← Chapters

အခန်း (၂၁၀)

Vol. 14 Ch. 210

အခန်း (၂၁၀)

Vol. 14 Ch. 210

“ အိုး.. ညီမလေး အဲ့အစီအစဉ်ကို ငါသဘောတူတယ်…”

ကိုင်လင်းအာက ကူကယ်ရာမဲ့နေဟန်ဖြင့် ကိုင်လျန်ရီ၏ အိမ်ရှေ့တွင် ရပ်နေခဲ့သည်။ ကိုင်လျန်ရီက ညီမဖြစ်သူအား ချစ်ခင်သော မျက်၀န်းများဖြင့် ကြည့်လိုက်ပြီး ကြင်နာစွာ ဖက်ထားလိုက်၏။

ထိုကောင်မလေးက အစပိုင်းတွင် ရွှမ်ယီထံ၌ မှော်ဆေးပညာတွင် ရှုံးနိမ့်သွားပြီး သိုင်းပြိုင်ရန် အဆိုပြုခဲ့သည်။ ထို့နောက် သိုင်းပြိုင်ရာတွင်ပါ ရှုံးနိမ့်ပြီး မျက်ရည်လည်ရွှဲဖြင့် ကိုင်မိသားစုသို့ ပြန်ပြေးလာခဲ့၏။

‘ အဲ့တာတွေတောင် ဘယ်လောက်ကြာသွားခဲ့ပြီလဲ…’

အမှန်တွင် ကိုင်လင်းအာက ရွှမ်ယီထံတွင် တပည့်ခံရန် လိုက်သွားရန်အတွက် ကိုင်မိသားစုထံ ခွင့်ပန်ခဲ့၏။

သို့သော် ကိုင်မိသားစုက ကိုင်လင်းအာအား ရတနာတစ်ပါးသဖွယ် တန်ဖိုးထားသည်ဖြစ်ရာ ခရီးဝေး စေလွှတ်လိုခြင်းမရှိပေ။

ဤသို့ဖြင့် ကိုင်မိသားစု သူမ၏ အဆိုပြုမှုအား သဘောမတူခဲ့ချေ။

“ တကယ်ဆို စိတ်ပူနေစရာမှမလိုတာ.. ရွှမ်ယီက အရမ်းအစွမ်းထက်တာပဲကို… မူလဘုရင်တွေတောင် သူ့ကို မယှဉ်နိုင်ဘူး…”

ကိုင်လင်းအာက ကိုင်လျန်ရီအားဖက်ထားရင်း သနားစဖွယ်ပြောလိုက်သည်။

ကိုင်လျန်ရီက ခေါင်းအနည်းငယ်ယမ်းလိုက်၏။ ရွှမ်ယီ၏ ရန်သူများက မူလဘုရင်များသာမဟုတ်ဘဲ လူသားဘုရင်များ ၊ ကောင်းကင်ဘုရင်များလည်းရှိသည်။

ဟုတ်ပေသည်။ ရွှမ်ယီထံတွင် ၎င်းတို့အား အသာအယာဖိချေပစ်နိုင်သော ဆရာတစ်ဦးရှိ၏။ သို့သော် ကိုင်လင်းအာက မဆင်မခြင်နှင့် မိသားစုမသိအောင် သူတော်စင်ဒေသသို့ ခိုးသွားပါက အဆင်မပြေချေ။

“ အဆင်ပြေပါတယ်.. မငိုနဲ့ တိတ်တိတ်.. ငါ ရွှမ်ယီဆီကို စာရေးလိုက်မယ်… သူသဘောတူတယ်ဆိုရင် နင်သွားလို့ရပြီ…”

ထိုစကားများကြားလျှင် ကိုင်လင်းအာ၏ မျက်၀န်းများတောက်ပသွားပြီး စိတ်လှုပ်ရှားစွာနှင့် အစ်မဖြစ်သူရင်ခွင်ထဲမှ ခုန်ထွက်လိုက်သည်။

“ ဟုတ်…ဟုတ်…”

ကိုင်လျန်ရီက ခေါင်းအနည်းငယ်ယမ်းပြီး ပြုံးလိုက်၏။

‘ ရွှမ်ယီ သဘောတူလိုက်ရင် ကိုင်လင်းအာ သူတော်စင်ဒေသကိုသွားဖို့က ပြသနာမဟုတ်တော့ဘူး.. ရွှမ်ယီရဲ့ အကာကွယ်နဲ့ဆို အန္တရာယ်ရှိမှာမဟုတ်ဘူး…”

ကိုင်လျန်ရီက စာရေးလိုက်ပြီး အထူးလျှို့ဝှက်နည်းလမ်းအားသုံးကာ ရွှမ်ယီထံသို့ပို့ လွှတ်လိုက်သည်။ စာရွက်ကလေးက ကောင်းကင်သို့တက်သွားပြီး အလင်းတန်းအဖြစ်ပြောင်းကာ မှုန်ဝါးပျောက်ကွယ်သွား၏။

….

“ ကိုင်လင်းအာက ငါ့ကို ဆရာတင်ချင်နေတာလား…”

ရွှမ်ယီက ကောင်းကင်ထက်မှ ရောက်လာသောစာအား ဖတ်ကြည့်ပြီး အနည်းငယ်ထူးဆန်းသွားခဲ့သည်။

‘ ငါ မှော်ဆေးပညာကို ပထမဆုံးအကြိမ်စမ်းသပ်တုန်းက ဒီကောင်မလေး.. ငါ့ကို မယုံခဲ့ဘူး… အခု ဘယ်လောက်မှမကြာသေးဘူး ငါ့ကို ဆရာတင်ချင်နေပြီလား…’

ရွှမ်ယီ အနည်းငယ်တွေးတောလိုက်သည်။

သူနှင့် ကိုင်မိသားစုအကြားဆက်ဆံရေးက အမြဲကောင်းမွန်ခဲ့၏။

ကိုင်လင်းအာရှုံးနိမ့်သွားပြီးနောက် ကိုင်လျန်ရီက သူ့အား စုံစမ်း‌ရန်ရောက်လာသော်လည်း သူတို့ချင်း ရင်းနှီးသွားခဲ့သည်။

လျှို့ဝှက်နယ်မြေသို့ရောက်ချိန်တွင် ကိုင်မိသားစုက ရွှမ်ယီအား ကာကွယ်ပေးရန် ဆုံးဖြတ်ချက်ချခဲ့၏။

ကိုင်မိသားစုခေါင်းဆောင်ကိုယ်တိုင် မိုင်ထောင်ပေါင်းများစွာအား ကျော်ဖြတ်ကာ ရောက်လာပြီး ဘုရင်နှစ်အဆင့်နှစ်ယောက်အား ဆန့်ကျင်ကာ ရွှမ်ယီက သူ့အကာကွယ်အောက်တွင်ရှိကြောင်း ကြေငြာ‌ခဲ့သည်။

ရွှမ်ယီက သူ့အကူအညီအား မလိုအပ်သည့်တိုင်အောင် ထိုအပြုအမူက အနည်းငယ် ရင်ထဲထိသွားခဲ့၏။ ဤသို့နှင့် ထိပ်သီးအင်အားစုကြီး နှစ်ခုအားဖျက်ဆီးပြီးနောက် ရွှမ်မိသားစုနှင့် ကိုင်မိသားစုတို့ ထာ၀ရ မဟာမိတ်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။

‘ ကိုင်လျန်ရီကိုယ်တိုင် စာရေးပြီးပို့လိုက်တယ်ဆိုတော့.. လင်းအာ.. ဒီကောင်မလေး ဂျီကျနေလို့ပဲဖြစ်မယ်…”

‘ ဒီလိုဆိုမှ‌တော့ ငါ အကြောင်းပြန်သင့်တယ်…’

သူ၏ အဆင့်(၄) ဓားရည်ရွယ်ချက် ၊ အဆင့်(၅) မှော်ဆေးပညာရှင် အဆင့်တို့နှင့်ဆိုလျှင် ကိုင်လင်အာကို တပည့်အဖြစ်လက်ခံရန် လုံလောက်သည်ထက် ပိုနေပြီဖြစ်ကြောင်း ရွှမ်ယီနားလည်ထားသည်။

ထို့ကြောင့် စာပြန်ရေးလိုက်ပြီး လက်ဝှေ့ယမ်းကာ လျှို့ဝှက်နည်းလမ်းနှင့် ပြန်လည်ပို့လွှတ်လိုက်၏။ စာက အလင်းတန်းအဖြစ်ပြောင်းပြီး ကောင်းကင်၌ မှုန်ဝါးပျောက်ကွယ်သွားခဲ့သည်။

(၃) ရက်ကြာပြီးနောက် ကိုင်လင်းအားက ဗဟိုသူတော်စင်အကယ်ဒမီသို့ရောက်ရှိလာ၏။ ရွှမ်ယီအား တွေ့လိုက်ရလျှင် ပျော်ရွှင်စွာ ပြေးသွားခဲ့၏။

ရွှမ်ယီက ထိုကောင်မလေးအား သိုင်းတာအိုဌာနဘက်သို့ ခေါ်သွားလိုက်သည်။

“ ဟေး..”

ကိုင်လင်းအာ အနည်းငယ်အံ့အားသင့်သွား၏။

မှော်ဆေးပညာအစည်းအရုံးခေါင်းဆောင်ထံမှ သိရသော သတင်းများအရ ရွှမ်ယီက အစည်းအရုံးခေါင်းဆောင်၏ ဆရာထံမှ ထောက်ခံချက်ဖြင့် ဗဟိုသူတော်စင်အကယ်ဒမီ၌ မှော်ဆေးတာအို နည်းပြဆရာအဖြစ် ထမ်းဆောင်ရန်သွားကြောင်း သိခဲ့ရသည်။ ဗဟိုသူတော်စင် အကယ်ဒမီ၌ ဌာန(၂)ခုရှိကြောင်းလည်း ကြားသိခဲ့ရ၏။

သိုင်းတာအိုဌာနနှင့် မှော်ဆေးတာအိုဌာန…

ရွှမ်ယီက မှော်ဆေးတာအိုဌာန၌ ရှိသင့်သော်လည်း သူတို့ လမ်းလျှောက်နေသည့် ဘေးပတ်လည်တွင် သိုင်းတာအိုအဆောက်အအုံများရှိနေခဲ့သည်။

“ ဟေး.. ဘာတွေဖြစ်နေတာလဲ…”

ကိုင်လင်းအာ မနေနိုင်ဘဲ မေးလိုက်၏။

ရွှမ်ယီက ကိုင်လင်းအာကိုကြည့်ပြီး ပြုံးလိုက်သည်။ သူမမည်သည့်အရာများတွေးနေကြောင်း သူနားလည်၏။

“ ငါက မှော်ဆေးတာအိုနည်းပြဆရာဆိုတာ မှန်တယ်.. ဒါပေမယ့် သိုင်းတာအို နည်းပြဆရာရော… ဖြစ်လို့မရဘူးလား…”

ကိုင်လင်အား အံ့အားသင့်သွားသည်။

‘ လူတစ်ယောက်က တောင်ပိုင်းတိုက်ကြီးရဲ့ ထိပ်တန်းအကယ်ဒမီကြီး (၅) ခုထဲက တစ်ခုဖြစ်တဲ့ ဗဟိုသူတော်စင် အကယ်ဒမီရဲ့ ဌာနနှစ်ခုလုံးမှာ ဆရာအဖြစ် တာ၀န်ထမ်းဆောင်နိုင်စွမ်းရှိတာလား ..’

အနည်းငယ် တုန်လှုပ်သွားပြီးနောက် ကိုင်လင်းအာ၏ မျက်၀န်းများ ပိုမိုတောက်ပလာခဲ့သည်။

သူမက ရွှမ်ယီအား ရွှန်းလဲ့တောက်ပစွာကြည့်လိုက်၏။ ထို့နောက် ချက်ချင်းဒူးထောက်ချလိုက်ပြီး

“ ကျွန်မ ရှင့်ရဲ့ အလုပ်သင်ဖြစ်ချင်ပါတယ်.. ပြီးတော့ မှော်ဆေးတာအိုဌာနကိုလည်း ၀င်ချင်တယ်…”

ရွှမ်ယီက မှော်ဆေးပညာတွင်သာမက သိုင်းပညာတွင်လည်း အလွန်ထူးချွန်ကြောင်း သူမသိထား၏။ ယခုတွက် ရွှမ်ယီက ဌာနနှစ်ခုလုံး၌ နည်းပြတာ၀န်ယူထားသည်ဖြစ်ရာ သူမကလည်း ဌာနနှစ်ခုလုံးတွင် တပည့်ဖြစ်သကဲ့သို့ ဖြစ်သွားလိမ့်မည်။

ဤနည်းဖြင့် သူမက ရွှမ်ယီထံတွင် မှော်ဆေးပညာသာမက သိုင်းပညာလည်း သင်ယူနိုင်မည်ဖြစ်၏။

ရွှမ်ယီက ခေါင်းယမ်းကာ အနည်းငယ်ရယ်မောလိုက်ပြီး ‌ဒူးထောက်နေသော ကိုင်လင်းအာကို ထူပေးလိုက်သည်။

“ ဟုတ်ပြီ… မင်းကို အလုပ်သင်အဖြစ်အတည်ပြုလိုက်မယ်.. ဒီနေ့ကစပြီး မင်းက သိုင်းတာအိုဌာနမှာ ငါ့ရဲ့(၆)ယောက်မြောက် တပည့်ဘဲ…”

ကိုင်လင်းအာ အလွန်၀မ်းမြောက်သွား၏။

‘ ငါက ဒုတိယ ရွှမ်ယီ ဖြစ်လာတော့မှာလား…’

‘ ငါ.. ကိုင်လင်းအာ နောက်ဆုံးတော့ ကောင်းကင်ပေါ်ကို ခြေတစ်လှမ်းနဲ့တက်နိုင်တော့မယ်ကွ…’

……

ရွှမ်ယီက ကိုင်လင်းအာကို သိုင်းတာအိုဌာန တပည့်အဖြစ် စာရင်းသွင်းခဲ့သည်။

မကြာမီ ရွှမ်ယီ အနည်းငယ်ပျင်းရိလာသောကြောင့် မှော်ဆေးတာအိုဌာန၏ တံခါးဖွင့်အတန်းသွားရန် ဆုံးဖြတ်လိုက်သည်။

ကမ္ဘာငယ်ထဲသို့ သူနောက်ဆုံးအကြိမ်သွားစဉ်က အတန်းဖွင့်ရမည့်ရက်ကျော်သွားခဲ့၏။ သို့သော် သူက လျစ်လျူရှုခဲ့လိုက်သည်။ ထို့နောက် သူက ကမ္ဘာငယ်လေးမှ ပြန်ရောက်လာသည့်တိုင် အတန်းအား မေ့လျော့နေခဲ့၏။

သူ့အတန်းသို့ လူမည်မျှ လာလိမ့်မည်နည်းဟု စိတ်လှုပ်ရှားစွာတွေးတောရင်း ရောက်သွားခဲ့သော်လည်း စိတ်ပျက်သွားခဲ့ရသည်။

လူ(၄)ယောက်ရောက်ခဲ့ပြီး (၃)ယောက်က ပုံမှန်လာနေကျ လူများဖြစ်၏။ လူသစ်မိန်းကလေးတစ်ဦးသာ ပါလာခဲ့သည်။

ထိုလူသစ်က ပင်တိုင်စံ(၃)ယောက်ထဲမှ တစ်‌ဦးတည်းသော အမျိုးသမီး၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ပေသည်။

သူမ သူငယ်ချင်း ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် အခွင့်အရေးကြီးက ရွှမ်ယီဖြစ်ကြောင်း သိလိုက်ရစဉ် သူမ တော်တော်လေး အံ့ဩသွားခဲ့၏။

သူမ သိသလောက်ဆိုလျှင် ထိုရွှမ်ယီဆိုသူက မှော်ဆေးတာအိုဌာန၌ နည်းပြဆရာအသစ်ဖြစ်ရပေမည်။ ဤမတိုင်ခင်က ထိုအမည်နှင့်နည်းပြ မရှိခဲ့ပေ။

တစ်ချိန်တည်းတွင် သိုင်းတာအိုဌာနမှ ဆရာရွှမ်ယီနှင့် အခြေအနေအတူတူပင်။ တက်စရာအတန်းများစွာရှိသည့်အတွက် ထိုဆရာ အတန်း၌ သူ၏ ကိုယ်ပိုင်တပည့်များမှလွဲလျှင် တခြားကျောင်းသားများမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုနည်းပြဆရာက အလွန်ငယ်ရွယ်နေပြီး တချို့သော ကျောင်းသားများနှင့် အသက်တူတူပင်ဖြစ်၏။

လူတိုင်းအမြင်တွင် ရွှမ်ယီက အကယ်ဒမီသို့ နောက်ဖေးတံခါးမှ ၀င်လာသူဖြစ်သည်။

သို့သော် သူမသူငယ်ချင်းအပါအ၀င် လူ(၃)ယောက်တို့၏ မှော်ဆေးပညာတိုးတက်လာမှုက အစစ်အမှန်ဖြစ်ပေသည်။

ထို့အပြင် ဌာနနှစ်ခုမှ ရွှမ်ယီ၏ အခြေအနေအား သူမသတိပြုမိခဲ့သည်။

တခြားလူများအတွက် ဗဟိုသူတော်စင်အကယ်ဒမီ၌ တာ၀န်ထမ်းဆောင်ရသည်မှာ ဂုဏ်ယူစရာတစ်ခုဖြစ်နေချေပြီ။

ပူးတွဲ နည်းပြဖြစ်လာလျှင်မူ…..

ထိုသို့သော ဂုဏ်ကျက်သရေမျိုးအား မည်သူမှ နောက်ဖေးပေါက်မှ၀င်လာပြီး ရနိုင်မည်မဟုတ်ပေ။

အကယ်‌၍ ရွှမ်ယီသာ ပူးတွဲနည်းပြဟုသည့် သတင်းပေါက်ကြားသွားလျှင် လူတိုင်းအလေးအနက်ထားကာ သူ့အား စောင့်ကြည့်လာကြပေလိမ့်မည်။

သူမသူငယ်ချင်းထံမှ သတင်းရပြီး (၃)ရက်အကြာတွင် မြက်မှိုကျောင်းသို့ ကျန်(၃)ယောက်နှင့်အတူသွားခဲ့သော်လည်း ရွှမ်ယီက ရောက်မလာခဲ့ချေ။

“ တံခါးဖွင့်အတန်းကို ဒီလို ကျော်သွားလို့လည်းရတာပဲလား…”

သူမ အနည်းငယ်ထိတ်လန့်သွား၏။

သို့သော် ကျန်(၃)ယောက်က ဤအခြေအနေအား ကြုံတွေ့ဖူးပြီးဖြစ်၏။ ထိုအထဲမှ ယောက်ျားလေးတစ်ဦးက သူမအား လက်ပြနှုတ်ဆက်ပြီး ပြန်ရန်ပြောလိုက်သည်။

“ ဆရာရွှမ်ယီက ဒီလိုပဲ.. သူလာချင်မှလာတာ.. ဌာနမှူးကလည်း သူ့ကို ဘာမှမပြောဘူး.. ပြန်ကြစို့…”

ထိုစကားအားကြားလိုက်လျှင်

‘ ပုံမှန်ဆို ဆရာတွေ ဒီလိုလုပ်လို့မရဘူးမလား.. ဌာနမှူးလည်း သူ့ကို ဘာမှမပြောဘူးပေါ့…’

‘ ကြည့်ရတာ ဆရာရွှမ်ယီရဲ့ အတန်းက တကယ်ပဲ တိုးတက်ခြင်းရဲ့ လျှို့ဝှက်ချက် ဖြစ်နိုင်တယ်…’

‘ ဒီအတန်းကို ငါတက်ကို တက်ရမယ်…’

သူမ ဆုံးဖြတ်ချက် ချလိုက်ပြီး အပတ်တိုင်း ရွှမ်ယီအတန်းသို့ ပုံမှန်လာခဲ့သည်။

သို့သော် ရွှမ်ယီက ကမ္ဘာငယ်အတွင်းသို့ရောက်နေခဲ့ပြီး ပြန်လာပြီးနောက်လည်း အတန်းအား မေ့လျော့နေခဲ့၏။ ရွှမ်ယီအတန်းသို့ မလာတာကြာပြီဖြစ်ရာ ထို(၄)ယောက် စိတ်ဓာတ်ကျလာခဲ့တော့သည်။

ဤအပါတ်တွင်လည်း သူတို့(၄)ယောက် ဆုံမိကြပြန်သည်။ မျှော်လင့်ချက်များစွာမရှိချေ။ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး စကားပြောရင်း မြက်မှိုကျောင်းသို့ရောက်လာခဲ့၏။

“ အထဲမှာ လူရှိနေတာလား…”

သူတို့(၄)ယောက် အတွင်းသို့ လှမ်းကြည့်လိုက်စဉ် ခန္ဓာကိုယ်များ တောင့်တင်းသွားခဲ့ရသည်။

မြက်မှိုကျောင်းအတွင်း၌ လူနှစ်ယောက်ရှိနေ၏။

All Chapters