောက်တွေးမနေနဲ့.. အရင်ဆုံး ဆေးမီးဖိုကိုသာ သွားယူချည်.. မင်းတို့မယုံဘူးဆိုရင် မင်းတို့ရှေ့မှာပဲ ငါ ဆေးလုံးသန့်စင်မယ်…”

ရွှမ်ယီ၏ လူတိုင်း၏ သံသယများကို မြင်လိုက်သောကြောင့် ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး မြို့သခင်ရှိရာဆီသို့ လျှောက်သွားလိုက်၏။

သေချာကြည့်လိုက်ပြီးနောက် အနည်းငယ်ပြုံးလိုက်သည်။

ရောဂါက ရိုးတွင်းခြင်ဆီထဲထိရောက်နေပြီဖြစ်သော်လည်း ရွှမ်ယီရှေ့၌ စကားထဲပင် ထည့်ပြောရန်မတန်ချေ။

အဆင့်(၂) ဆေးလုံးက ရောဂါကိုဖိနှိပ်ပြီး သက်သာသွားစေနိုင်ကာ ၊ အဆင့်(၃) ဆေးလုံးက ရောဂါအား အရှင်းပျောက်သွားစေနိုင်သည်။ အဆင့်(၄) ဆေးလုံးဆိုပါက မြို့သခင်အား ချက်ချင်းပြန်ကောင်းသွားစေနိုင်၏။

ရှေးဦးကမ္ဘာတွင် မှော်ဆေးပညာက ယခုမှ ဖွံ့ဖြိုးဆဲကာလဖြစ်သည်။ ‌မှော်ဆေးလုံးများအား အများအပြားသန့်စင်နိုင်ခြင်းမရှိသေးချေ။ ထို့ကြောင့် လူတိုင်း ကူကယ်ရာမဲ့ဖြစ်နေခြင်းပင်။ အကယ်၍ တောင်ပိုင်းတိုက်ကြီး၌ဆိုပါက ယခုကိစ္စနှင့် အလားတူအခြေအနေများအား အလွယ်တကူ ကုသပေးနိုင်သည်။

“ ဆေးမီးဖိုယူချည်…”

အဘိုးကြီးအား အမိန့်ပေးလိုက်၏။

ရွှမ်ယီပြောခဲ့သလို ဆေးလုံးသန့်စင်သည်အား အရင်ဆုံးစောင့်ကြည့်ရမည်။

သူတို့တွင် လက်ရှိအခြေအနေ၌ ထိုလူငယ်မှလွဲ၍ မျှော်လင့်စရာမရှိပေ။

ဘုန်း..

ဆေးမီးဖိုကြီးတစ်ခု မြေပြင်ပေါ်သို့ ကျရောက်လာခဲ့သည်။

ရွှမ်ယီက ၎င်းအား သေချာကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။

၎င်းက အဆင့်(၂) ဆေးမီးဖိုသာဖြစ်သော်လည်း ရှေးဦးကမ္ဘာအနေအထားနှင့်ဆိုလျှင် လက်ခံနိုင်စရာရှိသည်။

ဘုန်း…

ရွှမ်ယီက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ‌ဆေးမီဖိုအား လက်တစ်ဖက်ဖြင့် မယူလိုက်သည်။ ထို့နောက် ပတ်၀န်းကျင်မှ လူများ၏ အံ့ဩနေသော အကြည့်များအောက်တွင် ဆေးမီဖိုအား စိတ်ဝိညာဉ်စွမ်းအင်များနှင့် လွှမ်းခြုံစေလိုက်ပြီး အောက်ဖက်မှ စိတ်ဝိညာဉ်စွမ်းအင်များအား ဆေးမီးဖိုအတွင်း တိုက်ရိုက်စီး၀င်သွားစေပြီး မီးတောက်အဖြစ်ပြောင်းလဲလိုက်၏။

ဝုန်း..ဝုန်း…

ရွှမ်ယီက ပတ်၀န်ကျင်မှုလူတိုင်း နားမလည်နိုင်သည့် လက်ဟန်မျိုးစုံပြုလုပ်လိုက်ပြီး ဆေးပင်များ ၊ စိတ်ဝိညာဉ်ပစ္စည်းများအား တိုက်ရိုက်ပစ်ထည့်လိုက်သည်။ ဆေးမီးဖိုအတွင်းရောက်သွားသမျှပစ္စည်းအားလုံး အရည်ပျော်သွား၏။

“ မှော်ဆေးပညာရှင်တစ်ယောက် ဆေးလုံးသန့်စင်တာကို မြင်ဖူးလား…”

ပတ်၀န်းကျင်မှ တစ်စုံတစ်ယောက်ကမေးလိုက်သည်။ သူက မှော်ဆေးပညာရှင်တစ်ယောက် လူအများရှေ့ ဆေးလုံးသန့်စင်ပြသည်အား တစ်ခါတွေ့ဖူးသည်။

ထိုမှော်ဆေးပညာရှင်က အဆင့်တိုင်းကို သတိထားပြီးလုပ်ဆောင်ခဲ့၏။ မတော်တဆတစ်ခုဖြစ်ပါက ပါ၀င်ပစ္စည်းအားလုံး ပျက်စီးသွားနိုင်သည်။

တစ်ဖက်တွင်မူ ရွှမ်ယီ၏ လုပ်ဆောင်ချက်များက အလွန်လျင်မြန် သွက်လက် ပေါ့ပါးပြီး ကြည့်ကောင်းလှသည်။

“ တခြား မှော်ဆေးပညာရှင်တွေ ဆေးလုံးသန့်စင်ရင် အရမ်းသတိထားတာမြင်ဖူးတယ်.. အခု သူလုပ်နေတာက အရမ်းလျင်မြန်ပြီး ကြည့်ကောင်းပေမယ့် ဆေးသန့်စင်တာက ကနေတာမဟုတ်ဘူး.. အာရုံစိုက်ပြီး သေချာလုပ်ရတဲ့ အလုပ်တစ်ခုပဲ…”

ထိုလူ ယခုကဲ့သို့ ဆေးဖော်နေသည်က သူတို့အား လှည့်စားရန် ကြိုးစားနေခြင်းပေလော…

တကယ်ရော အောင်မြင်ပါ့မလား…

All Chapters