← Chapters

လုရွှမ် ဝင်လှုပ်ရှားပြီ

Vol. 138 Ch. 4.1583

လုရွှမ် ဝင်လှုပ်ရှားပြီ

Vol. 138 Ch. 4.1583

ရန်ဖေးမျက်နှာက ဖြူဖျော့သွားသည်။ သူမသည် ဟန်ယင်းအား စကားပြန်ပြောရန် ခက်ခက်ခဲခဲ ကြိုးစား​နေခဲ့သော်လည်း အခွင့်အရေး မရခဲ့။ ဒီလောက် တိုတောင်းလွန်းတဲ့ အချိန်က စကားပြောဖို့ မလုံလောက်ပါဘူး။

"ဟားဟား... အဆင်ပြေသွားမှာပါ ညီမလေး... ငါ ကောင်းကင်ကမ္ဘာက လူတစ်ယောက်ကို စားလိုက်တိုင်း ငါ့ခန္ဓာကိုယ်ပေါ်က နာကျင်မှုတွေ နည်းနည်း လျော့သွားလိမ့်မယ်...ငါနင့်အတွက် အသက်ဆက်ရှင်ပေးပါ့မယ်...နင်ကတော့ အရမ်းအရသာ ရှိမယ့်ပုံပဲ"

ရန်ဖေးက ရုတ်တရက် :"ငါနားလည်သွားပြီ"

"နင်နားလည်သွားပြီ... ဘာ နားလည်တာလဲ?"

ရန်ဖေး တွင်းကြီးထဲက သွေးတွေကို လွမ်းဆွတ်စွာ ငုံ့ကြည့်ရင်း ရေရွတ်လိုက်သည်။

"လုရွှမ်က ငါ့ကို ပြောတယ်... နင့်ကို သတိထား တစ်ခုခုတော့ မှားနေပြီတဲ့ အခုငါအဲဒါကို တွေ့ကြုံခံစားနေရပြီ.. ပြောနေလည်း ဘာမှ အသုံးမဝင်ဘူး။ ငါက ငါထမ်းဆောင်ရမယ့် တာဝန်နဲ့ ခိုင်မာတဲ့ အခြေခံမူတွေအကြောင်းပဲ ပြောနေခဲ့တာ... ငါက အရေးမကြီးဘူးဆိုတာ လုံးဝ နားလည်သွားပြီ တခြားဘာမှ မပြောင်းလဲနိုင်ဘူး လောကကြီးကိုလည်း ငါပြောင်းလဲလို့ မရဘူး....အဲ့တော့ လုရွှမ်အတွက် လက်စားချေတယ်လို့ မှတ်ယူလို့ရအောင် အတူတူ သေလိုက်ကြတာပေါ့"

ရန်ဖေး အော်လိုက်ပြီးတာနဲ့ ဓားရှည်ကြီးက တောက်ပလာပြီး ယင်းယန်နဲ့ ဒြပ်စင်ငါးပါး ပေါင်းစပ်ထားသော ဓားစွမ်းအင်က ဟန်ယင်းဘက်သို့ ခုတ်ချပစ်သည်။

"နင် နားမလည်ပါဘူး"

ဟန်ယင်းက ကျိန်ဆဲပြီး ရန်ဖေးကို ခန္ဓာကိုယ်လေးခုဖြင့် ဝိုင်းထားလိုက်သည်။ ရန်​ဖေးကလည်း သူ့ခန္ဓာကိုယ်တိုင်းကို ဓားနဲ့ခုတ်ပြီး တိုက်နေသည်။ သူမ မထိတ်လန့်ဘဲ နောက်ပြန်ဓားနဲ့ ပြန်ထိုးခဲ့ပေမယ့် တစ်ဖက်လူက လွတ်သွားခဲ့ကာ သူမခါးကိုသာ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရ၏။

​နောက်တစ်ယောက်က သူမကို လက်ဖဝါးဖြင့် ပါးရိုက်ကာ မြေပြင်ပေါ်သို့ ခေါက်ချလိုက်သည်။

အင်အားက ပြင်းထန်တာကြောင့် နောက်ထပ် ခိုးဝင်တိုက်ခိုက်တာနဲ့ သွေးတွေ ပါးစပ်ထဲက ထွက်လာသည်။ ဒဏ်ရာဟောင်းတွေက မပျောက်သေးချိန် ဒဏ်ရာအသစ်တွေ ထပ်ထည့်လိုက်တာကြောင့် ရန်ဖေး ပါးစပ်ထဲက သွေးတွေ အများကြီး ထွက်ကျလာတော့၏။

"ကျစ် ကျစ်... ရန်ဖေး အစ်မနင့်ကို မသတ်ချင်ပါဘူး... နင်ကအမြဲတမ်း ငါ့ညီမကောင်းတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အခုငါခံစားနေရတဲ့ ဝေဒနာကို နင်နားမလည်ဘူး... တစ်လတစ်ခါ ကြုံရတဲ့ ကပ်ဆိုးကြီးမှာ ငါရှင်သန်ချင်တယ်... ငါ့ညီမငယ်က ငါ့​အတွက် သေပေးရမယ်... ကူညီပေးနိုင်မယ်မလား"

ရန်ဖေး :"နင် ရူးနေပြီ! ငါ့ကိုယ်ငါ ဖောက်ခွဲရရင်တောင် နင့်ကို ဘယ်တော့မှ လုပ်ခွင့်မပေးဘူး!"

သူမခန္ဓာကိုယ်က စတင်တောက်ပလာပြီး တဖြည်းဖြည်း လေထဲ လွင့်ပျံလာကာ ပေါက်ကွဲဖို့ အစပြုလာတော့သည်။ ထိုအခိုက် သူမနားထဲကို အသံတစ်သံက တိုးဝင်လာခဲ့၏။

"မင်းအားလုံး နားလည်သွား​ပြီ မဟုတ်ဘူးလား? ဘာလို့မစဉ်းစားတာလဲ"

လုရွှမ်?

ထို့နောက် ဟန်ယင်းဓားကို ပိတ်ဆို့ထားသည့် သူမနှင့် အလွန်ရင်းနှီးသော ကောင်းကင်လက်နက်ကို မြင်လိုက်ရကာ လူတစ်ယောက်က သူမရှေ့တွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။

အဖြူရောင် ဝတ်စုံဝတ်ထားသော လူတစ်ယောက် ဖြစ်ကာ ခါးက ကောင်းကင်ကို ထောက်ထားသော ဧရာမတိုင်ကြီးတစ်ခုလို ဖြောင့်ဖြောင့်ကြီး။ ထိုလူ သူမရှေ့တွင် ရပ်လိုက်တဲ့အခါ လုံခြုံသွားတဲ့ ခံစားချက်က သူ့အလိုလိုပေါ်လာခဲ့သည်။

"ဒါ.... နင် မသေဘူးလား... နေဦး! နင် ဒဏ်ရာလုံးဝမရဘူးလား"

ဟန်ယင်းအော်ရင်း မျက်နှာက ဖြူဖျော့သွားကာ အသံကလည်း ကျယ်လောင်လာသည်။ လုရွှမ် ခပ်ဖျော့ဖျော့လေး ပြန်ပြုံး​ပြလိုက်ကာ။

"ရန်ဖေးကို သတိပေးထားတာ ငါလေ... ငါ ကိုယ်တိုင်ရော သတိမထားမိဘူး ထင်လား... မင်း တကယ် ကစားလို့ ကောင်း​နေတယ်လို့ ထင်နေပုံရတယ်နော် !"

"ဘယ်လိုလုပ် သိသွားတာလဲ"

ဟန်ယင်းအသံမှာ မကျေမနပ် ဖြစ်နေကြောင်း သိသာသည်။

"ရန်ဖေးက ငါ့နောက်ကို လိုက်နေတာ နှစ်အတော်ကြာပြီး ငါပြောင်းလဲတာ တစ်ခါမှ မပြောနိုင်ခဲ့ဘူး... နင်က ဘယ်လိုလုပ် ပြောနိုင်တာလဲ"

လုရွှမ် ရယ်မောလိုက်သည်။

"မလိုပါဘူး... နှလုံးသားနဲ့ ခံစားလိုက်ရရင် ရပြီ မင်းရဲ့ ခန္ဓာကိုယ်ရဲ့ အငွေ့အသက်က မှားနေတယ် အတိဒုက္ခကို ဖြတ်သန်းဖူးတဲ့ သာမန်လူတစ်ယောက်ရဲ့ အငွေ့အသက်လို မဟုတ်ဘူး။ ဒီအချက်အပေါ် ငါ ထူးထူးခြားခြား နားလည်မှုရှိပြီးသား... မင်းရဲ့အတိဒုက္ခက မပြည့်စုံဘူး... မင်းက ကမ္ဘာကို လှည့်စား​နေသလိုမျိုး ပရမ်းပတာ ခြေလှမ်းတွေ လှမ်းနေတာ..."

"ဒုတိယအနေနဲ့ မင်းက ငါနဲ့ ယဥ်ဖို့ ကြိုးစားရလောက်အောင် မထက်မြတ်သေးဘူး... မင်း ငါ့ရဲ့ ခွန်အားကို မြင်ပြီး နောက်မှ မင်းကိုယ်ပွားကို ဖောက်ခွဲပစ်လိုက်တယ်... မင်း ဉာဏ်ကောင်းတာက မင်းအတွက်ပဲ ရှိပါသေးတယ်"

ဟန်ယင်း မယုံနိုင်စွာ အော်ဟစ်လိုက်ပြီး "ဒါဆို နင် အရင်က ဘယ်လိုရှောင်သွားခဲ့တာလဲ"

"ဒါက ငါ့လျှို့ဝှက်ချက်ပဲ... မင်း ဒါကို သိသွားရင် ကမ္ဘာကြီးက ဘယ်တော့မှ ငြိမ်းချမ်း​တော့မှာ မဟုတ်ဘူး"

လုရွှမ် ချင်ထျန်းဓားကို ဆွဲထုတ်လိုက်ပြီး။

"မင်း ငါ့အစွမ်းကို မသိချင်ဘူးလား အခုစမ်းကြည့်လိုက်လေ!"

ဓားအိမ်ထဲက ဓားထုတ်လိုက်တာနဲ့ ဓားစွမ်းအင်က ဟိန်းထွက်လာသည်။ ကောင်းကင်ကို အံတုတဲ့ ချီထျန်းပု ခြေလှမ်းတစ်ခုနဲ့အတူ ထွက်သွားပြီး ဟန်ယင်း ရှေ့ကို ချက်ချင်း ပြေးသွားလိုက်သည်။

"ရန်ဖေး...နင်သူ့ကို ဒီခြေလှမ်း တကယ်သင်ပေးလိုက်တယ်ပေါ့!"

လုရွှမ် လှောင်ရယ်လိုက်သည်။

"ငတုံး!"

အသံက မိုးခြိမ်းသံလိုပင်။ တစ်ဆက်တည်း လုရွှမ် ခန္ဓာကိုယ်မှ မိုးခြိမ်းသံများ ဆက်တိုက်ထွက်လာပြီး ဟန်ယင်းကို ဗုံးကြဲချလိုက်သည်။

"နင့်ခန္ဓာကိုယ်မှာ မိုးခြိမ်းသံတွေ!"

ဟန်ယင်း အော်ဟစ်ရင်း အမြန်ပြန်ဆုတ်သွားသည်။ လုရွှမ်ရဲ့ ခွန်အားက သူမ စိတ်ကူးထားတာထက်တောင် ကျော်လွန်သွားခဲ့​ပြီ။

ချီထျန်းပု အဆင့်တွင် လုရွှမ်ရဲ့ ကျွမ်းကျင်မှုက ရန်ဖေးထက်ပင် မြင့်မားနေသေးသည်။ ဟန်ယင်း သူမ အတွေးတွေကို အမြန်တုံ့ပြန်လိုက်သည်။

"ရန်ဖေးကို ဝင်ကယ်တင်နေတာ မဆန်းပါဘူး.. ငါ နားလည်သွားပြီ... အစတုန်းကတော့ နင်က သူ့ကို သဘောကျနေတာလို့ ထင်နေတာ...တကယ်တော့ နင်က ယင်ယန်းဒြပ်စင်ငါးပါးဂိုဏ်းရဲ့ ဂိုဏ်းဝင် ဖြစ်နေတာကိုး... ယင်းယန်ဒြပ်စင်ငါးပါးဂိုဏ်းရဲ့ အမွေဆက်ခံသူ မဟုတ်ပေမယ့် ဂိုဏ်းသားတစ်ယောက်ပဲ..."

ရန်ဖေးကတော့ လုရွှမ်ကို အံ့သြစွာ ကြည့်ကာ လုရွှမ်ရဲ့ အဖြေကို စောင့်မျှော်နေပါသည်။ လုရွှမ် အကျယ်ကြီး ရယ်မောလိုက်ပြီး။

"အတော်လေး ဉာဏ်ကောင်းပါတယ် ဒါပေမယ့် သူရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို တခြားအရာတွေအတွက် သုံးခဲ့တာ သနားစရာပဲ"

ဒီတစ်ကြိမ်မှာတော့ လုရွှမ် မငြင်းတော့ပေ။ မဟုတ်ရင် ရန်ဖေး ပြိုလဲသွားနိုင်ပါ၏။

"အချိန်​ပြည့်ပြီ... မင်း သွားလိုက်တော့!"

လုရွှမ် ပြောလိုက်တာနဲ့ သူ့ဓားသိုင်းက ချက်ချင်း ပြောင်းသွားသည်။ ယွမ်ယန်ဓားကိုးစင်းက ဆက်တိုက် ထွက်ပေါ်လာကာ ဓားတစ်ချောင်းသည် နောက်ဓားတစ်ချောင်း နောက်သို့ သံကြိုးဖြင့် ဆက်ထားသလို ဆက်တိုက် ထွက်သွားသည်။

ဤဓားသိုင်းဟာ ကောင်းကင်ဘုံက အတိဒုက္ခ ဘေးဆိုးကိုပင် တားဆီးနိုင်သော်လည်း နတ်ခြေလှမ်းနယ်ပယ် ဒုတိယအဆင့်သို့ တက်သွားသော သစ်ပင်အိုကြီးသည် ဟန်ယင်း၏ နှလုံးသားထဲတွင် စိတ်ကူးယဉ်သက်သက်သာ ဖြစ်ခဲ့ကာ အစစ်အမှန်ဟု မယူဆခဲ့ပေ။

စစ်မှန်သော တိုက်ခိုက်ရေး စွမ်းအားသည် နတ်ခြေလှမ်းနယ်ပယ် အဆင့် ၈ကို တက်သွားသူတစ်ဦး၏ အသွင်အပြင်ဖြစ်ရာ လုရွှမ်ရဲ့ ဓားစွမ်းရည်ကို ဘယ်လိုလုပ် တားဆီးနိုင်ပါ့မလဲ။

ခြောက်ကြိမ်ဆက်တိုက် ထိုးနှက်ခံရပြီးနောက် သူမ အလွန်အရှက်ကွဲသွားသည်။ လုရွှမ်က ရုတ်တရက် သူ့လှုပ်ရှားမှုကို ပြောင်းလဲကာ နေဖြိုခွင်းနတ်လေးကို အလင်းတစ်ချက်ဖြင့် ပစ်ခတ်လိုက်ရာ ဝိညာဉ်မြှားက သူမရဲ့ ကျင့်ကြံခြင်းအမြုတေကို လုံးဝ ကွဲကြေသွားခဲ့သည်။

လုရွှမ် သူမကို အပေါ်မှ ဆွဲကိုင်မြှောက်ကာ ရန်ဖေးရှေ့မှာ ပစ်ချ​ပေးလိုက်သည်။ ရန်ဖေးမှာ တစ်ချိန်က စိတ်အားထက်သန်သော ဆရာတူအစ်မရဲ့ အခြေအနေကို ကြည့်ရင်း အသည်းကွဲသလို ခံစားလိုက်ရသည်။

"ပြောပါ မြေကမ္ဘာကြီးကနေ ဘယ်လိုထွက်သွားရမလဲ ဆိုတာနဲ့ နောက်တစ်ခေါက် ဘယ်လိုပြန်လာရမလဲဆိုတာ.... ပြောပြရင် ငါနင့်​ကို လွှတ်​ပေးလိုက်မယ်"

"ဟာဟား... ငါသေရင်တောင် အိပ်မက်ထဲမှာ နင်တို့အားလုံးကို ငါနဲ့အတူ သင်္ဂြိုဟ်ပစ်မယ်!"

ရန်ဖေး မတ်တပ်ထရပ်ပြီး :"ငါမလုပ်ချင်ပါဘူး ဒါပေမယ့် နင်ငါ့ကို အတင်းအကြပ် လုပ်ခိုင်းနေတာ.. ဒါက သခင်လေးလုရွှမ်ကို ငါအကြွေးတင်နေတဲ့ဟာ...."

"အား... နင် ဘာလုပ်မှာလဲ ငါ့ဝိညာဉ်ကိုရှာချင်တာလား....နင်...."

​နောက်အခိုက်တွင် သူမသည် ရန်ဖေး၏ မျက်လုံးများကိုသာ ကြည့်ကာ အိပ်မက်ဆိုးတစ်ခုထဲ လုံးလုံးလျားလျား ထိုးကျသွားခဲ့သည်။

မကြာမီ သူမ သေဆုံးသွားသည်နှင့် ရန်ဖေးသည် လုရွှမ် ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်အနည်းငယ် ထိုးသွင်း​ပေးလိုက်သည်။ လုရွှမ် မျက်လုံးများကို မှိတ်ကာ မြေကမ္ဘာထဲသို့ ဝင်ရောက်ခြင်း နည်းလမ်းကို သင်ယူခဲ့သည်။

"ကျေးဇူးတင်ပါတယ်!"

"မဟုတ်ဘူး ကျွန်မရှင့်ကို အရမ်းကြွေးတင်နေတာပါ... ဒါက လုပ်​ပေးသင့်ပါတယ်"

ရန်ဖေး ရုတ်တရက် ပြန်ထိုင်ပြီး မျက်လုံးတွေကို မှိတ်ထားပေမယ့် မျက်ရည်တွေ စီးကျနေတာကို မတားနိုင်ပေ။ သူမ နှလုံးသားက အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူမရဲ့ ဆရာသခင်နဲ့ သူ့သူငယ်ချင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံရသည်။ သူမက အမြောက်စာသာဖြစ်ပြီး ဘယ်သူမှ ဂရုမစိုက်ကြချေ။

လုရွှမ် သက်ပြင်းချကာ တိုးတိုးလေး ပြောလိုက်သည်။

"မတ်တပ်ရပ်.... မင်း နားမလည်ဘူးလား? နားလည်မှုဆိုတာ ဘယ်အချိန်က စွန့်လွှတ်ရမယ်ဆိုတာ မင်း သိနေတယ် မဟုတ်ဘူးလား... နောက်ပြီး မင်းတစ်ယောက်တည်း မဟုတ်ဘူး... မင်းမှာ ငါဆိုတဲ့ သူငယ်ချင်း ရှိ​သေးတယ်!"

All Chapters