ငရဲကျွန်း
Vol. 138 Ch. 4.1588
ရန်ဖေးရဲ့ ခန္ဓာကိုယ်က တစ်ဖန်တုန်ခါသွားကာ ချီထျန်းပု ခြေလှမ်းတွေကနေ အရိပ်အယောင် အတုလေး ထွက်ပေါ်လာသည်။
နဂါးလေးရဲ့ နဂါးလက်သည်းများက ရန်ဖေးရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားစဥ် အရိပ်အယောင် သဲလွန်စများ ကွဲအက်သွားသည်။ ရန်ဖေးက သူမဓားကို ဝေ့ယမ်းလိုက်ရာ ထိခတ်သွားတဲ့ အသံနဲ့အတူ နဂါးလေးရဲ့ လက်မောင်းကို ထိမှန်သွားပေမယ့် မီးတောက်တွေသာ တဖျပ်ဖျပ် ခတ်သွားခဲ့သည်။
နဂါးလေးက နောက်ပြန်ဆုတ်သွားပြီး သူ့လက်ကို ပြန်ကြည့်ကာ အလွန်အံ့အား သင့်သွားလေသည်။
"မင်းဘယ်လိုလုပ်လိုက်တာလဲ"
လုရွှမ် သူ့အကွာအဝေးကနေ ရှင်းရှင်းလင်းလင်း မြင်နေရပုံအတိုင်းဆို သူ့ထက် ပိုမြန်လာသည်။ ၎င်းသည် လေပြင်းနိယာမနဲ့ ချီထျန်းပု နားလည်မှုအချို့ကြားတွင် သိမ်မွေ့သော ချိတ်ဆက်မှုတစ်ခုကို သင်ယူခဲ့ပုံရသည်။
အလွန် မတည်မငြိမ် ဖြစ်နေသေးသောကြောင့် အရိပ် ကျန်ခဲ့ရတဲ့ အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ရန်ဖေးရဲ့ အရှိန်သည် လွန်စွာ မြန်ဆန်နေတာကတော့ လုံးဝ သေချာသည်။
လုရွှမ် ပြုံးပြီး ခေါင်းညိတ်ပြတာ တွေ့တော့ ရန်ဖေးကလည်း ရှက်ကိုးရှက်ကန်းနဲ့ ပြုံးပြီး တခြားသူတွေကိုတော့ ဂုဏ်ယူစွာနဲ့ ကြည့်လိုက်သည်။
"ဟမ့် ဒီလူသားက အရည်အချင်းတွေ အများကြီး ရှိသားပဲ"
ရဲ့ရှားမျိုးနွယ်က လှမ်းအော်လေသည်။ သူက တဟုန်ထိုး အရှိန်တက်လာတဲ့အခိုက် လူသတ်ရန် ရည်ရွယ်ချက်က တစ်ကိုယ်လုံး ပြင်းထန်လာသည်။ ရောင်ဝါကြောင့် လေထုက တုန်ခါနေပြီး ဆက်စပ်နေသော လှေကိုယ်ထည်ကပါ တုန်ခါလာလေသည်။
လျိုရှန်း: "ဒါဆို လုံလောက်ပြီ!"
လှေပေါ်တက်တဲ့ ပထမဆုံးလူကိုတော့ လူတိုင်းက လေးစားနေကြတုန်းပါပဲ။
ဒီအနက်ရောင် လှေကြီးဟာ နဂါးကျွန်းကို ဦးတည်နေပေမယ့် ဒဏ္ဍာရီအရတော့ ဒီအနက်ရောင် လှေကို ဆောက်တဲ့သူက ကောင်းကင်လူသား ဖြစ်ပြီး ကောင်းကင်လူသားတွေကသာ ဒီလှေကို ခေါ်နိုင်တယ် ဆိုတဲ့ စည်းမျဉ်းကိုလည်း ချမှတ်ခဲ့ပါသည်။
သဘာဝအားဖြင့် လှေပေါ်ရှိ ကောင်းကင်လူသားများ၏ အနေအထားက အလွန်မွန်မြတ်သည်။ နှစ်တွေကြာလာတာနဲ့အမျှ ကောင်းကင်လူသားတွေဟာ တဖြည်းဖြည်း ရှားပါးလာတဲ့အတွက် နဂါးကျွန်းဟာ ကမ္ဘာကြီးအတွက် ပိုလို့တောင် ဆန်းကြယ်လာခဲ့ပါ၏။
နတ်ခြေလှမ်းနယ်ပယ် သို့မဟုတ် ထိုအထက်ကို တက်သွားခဲ့သော နတ်နဂါးအချို့မှလွဲ၍ နဂါးကျွန်းရှိ နတ်နဂါးများကို အပြင်ဘက်တွင် မြင်ရန် ခဲယဉ်းလုနီးပါး ဖြစ်လာသည်။
အပြင်မှာ မြင်တွေ့ရတဲ့ နတ်နဂါးအများစုဟာ အတွင်းက နတ်နဂါးတွေရဲ့ မျိုးဆက်တွေဖြစ်ပြီး သူတို့ရဲ့ အသွေးအသားကတောင် မသန့်ရှင်းတော့ပါဘူး။
ထိုအချိန်မှစ၍ ကောင်းကင်လူသား စကားပြောသည်နှင့် တပြိုင်နက် နဂါးလေး၊ ရဲ့ရှားနဲ့ ကောင်းကင်သိမ်းငှက်တို့ အားလုံးလည်း ပါးစပ်ပိတ်သွားကြသည်။
"ညီမရန်ဖေး... မင်းကို ငါ တောင်းပန်ဖို့ လိုနေပုံရတယ် မင်းရဲ့ အရည်အချင်းတွေက ငါ့ရဲ့ ခန့်မှန်းချက်ထက် ကျော်လွန်နေသေးတာပဲ"
"လက်မခံဝံ့ပါဘူး"
ရန်ဖေးက ကောင်းကင်လက်နက်ကို ယုံကြည်မှုအပြည့်နဲ့ ပြန်သိမ်းလိုက်သည်။ လျိုရှန်းက လူတိုင်းကို ကြည့်လိုက်ပြီး ပြတ်သားတဲ့အသံနဲ့ ဆိုလိုက်သည်။
"ဒီအချိန် လမ်းကြောင်းက လုရွှမ်နဲ့ ညီမရန်ဖေးတို့ရဲ့ အပြစ်မဟုတ်ဘူး... ကျွန်မ တာဝန်မကျေခဲ့ဘူး.... ဒါ့ထက် သိဖို့လိုတာ တစ်ခုကတော့ ဒါက မတော်တဆမှုလို့ ရှင်တို့ မထင်သင့်ဘူး"
"ဒီတစ်ကြိမ် မထွက်ခွာခင်မှာ မျိုးနွယ်စု အကြီးအကဲတွေက ဒီခရီးစဉ်က အန္တရာယ်ရှိပြီး ကြီးမားတဲ့ အကြပ်အတည်းတစ်ခု ရှိမယ်လို့ တွက်ချက်ခဲ့တယ်.. တစ်ချိန်တည်းမှာပဲ ကျွန်မတို့ရဲ့ ခရီးစဉ်က အရမ်း အရေးကြီးကြောင်း ညွှန်ပြနေတာကြောင့် မျိုးနွယ်စုက ကျွန်မကို အခွင့်အရေးတစ်ခုပေးဖို့ စေလွှတ်ခဲ့တယ်... တိကျတဲ့ အကြောင်းအရာတွေကို ထပ်မပြောနိုင်ဘူး... ကျွန်မလည်း လျှို့ဝှက်ချက်ကို မပေါက်ကြားစေချင်လို့ပဲ..."
"ဒါပေမဲ့ သေချာတာတစ်ခုက လှေ ရွက်လွှင့်ပြီးတာနဲ့ ဒီဘေးအန္တရာယ်ကို ရှင်သန်ဖို့ ကျွန်မတို့ စည်းလုံးညီညွတ်ရမယ်... ညီမရန်ဖေးရဲ့ ခွန်အားက သာမန်ပဲလို့ ထင်ခဲ့ပေမယ့် အခု ကျွန်မှားသွားပြီ.. သူမရဲ့ တကယ့်အလားအလာက အားလုံးထက် မနိမ့်ကျဘူး"
"ဒီကိစ္စမှာ သူမက ငါတို့ထဲက တစ်ယောက်မို့ ဘယ်သူက ထုတ်ပယ်ခံရမယ် ဆိုတာ မသေချာပါဘူး... ဒါကြောင့် ပစ်မှတ်မထားတာ အကောင်းဆုံးပါပဲ လူတစ်ဦးချင်းစီနဲ့ ဆက်ဆံလို့ရပေမယ့် လူနှစ်ယောက်ကို တစ်ချိန်တည်းမှာ တိုက်ခိုက် ဆက်ဆံခွင့်တော့ လုံးဝ မပေးပါဘူး မဟုတ်ရင် ကျွန်မကိုယ်တိုင် အရေးယူသွားမှာပါ"
လျိုရှန်း ပြောသွားတာက နည်းနည်းတော့ နားလည်ရခက်လေသည်။ ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသော သူက ကောင်းကင်လူသားများဟု လူတိုင်းက ရှင်းရှင်းလင်းလင်း သိထားကြသည်။
မျိုးရိုးတွင် အလွန်ထက်မြက်သော ကောင်းကင်လူသားများ ရှိနေပါက ၎င်းတို့သည် ကောင်းကင်ရဲ့ အလိုတော်ကို နှစ်ထောင်ပေါင်းများစွာ အမွေဆက်ခံခဲ့သူတွေ ဖြစ်သည်။
နဂါးလေး၊ ရဲ့ရှားနဲ့ ကောင်းကင်သိမ်းငှက်တို့သည် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေသော လူအုပ်စုကို ပြန်ကြည့်လိုက်ကြသည်။
ကောင်းကင်သိမ်းငှက်: "နတ်သမီးလျိုရှန်း... ငါတို့က စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ရမယ် ဆိုတော့ လူတစ်ယောက်က နေခဲ့ရမယ် ဆိုတာကရော ဘာကိုဆိုလိုတာလဲ"
"ဒါက အမှန်တရားပဲ... ရှေ့ကို အတူတူ ချီတက်ကြရအောင် လှေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ကြစို့ မဟုတ်ရင် မောင်းထုတ်ခံရတဲ့သူက ထိုက်တန်လိုပဲ"
လူတိုင်းရဲ့ နှလုံးသားများက ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။ ကောင်းကင်လူသားရဲ့ နှုတ်ထွက်စကားက သူတို့ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့သည်။ အားလုံးက ဉာဏ်ကောင်းသူတွေပင်။ သူမ စကားကနေ တစ်စုံတစ်ရာ ခက်ခဲသော လမ်းတစ်ခု ရှိကြောင်း ထင်ရှားသော်လည်း ဤလှေကို ဖမ်းဆွဲထားနိုင်တာက အခွင့်အလမ်းဟုလည်း ထင်မြင်မိကြသည်။
"ကောင်းပြီ ငါပူးပေါင်းနိုင်တယ်..."
ဤအခိုက်အတန့်တွင် အမည်မသိ ဧရာမသားရဲကြီးကလည်း “ပူးပေါင်းဆောင်ရွက်မှု” ဟူသော စကားလုံးကို ရွှေကဲ့သို့ မြတ်နိုးနေဟန်ဖြင့် ဆိုလာသည်။
နဂါးလေး၊ ရဲ့ရှားနဲ့ ကောင်းကင်သိမ်းငှက်တို့သည်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"ငါတို့လည်း ပူးပေါင်းဆောင်ရွက်မှာပါ!"
၎င်းတို့ သုံးဦးသည် မဟာမိတ် သဘောတူညီချက်ကို ပြတ်ပြတ်သားသား ရယူနိုင်ခဲ့သည်။
လုရွှမ်ကလည်ူ သူ့မျက်လုံးထဲတွင် အရာအားလုံးကို သဘာဝကျကျ မြင်နေရတာကြောင့် ရန်ဖေးအား ခေါင်းညိတ်ပြလိုက်သည်။
နောက်ဆုံးတော့ ရှေ့ကလူက ပြေးလာပါပြီ။
ရွှမ်ဝူ: "ဒါက ပိုးလား ဒါမှမဟုတ် ပုစဉ်းရင်ကွဲလား"
လူတိုင်းသည် တစ်ဖက်ကအကောင်ဟာ အမှန်ပင် ထူးကဲသော သတ္တဝါဖြစ်ပြီး ၎င်း၏မျိုးနွယ်ကို နားမလည်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
"သခင်လေး လာပြီ!"
ပိုးကောင်က အော်လိုက်စဥ် သူ့ခန္ဓာကိုယ်က မီးတောက်တွေနဲ့ ပြေးလာခဲ့သည်။ သို့သော် လှေပေါ် တက်ခါနီး အချိန်မှာတော့ သူ့ခန္ဓာကိုယ်ဟာ အပိုင်းပိုင်းကွဲသွားတာကြောင့် လုရွှမ်တို့ လူရှစ်ယောက်ကို အရှက်တကွဲဖြစ်အောင် ဖုံးအုပ်ထားသော ပြာမှုန်ဖြူဖြူများသာ ကျန်ခဲ့သည်။
"သတိထား! ပြာမှုန်တွေကို သတိထား!"
လုရွှမ်က အမြန်ဆုံး တုံ့ပြန်လိုက်သည်။ သူ့လက်ကိုလည်း ဝှေ့ယမ်းလိုက်လေရာ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ပြာများကို လွင့်စင်သွားစေသည်။ ပြာများက ရေထဲ ပြုတ်ကျပြီး ဆူဆူညံညံ အသံထွက်လာကာ ရေကလည်း အပြာရောင်အဖြစ်သို့ ပြောင်းသွားပြီး သိသိသာသာ အဆိပ်ပြင်းလေသည်။
"ဒါက ငါတို့အားလုံးကို ဖမ်းဖို့ ကြံစည်နေတာ သိသာတယ်!"
နဂါးလေးက ဒေါသအပြည့်နဲ့ အော်ဟစ်ပြီး လုရွှမ်ကိုလည်း မုန်းတီးစွာ စိုက်ကြည့်နေ၏။ လုရွှမ်က သူ့အသက်ကို ပထမဆုံး တုံ့ပြန်ပြီး ကယ်တင်တာကို သူ သဘောမပေါက်သလို ကယ်ခဲ့တာကို ပိုလို့တောင် ဒေါသထွက်သွားသေးသည်။
လူသားတစ်ဦးဆီကနေ ကယ်တင်ခြင်း ခံရခြင်းရတာဟာ ကြီးစွာသော အရှက်ကွဲခြင်းဟုသာ သူ ထင်မြင်သည်။
ကောင်းကင်လူသားက လုရွှမ်ကို ကျေးဇူးတင်စကား ပြောပြီးနောက် အေးအေးဆေးဆေး ဆက်ပြောသည်။
"လူတိုင်း... အမြန်ဆုံး အစီအစဥ်တွေ ချမှတ်သင့်တယ် ဒီနေရာက ဘယ်လိုနေရာလဲ သတိရကြပါ! ဒီကျွန်းက ငရဲကျွန်းပဲ! လူတွေက ခန့်မှန်းရခက်ပြီး ဆိုးယုတ်တယ် သတိမထားရင် မင်းတို့ကို မောင်းထုတ်ပြီး သေတဲ့အထိ အရိုက်ခံရလိမ့်မယ်.. ပိုဆိုးတာက မင်းသူတို့နဲ့အတူ ဒီမှာ တစ်သက်လုံး ပိတ်မိနေလိမ့်မယ်"
လူတိုင်းသည် ကောင်းကင်လူသားရဲ့ စကားများကို လိုက်နာကြပြီး ထိုကျင့်ကြံသူ သို့မဟုတ် နတ်ဆိုးများကို ရင်ဆိုင်လိုက်ကြသည်။ ၎င်းကို သက်ရှိသတ္တဝါဟု ခေါ်ဆိုရန်လည်း ခဲယဉ်းနေပါပြီ။ ၎င်းရဲ့ အသက်ရှူသံက မဆိုးပေမယ့် စိတ်ဝိညာဉ်နဲ့ ခံစားကြည့်လိုက်ရင် သူတို့အား အလွန်အုံ့မှိုင်းစေတဲ့ ခံစားချက်မျိုး ပေးလေသည်။
ခေါင်းမှာ ချိုတစ်စုံပါတဲ့ ခွေးတစ်ကောင်ရှိသည်။ လူတစ်ယောက်မှာ ဦးခေါင်းနှစ်လုံးရှိပြီး တစ်လုံးမှာ လူခေါင်းဖြစ်ပြီး နောက်တစ်ခုမှာ ကျားခေါင်းဖြစ်သည်။
တောင်ကုန်းနှင့်တူသော ခန္ဓာကိုယ်ရှိသော နတ်ဆိုးတစ်ကောင်၏ နောက်ကျောသည် ပုပ်ပွနေပြီး အနံ့အသက်ဆိုးများ ထွက်နေသည်။ သူ့မျက်လုံးတွေက သွေးတွေ နီရဲနေပြီး လှေဆီ အသည်းအသန် ပြေးလာနေ၏။
ဒါပေမဲ့ လူတွေကို အကြောက်စေဆုံးကတော့ နဂါးပါပဲ။
ဤခန္ဓာကိုယ်မှ ရောင်ဝါကို ခံစားရနိုင်သည်။ ၎င်းက နတ်နဂါးဖြစ်တာ သေချာသည်။ ဒါပေမယ့် ခန္ဓာကိုယ်ကို အပိုင်းနှစ်ပိုင်း ခွဲထားပြီး သူ့ဦးခေါင်းပေါ်က နဂါးဦးချိုက ကျိုးသွားပြီ။ ကြောက်စရာ အကောင်းဆုံးကတော့ မြွေခေါင်းက သူ့မေးစေ့မှာ ပြန်ပေါက်လာတာ ဖြစ်လို့ ကြည့်ရတာ တော်တော်လေးကို ထူးဆန်းလွန်းသည်။