← Chapters

ကျွန်းထဲကို ဝင်ခြင်း

Vol. 138 Ch. 4.1590

ကျွန်းထဲကို ဝင်ခြင်း

Vol. 138 Ch. 4.1590

လုံးဝ မယုံကြည်နိုင်တဲ့ နဂါးငယ်လေးက မီးချောင်းကို ထွေးထုတ်ပြီး လှီး​ဖြတ်ထားတဲ့ အသားတွေကို မီးရှို့ပစ်လိုက်သည်။ သူ့ရဲ့ တုန်လှုပ် ချောက်ချား​နေသော အသံနှင့် အသားလောင်နေသော အနံ့အသက်များက ပြည့်နှက်နေသည်။

"ဒီလိုအခြေအနေမျိုးမှာ မင်း ရှင်နိုင်ဦးမလား ကြည့်ရသေးတာပေါ့"

ထိုအချိန်တွင် ငရဲကျွန်းမှ ဘီလူးသားရဲများက အပြေးအလွှား ပြေးလာ​နေကြပြီ။

"သတ်ပစ်!"

ရဲ့ရှားမျိုးနွယ်က အော်ပြီး လှေပေါ်ကနေ အရင်ခုန်ချသွားသည်။ သူက ထိုပြောင်းလဲနေတဲ့ ဘီလူးတွေဆီ ပြေးသွားပြီး တိုက်ပွဲဝင်လိုက်ပေ၏။ လက်ဖဝါးနှစ်ဖက်စလုံးတွင် ပုဆိန်ကြီးများကို ကိုင်ဆောင်ထားကာ ၎င်းတို့က ကောင်းကင်ကို ခုတ်ဖြတ်တော့မယ့် ဧရာမပုဆိန်တွေကို မြင့်မားလှသည်။

ကောင်းကင်သိမ်းငှက်ကလည်း တိုးညှင်းသော အော်ဟစ်သံကို ထုတ်လိုက်ပြီး မြင့်မားသော လေထဲသို့ ပျံတက်သွားကာ ၎င်း၏ အတောင်ပံများကို ခတ်လိုက်သည်။ ထို့နောက် လေပြင်းနဲ့အတူ သူ၏ ခြေသည်းများကို အရှိန်အနည်းငယ်ဖြင့် ဘီလူးတစ်ကောင်၏ မျက်လုံးထဲသို့ ထိုးဖောက်ပစ်လိုက်သည်။

ရွှမ်ဝူရဲ့ သားစဉ်မြေးဆက်သည်လည်း လှေပေါ်မှခုန်ဆင်းကာ လေထဲတွင်ပင် သူ၏ကိုယ်ခန္ဓာ အစစ်အမှန်အဖြစ် ပြောင်းလဲကာ တောင်ကြီးတစ်တောင်လို မြေကြီးပေါ် ပျက်ကျသွားသည်။

သို့သော် ဘီလူးများအားလုံးမှာ ရဲ့ရှားမျိုးနွယ်နဲ့ ကောင်းကင်သိမ်းငှက်ကြောင့် ကြောက်လန့်နေကြပြီ ဖြစ်ရာ ရွှမ်ဝူကို တွေ့တာနဲ့ ကျိန်ဆဲပြီး အမြန် လှည့်ထွက်သွားကြသည်။ ရွှမ်ဝူက မလှုပ်မယှက်ပင်။ သူ့ခန္ဓာကိုယ် အောက်မှာတော့ အပိုင်းပိုင်း ကွဲသွားသည့် ဘီလူးတချို့ ရှိသေးသည်။

လုရွှမ်က ခေါင်းသုံးလုံးနဲ့ လူကို တိုက်ခိုက်နေသည်။ ၎င်းရဲ့ ခွန်အားမှာ မပျော့ပျောင်းသော်လည်း သူ့ထက် ပိုသန်မာနေတာမျိုးလည်း မရှိပေ။

၎င်းတို့ရဲ့ စိတ်က နည်းနည်းတော့ မရှင်းမလင်းဖြစ်နေသေးသည်။ ဘီလူး တော်တော်များများဟာ အစကတော့ အယောင်ဆောင်နေသလို ခံစားရပေမယ့် သေရေးရှင်ရေး အကြပ်အတည်းကို ကြုံလာတဲ့အခါ အမြန် ရှောင်ထွက်သွားကြသည်။

ရန်ဖေးကလည်း ပြောင်းလဲသွားသော ဘီလူးတစ်ကောင်ကို အဝေးသို့ ကန်ထုတ်လိုက်ပြီး လုရွှမ်ဘက်ကို လှမ်းကြည့်လိုက်သည်။ ထိုနတ်ဆိုးများရဲ့ အစွမ်းသည် ထုတ်ပြထားသလောက်လည်း အစွမ်းမထက်သလိုကြီး ခံစားနေရ၏။

သူတို့ ဖြတ်ကျော်သတ်ဖြတ်ရတာက အလွန်လျင်မြန်သောကြောင့် အမြောက်စားစာနှင့် ခပ်ဆင်ဆင် တူလာသည်။

"အစ်ကိုလုရွှမ် ဒီအခြေအနေက ဘယ်လို​ကြီးလဲ"

လုရွှမ်လည်း သူ နားမလည်ကြောင်း ထုတ်ဖော်ပြီး ခေါင်းယမ်းကာ လျိုရှန်းကို လှမ်းကြည့်လိုက်သည်။ လျိုရှန်းက ခေါင်းခါလိုက်ကာ။

"ကျွန်မလည်း မသိဘူး"

"ဟမ့် ငါလည်းမသိဘူး... ဒါပေမဲ့ လွယ်ပါတယ် ဒီလူသားလိုလို သရဲတစ္ဆေတွေလိုလို အကောင်တွေကို အရင်သတ်လိုက်ကြရအောင်"

အမည်မသိ သားရဲက အော်ပြောပြီး နောက်ထပ် အသွင်ပြောင်းထားတဲ့ ဘီလူးသားရဲကို သတ်ပစ်လိုက်သည်။

"မှန်တယ်... သူတို့ကို အရင်သတ်ရအောင်"

ရဲ့ရှားမျိုးနွယ်က သူ့ပုဆိန်ကြီးကို အစွမ်းကုန် ဝှေ့ယမ်းပစ်လိုက်သည်။ ဘယ်သူမှ သူ့ပုဆိန်အားကို မတားနိုင်ကြချေ။ သူသတ်ခဲ့တဲ့ လူတွေက သွေးတွေ ရွှဲလို့ ပတ်ဝန်းကျင်ကလည်း သွေးနံ့တွေနဲ့သာ ပြည့်ကုန်သည်။

ဒါပေမဲ့ ဒီပြောင်းလဲသွားတဲ့ ဘီလူးတွေဟာ ဘယ်လို ထွက်ပြေးရမှန်း မသိတဲ့ပုံပေါ်နေသညိ။ သူတို့က မသတ်ချင်ပေမယ့် ဘယ်သူမှ မထိန်းချုပ်နိုင်ဘဲ အရူးအမူးသာ ဆက်တိုက်ခိုက်နေကြရသည်။

သိပ်မကြာခင်မှာပဲ သူတို့ဆီ ပြေးလာတဲ့ ဒီမျိုးပြောင်းဘီလူးတွေဟာ နောက်ဆုံးအထိ အသတ်ခံလိုက်ရပေသည်။

သူတို့ပတ်ဝန်းကျင်ရှိ သွေးစွန်းနေသော မြင်ကွင်းကို ကြည့်ရင်း လုရွှမ်နဲ့ ရန်ဖေးတို့ဟာ သည်းမခံနိုင်သော အမူအရာဖြင့် လှေပေါ်တွင် ရပ်နေကြ၏။ ဤသတ္တဝါများသည် မျိုးပြောင်းသွားသော်လည်း ၎င်းတို့သည် တစ်ချိန်က မျိုးနွယ်စုတစ်ခုထဲက အကောင်တွေ ဖြစ်သည်။

ဒါပေမဲ့ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ကြည့်ရင် အရင်က ခံစားချက်တွေကို ထောက်ကာ အကာအကွယ် ပေးမယ့် အရိပ်အယောင်မျိုး မရှိကြတော့ပေ။

လူတိုင်းရဲ့ရှေ့မှာတော့ အလောင်းတစ်လောင်းတောင်မှ မရှိတော့ပါ။ အထူးသဖြင့် နဂါးငယ်လေး သတ်ခဲ့တဲ့ ထူးဆန်းတဲ့မြွေကြီးဟာလည်း အစအနတောင်မှ မကျန်ခဲ့။ လျှပ်စီးလက်သလို မီးလောင်သွားသဖြင့် လုံးဝ အပိုင်းပိုင်း ပြတ်တောက်သွားသည်။ တစ်ချိန်က သူ့မှာ ပြန်ပေါင်းစပ်နိုင်တဲ့ မှော်အစွမ်းတွေ ရှိခဲ့ရင်တောင် ဒီအချိန်မှာတော့ သူ မရှငိနိုင်တော့ဘူးဆိုတာ ထင်ရှားပါ၏။

"ငရဲကျွန်းက ဘာမှလည်း မဟုတ်ဘူး"

နဂါးလေးက စိတ်အားထက်သန်စွာ အရင် အော်လိုက်သည်။

ကောင်းကင်သိမ်းငှက်: "ဟုတ်တယ် ငါတို့ ကျွန်းပေါ် ခြေချပြီး ဒီပြဿနာတွေကို စူးစမ်းကြည့်လို့တော့ ရလောက်တယ်... ဒီမှာ ဝှက်ထားတဲ့ ရတနာတွေ ရှိကောင်းရှိနိုင်တယ်လို့ မထင်ဘူးလား"

ရွှမ်ဝူရဲ့ သားစဉ်မြေးဆက်ကတော့ ခေါင်းယမ်းလိုက်သည်။

"ဒီနေရာက အန္တရာယ်များလွန်းတယ်... နောက်​ပြီးတော့ ဒါက ဒဏ္ဍာရီဆန်ဆန် နေရာတစ်ခုပဲ... ရှိမရှိ မသေချာတာကို ယုံတာထက် တည်ရှိနေတာကို ယုံတာက ပိုကောင်းပါတယ်... ငါတို့အဲဒီထဲကို လွယ်လွယ်နဲ့ ခြေမချတာ အကောင်းဆုံးပဲ!"

နဂါးငယ်လေးက မထီမဲ့မြင် အသံဖြင့် :"လူသားတွေက ရွံစရာကောင်းပေမယ့် သူတို့မှာ ပြောစရာတွေ ရှိတယ်... မင်းက လိပ်တစ်ကောင်ပဲ"

ရွှမ်ဝူရဲ့ သားစဉ်မြေးဆက်လည်း ချက်ချင်းပင် ဒေါသထွက်လာသည်။

"ငါက ရွှမ်ဝူ!"

"အဲ့တော့ ဘာဖြစ်လဲ? လိပ်က လိပ်ပဲ"

ကောင်းကင်သိမ်းငှက်: "မင်းမှာ သတ္တိရှိရင် အဲဒီကို သွားပြီးတော့ ဒဏ္ဍာရီလာ သားရဲတွေရဲ့ သားမြေးတွေကို ပြန်ခေါ်လာခဲ့လေ... သွားရမယ့် ခရီးက ဝေး​နေသေးပါတယ်ကွာ..."

ရဲ့ရှားမျိုးနွယ်က ရယ်မောလိုက်ပြီး "ငါ သတ်ရတာ မဝသေးဘူး"

“ငါရောပဲ... ”

အမည်မသိ သားရဲကပါ ပါးစပ်ကိုဖွင့်ကာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဟောက်လိုက်သည်။

နဂါးလေး: "မင်းတို့ လူသားနှစ်ယောက်ကရော?"

လုရွှမ်က သူ့ကို ပြန်မဖြေပေ။ သူက လျိုရှန်းကိုသာ တစ်ချက်ကြည့်သည်။ သူနဲ့ ရန်ဖေး နားမလည်တဲ့ အရာတွေ အများကြီးရှိပေမယ့် ဒီကောင်းကင်လူသားတွေရဲ့ အသိစိတ်မှာတော့ ဒါဟာ သာမန်အသိပဲဆိုတာ သိသာသည်။

"ငရဲကျွန်းက ကျွန်မတို့ ကောင်းကင်နဂါး မျိုးနွယ်စု ရှစ်မျိုးထဲက ကြီးကြီးမားမား အပြစ်လုပ်ထားတဲ့ မျိုးနွယ်စုဝင်တွေကို နှင်ထုတ်တဲ့ နေရာတစ်ခုပါ... အဲဒီနောက် တဖြည်းဖြည်း ဆိုးသွမ်းသူတွေကို ပြည်နှင်ဒဏ်ပေးရာ နေရာဖြစ်လာတယ်.. လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကစလို့ ငရဲကျွန်းက ထူးဆန်းတဲ့ အပြောင်းအလဲတွေ ကြုံတွေ့လာခဲ့ရတယ်... အတွင်းထဲက သတ္တဝါတွေ ရူးသွပ်ကုန်တယ်... ခွန်အားတွေ တိုးလာတာကလည်း နားမလည်နိုင်လောက်အောင်ပဲ"

“တစ်ချိန်တုန်းကတော့ သူတို့က မျိုးနွယ်စုကြီးတွေကို တိုက်ခိုက်ဖို့ ပြေးလာခဲ့ပေမယ့် သွေးထွက်တဲ့အထိ နှိမ်နင်းခံခဲ့ရတယ်...ငရဲကျွန်းကိုလည်း တံဆိပ်ခတ်ထားပြီး လူဆိုးတချို့ကိုတောင် ဒီကို မပို့တော့ဘူး...ဒီနေရာကို စွန့်ပစ်ခဲ့တာ ကြာပြီ..."

"တကယ်တော့ ဒီခရီးထဲက ညစ်ပတ်နေတဲ့ မြွေတစ်ကောင်ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ ဒီနေရာကို မရောက်နိုင်သလို ဒီနေရာကိုတောင် မေ့သွားလိမ့်မယ်.. ဒီနေရာအတွက် ကျွန်မတို့မှာ လိုက်ဖက်ညီတဲ့ နားလည်မှု မရှိသလောက်ပဲ"

ရဲ့ရှားမျိုးနွယ်: "ဒီနေရာက တိုက်ပွဲနဲ့ အမဲလိုက်ဖို့ နေရာကောင်းတစ်ခုလို့ မျိုးနွယ်စုထဲက သခင်တွေဆီက ကြားဖူးတယ်... သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို လေ့ကျင့်ဖို့ ဒီကိုလာတဲ့သူတွေ အများကြီး ရှိတယ်တဲ့...ငါ ဒီကိုလာဖို့ အမြဲတမ်း တောင့်တနေခဲ့တာ အခုတော့ ဒီကို တကယ် ရောက်လာခဲ့ပြီ"

"ညီအစ်ကိုတို့.. ငါပြောပါရစေ ဒီနေရာမှာ နားမလည်နိုင်တဲ့ အပြောင်းအလဲတွေ ရှိခဲ့ဖူးတယ်။ ငါ့မျိုးနွယ်ရဲ့ မှတ်တမ်းတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၃၀၀ လောက်က ကောင်းကင်မှာ အလင်းတစ်ခု ကျသွားတယ်... အဲဒီနောက် အနှစ်တစ်ရာလောက်ကြာတော့ ငရဲကျွန်းက ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာတာပဲ... အဲဒီနောက်မှာတော့ ဒီနေရာကို တံဆိပ်ခတ်ထားပေမဲ့ လူမျိုးပေါင်းစုံက ဒီကို လာဖို့ လူတွေကို စေလွှတ်နေကြတုန်းပဲ"

"ဒီလိုအခွင့်အရေးမျိုးကို ငါတို့လက်လွှတ်မှာလား... ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ တစ်ရက်ပဲ ကြာတာပဲကို ငါတို့အားလုံးမှာ ကျောထောက်နောက်ခံအဖြစ် ဒီအမိုးအကာလှေ ရှိတယ် တစ်နေ့ပြီးရင် အပြေးအလွှား ပြန်လာဖို့ပဲလိုတယ် လူတိုင်း ဒီအခွင့်အရေးကို လက်လွတ်မခံချင်ကြဘူးမလား"

"ဟုတ်​တယ်​!"

နဂါးလေးက ​အော်​ဟစ် ထောက်ခံလိုက်သည်။ သူ့မျက်​နှာက အနည်းငယ်​နီရဲ​နေပြီး လူသတ်​ချင်​စိတ်​ အပြည့်​နဲ့ သူ့မျက်လုံး​တွေက လုရွှမ်ကို စိုက်​ကြည့်​​နေ​သေး၏။

လုရွှမ်က လှောင်ပြောင်ပြီး "ဘာလို့ မဝံ့ရဲရမှာ​လဲ"

လုရွှမ် ရန်ဖေးကို ရုတ်တရက် စောင်းကြည့်လိုက်ပြီး :"ညီမ ရန်ဖေး... ဒီမှာ ခဏစောင့်ရအောင် ပြီးရင် ငါတို့ အလယ်မှာ ထိုင်လို့ရပြီ"

ရန်ဖေးကလည်း လုရွှမ်ကို ခေါင်းညိတ်ပြကာ :"ဒါဆို နတ်သမီးလျိုရှန်းကို နှောက်ယှက်မိပါပြီ"

"ဟေး ဒါအမှန်ပဲ...အဲဒီနေရာက ကောင်မလေးတွေ သွားရမယ့်နေရာ မဟုတ်ဘူး သွားကြစို့"

ရန်ဖေးမှာ ထွက်သွားတဲ့ လုရွှမ်ကျော​ပြင်ကို ကြည့်ကာ စိတ်မပူပင်ဘဲ မနေနိုင်တော့ချေ။

"နတ်သမီးလျိုရှန်း ငါ့အစ်ကို တစ်ခုခုဖြစ်သွားမှာလား... ငါဘာလို့ အရမ်းကြောက်နေတာလဲ "

"စိတ်မပူပါနဲ့ တချို့လူတွေက ထူးထူးခြားခြား မမျှော်လင့်ထားတာတွေ လုပ်တတ်တယ်"

လျိုရှန်း စကားဆုံးတော့ သူ့လက်ကို ဝှေ့ယမ်းပြီး ပွတ်ဆွဲလိုက်သည်။ လှေတစ်ခုလုံးကို စွမ်းအင်တစ်ခုက ဖုံးလွှမ်းသွားခဲ့ပြီး လုရွှမ်နဲ့ တခြားသူများ ဤအခိုက်အတန့်တွင် ပြန်ကြည့်ပါက အမိုးအကာလှေသည် ပျောက်ကွယ်သွားတာကို တွေ့ရ​ပေလိမ့်မည်။

All Chapters