← Chapters

နှစ်ပတ်စက်ကွင်းများ

Vol. 138 Ch. 4.1578

နှစ်ပတ်စက်ကွင်းများ

Vol. 138 Ch. 4.1578

"မင်း အဆင်ပြေရဲ့လား"

ရန်ဖေး ခေါင်းညိတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်"

"မင်းက ငါ့အတွက် အသုံးဝင်သေးတာပဲလေ... ငါ မင်းကို မသေစေရဘူး"

လုရွှမ် ပေါ့ပေါ့ပါးပါးလေးသာ ပြောလိုက်သည်။

ရန်ဖေးသည် ခဏတာ ဒေါသထွက်သွားသည်။

"ဟမ့် ကျွန်မတို့ အခု ဘယ်လို ထွက်သွားကြမလဲ"

သူမ ပြောပြီး ဓားစွမ်းအင်က ကြီးထွားလာနေတဲ့ စက်ကွင်းကို ထိသွားသည်။ တစ်ဖက်က စက်ကွင်းများက သံမဏိဖြင့် ပြုလုပ်ထားပုံရပြီး ဓားစွမ်းအင် ထိသွားတိုင်း မီးပွားများဖြင့် တောက်ပကုန်သည်။

လုရွှမ်လည်း သူ့ဓားကို ဝေ့ယမ်းကြည့်ပေမယ့် ကြီးထွားလာတဲ့ စက်ကွင်းကတော့ လုံးဝ ပျက်စီးမသွားချေ။ သို့သော် မီးပွားတွေအစား ဖုန်မှုန့်များသာ ပျံတက်လာသည်။

"ဒြပ်စင်ငါးပါး စက်ကွင်းလား?"

လုရွှမ် တိုးတိုးလေး အော်လိုက်သည်။

ရန်ဖေးဟာ ဒြပ်စင်ငါးပါးယင်းယန်ဂိုဏ်းမှ ဆင်းသက်လာသောကြောင့် သဘာဝအားဖြင့် ယင်းယန်သည် အဓိကသိုင်းဖြစ်ပြီး သူမရဲ့ လှုပ်ရှားမှုများသည် အများအားဖြင့် သစ်သားဒြပ်စင်ကို အခြေခံသည်။

နှစ်ပတ်စက်ကွင်းများက ရွှေဒြပ်စင် ပြောင်းသွားရင် သဘာဝအတိုင်း ရွှေဒြပ်စင်ကို တိုက်ခိုက်ရန်အတွက် သစ်သားကို သုံးတာက သဘာဝအားဖြင့် အချည်းနှီးသာ။ လုရွှမ်ရဲ့ လက်ရှိ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားရဲ့ ဂုဏ်ရည်မှာ ရွှေဖြစ်ပြီး နှစ်ပတ်စက်ကွင်းများက မြေဒြပ်စင်ကို ပြောင်းသွားတာကြောင့် ရွှေက အချည်းနှီး ဖြစ်သွားခဲ့သည်။

ရန်ဖေး: "အင်း ဟုတ်သားပဲ... ဒါဆို ဒါကိုဖျက်စီးဖို့ အဲ့နည်းလမ်းကို သုံးကြည့်ရအောင်"

လုရွှမ်: "အဲ့လောက် မလွယ်ဘူး... မဟုတ်ရင် ဒီနှစ်ပတ်စက်ကွင်းတွေက သူတို့မှာရှိတဲ့ ဒြပ်စင်တွေကို အသွင်မပြောင်းဘဲ ဆက်ထိန်းထားနေမှာ မဟုတ်ဘူး.. ဒါက နှစ်ထောင်ပေါင်းများစွာ ကြာအောင် စိုက်ပျိုးထားတဲ့ သစ်ပင်တစ်ပင်ပဲ မကျင့်ကြံဘဲ ထာဝရ အသက်ရှင်နိုင်တဲ့ တစ်စုံတစ်ခု ရှိမယ်ဆို အဲဒါက သစ်ပင်တစ်ပင်ပဲ... ဒါပေမဲ့ သစ်ပင်တစ်ပင်က လေ့ကျင့်နိုင်ရင်တော့ ကျားထက်တောင် ပိုအစွမ်းထက်သွားမှာ"

"နှစ်ထောင်ပေါင်းများစွာ ကြာအောင် နေထိုင်လာခဲ့တာက ဒြပ်စင်ငါးခုနဲ့ ယင်းယန်ကြားက ဆက်နွယ်မှုကို ရှင်းရှင်းလင်းလင်း သိထားပုံရတယ်... ဒါက သူ့ဗီဇပဲ... ရှင်သန်ဖို့ဆိုတာ မသေချာပေမယ့် ဒြပ်စင်ငါးခုကို သုံးပြီး တိုက်ခိုက်ရင်တော့ မထိခိုက်နိုင်ရုံတင်မကဘူး သစ်ပင်နတ်ဆိုးကို စွမ်းအင်တွေ ပေး​နေသလိုတောင် ဖြစ်ပြီး နောက်ဆုံးဖွဲ့စည်းမှုရဲ့ အရင်းအမြစ်ပါ ဖြစ်လာနိုင်တယ်"

ရန်ဖေး: "ဒါဆို ရှင် နည်းလမ်းရှာပြီးပြီလား"

ပြောပေမယ့် လုရွှမ်ရဲ့ နှလုံးသားထဲမှာ သူမကို ယုံကြည်နေတာမျိုး လိုချင်သည်။

"မပြောတတ်ဘူး"

"ဟမ်!"

ရန်ဖေး ပြင်းပြင်းထန်ထန် ဟစ်အော်လိုက်သည်။ သို့သော် လုရွှမ်ရဲ့ လျစ်လျူရှုထားသော အမူအရာကို မြင်လိုက်ရတော့ သူမစိတ်ထဲတွင် ဒေါသပိုထွက်လာခဲ့ရသည်။ စိတ်ထဲမှာ မနာလိုမှု အစိတ်အပိုင်းများစွာ ရှိနေသလို ခံစားနေရကာ လုရွှမ်ကို အနည်းငယ်သာ ကျော်တက်နိုင်မယ်လို့လည်း မျှော်လင့်နေမိသည်။

တစ်ခါက ဒီလူယုတ်မာက သူမကို တောင်းဆိုခဲ့ဖူးသည်။ အောက်ကမ္ဘာကို ဘယ်လိုသွားပြီးတော့ ဘေးကင်းစွာ ပြန်လာရမလဲဆိုတာ ပြောပြဖို့ သူမကို တောင်းဆိုခဲ့၏။ သူမ အရင်က မသိသေးသော်လည်း အစ်မ ဟန်ယင်း ပြောပြတော့မှ သူမ သိသွားခဲ့သည်။

လုရွှမ် ရန်ဖေးဘက်ကို တစ်ချက်ကြည့်လိုက်ပြီး။

"လှုပ်ရှားမှုထဲ​မှာ ငြိမ်သက်မှု ရှိတယ်... ငြိမ်သက်မှုထဲမှာလည်း လှုပ်ရှားမှု ရှိတယ်... ဒီဖွဲ့စည်းမှုက ကမ္ဘာကြီးကို လွှမ်းခြုံထားပုံရတယ်... အဲ့လိုလား?"

ရန်ဖေး: "ဘာအဓိပ္ပာယ်လဲ?"

"ပျံသန်းရအောင်"

လုရွှမ် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ ချီထျန်းပု ခြေလှမ်းများက သူ့ခြေဖဝါးအောက်တွင် တောက်ပနေပြီး သူ့ခန္ဓာကိုယ်က ရန်ဖေး မျက်လုံးများထဲတွင် ပုံရိပ်တစ်ခုသာ ကျန်နေခဲ့သည်။

ရန်​ဖေး ​ကြောက်​သွားသည်​။ လုရွှမ်က ချီထျန်းပု ​ခြေလှမ်းကို အစွမ်းကုန်​ သုံးလိုက်​​ပြီ။ သူ့ရဲ့ကျင့်ကြံမှုက မျှော်စင်နယ်ပယ် ပထမအဆင့်ကိုပဲ ရောက်နေ​သေးတာတောင်မှ အရင်ကထက် အများကြီး ပိုကောင်းနေသည်။

ဒါဟာ သေးငယ်​တဲ့ နယ်ပယ်တစ်ခုကြားက ကွာဟချက် မဟုတ်တော့ဘဲ နယ်ပယ်ကြီး တစ်ခုလုံးတွင်သာ ရှိနေသည့် ကွာဟချက်လို ဖြစ်နေ၏။

လုရွှမ်က ကောင်းကင်လှည့်ဖြားတဲ့ ချီထျန်းပုကို အဆင့်၆အထိ လေ့ကျင့်ထားတာလား။ အဆုံးမရှိသော အရည်အချင်းများနှင့် အခွင့်အလမ်း အမျိုးမျိုးကြောင့် လက်ရှိ အခြေအနေအထိ ရောက်ရှိခဲ့တာလား။

ဒီလူက ဘယ်လောက်တောင် အရည်အချင်း ရှိနေတာလဲ။

"မင်းဘာတွေ တွေးနေတာလဲ... မြန်မြန်လိုက်ခဲ့"

လုရွှမ် လှမ်းအော်လိုက်သည်။ ရန်ဖေးလည်း နှုတ်ခမ်းကို ကိုက်ပြီး လုရွှမ်ခြေရာနောက်သို့ ပြေးလိုက်သွားရသည်။

လုရွှမ်က သူမကို ဆွဲခေါ်သွားဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူတို့နှစ်ယောက်ဟာ တောရိုင်းထဲမှာ ကြွေကျနေတဲ့ သစ်ရွက်နှစ်ရွက်လို ဖြတ်တောက်ရင်း နှစ်ယောက်သား ပြေးထွက်သွားကြပါ၏။

ကြီးထွားနေသော စက်ကွင်းများသည် လူနှစ်ယောက်ကို အဖန်ဖန်သတ်ရန် ကြိုးစားသော်လည်း အချည်းနှီးပင်။

"ကျွန်မတို့ ဘယ်လိုလုပ်​ကြမလဲ..."

မေးပြီးနောက် ပါးစပ်ကို ပြန်ပိတ်ထားသည်။ ကြီးထွားနေသော စက်ကွင်းများက အရှိန်လျော့သွားတာ သူမ သတိထားမိလာ၏။

"ပန်းတစ်ပွင့်နဲ့ ကမ္ဘာတစ်ခု... သစ်ရွက်တစ်ရွက်နဲ့ ဗောဓိတစ်ဆူ....လှုပ်ရှားမှုထဲ​မှာ ငြိမ်သက်မှု ရှိတယ်... ငြိမ်သက်မှုထဲမှာလည်း လှုပ်ရှားမှု ရှိတယ်တဲ့.. ဒီကောင်က သစ်ပင်ကြီးတစ်ပင်ပဲ.. ငါတို့လို လူသားတွေ၊ တိရစ္ဆာန်တွေနဲ့ မတူဘူး... လှိုင်းထန်လေလေ ငါတို့ရဲ့ စွမ်းအားတွေက အားကောင်းလေလေ... လှုပ်ရှားမှုနဲ့ ငြိမ်သက်မှုကြားမှာ ဟန်ချက်ညီမှု ရှိပေမယ့် ငါတို့ဘက်က စမှာကို စောင့်နေသလိုပဲ..."

"ဒါပေမဲ့ သစ်ပင်ကြီးတွေက မရွေ့ဘဲ တိတ်ဆိတ်နေဖို့ ရွေးချယ်ထားတယ်... ဒီတော့ ငါတို့ဘက်က စလှုပ်ရှားလိုက်ရင် စိတ်ဝင်စားစရာ တစ်ခုခုကို မြင်နိုင်မယ် ထင်တယ်"

လုရွှမ် သူ့ဓားကို ထပ်မံထိုးသတ်လိုက်သည်။ ဓားကို တုံ့ပြန်သည့်အနေဖြင့် နှစ်ပတ်စက်ကွင်းထဲ၌ တွင်းနက်တစ်ခု တောက်ပလာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

"အဲဒါ ထွက်သွားနိုင်မယ့် လမ်းလား"

ရန်ဖေး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"အမှန်ပဲ.. ဒါပေမယ့် ငါတို့ရဲ့အရှိန်က မလုံလောက်သေးဘူး... ငါတို့ ပိုမမြန်နိုင်ရင် မင်းအပေါက်ကို တိုက်ရိုက် ထိမိနိုင်တယ် ထင်တယ်"

လုရွှမ် မျက်မှောင်ကြုတ်ပြီး ဆို၏။ ရန်ဖေးလည်း စိတ်ဆင်းရဲစွာဖြင့် အော်ဟစ်လိုက်သည်။

"ဒါပေမဲ့ ဒါက ကျွန်မရဲ့ အမြန်ဆုံး အရှိန်ဖြစ်နေပြီ!"

"ငါ့လက်ကို ဆွဲထား!"

ရန်​ဖေးလည်း လုရွှမ်အရှိန်ကို အမှန်တကယ် မြှင့်တင်နိုင်တာ နားလည်သည်။

"ဆွဲထားပြီ!"

လုရွှမ် ပြေးထွက်သွားတာနဲ့ သူမ ခန္ဓာကိုယ်ကလည်း တစ်ဟုန်ထိုး ခုန်တက်လာတာ ခံစားလိုက်ရပြီး အရှိန်နှစ်ဆတိုးလာသည်။ လေနှင့် မိုးခြိမ်းသံတွေ မိုင်ထောင်ချီ ပြေးထွက်သွားသလိုကို မြန်လွန်း၏။

"ခေါင်းဖြတ်!"

မတွေး​နေဘဲ ရန်ဖေးလည်း သူ့ဓားဖြင့် ​ကြီးထွားလာသော စက်ကွင်းကို ရိုက်ချလိုက်သည်။

ဤအခိုက်အတန့်တွင် ကြီးထွားနေသော စက်ကွင်းများသည် အလွယ်တကူ ကွဲထွက်သွားနိုင်သော ကြာပန်းနှင့် တူလာပါပြီ။ အတွင်းထဲတွင် သေးငယ်သော တွင်းနက်တစ်ခု လျင်မြန်စွာ ကြီးထွားလာကာ လူတစ်ဦး ရပ်နေနိုင်မယ့် နေရာထိုင်ခင်းတစ်ခု ပေါ်လာသည်။

"သွားကြရအောင်...."

ရန်ဖေးမှာတော့ သူမရဲ့မျက်လုံးများ မှောင်မိုက်သွားတာကိုသာ ခံစားလိုက်ရသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှ ပြင်းထန်သော ဖိအားကြီးဟာ သူမခန္ဓာကိုယ်ကို အပိုင်းပိုင်း ခွဲပစ်တော့မည့်အလား။

ထွက်ပြေးဖို့ ခွန်အားရှိသမျှကို သုံးနေရသည်။ အားတင်းကာ ထိန်းထားနေရတာကြောင့် ပါးစပ်ထောင့်ကနေ သွေးတွေပါ စီးကျလာ၏။ လုရွှမ်ရဲ့ အရှိန်က လုံးဝမနှေးတော့ပေ။ သူ့နောက်ကျောမှ ရန်ဖေး သိပ်မတောင့်ခံနိုင်တော့မှန်း သဘောပေါက်သည်။

သူ့ကိုယ်ထဲမှာတော့ ကောင်းကင်နဂါးပုလဲနဲ့ ရွှေဦးချိုတို့ရဲ့ စွမ်းအားများက ပေါက်ကွဲဆဲဖြစ်ပြီး စိမ်းပြာနဂါး နှလုံးကလည်း သူ့ကို အားပြည့်စေခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ သူ့တွင် စိမ်းပြာနဂါး နှလုံး ရှိနေခဲ့သည်။ မဟုတ်ပါက ဒီစွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

"ယွမ်ယန်ဓားကိုးစင်း... လူနဲ့ဓားပေါင်းစည်းမှု!"

ချင်ထျန်းဓားသည် ၎င်းတို့နှစ်ဦးကို ကာကွယ်ရန် ဓားစွမ်းအင် တစ်ခုကို တွန်းထုတ်လိုက်သည်။ ရုတ်တရက် ရန်ဖေးသည်လည်း သူမခန္ဓာကိုယ်တွင်းက ဖိအားများ မရှိတော့တာ ခံစားလိုက်ရကာ အသက်ရှုသံများ ပျော့ပြောင်းလာသည်။

ထွက်ပေါက်ရှိရာ အရှေ့ဘက်တွင်တော့ ကြယ်ရောင်လေးများက လင်းထိန်နေ၏။

လုရွှမ် ဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး အခြားလှုပ်ရှားမှုကို ထပ်မသုံး​တော့ဘဲ ရှေ့သို့သာ အာရုံစိုက် တိုက်ခိုက်​​နေခဲ့သည်။ ပြင်းထန်သော စွမ်းအားများက သူ့ခန္ဓာကိုယ်မှ ပြေးထွက်လာပြီး အရာအားလုံးကို ချန်ထားခဲ့ကာ သူတို့နှစ်ဦးအား ရှေ့သို့ ပြေးထွက်သွားစေသည်။

"ငှက်တစ်ထောင်!"

လုရွှမ် အော်လိုက်ပြီးတာနဲ့ ရန်ဖေးကလည်း ငှက်တစ်ထောင် လက်စည်းတံဆိပ်ကို ချက်ချင်း ဖော်လိုက်သည်။ ၎င်းတို့နှစ်ဦး၏ နောက်ကွယ်မှ ခရမ်းရောင် အတောင်ပံတစ်စုံက မီတောက်လောင်နေသည်။

အတောင်ပံများ ခတ်လိုက်သည်နှင့် ခန္ဓာကိုယ် နှစ်ခုဟာ တောက်ပသော အလင်းရောင်အောက်၌ ပျောက်ကွယ်လုနီးနီး။

လုရွှမ်: "ခွဲ!"

မီးတောက်ငါးခု ခွဲထွက်သွားသည်။ ကောင်းကင်မီး၊ မြေမီး၊ စိတ်ဝိညာဉ်မီး၊ ဖီးနစ်နတ်မီး၊ ဆန်းကြယ်ရေခဲမီးတောက်။ မီးတောက်ငါးမျိုးဟာ ကောင်းကင်အထက်မှာ တောက်လောင်နေကာ မြေကြီးကိုပါ ဖျက်ဆီးပစ်တော့မလို အရှိန်အဟုန် ကောင်းလာသည်။

သူတို့နှစ်ယောက် ပြေးထွက်လာပြီးတာနဲ့ သစ်ပင်ကြီးနတ်ဆိုးကြီးက သူ့ပါးစပ်ထဲမှ မီးတောက်များကို ပြန်ထွေးထုတ်ကာ အော်ဟစ်လိုက်​လေ​တော့သည်။

All Chapters