← Chapters

လုရွှမ် သေပြီလား?

Vol. 138 Ch. 4.1582

လုရွှမ် သေပြီလား?

Vol. 138 Ch. 4.1582

အလင်းရောင်က တောက်ပလွန်းသဖြင့် ခဏတာလောက်အထိ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ အကျဉ်းသား ပေါက်ကွဲသည့်နေရာမှ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော မီးတောင်ပေါက်ကြီးတစ်ခုသာ ဖြစ်သွား၏။

အချိန်အတော်ကြာပြီးနောက် အသက်ရှုသံများ ပျောက်ကွယ်သွားသည်။ လေပြင်းတွေ ရိုက်ခတ်သွားပြီးနောက် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများက တဖြည်းဖြည်း ပြန်လည် ကြည်လင်လာသည်။

လုရွှမ် ဘယ်မှာလဲ?

"လုရွှမ် လုရွှမ်?"

ရန်ဖေး အကျယ်ကြီး အော်လိုက်စဥ် သူ့မျက်နှာက ဖြူဖျော့သွားပြီး ပါးစပ်ထဲက သွေးတွေပါ လျှံထွက်လာသည်။ သူမ တွင်းကြီးဆီသို့ ပြေးသွားကာ အောက်ကို ငုံ့ကြည့်ကာ အနီရောင်တောက်တောက်ဖြင့် သွေးများ စီးကျနေပြီး လှီးထားသလို အသားစများ ပြည့်နေသော တစ်နေရာသာ ရှိနေခဲ့သည်။

"ရန်ဖေး.... ရန်ဖေး"

"တောင်းပန်ပါတယ်... ငါ မသိလိုက်ဘူး အကျဉ်းသားက သူ့ကိုယ်သူ ဖောက်ခွဲပစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး... သခင်လေးလုရွှမ်တော့..."

ရန်ဖေး အလွန်ဝမ်းနည်းစွာ ငိုချပစ်လိုက်ကာ မြေပြင်ပေါ် လဲကျသွားသည်။ မျက်ရည်များကလည်း အထိန်းအကွပ်မရှိ စီးကျလာ၏။

လုရွှမ် သူ့ကို ကယ်တင်ဖို့ အကြိမ်ကြိမ် ထွက်လာခဲ့ဖူးသည်။ သစ်ပင်ကြီးတွေကို တိုက်ခိုက်၊ ကပ်ဆိုးကို တွန်းလှန်ပြီး အဲဒီသားရဲတွေကို သတ်ပေးခဲ့သည်။ ယင်းယန်ကိုးစင်း ဆေးလုံးကိုလည်း ပေးခဲ့သေးကာ သူမ အတိဒုက္ခ မကြုံတွေ့ရခင် နှောင့်ယှက်ဖျက်ဆီးတာမျိုး မရှိအောင် အခင်းအကျင်း ထူထောင်ကာ တစ်ယောက်တည်း အပြင်ဘက်တွင် သတ္တဝါအားလုံးရဲ့ ရန်သူအဖြစ် ရပ်တည်ခဲ့သည်။

သူမ နှလုံးသားထဲမှာ သိခဲ့ပေမယ့် အကျယ်ကြီး မပြောဖူးခဲ့ချေ။ ယခုမူ လုရွှမ်က ယခုလိုပုံစံဖြင့် ထွက်ခွာသွားခဲ့ရသည်။ သူမက ကျေးဇူးတင်ကြောင်းသာ ပြောခဲ့ရပြီး ဘာမှ ထပ်မပြောမိခဲ့။

"ရန်ဖေး... တောင်းပန်ပါတယ် ငါ့အမှားပါ... ဒါပေမဲ့ နင်လည်း ငရဲကိုသွားတော့!"

ဟန်ယင်း ရုတ်တရက် အော်လိုက်ပြီးတာနဲ့ သူ့လက်သည်းများက ရုတ်ချည်း ရှည်ထွက်လာပြီး ရန်ဖေးခေါင်းကို ဖိချလိုက်သည်။ ထိုအခိုက် ရန်ဖေးရဲ့ ပျော့ပျောင်းသော ခန္ဓာကိုယ်သည် လိမ့်ကာ ပြေးထွက်သွားသည်။ ဟန်ယင်းသည် လက်ဖဝါးကို ဆန့်၍ ရန်ဖေးကို ထိတ်လန့်သောအကြည့်ဖြင့် စိုက်ကြည့်ကာ။

"သိနေတယ်ပေါ့! နင်ငါ့ကို စောင့်နေတာလား"

ရန်ဖေး သူ့မျက်ရည်တွေကို သုတ်လိုက်သည်။ သူ့မျက်လုံးတွေက သွေးတွေလို နီရဲနေပြီး မုန်းတီးမှုတွေ ပြည့်နှက်နေ၏။

"ဘာလို့လဲ?"

သူ့အသံက အရမ်းကျယ်လောင်နေပြီ။ အဆုံးမဲ့ နာကျင်မှုတွေနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းတွေနဲ့သာ ပြည့်နေသည်။

"ဘာလို့လဲတဲ့လား... နင်ကရော ဘာလို့ ထပ်ရှောင်ရမှာလဲ!"

ဟန်ယင်း ပြေးထွက်လာပြန်ကာ ရန်ဖေးရဲ့ နှလုံးသားကို တိုက်ခိုက်လိုက်သည်။ အလွန်မြန်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ လှုပ်ရှားမှုတွေနဲ့ ဖမ်းဆုပ်လိုက်ခြင်းပင်။

ရန်ဖေးရဲ့ ခြေလှမ်းများက လွယ်ကူစွာ ရွေ့လျားသွားကာ အလွယ်တကူ ရှောင်ထွက်သွားပြန်သည်။ သူမက ဓားကို ဆွဲထုတ်ကာ ဟန်ယင်းကို ညွှန်ပြပြီး ထပ်မံအော်လေသည်။

"ဘာလို့လဲ?"

ဟန်ယင်းကလည်း သူ့ခြေထောက်တွေကို ခဏရပ်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဘာလို့ နင်ငါ့ကို မေးနေသေးတာလဲ... ဟမ် အဲ့ဒါကို နင်လည်း သိတယ်မဟုတ်လား နင် ငါ့ကို အမြဲသတိထားနေတာ... အခု ဘာဟန်ဆောင်နေတာလဲ"

ရန်ဖေး နားမလည်ဘဲ :"နင်ဘာတွေ ပြောနေတာလဲ... ငါဘာသိလို့လဲ"

အတိဒုက္ခကို ဘယ်လို ကျော်လွှားပြီး ကောင်းကင်ဒုက္ခကို ဘယ်လိုလှည့်စားရမလဲ ဆိုတာ နင်သိတယ်လေ... ဟမ့် ငါတို့အားလုံးက ကောင်းကင်ကမ္ဘာက လာကြတာ အတိဒုက္ခ ဖြတ်ကျော်ရလို့ ကောင်းကင်အတိဒုက္ခကို လွတ်မြောက်ချင်ရင် အနည်းဆုံးတော့ ငါတို့ခန္ဓာကိုယ်ပေါ်က ကောင်းကင်ကမ္ဘာရဲ့ ရောင်ဝါနဲ့ဆို မဖြစ်နိုင်သလောက်ပဲ"

"တကယ်လို့ နင် အတိဒုက္ခကို လွတ်မြောက်ချင်ရင်တော့ တခြားလူတွေကို ကိုင်ထားခိုင်းရမယ်... ဟဲဟဲ ငါအတိဒုက္ခ ကြုံလာတဲ့အခါတုန်းက ငါ့ညီမငယ်က ငါ့ကို စောင့်ရှောက်နေခဲ့တာပဲ... ငါ ခွန်အားတွေ ဆုံးရှုံးခါနီးမှာ သူက ငါ့ကို ကူညီဖို့ ပြေးထွက်လာပေမယ့် ငါ့လောက်တော့ အင်အား မကောင်းတော့ဘူးလေ.. သူမ ဘယ်လိုလုပ် ထိန်းထားနိုင်မှာလဲ"

"ဒါပေမဲ့ ငါ့ညီမငယ် သေသွားတော့ ငါ့ကိုဖျက်ဆီးတော့မယ့် အတိဒုက္ခက ပျောက်ကွယ်သွားခဲ့တယ်... ငါ့ကို ကယ်တင်ခဲ့တဲ့ အငယ်တန်းညီမလေးကတော့ သူ့အသက်ကို စွန့်လွှတ်ခဲ့တယ်"

ရန်ဖေး၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ ရှိနေသည်။

"ဒါဆို ဘာလို့ ငါ့ကို သတ်ချင်တာလဲ"

"ဒီအကျိုးဆက်တွေက နင်နဲ့ ဘာမှမဆိုင်ဘူးလို့များ ထင်နေလား?"

ဟန်ယင်းက ဒေါသအပြည့်နဲ့ အော်လိုက်သည်။ မိုးမခပင်လေး နွေဦးလေပြေနဲ့အတူ ယိမ်းနွဲ့နေသော နူးညံ့သိမ်မွေ့တဲ့ နတ်သမီးနဲ့ မတူတော့ချေ။

"ငါ့ရဲ့ ကျင့်ကြံမှုက အရမ်းမြန်တယ် တွေးတောင်မတွေးနိုင်လောက်အောင် မြန်တယ်... မကြာခင်မှာ ဒုတိယ ကောင်းကင် အတိဒုက္ခကြီး ဖြစ်လာတော့မှာ... နင့်ရဲ့ ယင်းယန်ကိုးစင်း အဂ္ဂိရတ်ဆေးကို ငါရခဲ့တယ်​လေ... ဟားဟား ငါဆေးလုံးရပြီးရင် အတိဒုက္ခက အန္တရာယ်ကင်းကသ်း လွတ်မြောက်တော့မှာမို့လို့ နင်ငါ့ကို ကယ်ခဲ့တဲ့သူပဲ"

"ဒါပေမဲ့ အဲဒါတွေက မိုးကြိုးအတိဒုက္ခ မဟုတ်လဲ ကောင်းကင်ဘုံ အတိဒုက္ခတွေပဲ...ဒါတောင် ငါ့နယ်ပယ်က မတိုးတက်သေးဘူး... ငါက သေးငယ်တဲ့ နယ်ပယ်တစ်ခုဆီ မတိုးတက်လာ​သေးခင် ကောင်းကင်ဘုံ အတိဒုက္ခသုံးခုကို ဖြတ်သန်းခဲ့ရတယ်... လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က တခြားလူတွေကို ငါဆက်သွယ်ပြီး လူသုံးယောက်ကို ငါ့အစား ထိုးခံပြီး သတ်ခဲ့တယ်... အစောကလူက ဘယ်သူလဲဆိုတာ သိလား? သူက ငါ့ရဲ့ကိုယ်ပွားပဲ... ပြီးတော့ လုရွှမ်ကို သတ်ဖို့ လာခဲ့တာ..."

"ဘာလို့လဲဆို​တော့ သူက ​မြေကမ္ဘာက မဟုတ်​ဘဲ ​အောက်​ပိုင်းပြည်​နယ်​က​နေ လာတာလို့ ​ပြောခဲ့တာ​ကြောင့်​ပဲ... အထက်​ကမ္ဘာက လူ​တွေကတောင် ငါ့ကို ဒုက္ခ​ပေးနိုင်​တဲ့အတွက်​ ​အောက်​ကမ္ဘာက လူ​တွေကရော ဘာလို့ မလုပ်​နိုင်​မှာလဲ"

ရန်ဖေးသည် သူ့မျက်နှာပေါ်က အထင်အမြင်သေးသည့် အကြည့်ဖြင့် နောက်ပြန် ဆုတ်သွားခဲ့သည်။

"ဆရာတူအစ်မ ဟန်ယင်း... နင် ရူးနေပြီ"

ဟန်ယင်းက ကျယ်လောင်စွာ ရယ်မောရင်း :"ငါ မရူးပါဘူး....ငါက အသက်ရှင်ချင်တာ ငါတို့ ဒီမှာ အလုပ်ကောင်း တစ်ခု လုပ်နေရတယ်လို့များ ထင်နေလား ငါတို့ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို ဆရာတွေက မသိဘူးများ ထင်နေလား... သူတို့ ကောင်းကောင်းသိတယ်... ငါတို့ကို လုံးဝ ဂရုမစိုက်ဘူး!"

"ဒါ့အပြင် ဒီရတနာတွေက ငါတို့အတွက်ပဲလို့များ ထင်လား... နုံအမနေနဲ့ ကောင်းကင်ကမ္ဘာကလာတဲ့ ဘီလူးတစ်ကောင်ကိုလည်း ငါသတ်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်... အားလုံးကို သူသိတယ် ဆင်းလာရင် ရင်ဆိုင်ရမယ့် အရာတွေ သူသိတယ်.... အတိဒုက္ခကိုကျော်လွှားဖို့ အထူးကိရိယာတွေတောင် ပြင်ဆင်ခဲ့​သေးတယ်"

"အမွေဆက်ခံထားတဲ့ ရတနာတွေက ကောင်းကင်နဲ့မြေကြီးကြားက ဆက်စပ်မှုကို နှောင့်ယှက်တဲ့ ဆုံမှတ်တွေဆိုတာ နင် သိလား... သူတို့က ရှေး​ခေတ်သခင်တွေက အထူးပြုလုပ်ထားတဲ့ ဆုံမှတ်တွေပဲ.. ဟားဟား လူတွေက အဲဒီနေရာမှာ သေဖို့ရွေးချယ်ရတဲ့ အကြောင်းရင်း တစ်ခုရှိတယ်... အဲဒီအကြောင်းအရင်းကြောင့်လည်း ငါတို့မှာ သေခြင်းတရားနဲ့ အမွေအကြောင်း ဒဏ္ဍာရီပုံပြင်တွေ ရှိနေခဲ့တာ"

"ဒါတွေအားလုံးက မုသားပဲ... အားလုံးက ငါတို့ကို လှည့်စားနေကြတာ ငါတို့ကို အရူး ကိရိယာတွေလို လုပ်နေကြတာ... အခု နင်နဲ့ ငါပဲ ကောင်းကင်ကမ္ဘာက ဆင်းလာတဲ့ အုပ်စုထဲမှာပဲ ကျန်တော့တာ သိလား"

"နောက်လှိုင်းရှိခဲ့ရင် သူတို့ရဲ့အန္တရာယ်က ပိုနည်းလာလိမ့်မယ်... သူတို့ ထပ်ဆင်းလာတဲ့အခါ ကျရင်တော့ အန္တရာယ်မရှိ​တော့ဘူး.... ငါတို့က သူတို့အတွက် စတေးရမယ့် ကိရိယာတွေချည်းပဲ ဘယ်သူမှ ဂရုမစိုက်ပါဘူး"

ရန်ဖေးက ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး :"ဒါဆို နင်က တခြား ဂိတ်ပေါက်တွေကို မဖွင့်ချင်တာကြောင့် အားလုံးကို သတ်ပစ်မှာပေါ့လေ... ဒါဆို လုရွှမ်ကို ဘာလို့ ကြံစည်နေတာလဲ။ အစ်မဟန်ယင်း ငါနင့်ကို နားလည်တယ်... နင် အများကြီး ကြံစည်နေတာ... အကြောင်းအရင်းက တစ်ခုတည်းကြောင့် မဟုတ်ဘူးမလား"

ဟန်ယင်းက ပြုံးပြီး :"နင်တကယ် ကြီးပြင်းလာပြီပဲ... သူ့နောက်လိုက်ရင်း အများကြီး သင်ယူခဲ့ရပုံရတယ်... ဟုတ်တယ် ငါ သူ့ကို ရိုးရှင်းတဲ့အကြောင်းပြချက်နဲ့ သတ်လိုက်တာ။ သူ့အရည်အချင်းက အရမ်းထူးခြားလို့ပဲ... မှော်အစွမ်း တစ်ခုကို ငါသင်ယူခဲ့တယ်...ငါ သူ့ကို မျိုချလိုက်ရင် သူ့ရဲ့ထိပ်တန်း မှော်အစွမ်းတွေကို ငါရလာနိုင်တယ်... ဟားဟား နင့်ကိုရောပဲလေ... "

"ဒါပေမယ့် သူ့အစွမ်းက တကယ်ကို အားကောင်းတယ်... ကြောင်ဓားသိုင်းနဲ့ စမ်းသပ်ကြည့်တော့ ဒီလိုပြန်ခုခံနိုင်တာ သူက ပထမဆုံးလူပဲ... သူဘာမှ အင်အား မသုံးထားပေမယ့် သူ့ရဲ့ ယွမ်စွမ်းအင် လျှို့ဝှက်ဆန်းကြယ်မှုနဲ့ သူ့ရဲ့ဓားပညာရဲ့ မှော်ဆန်တဲ့စွမ်းအားကို ငါ ခံစားရတယ်... ကိုယ်ပွားကို ကိုယ်တိုင် ဖျက်စီးခိုင်းတဲ့နည်းက သူ့ကို နာကျင်စေမယ်လို့ ငါထင်ခဲ့ပေမဲ့ မျှော်စင်နယ်ပယ် အဆင့်၉ ဖြစ်နေတော့ ပေါက်ကွဲအားက သူ့အသားစ​တောင် မကျန်တော့ဘူး.... မထင်ထားဘူး"

"နင့်ရဲ့အရှိန်ကိုလည်း ငါသတိထားနေတာ ကြာပြီ!"

ထိုစကားနဲ့အတူ ဟန်ယင်းက သူ့ကို နောက်တစ်ကြိမ် ထပ်တိုက်ခိုက်လိုက်ရာ ရန်ဖေး ရှောင်ထွက်သွားလေသည်။

ဟန်ယင်းက တခစ်ခစ်ရယ်ပြီး "ညီမလေး... နင့်ရဲ့ မှော်စွမ်းအားကို ကိုင်တွယ်ဖို့ ငါ့မှာသာ နည်းလမ်းမရှိထားရင် ငါ အရူးလို တိုက်ခိုက်​နေမယ်လို့ ထင်နေလား"

သူမခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး လူနှစ်ယောက် ကွဲထွက်သွားသည်။ လူနှစ်ယောက်က တစ်ဖန် လှုပ်ခါလိုက်တဲ့အခါ လူလေးယောက်အဖြစ် ပြောင်းလဲသွားကာ ရန်ဖေးဆီသို့ တစ်ပြိုင်တည်း ပြေးဝင်သွားကြသည်။

All Chapters