← Chapters

အခန်း (၂၀၆)

Vol. 14 Ch. 206

အခန်း (၂၀၆)

Vol. 14 Ch. 206

‌ယောင်ယောင်၏ နတ်ဘုရားအရိုးမှာ ထုတ်ယူခြင်းခံလိုက်ရပြီး အဆင့်(၃) ဆေးလုံးက သူမအသက်အား ကယ်တင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရွှမ်ယီက အဆင့်(၃)ဆေးလုံး များစွာ သန့်စင်ပြီး သူမအား သကြားလုံးကဲ့သို့ စားရန်ပေးထား၏။ နတ်ဘုရားသွေး အများအပြားထုတ်လုပ်ပြီး ပြန်လည် ပြည့်ဖြိုးလာရန်အတွက် အဆင့်(၄) ဆေးလုံးများလည်း သန့်စင်ပေးထားသည်။

မှားယွင်းမှုတစ်ခုခုမရှိလျှင် ထိုကလေးမလေးခန္ဓာကိုယ်ထဲ၌ နတ်သွေးအခဲများ ဖြစ်ပေါ်နေလောက်ပြီ။

ယခုအချိန်က အဆင့်(၅) ဆေးလုံးသောက်သုံးရန် အကောင်းဆုံးအချိန်ဖြစ်သည်။

အဆင့်(၅) ဆေးလုံးက သေသူအား ပြန်မရှင်စေနိုင်သော်လည်း အရိုး ၊ သွေး ၊ အသားများအား တိုးတက်အောင်ပြုလုပ်ရာ၌ အလွန်ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိ၏။

ရွှမ်ယီက နတ်ဘုရားသွေးကို ထောက်ပံ့ပေးသော ဆေးသန့်စင်ပြီး နတ်ဘုရားအရိုးအား ပြန်လည်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ထားသည်။

နာရီအနည်းငယ်ကြာပြီးနောက်

ဆေးမီးဖိုက နီရဲနေပြီး အနီးအနားရှိ လေဟာနယ်ကလည်း ပုံပျက် ရှုံ့တွနေလေသည်။ သို့သော် ရွှမ်ယီ၏ ထိန်းချုပ်မှုအောက်တွင် မီးတောက်ကမူ တည်ငြိမ်နေ၏။

ဘုန်း…

အသက်ရှုကြိမ် အနည်းငယ်ကြာပြီးနောက် ဆေးမီးဖိုပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်ပြောင်းလဲကာ မီးတောက်စီးကြောင်းများနှင့်အတူ ပတ်၀န်းကျင်သို့ လွင့်စင်သွား၏။

ထိုအချိန်တွင် မီးတောက်များကြား၌ အသက်ရှုနေသော အရာတစ်ခုရှိသည့်အလား စိတ်ဝိညာဉ်အလင်းရောင်လေးတစ်ခု တောက်ပနေသည်။

ရွှမ်ယီက လက်ဆန့်ကာ လှမ်းယူလိုက်ပြီး ခေါင်းတစ်ချက်ညိတ်ကာ ပြုံးလိုက်၏။

အဆင့်(၅) ဆေးလုံး၏ အာနိသင်မှာ အလွန်ကောင်းမွန်လှပြီး ယောင်ယောင်စားလိုက်ပြီး နှစ်အနည်းငယ်ကြာလျှင် ယခင်ထက် ပိုမိုသန်မာသော နတ်ဘုရားအရိုးပြန်လည်မွေးဖွားလာပေလိမ့်မည်။

“ ယောင်ယောင် လာဦး.. ဒီဆေး စားလိုက်….”

[ ဆေးလုံးကို စားတာနဲ့ သောက်တာ ဘယ်လိုရေးရမလဲ… သူတို့ဆေးလုံးမျိုးတွေက သောက်တာထက် စားတာနဲ့ ပိုတူမလားလို့… Engမှာတော့ မြိုချတယ်လို့ရေးထားတယ်.. ကျနော်ကတော့ တချို့စာစဉ်တွေမှာ ဆေးစားလိုက်ပြီးနောက် ဘာညာတွေ့ဖူးတော့ စားတယ်ပဲ ပြောင်းရေးလိုက်တော့မယ်….]

ရွှမ်ယီက ယောင်ယောင်ကိုခေါ်လိုက်ပြီး ဆေးလုံးအား ပေးလိုက်သည်။ သူက ယောင်ယောင် ဆေးသောက်ပြီးပါက ဖြစ်ပေါ်လာမည့်အခြေအနေများအား စောင့်ကြည့်ကာ ကာကွယ်ပေးရန် ပြင်ဆင်ထား၏။

[ စကားပြောထဲမှာက စားနဲ့ပိုအဆင်ပြေမယ်ထင်တယ်.. စာရေးရင်ကျ သောက်နဲ့ပိုအဆင်ပြေလောက်မယ်.. ကျနော်သင့်တော်သလို ထည့်ထည့်ရေးလိုက်မယ်ဗျာ…]

“ ဟုတ်…”

ယောင်ယောင်က ဖိအားများနေသော အခြေအနေအားနားလည်သွားပြီး လေးနက်သော မျက်နှာဖြင့် ဆေးလုံးအား မြိုချလိုက်၏။

အသက်ရှုကြိမ် အနည်းငယ်ကြာပြီးနောက် ဆူညံသံတစ်ခုထွက်ပေါ်လာသည်။

ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းလုံးတစ်ခု ထွက်ပေါ်လာပြီး ရွှမ်ယီ၏ မျက်စိရှေ့၌ပင် ယောင်ယောင်က နိုးထသူ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွား၏။

နောက်ထပ် အသက်ရှုကြိမ်အနည်းငယ်ကြာပြီးနောက် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

သူမ၏ ကျင့်ကြံမှုက တောင်တန်းရွေ့လျားခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိသွား၏။

“ လုံလောက်ပြီ.. ကျန်တဲ့ ဆေးစွမ်းတွေကို မင်းခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ပေးထားမယ်.. နတ်ဘုရားအရိုးကို ပြန်လည်ပျိုးထောင်တဲ့အခါ သုံးလို့ရတာပေါ့…”

ရွှမ်ယီက တွေးတောရင်းပြောလိုက်သည်။ အဆင့်(၅)ဆေးလုံးထဲတွင်ပါ၀င်သည့် စွမ်းအားပမာဏက ကြီးမားလွန်းလှ၏။ ယောင်ယောင်သာ အားလုံးစုပ်ယူလိုက်ပါက တောင်တန်းရွေ့လျားခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်သွားနိုင်သည်။ သို့သော် ၎င်းက သူ့မအုတ်မြစ်အား ချိနဲ့သွားစေမြည်ဖြစ်ပြီး ရေရှည်အတွက် မကောင်းမွန်ပေ။

ရွှမ်ယီက ဆေးလုံး၏ လက်ကျန်စွမ်းအားများကို ထိန်းချုပ်လိုက်သည်နှင့် ယောင်ယောင်၏ ခန္ဓာကိုယ်က ဆေးစွမ်းများကို စုပ်ယူပြီး နတ်ဘုရားသွေးထုတ်လုပ်ခြင်းအား ထောက်ပံ့ပေးကာ နတ်ဘုရားအရိုး ပြန်လည်ပြုပြင်ခြင်းအား အရှိန်မြှင့်လိုက်သည်။

ထိုအချိန်တွင် ဆူရာဘာရာမြို့အပြင်ဘက်၌

ရှေးဦးသားရဲများ အလုံးအရင်းပြေး၀င်လာပြီး မြေပြင်ပင် တုန်ခါနေ၏။

သားရဲ အဓိကရုန်းများဖြစ်နေစဉ်အတွင်း ဆူရာဘာရာမြို့သခင်၏ အရှိန်အဝါ အလွန်အားနည်းသွားကြောင်း သားရဲများ ခံစားမိခဲ့သည်။

ယခုအခါ ဆူရာဘာရာမြို့သခင်၏ အားနည်းနေသော အရှိအဝါပျောက်ကွယ်သွားသည်နှင့် အလုံးအရင်းချီတက်လာခြင်းဖြစ်၏။

၎င်းတို့က ရှေးဦးသားရဲ အုပ်စုတစ်ခုသာဖြစ်သည်။

လူသားများပါဆိုပါက ရန်သူပြန်လည်သက်သာလာခြင်းကို ရိပ်မိသွားပြီး ပြန်လည်ဆုတ်ခွာသွားပေလိမ့်မည်။ သို့သော် ‌သားရဲများက သားရဲများသာဖြစ်၏။

ယခုအခါ ဆူရာဘာရာမြို့တစ်ခုလုံး ရှေးဦးသားရဲများ၏ ၀ိုင်းရံခြင်းခံထားရသည်။

ရှေးဦးသားရဲများ မြို့ကို ဝိုင်းရံထားချေပြီ။

“ မကြောက်ကြနဲ့.. ငါ့တို့ဘက်မှာ မြို့သခင်ရှိတယ်…”

လူတိုင်းထိတ်လန့်သွားသော်လည်း ချက်ချင်း ပြန်လည်တည်ငြိမ်သွား၏။

ဘုန်း…

ထိုအချိန်တွင် အ‌ဝေးမှ နီရဲတောက်ပနေသော မျက်လုံးများနှင့် သားရဲကြီးတစ်ကောင်လာနေလေသည်။ ထိုရှေးဦးသားရဲကြီးက (၁၀)မီတာလောက်ရှည်လျားပြီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်တစ်ခုလုံး တုန်ခါသွား၏။

အလွန်ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဆူရာဘာရာမြို့သို့ ကျရောက်လာခဲ့သည်။ ထိုအရှိန်အဝါအား ခံစားမိလိုက်ချိန်တွင် လူတိုင်း ဖြူဖျော့သွား၏။

“ တောင်တန်းရွေ့လျားခြင်း အလယ်အလတ်အဆင့် ရှေးဦးသားရဲ…”

တစ်စုံတစ်ယောက်က ထိတ်လန့်စွာထအော်လိုက်၏။

ရှေးဦးသားရဲများက တူညီသောအဆင့် လူသားများထက် သန်မာပေသည်။

ထိုအပြင် မြို့ထဲ၌ အစွမ်းထက်ဆုံးလူမှာ တောင်တန်းရွေ့လျားခြင်း အစောပိုင်းအဆင့်၌သာရှိ၏။ ထိုမျှမကသေးဘဲ ထိုကျွမ်းကျင်သူကလည်း ယခုမှ ပြန်လည်ကျန်းမာလာကာစဖြစ်သည်။ ထို ‌ရှေးဦးသားရဲကြီးအား မည်သို့ အနိုင်ယူနိုင်မည်နည်း။

“ ဘာကြီးလဲ.. တောတန်းရွေ့လျားခြင်း အလယ်အလတ်အဆင့် သားရဲကြီးလား…”

“ ပြီးပြီ.. ဒီနေ့တော့ ငါတို့ ဆူရာဘာရာမြို့ တကယ်ဇာတ်သိမ်းပြီ…”

ရှေးဦးသားရဲကြီး၏ ပြင်းထန်သော အရှိန်အဝါကြောင့် မြို့တွင်းမှလူများ သွေးပျက်နေကြချေပြီ။

သူတို့မြို့က ယခင်တုန်းကလည်း ရှေးဦးသားများ၏ အကြိမ်ကြိမ်တိုက်ခိုက်ခြင်းခံခဲ့ရသည်။

သို့သော် မြို့သခင်ရှချီက အကြိမ်တိုင်း အောင်မြင်စွာ တိုက်ခိုက်တွန်းလှန်နိုင်ခဲ့သည်။

မြို့သခင်က တောင်တန်းရွေ့လျားခြင်း အစောပိုင်းအဆင့်၌ အလွန်အစွမ်းထက်သူဖြစ်၏။

ထို့အပြင် ဆူရာဘာရာမြို့အား တရားမျှတစွာ အုပ်ချုပ်ခဲ့သည်။ ဤသို့ဖြင့် မြို့ငယ်လေးက တိုးတက်မှုလမ်းကြောင်းပေါ်ရောက်ပြီး တဖြည်းဖြည်းစည်ပင်သာယာကာ ဖွံ့ဖြိုးတိုးတက်လာ၏။

သို့သော် တောင်တန်းရွေ့လျားခြင်းအစောပိုင်းအဆင့်၌ မည်မျှအစွမ်းထက်စေကာမူ အလယ်အလတ်အဆင့်အား ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

လူတိုင်း အခြေအနေကို ကောင်းစွာနားလည်ကြ၏။

ရွှစ်…

မြို့သခင် ရှချီ၏ မြို့တံတိုင်းအထက်တွင် တည်ကြည်လေးနက်သော အမူအရာဖြင့်ရပ်နေခဲ့သည်။ သူ၏ ချပ်၀တ်တန်ဆာမှ တောက်ပသော အလင်းရောင်များ ဖြာထွက်နေ၏။

သူ၏ ဓားရှည်အား မိုးပေါ်သို့ ဝံ့လိုက်ရာ နေရောက်အောက်၌ အေးစက်စက် အလင်းတန်းတစ်ခု ပျံ့လွင့်လာခဲ့သည်။

“ ဆူရာဘာရာ မြို့သူ မြို့သားတို့… သေခြင်း ရှင်ခြင်း အဆုံးအဖြတ်က မင်းတို့အားလုံး ရှေ့ကိုရောက်နေပြီ.. မင်းတို့ လက်နက်တွေအားလုံး ရှေ့ကိုရွယ်ပြီး မြှောက်ထားကြ.. အရှုံးမပေးဘဲ တိုက်ခိုက်ကြစို့…”

“ ပြီးတော့ ကျုပ် ရှချီက သေတဲ့အထိ မင်းတို့အားလုံးကို ထားပြီး စွန့်ခွာမသွားဘူးလို့ ကျိန်ဆိုတယ်…”

“ မင်းသားတို့.. ရှေးဦးသားရဲတွေ ငါတို့ရှေ့ကိုရောက်နေပြီ.. သေတဲ့အထိ တိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး…”

သူ၏အသံက စွမ်းအားများပြည့်နှက်နေပြီး ဆူရာဘာရာတစ်မြို့လုံးအား တုန်ခါသွားစေသည်။

မြို့သူမြို့သားများအားလုံး တခဏမျှ တိတ်ဆိတ်သွားပြီးနောက် သွေးများဆူပွက်ကာ မျက်လုံးများ နီရဲလာခဲ့၏။

မျက်၀န်းများထဲ၌ စိတ်ပိုင်းဖြတ်ထားသော အလင်းတန်းများ တောက်ပနေသည်။

၎င်းတို့ လက်နက်များအား ဝှေ့ယမ်းလိုက်ပြီး လေးနက်စွာ တန်းစီလိုက်ကြ၏။ ထို့နောက် ညီညာစွာ ကြွေးကြော်လိုက်ကြသည်။

ဒုန်း.. ဒုန်း.. ဒုန်း…

“ စစ်ပွဲ.. စစ်ပွဲ.. စစ်ပွဲ..”

“ အရှုံးမပေးဘဲ နောက်ဆုံးထွက်သက်ထိ တိုက်ခိုက်ကြစို့…”

“ သားရဲတွေကို သတ်……”

ယောက်ျားတစ်ယောက်အနေဖြင့် ရဲရင့်ရမည်။ သေခြင်းအား ကြောက်ရွံနေ၍မရပေ။

သူတို့တွင် ကာကွယ်ပေးရမည့် အရာများစွာရှိ၏။ ထိုအရာများ ဆုံးရှုံးသွားမည်ကိုသာ ကြောက်ရမည်။ ‌နောက်ဆုံးထွက်သက် မရှိုက်မိအချိန်ထိ အသက်ကိုရင်း၍ တိုက်ရန်ဆုံးဖြတ်ထားကြ၏။

သူတို့ သေရမည်ဆိုလျှင်တောင် ရှေးဦးသားရဲများအား ဒဏ်ရာပြင်းထန်စွာရအောင် တိုက်ခိုက်သွားရမည်။

လက်နက်ချ အရှုံးမပေးနိုင်ချေ။

ဆူရာဘာရာတစ်မြို့လုံး ဆူပွက်လာခဲ့သည်။

မြို့သူမြို့သားများအားလုံး၏ နှလုံးသားများ တစ်သားထဲဖြစ်သွားပြီး တိုက်ပွဲ၀င်လိုစိတ်များ အထွတ်အထိပ်သို့ရောက်သွား၏။

ရှချီက ထိုမြင်ကွင်းအားကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက အေးစက်စွာတောက်ပနေသော ချပ်၀တ်နှင့်အတူ မြို့တံတိုင်းထက်မှ ခုန်ဆင်းသွား၏။ ထို့နောက် ရှေးဦးသားရဲအုပ်ကြီးအတွင်းသို့ မြှားတစ်စင်းအလား ပြေး၀င်သွားခဲ့သည်။

“ ဂရား…”

တောင်တန်းရွေ့လျားခြင်း အလယ်အလတ်အဆင့် သားရဲ၏ မျက်၀န်းများ၌ လူတစ်ယောက်ကဲ့သို့ အထင်သေးဟန်များထွက်ပေါ်လာသည်။

သူ၏ ဟိန်းဟောက်သံကြောင့် ပတ်၀န်းကျင်မှသားရဲများအားလုံး သူတို့ ဘုရင်အတွင် ချက်ချင်း လမ်းရှင်းပေးလိုက်ကြ၏။

“ မိုက်မဲတဲ့ တိရိစ္ဆာန်ကောင်.. သေစမ်း…”

ရှချီ၏ မျက်၀န်းများက ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင်များနှင့်တောက်ပနေပြီး လက်ထဲမှဓားက ‌တောင်များ ၊ ကျောက်ဆောင်များအား ပိုင်းဖြတ်နိုင်လောက်အောင် ထက်မြိသော ဓားအလင်းဖြင့် တစ်ဖျတ်ဖျတ်တောက်ပနေသည်။

ထို့နောက် ရှေးဦးသားရဲဘုရင်ထံသို့ ရောက်ရှိသွား၏။

ကလန်…

ရှေးဦးသားရဲကြီးက တုပ်တုပ်ပင်မလှုပ်ချေ။ သူ၏ မျက်၀န်းများအရ တိုက်ခိုက်ရန်ခွင့်ပြုလိုက်သည့် အလားပင်။ ရှချီ၏ ဓားက ရှေးဦးသားရဲကြီး၏ အရေပြားအား မထိုးဖောက်နိုင်ခဲ့ချေ။

ရှချီက သူ၏ ဓားအား ပြန်လည်ဆွဲယူလိုက်သည်။ သူ၏ မျက်နှာက နဂိုအတိုင်း တည်ငြိမ်နေသော်လည်း နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားခဲ့၏။

သူက မကြာသေးခင်ကမှ နေပြန်ကောင်းလာခြင်းဖြစ်ပြီး ခွန်အားက တောင်တန်းရွေ့လျားခြင်း အစောပိုင်းသို့ ရောက်ရုံသာရှိတော့သည်။ ထို ရှေးဦးသားရဲကြီးက ကြီးမားသော တောင်းကြီးတစ်လုံးအလားပင်။ မည်သို့မျှ ကျော်ဖြတ်ရန် မဖြစ်နိုင်သည့် အတားအဆီးကြီးတစ်ခုအလားဖြစ်နေ၏။

All Chapters