← Chapters

အခန်း (၂၀၇)

Vol. 14 Ch. 207

အခန်း (၂၀၇)

Vol. 14 Ch. 207

ဂရား…

ရှေးဦးသားရဲကြီးက ၎င်း၏ ကြီးမားပြီး စွမ်းအားအပြည့်ပါသော အမြီးကြီးနှင့် ရှချီအား လွှဲရိုက်လိုက်သည်။

ရှချီက လက်ဆန့်ထုတ်ကာ တားဆီးလိုက်သော်လည်း ရှေးဦးသားရဲကြီး၏ ပြင်းထန်သောခွန်အားက သူတားဆီးနိုင်သောအရာမဟုတ်ပေ။ ပြင်းထန်သော ရိုက်ချက်ကြောင့် သွေးအန်ပြီး နောက်သို့လွင့်စင်သွား၏။

ဆူရာဘာရာတစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

“ ပြီးသွားပြီ…”

မြို့ထဲ၌ သန့်ရှင်းတောက်ပြောင်သော အ၀တ်အစား၀တ်ထားသူ တချို့က စိတ်ပျက်နေသော မျက်း၀န်းများနှင့် သက်ပြင်းချလိုက်ကြ၏။

သူတို့က ဆူရာဘာရာမြို့ခံများမဟုတ်ချေ။ မြင့်မြတ်ခြင်းမင်းဆက်မှ လာကြသူများဖြစ်၏။ သူတို့က ဤနေရာမှ ဖြတ်သန်းစဉ် ဆူရာဘာရာမြို့၏ လှပသော တောတောင်ရေမြေရှုခင်းများကြောင့် ဤမြို့၌ ရက်အနည်းငယ်အနားယူရန်ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် သူတို့ ခရီးတစ်ထောက်နားစဉ်အတွင်း မြို့အား ရှေးဦးသားရဲများလာတိုက်ပြီး ၎င်းတို့ထဲတွင် တောင်တန်းရွေ့လျားခြင်း အလယ်အလတ်အဆင့်သားရဲကြီး ပါလာလိမ့်မည်ဟု လုံး၀မမျှော်လင့်ထားကြချေ။

သူတို့ ဆူရာဘာရာမြို့သို့ ယခင်ကမရောက်ဖူးသော်လည်း ဤကဲ့သို့မြို့ငယ်လေးမှ အစွမ်းထက်ဆုံးသူမှာ တောင်တန်းရွေ့လျားခြင်း အစောပိုင်းအဆင့်၌သာရှိနိုင်ကြောင်း နားလည်ထားကြသည်။

သူတို့အထင်မှန်၏။ မြို့သခင်က အမှန်တကယ် တောင်တန်းရွေ့လျာခြင်း အစောပိုင်းအဆင့်ဖြစ်သည်။ ထို့အပြင် သူ၏ ပုံစံအားကြည့်ရသည်မှာ မကြာသေးခင်ကမှ ပြန်လည်နာလန်ထူလာဟန်ရသည်။

သူတို့က လွတ်မြောက်ရန် လေပေါ်သို့ မပျံသန်းနိုင်ကြချေ။ မြေပြင်တွင်မူ ရှေးဦးသားရဲများ ပတ်ပတ်လည် ဝိုင်းရံထား၏။

တိုက်ပွဲမစခင် ဆူရာဘာရာမြို့မှလူတိုင်း မျှော်လင့်ချက်များ ရှိနေခဲ့ကြသော်လည်း မြို့သခင်၏ တိုက်ပွဲက မျှော်လင့်ချက်များ ကုန်ဆုံးသွားစေသည်။

တောင်တန်းရွေ့လျားခြင်း အလယ်အလတ်အဆင့် ရှေးဦးသားရဲများက ရှားပါပြီး ၎င်းတို့၏ အရေပြားများက သံမဏိကဲ့သို့ဖြစ်သည်။ ထို့အပြင် ၎င်းတို့က အလွန်ရက်စက်ကြမ်းကြုတ်လွန်း၏။

မြင့်မြတ်ခြင်းမင်းဆက်မှာ ခရီးသွားဧည့်သည်များအမြင်တွင် ထိုသားရဲအား သူတို့အကြီးအကဲများသာ သတ်နိုင်လိမ့်မည်။ ဆူရာဘာရာမြို့လေးက နှိမ်နှင်းနိုင်ရန်မှာ စိတ်ကူးယဉ်အိမ်မက်တစ်ခုသာဖြစ်၏။

ယခုတွင် အားလုံး သေကြရတော့မည်။

တိုက်ပွဲကွင်းပြင်တွင် ရှေးဦးသားရဲကြီးက ဒုတိယတစ်ကြိမ်တိုက်ခိုက်ရန် သူ့အမြီးအား မြှောက်လိုက်ပြန်သည်။ ထိုမြင်ကွင်းက လူတိုင်းကို စိတ်ဓာတ်ကျသွားစေ၏။ ရှချီက သူ၏ဓားဖြင့် ထိုတိုက်ကွက်အား အစွမ်းကုန်ခုခံပြီး ပြန်ကန်အားဖြင့် မြို့အတွင်း ပြန်၀င်လာခဲ့သည်။

“ မြို့ကို ကာကွယ်ကြ…”

‘ အခု မြို့တံတိုင်းကို အသုံးပြုပြီး အကောင်းဆုံးခုခံရုံပဲ ကျန်တော့တယ်…’

ဘန်း…

ရှေးဦးသားရဲကြီးက အရမ်းအလျင်လိုဟန်မရသလို နှေးကွေးနေခြင်းလည်းမရှိပေ။ လူအုပ်ကြီး၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် သူက မြို့တံတိုင်းအား အမြီးကြီးဖြင့် အဆက်မပြတ် ရိုက်ချလိုက်သည်။

မြို့တွင်းရှိလူတိုင်း ၎င်းတို့၏ နှလုံးသားများ ချောက်နက်ကြီးအတွင်း ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူတို့၏ အမူအရာများက အလွန်စိတ်ဓာတ်ကျနေ၏။

သူတို့ ယခင်က အမြဲတစေ ချီးကျူးဂုဏ်ယူခဲ့ဖူးသော မြို့တံတိုင်းကြီးက အလကားပင်။

ဂျွတ်…

အသက်ရှုကြိမ်အနည်းငယ်ကြာပြီးနောက် မြို့တံတိုင်းမှ အသံမြည်လာခဲ့သည်။ ထိုအသံက သိပ်မကျယ်သော်လည်း မြို့တွင်းမှ လူများ၏ နားထဲတွင် မိုးခြိမ်းသံကြီးတစ်ခုအလားပင်။

“ မြို့တံတိုင်း ပြိုကျတော့မယ်…”

လူတိုင်း မျှော်လင့်ချက်များ ပျောက်ဆုံးကုန်သည်။ ဤကဲ့သို့ ရက်စက်ကြမ်းတမ်းသော အခြေအနေက အစောပိုင်းတွင် တက်ကြွခဲ့သော စိတ်ဓာတ်များအား ရိုက်ချိူးလိုက်၏။

ထိုအဆင့်သားရဲကြီးက တစ်မြို့လုံးအား တခဏအတွင်း သတ်ဖြတ်ရန်လုံလောက်သည်။

ထိုကြောက်မက်ဖွယ်သားရဲကြီးအား မည်သို့ ဆန့်ကျင် တိုက်ခိုက်နိုင်မည်နည်း။

ဘန်း…

ကျယ်လောင်သော အသံကြီးနှင့်အတူ မြို့တံတိုင်း တစ်စစီ ပျက်စီးသွား၏။

မြို့ပေါက်သွားချေပြီ။

“ ဟေး.. အီးပေါလောကြီး.. ဒီကိုလာပြီး ငါနဲ့တိုက်စမ်း….”

လူတိုင်း အသံလာရာဘက်သို့လှည့်ကြည့်လိုက်ကြသည်။ သူတို့နားထဲတွင် ကလေးမလေးတစ်ဦး အသံအားကြားခဲ့ရ၏။

သူတို့နားကြားမမှားပေ။ အမှန်တကယ်ကို ကလေးမလေးတစ်ယောက်ဖြစ်၏။ သူမက (၈) နှစ် (၉)နှစ်၀န်းကျင်သာရှိဦးမည်။

သူမက ကျောက်စိမ်းအရုပ်လေးတစ်ခုအလားပင်။ လက်ရှိတွင် ထိုကလေးမလေးက ကျိုးပျက်သွားသော မြို့တံတိုင်းရှေ့၌ ရပ်ပြီး ရှေးဦးသားရဲအုပ်ကြီးအား မျက်နှာမူထားသည်။

“ ပြေးတော့..”

“ ကလေး.. မြန်မြန်ပြေး…”

လူတိုင်း အံ့ဩတုန်လှုပ်သွားကြပြီး သူတို့ကိုယ်သူတို့ သူရဲဘောကြောင်သူများဟု ခံစားမိလိုက်ကြသည်။ ချစ်စဖွယ်ကလေးမလေးတစ်ဦး သားရဲအုပ်ကြီးလက်အောက် တစ်စစီချေမွှခံရတော့မည်ဖြစ်သော်လည်း ရှေ့ထွက် မကူညီနိုင်ဖြစ်နေ၏။

“ မြတ်စွာဘုရား.. ကျုပ်တို့ကို ကယ်တင်တော်မူပါ…”

တစ်ချို့က လက်အုပ်ချီပြီး ဒူးထောက်ကာဆုတောင်းလိုက်ကြသည်။ သူတို့ အလွန်လိုအပ်နေသည့်အချိန်တွင် ဘုရားသခင်က အကြောင်းပြန်ပေးရန် မျှော်လင့်နေကြ၏။

မြတ်မြတ်ခြင်းမင်းဆက်မှ လူများက ထိုမြင်ကွင်းအားကြည့်ပြီး ခေါင်းယမ်းလိုက်ကြသည်။ သူတို့လည်း အလွန်စိတ်ဓာတ်ကျနေခဲ့၏။

ဒီကမ္ဘာကြီးမှာ အမှန်တကယ်ရော ဘုရားသခင်ရှိလို့လား..?

တကယ်လို့ နတ်ဘုရားတစ်ပါးရှိနေရင်တောင် ပုရွက်ဆိတ်ကဲ့သို့ လူများ၏ သေဆုံးခြင်းကို အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း…!

“ ဟေး….”

ထိုကလေးမလေးက လုယောင်ယောင်ဖြစ်၏။ သူမက ဆေးလုံးသောက်ပြီးနောက် တောင်တန်းရွေ့လျားခြင်းအစောပိုင်းအဆင့်သို့ရောက်သွားခဲ့သည်။ သူမ၏ တိုးတက်လာသော ခွန်အားများအား ခံစားကြည့်နေချိန် ရှဇီဝေတစ်ယောက် ထိတ်ထိတ်ပျာပျာနှင့် ရောက်လာခဲ့၏။

လက်ရှိအချိန်တွင် ဆူရာဘာရာမြို့အား ကယ်တင်နိုင်သူမှာ လျှို့ဝှက်ဆန်းကျယ်သည့် ရွှမ်ယီတစ်ယောက်တည်းသာရှိကြောင်း ရှဇီဝေ နားလည်ထား၏။

ရွှမ်ယီက အနည်းငယ်ပြုံးလိုက်ပြီး ‌ထိုရှေးဦးသားရဲများအား ရှင်းလင်းရန် ယောင်ယောင်အား တာ၀န်ပေးလိုက်သည်။

ထိုအခါ ရှဇီဝေတစ်ယောက် မယုံနိုင်ဖြစ်ပြီး အနည်းငယ်မျက်မျောင်ကြုတ်သွား၏။

ယောင်ယောင် အစွမ်းထက်ကြောင်းသူမ သိထားသည်။ တောင်တန်းရွေ့လျားခြင်း အစောပိုင်းအဆင့်သားရဲအား လက်သီးတစ်ချက်ဖြင့် အနိုင်ယူခဲ့‌ခြင်းအား မြင်ဖူးသည်။ သို့သော် အလယ်အလတ်အဆင့်နှင့် အစောပိုင်းအဆင့်က မတူချေ။ ၎င်းတို့ကြား စွမ်းအားကွာခြားမှု ကြီးလွန်းလှသည်။

သူမ အဖေပင် တောင်တန်းရွေ့လျားခြင်း အလယ်အလတ်အဆင့်သားရဲကြီးထံမှ ရိုက်ချက်တစ်ခုပင် မခံနိုင်ချေ။

ယောင်ယောင်က ၎င်းအား အမှန်တကယ် အနိုင်ယူနိုင်မည်လော…?

သူမ မည်သည့်စကားမှမပြောရသေးခင် ယောင်ယောင်က သဘောတူလိုက်ပြီး တောင်ငယ်လေးတစ်ခုအားသယ်ကာ မြို့တံတိုင်းရှိရာသွား ပြေးသွားခဲ့သည်။

ယခုတွင် ထိုတောင်က ယောင်ယောင်၏နောက်တွင်ရှိနေပြီး ကျိုးပျက်နေသော တံတိုင်းနေရာအား ပိတ်ဆို့ထားသည်။

လူတိုင်း မှင်သက်သွားကြ၏။ ယခုလေးတွင် မြို့တံတိုင်းကျိုးပျက်သွားခြင်းဖြစ်သော်လည်း ချက်ခြင်း တောင်ငယ်လေးတစ်လုံး ထိုနေရာတွင် အစားထိုးသွားခဲ့သည်။

အကြောင်းအရင်းများအား မစုံစမ်းရသေးမီ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုအား ထပ်မြင်လိုက်ရပြန်၏။

ယောင်ယောင်က သူမ၏ ပစ်မှတ်ကို အတည်ပြုလိုက်ဟန်ဖြင့် မြို့ပြင်သို့ပြေးထွက်သွားလေသည်။

ရှေးဦးသားရဲများလည်း အံ့အားသင့်သွားခဲ့ကြ၏။ စောနက အစွမ်းထက်သော လူသားပင် သူတို့အတွက် ပြိုင်ဘက်မဟုတ်ချေ။ သွေးအန်ပြီး မြို့အတွင်း ထွက်ပြေးသွားခဲ့၏။ ယခု သေးငယ်သော လူသားလေးထွက်လာပြန်သည်။

ဒါက ပိုပြီး သတ်ဖို့ မလွယ်ဘူးလား…?

ကြီးမားသော ရှေးဦးသားရဲများ၏ မျက်၀န်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှုများ ထွက်ပေါ်လာပြီး ဟိန်းဟောက်ပြီး လုယောင်ယောင်ဆီသို့ ပြေး၀င်သွားကြသည်။

ယောင်ယောင်ကလည်း မရှောင်တိမ်းဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ဘန်း…

လက်သီးချက်က ပထမဆုံးရောက်လာသော ရှေးဦးသားရဲအား ထိမှန်သွားသည်။ ထိုသားရဲက လက်သီးချက်အား ဂရုမထားသော်လည်း ထိမှန်သွားသည်နှင့် ဥက္ကာခဲတစ်လုံးနှင့် တိုက်မိလိုက်သည်အလား ခံစားလိုက်ရပြီး နောက်သို့လွင့်စင်သွားခဲ့သည်။

ထိုနောက် မြေ‌ပေါ်သို့ ပြန်မကျမီ လေထဲ‌၌ပင် နောက်ဆုံးထွက်သက်အား ရှုထုတ်သွား၏။

ယောင်ယောင်လည်း အလွန်စိတ်လှုပ်ရှားသွားသည်။

ထို့နောက် မှင်သက်နေသော ရှေးဦးသားရဲများအား တုံ့ပြန်ချိန်မပေးဘဲ တစ်ကောင်ပြီး တစ်ကောင် လက်သီးဖြင့် ပြေးထိုးလိုက်၏။ ထိုရှေးဦးသားရဲများက နဂိုကပင် အလွန်ကြီးမားရာ ယောင်ယောင်၏ လက်သီးချက်များအား ရှောင်တိမ်းနိုင်ခြင်းမရှိချေ။ ရလဒ်နေဖြင့် တစ်ကောင်ပြီးတစ်ကောင် လွင့်စင်သွား၏။

မြို့တံတိုင်းထက်၌ ရပ်နေသောလူတိုင်း လက်ရှိမြင်ကွင်းက အလွန်အဓိပ္ပါယ်မဲ့သလို ခံစားလိုက်ရသည်။

(၈) နှစ် (၉)နှစ်အရွယ် ကောင်မလေးတစ်ယောက်က ရှေးဦးသားရဲများကြား အဆက်မပြတ်တိုက်ခိုက်နေပြီး သိုးအုပ်ထဲရောက်သွားသော ကျားတစ်ကောင်အလားပင်။

ဤသိုနှင့် ယောင်ယောင် ပတ်၀န်းကျင်မှ ရှေးဦးသားရဲများ ထွက်ပြေးကုန်ကြ၏။

ထိုကလေးမလေးထံတွင် အထိုးခံရသည်နှင့် လွင့်ထွက်သွားပြီး အသက်ပါပျောက်သွားရသည်။

“ ဂရား…”

တောင်တန်းရွေ့လျားခြင်း အလယ်အဆင့်ရှေးဦးသားရဲကြီး အလွန်ဒေါသထွက်သွား၏။ သူက ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး ယောင်ယောင်ဆီသို့ ပြင်းထန်စွာ ပြေး၀င်တိုက်ခိုက်လိုက်သည်။

လူတိုင်း နှလုံးသားများ အေးခဲသွား၏။ ထိုရှေးဦးသားရဲကြီးက တိုက်ခိုက်မှု တစ်ခု နှစ်ခုမျှနှင့် မြို့သခင်အား သနားစရာအခြေအနေသို့ တွန်းပို့ခဲ့သည်။

ယခုတွင် ဘာများဆက်ဖြစ်ဦးမည်နည်း။

All Chapters