← Chapters

ဟန်ယင်း

Vol. 138 Ch. 4.1580

ဟန်ယင်း

Vol. 138 Ch. 4.1580

"ကျွန်မရှင့်ကို အောက်ကမ္ဘာကို သွားတဲ့လမ်းနဲ့ အထက်ကမ္ဘာကို ပြန်ဖို့လမ်းကို ပြော​ပြနိုင်တယ်... ဒါပေမဲ့ ရှင်ကျွန်မကို ကူညီရမယ်..."

"ဟားဟားဟား..."

ရန်ဖေးမှာ စကားမဆုံးခင်မှာ လုရွှမ်ရဲ့ ရယ်သံကြောင့် သူ နှောက်ယှက်ခံလိုက်ရတော့သည်။

"ဘာရယ်တာလဲ"

"မင်းကို လမ်းတစ်လျှောက်မှာ ငါကယ်ခဲ့တာလို့ မင်းမထင်ဘူးလား? မင်းရဲ့ကြင်နာမှုကို ပြန်ဆပ်တဲ့အနေနဲ့ မင်း အဲဒီနည်းလမ်းကို ဒီအတိုင်း ပြောပြသင့်တယ်!"

ရန်ဖေးမျက်နှာက တည်သွားသည်။ လုရွှမ်စကားက မှန်ကန်ကြောင်း သူမ သိလိုက်ပါ၏။ ဖြစ်နိုင်လျှင် သူမသည် လုရွှမ်ရဲ့ ကြီးမားသော ကြင်နာမှုအတွက် ဘယ်လို ကျေးဇူးတင်ရမှန်းမသိ ဖြစ်နေခဲ့သည်။

သို့သော် လုရွှမ်က ယခုအချိန်တွင် သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပြီး သူမတို့ဂိုဏ်းဟာ အနာဂတ်တွင် မြေကမ္ဘာထဲတွင် ရှင်သန်လိုပါက ထို​မျှော်လင့်ချက်ဟာ လုရွှမ်ဆီမှာ ရှိနေလိမ့်မည်ဟု သူမစိတ်ထဲတွင် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

သူမကိုယ်သူမ မုန်းတီးမိသည်။ ဒါတောင် လုရွှမ်ကို ခြိမ်းခြောက်မိသေး၏။

"ဟားဟား... မင်း နားမလည်သေးဘူးပဲ မင်းရဲ့ အရည်အချင်းက အရမ်းမြင့်တယ် ဒါပေမယ့် မင်းလက်မလွှတ်နိုင်ဘူး မင်းရဲ့ စိတ်နေစိတ်ထားက မတည်မြဲသေးဘူး... သွားရအောင် ရှေ့ကို ဆက်လျှောက်ရအောင် မင်းနားလည်ပြီး သဘောပေါက်လာတဲ့ အခါကျရင် ငါ့ကို သဘာဝအတိုင်း ပြောပြလာလိမ့်မယ်"

ရန်ဖေးသည် တခဏမျှ အံ့အားသင့်သွားကာ လုရွှမ်ရဲ့ ဆိုလိုရင်းကို နားမလည်လိုက်ချေ။ ထိုအချိန်မှာ လုရွှမ်က အရှေ့မှ ထွက်ခွာနေပြီ ဖြစ်သောကြောင့် သူမ ဆက်လိုက်သွားရုံသာ ရှိတော့၏။

ခရီးက ရှည်လျားပြီး နွေဦးရာသီနဲ့ ဆောင်းဦးပေါက်ရာသီတွေ ရောက်လာပြီး မသိလိုက်ခင်မှာပဲ နှစ်ဝက်လောက် ကုန်လွန်ခဲ့ပါပြီ။

နောက်ဆုံးတွင် ခွန်အားအပြည့်ဖြင့် ပြေးလွှားနေစဉ် နောက်ဆုံးတွင်တော့ ပို့ဆောင်ခြင်း အခင်းအကျင်း ပုံစံများစွာကို တွေ့ရှိခဲ့သည်။ အချိန်ကုန်သက်သာသွားပြီမို့ တောင်ပိုင်းနယ်မြေ၏ တောင်ဘက်စွန်းသို့ ရောက်လာရှိခဲ့သည်။

ရောက်သွားတဲ့ နေရာကတော့ ပင်လယ်ဘက်သို့ ထွက်သော အထီးကျန် ချောက်ကမ်းပါးတစ်ခုဖြစ်ပြီး "လောက အဆုံးသတ် (ဟိုင်ကျို)" ဟူသော စာလုံးလေးလုံး ရေးထိုးထားသော ကျောက်ပြားတစ်ချပ် ရှိသည်။

အလယ်ပိုင်းဒေသကနေ သူထွက်ခွာခဲ့သော မြို့နှင့် ချိတ်ဆက်ထားရာ မြို့ဖြစ်လေသည်။ “လောကအဆုံးသတ်” ဟူသော စကားလုံးများဖြင့် ရေးထိုးထားသော ကျောက်ပြားတစ်ချပ် ရှိနေလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ချေ။

"မင်းဆက်သွယ်ထားတဲ့လူက ဒီမှာစောင့်နေသင့်တယ်နော်"

လုရွှမ်ရဲ့ ရုတ်တရက် ပြောချလိုက်တဲ့ စကားကြောင့် ရန်ဖေး ထိတ်လန့်သွားပြီး အမြန်ငြင်းချင်ပေမယ့် ဒီလမ်းတစ်လျှောက်မှာ လုရွှမ် စရိုက်ကို ရင်းနှီးလာတာကြောင့် သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး။

"ရှင့်ကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး... အကြီးတန်းအစ်မ ဟန်ယင်းရဲ့ လုံခြုံရေးကို သိချင်ရုံပါ"

"သူမ ဘယ်တော့ လာမှာလဲ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် မြေကမ္ဘာလောကထဲကို ဝင်နိုင်တဲ့ လျှို့ဝှက်ချက်က သူမကိုယ်ပေါ်မှာပဲ ရှိနေလိမ့်မယ်"

ရန်ဖေး အလိုအလျောက် ခုန်ပေါက်လုနီးပါး ဖြစ်သွားသည်။

"ရှင်ဘာတွေ ပြောနေတာလဲ... ကျွန်မမှာ ရှိနေပြီ"

လုရွှမ်: "မင်းမှာ ငါလိုချင်တာကို မရှိမှန်းသိရင် ငါမင်းကို သတ်ပစ်မယ်လို့ ထင်နေတာလား... နုံအမနေနဲ့... ငါက အဲဒီလိုလူလား ဆိုတာ မင်း ရှင်းရှင်းလင်းလင်း သိထားသင့်တယ်...ကြည့်ရတာ မင်းက နားမလည်သေးသလို လက်မလွှတ်နိုင်သေးဘူး ထင်တယ်"

ရန်ဖေး အော်ဟစ်ပြီး မြေပြင်ပေါ် လဲကျသွားတော့မလို ဖြစ်သွားသည်။ သို့သော် သူမက ဒေါသတကြီး အော်ဟစ်နေသေး၏။

"ရှင်က ကျွန်မ နားမလည်သေးဘူးလို့ပဲ ပြောနေတာ... ကျွန်မ မေးတဲ့အခါတိုင်း ဘာမှ မပြောဘူး"

ရန်ဖေးဟာ သူမရဲ့ ထူးကဲသော အရည်အချင်းကြောင့် ဖြစ်နိုင်သည်။ သူမက သဘာဝအားဖြင့် ပို၍ မာနကြီးသည်။ ဒါပေမဲ့ သူမနဲ့ သိကျွမ်းပြီးတဲ့ နောက်မှာတော့ အရမ်းတွယ်ကပ်နေတတ်တဲ့ ကလေးမလေးပဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိလာလိမ့်မည်။

တစ်ခါတလေ အရမ်းစိတ်ရှုပ်နေတတ်ပေမယ့် တခါတလေမှာတော့ သူမဟာ နားမလည်နိုင်လောက်အောင် လိမ္မာပါးနပ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတတ်သေးသည်။

ယခုတော့ လုရွှမ် သိသွားပြီမလို့ ရန်ဖေး ၎င်းကို ဖုံးကွယ်ရန် မလိုအပ်တော့တာကြောင့် သလင်းကျောက်ကို ထုတ်ယူကာ အဆက်အသွယ်တစ်ခုကို ထူထောင်လိုက်သည်။ လုရွှမ် အရမ်းသိချင်နေပုံဖြင့် စူးစမ်းနေ၏။

"ဟမ့် မကြည့်နဲ့... ရှင်က သိပ်တော်တယ်မလား... ကျွန်မက နားမလည်ဘူးနော် နားမလည်သေးဘူး"

ရန်ဖေး အော်ဟစ်ရယ်မောရင်း လုရွှမ်ကို ဒေါသထွက်လာအောင် လုပ်ချင်နေသည်။ လုရွှမ်က ​နောက်​ပြန်​ လှည့်​သွားသည်​။

"​ကောင်းပြီ မကြည့်​ဘူး"

ရန်ဖေးက ဂုဏ်ယူစွာ ပြုံးပြီး "အင်း...ရှင့်ဘာသာ မကြည့်တာနော် ကျွန်မ မသင်ပေးတာ မဟုတ်ဘူး... အမြဲတမ်း မရိုးမသား ဟန်ဆောင်နေတဲ့ လူတချို့နဲ့ ကျွန်မက မတူဘူး"

လုရွှမ်ကတော့ မျက်လုံးများကို မှိတ်ထားပြီး ရန်ဖေး အလိုရှိသည့်အရာကို လုပ်ခွင့်ပေးလိုက်သည်။ မကြာခင်မှာပဲ အသွင်အပြင်က တောက်ပလာပြီး တစ်ဖက်လူနဲ့ ချိတ်ဆက်လိုက်၏။

သူမက မျက်လုံးမှိတ်ထားဆဲ လုရွှမ်ကို ပြန်ကြည့်လိုက်ပြီး တိုက်ရိုက် လှည့်ထွက်သွားသည်။

"အစ်မဟန်ယင်း... ညီမ တောင်ပိုင်းနယ်မြေရဲ့ တောင်ဘက်အကျဆုံး နေရာကို ရောက်နေပြီ... လောကအဆုံးသတ်လို့ ခေါ်တဲ့ နေရာမှာ အစ်မ ဘယ်မှာလဲ"

ဟန်ယင်းလည်း လုရွှမ်ကျောကို မြင်နေရသည်။

"လုရွှမ်က ဘာလို့ အဲဒီမှာ ရှိနေတာလဲ... မင်းတို့ ဘာဖြစ်နေတာလဲ "

"ဘာမှမဟုတ်ပါဘူး ဘာပဲဖြစ်ဖြစ် သူ့ကိုပြောပြလိုက်လည်း ကိစ္စ မရှိတော့ဘူး....သူ့ကို ဂရုမစိုက်နဲ့ အစ်မ... ဒဏ်ရာရသွားပြန်ပြီလား"

ဟန်ယင်းသည် ပင်ပန်းနွမ်းနယ်နေပုံပေါ်၏။ သူမခန္ဓာကိုယ်မှာ ဒဏ်ရာရထားတာ သိသာနေပြီး အသက်ရှူမဝသလိုပင်။

"မင်းတကယ် ကံကောင်းလိုက်တာ... မင်းဒီလိုအခွင့်အရေးမျိုးကို ကြုံရတယ်... မင်းရဲ့အစ်မ ငါက နောက်ကျသွားပြီ... ကံကောင်းစွာနဲ့ မှော်လက်နက်တွေ ထပ်ယူလာခဲ့လို့ပေါ့... မဟုတ်ရင် သေသွားမှာကိုတောင် ကြောက်တယ်... ငါ့မှာ သုံးလကျန်သေးတယ် ငါအရောက်လာနိုင်မယ် ထင်တယ်... ငါ့ကိုစောင့်နေ သတိထားပြီး အချိန်မရွေး တိုက်ခိုက်ဖို့လည်း အဆင်သင့်ပြင်ထား!"

"မင်းအစ်မ ဟန်ယင်းမှာ ပြဿနာရှိနေတယ်"

လုရွှမ် ရုတ်တရက် ဝင်ပြောလိုက်သည်။

ရန်ဖေး ခုန်ထလာပြီး "ဘာတွေပြောနေတာလဲ... ကျွန်မသိတဲ့ အစ်မဟန်ယင်းက ဘယ်လိုလုပ် ပြဿနာရှိနိုင်မှာလဲ"

လုရွှမ်: "တစ်ချိန်လုံး ဒဏ်ရာရပြီး အချိန်သုံးလပဲ ကျန်တော့တဲ့ လူတစ်ယောက်ကို ငါတော့ မထင်ပါဘူး...ဒါက မင်းရဲ့ ကိုယ်ပိုင် အတွေးအမြင်ပေါ်မှာပဲ မူတည်တယ်... သူရောက်ပြီးမှ ငါတို့ အစီအစဥ်တစ်ခု ထပ်လုပ်ကြတာပေါ့"

မကြည့်ဖူးပေမယ့် တစ်ဖက်လူရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်း အာရုံစိုက်နေခဲ့သည်။ သူသည် ဟန်ယင်းဆိုတဲ့ မိန်းကလေးကို အကြာကြီး စောင့်ကြည့်နေခဲ့ပြီး သူမက ​မျှော်စင်နယ်ပယ် အဆင့် (၈) အဆင့်တွင် ရှိနေသည်။

ကျင့်ကြံမှု အရှိန်အဟုန်နဲ့ တိုးတက်လာတာက အံ့မခန်းပါပဲ။

အလုပ်က အရေးကြီးမှန်းသိပေမဲ့ သတ္တဝါတွေကို ထပ်ခါထပ်ခါ တိုက်နေသေးတယ် မဟုတ်ပါလား။ သူမတကယ် ကံမကောင်းခဲ့တာက ဖြစ်နိုင်သော်လည်း သူ့ထင်မြင်ယူဆချက် အရတော့ ထိုမိန်းကလေးက ပြဿနာရှာနေပုံရသည်။

ထို့အပြင် သူမရဲ့ ကြံ့ခိုင်မှု တိုးတက်လာတာနဲ့ ပတ်သက်ပြီး စဥ်းစားကြည့်ရလျှင် တစ်ခုခုတော့ ရှိလိမ့်မည်။ ထင်ယောင်ထင်မှားလည်း ဖြစ်နိုင်သလို ထိုမိန်းကလေးက သူ့အကြောင်းသူ ပြောနေချိန်မှာတော့ စိတ်လှုပ်ရှား​နေပြီး စိတ်မရှည်တဲ့ ခံစားချက်မျိုးလည်း ဝိုးတဝါး ခံစားနေရသည်။

ဒီခံစားချက်က သူ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။ သူတို့နှင့် ပူးပေါင်းလိုသော ဟန်ယင်းသည် အောက်ကမ္ဘာရဲ့ လျှို့ဝှက်ချက်များကို ထိန်းချုပ်ထားသော်လည်း လုရွှမ်ကတော့ အဲဒါထက် ပိုနေမယ်လို့ ခံစား​နေခဲ့ရသည်။

သုံးလလောက်က လျှပ်တပြက်နဲ့ ကုန်သွားသည်။

ထိုနေ့တွင် ကောင်းကင်ယံ၌ နှင်းများ ထူထပ်စွာ ပြည့်နေပြီး ကောင်းကင်နှင့် မြေကြီးကို ငွေဖြူရောင် နှင်းများဖြင့် ဖုံးအုပ်ထားသည်။ ရှည်လျားသော လေအေးစီးကြောင်းနဲ့ နှင်းများကြားတွင် လူနှစ်ယောက် သူတို့ဘက်သို့ ပြေးလာ​နေကြသည်။

"ညီမရန်ဖေး ကူညီပါဦး...."

ဟန်ယင်းမှလွဲ၍ အခြားတစ်ယောက်မှ ထွက်ပေါ်လာသော အသံသည် မျှော်စင်နယ်ပယ် အဆင့်၉ ပြင်းထန်သော လေ့ကျင့်မှု အဆင့်ဖြင့်တာကြောင့် ဟန်ယင်း အဆက်မပြတ် ဆုတ်ခွာသွားခဲ့ရသည်။

ရန်ဖေး ရှေ့သို့ ပြေးသွားပြီး သူစိမ်းနှစ်ယောက်ကို အတူတူ တိုက်ခိုက်လိုက်သည်။

သူတို့နှစ်ဦးရဲ့ ပူးပေါင်းဆောင်ရွက်မှု သိုင်းစွမ်းရည်တွေက ထူးထူးခြားခြား အစွမ်းသတ္တိ​တွေ ရှိသည်။ မကြာခင်မှာပဲ ထိုသူကို လျင်မြန်စွာ ဖမ်းဆီးနိုင်ခဲ့ပြီး အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့သည်။

"ငါသူ့ကိုသတ်မယ်!"

ဟန်ယင်းရဲ့ဒဏ်ရာတွေကို ကြည့်ရင်း ရန်ဖေး ဒေါသအရမ်း ထွက်လာပြီး အဲဒီလူကို ဓားနဲ့ထိုးသတ်ပစ်ချင်နေသည်။

"မလိုပါဘူး... သူ့ကို သုံးစရာနေရာ ရှိသေးတယ်... ထားလိုက်!"

ဟန်ယင်းက နာမည်နဲ့ လိုက်ဖက်အောင် သူရဲကောင်းဆန်သော မိန်းကလေး ဖြစ်သည်။

"ဒါ သခင်လေးလုရွှမ်လား?"

ဟန်ယင်း ပြုံးပြီး နှုတ်ဆက်လိုက်သည်။

All Chapters