← Chapters

နောက်တစ်ယောက်

Vol. 138 Ch. 4.1585

နောက်တစ်ယောက်

Vol. 138 Ch. 4.1585

"ပူဇော်သက္ကာက ကမ်းလှမ်းချက်လား?"

"ဟုတ်တယ်...နဂါးမျိုးနွယ် စိတ်ဆိုးတဲ့အခါ ပစ္စည်းတစ်ခုခုကို ဂုဏ်ပြုနိုင်ရင် ငါတို့ရဲ့ ခရီးစဉ်ကို သဘာဝအတိုင်း ပိုလုံခြုံစေလိမ့်မယ်... မဟုတ်ရင် အန္တရာယ်တွေ အများကြီး ရှိလာလိမ့်မယ်"

လျိုရှန်းက သူ့တတိယလက်ကို ကွေး​ပြလိုက်ပြီး။

"တတိယစည်းမျဉ်းက ကိုယ့်ရဲ့အစွမ်းသတ္တိကို ရဲရဲဝံ့ဝံ့ပြဖို့ပဲ... မကြောက်ပါနဲ့ မဟုတ်ရင် တခြားသူတွေဆီပ အနိုင်ကျင့်ခံရလိမ့်မယ် ပြီးရင် အဲဒီလူက မကြာခဏဆိုသလို ယဇ်ပူဇော်သူ ဖြစ်လာလိမ့်မယ်"

လျိုရှန်းက စကား ပြော​နေသော်လည်း သူမ မျက်လုံးများက ရန်ဖေးကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ရန်ဖေးက လုံလုံလောက်လောက် မသန်မာကြောင်း ထင်ရှားသည်။

လုရွှမ်က တခစ်ခစ်ရယ်ပြီး "နတ်သမီး.. ငါ့နယ်ပယ်က အနိမ့်ဆုံးပဲ မဟုတ်ဘူးလား"

လျိုရှန်းကလည်း တိုးတိုးလေး ရယ်လိုက်သည်။

"သခင်လေး... ကျွန်မကို လာနောက်နေတာလား... ရှင်ရဲ့ အရည်အချင်းနဲ့ ခွန်အားတွေက ကျွန်မထက် သာလွန်နေတာ မဟုတ်သလို နိမ့်လည်း မနိမ့်ကျဘူး.. တူညီတဲ့ နယ်ပယ်က အဆင့်မြင့် နတ်နဂါးတွေတောင် ရှင့်ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ ဝေးကွာနေပြီမလား?"

"ဒါပေမဲ့ သခင်လေး ရှင်လည်း ရွေးချယ်မှုတစ်ခုလုပ်ဖို့ လိုတယ်....ရှင်က ဆက်ပြီး လူသားဖြစ်မှာလား ဒါမှမဟုတ် နဂါးသွေးနဲ့ ရောယှက်နေမှာလား... မဟုတ်ရင် ရှင် နဂါးကျွန်းမှာ မနေနိုင်ပေမယ့် နဂါးရဲ့သွေးက မင်းကို ကိုက်စားသဖယလိမ့်မယ်"

သူမက ဒီစကားကို ပထမဆုံးပြောသူ မဟုတ်ချေ။ နောက်ဆုံး ပြောခဲ့သူမှာ နတ်ခြေလှမ်းနယ်ပယ် အဆင့်၉ကို တက်သွားသူဖြစ်ကာ မထင်မှတ်ဘဲ လျိုရှန်းဆီကပါ ကြားလိုက်ရသည်။

သေချာသည်မှာ သူမ မျက်လုံးများတွင် ထူးခြားသော မှော်အစွမ်းများ ရှိနေသည်။ ရန်ဖေးရဲ့ အစွမ်းသတ္တိဟာ ကောင်းကင်ကမ္ဘာက ဆင်းသက်လာသော မျှော်စင်နယ်ပယ် အဆင့် ၇ ဖြစ်ပေမယ့် လျိုရှန်းမှ လျှော့တွက်ခဲ့သည်၊

"မင်းရဲ့အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ် ငါတို့ သတိထားပါ့မယ်"

လုရွှမ် ခေါင်းညိတ်လိုက်ပြီး ရန်ဖေးကလည်း သူ့ကို ကျေးဇူးတင်ပါကြောင်း ဆိုလိုက်သည်။

လျိုရှန်းကလည်း အလွန်ထက်မြက်တာကြောင့် မျက်တောင်ခတ်ကာ သူမတဲထဲသို့ ပြန်ဝင်သွားခဲ့သည်။ လုရွှမ်နဲ့ ရန်ဖေးတို့သာ ကျန်ခဲ့သည်။ တဲထဲသို့ ဝင်သွားသရွေ့ ပြင်ပကမ္ဘာဟာ အတွင်းမှ အချက်အလက်ကို ရှာမတွေ့နိုင်ကြောင်း နှစ်ယောက်စလုံး သတိပြုမိနေပြီ ဖြစ်သည်။

သူတို့နှစ်ဦးသည် လုရွှမ်ရဲ့ တဲထဲသို့ ဝင်သွားခဲ့ကြသည်။ နေရာကလည်း သိပ်မသေးငယ်လှပေ။ ၎င်းသည် ပတ်ဝန်းကျင်လေထုကို ပိတ်ဆို့ထားသော်လည်း တဲအတွင်းမှ ဝိညာဉ်စွမ်းအင်အချို့ကို အလိုအလျောက် ရှူရှိုက်နိုင်သည်။

ဒါပေမဲ့ အခြေခံအကျဆုံး ဝိညာဥ်စွမ်းအင်ကို ထိန်းသိမ်းချင်ရင်တောင် သလင်းကျောက်ကို ကိုယ်တိုင် ဆောင်ထားဖို့ လိုပါသေးသည်။

"အစ်ကိုလုရွှမ် လျိုရှန်းရဲ့ ကျင့်ကြံမှုအဆင့်ကို ဘယ်လိုထင်လဲ"

သူမ မယုံနိုင်လောက်အောင် ဖြစ်နေသေးသည်။ သူမသည် ကောင်းကင်ကမ္ဘာက ပါရမီရှင်တစ်ဦးဖြစ်သည်။ လုရွှမ်ကို တွေ့တုန်းကတော့ အနှစ်တစ်သောင်းမှာ မပေါ်ထွန်းနိုင်တဲ့ ဒီပါရမီရှင်က ဒီလောက်ပါပဲ။

သင်္ဘောပေါ် တက်ပြီးနောက် သူမ၏ ကျင့်ကြံမှုအဆင့်က အဆင့်က အလွန်နိမ့်ကျနေသလို ဖြစ်နေသည်။ မျှော်စင်နယ်ပယ် အဆင့်၇ ဆိုသော်လည်း သူမသည် နတ်ခြေလှမ်းနယ်ပယ် အဆင့်၁က ကျင့်ကြံသူတွေကိုတော့ ယှဥ်နိုင်ပါသေးသည်။

လုရွှမ် ပြုံးပြီး ရန်ဖေးကို နှစ်သိမ့်ပေးလိုက်သည်။

"ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် လျိုရှန်းရဲ့ နယ်ပယ်က မင်းနဲ့ အတူတူပါပဲ"

ရုပ်ပိုင်းဆိုင်ရာ ရှုထောင့်မှကြည့်လျှင် ကောင်းကင်လူသားများသည် လူသားများနှင့် နီးပါးတူညီသော်လည်း ၎င်းတို့၏ အငွေ့အသက်က လုံးဝ ကွဲပြားပါသည်။ အထူးသဖြင့် ကောင်းကင်နှင့်မြေကြီး၏ ကြီးမားသော လမ်းစဥ်များကို နားလည်ခြင်း၌ လူသားများထက် များစွာသာလွန်ကောင်းမွန်ပြီး သူတို့သည် ကောင်းကင်နှင့်မြေကြီး၏ ချစ်လှစွာသော သားသမီးများကဲ့သို့ပင်။

တစ်ချိန်က အချို့သောလူတို့သည် မိမိတို့ကိုယ်မိမိ ကောင်းကင်လူသား မျိုးနွယ်မှ ဆင်းသက်လာသူများ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ထင်မြင်ယူဆခဲ့ကြဖူးသည်။ အရည်အချင်းမရှိသော ကလေးအချို့က စွန့်ပစ်ခံရပြီး ယနေ့ခေတ်တွင် တဖြည်းဖြည်း လူသားမျိုးနွယ်များ ဖြစ်လာကြခြင်းပင် ဖြစ်သည်။

ဒါတွေအားလုံးဟာ လိမ်ညာမှုတွေ၊ လှည့်စားမှုတွေဖြစ်ပြီး အနှီထင်မြင် ယူဆချက်က အမှန်ဖြစ်ကြောင်း ဘယ်သူမှ သက်သေမပြနိုင်ချေ။ နောက်ဆုံးတွင်တော့ လူသားများသည် ၎င်းတို့သည် နတ်နဂါးများ၏ မျိုးဆက်များဖြစ်ကြောင်း ကောလာဟလများ ဖြန့်နေကြဆဲ ဖြစ်သောကြောင့် ဘာကမှ မသေချာတော့ပါ။

သို့သော် ယင်းက ကောင်းကင်လူသားများနှင့် လူသားမျိုးနွယ်ကြား ကြီးမားသော ခြားနားချက်ကို သရုပ်ဖော်​နေသည်။ ကောင်းကင်လူသားနှင့် တူညီသော နယ်ပယ်ရှိ လူသားများသည် တကယ်တမ်း ကောင်းကင်တစ်ခုနှင့် မြေအောက်တစ်ခုလို ဖြစ်သွားသည်။

"ဒါပေမဲ့ အနည်းဆုံးတော့ လျိုရှန်းက လူဆိုးတစ်ယောက်လို မဟုတ်ဘူး... ငါတို့ ပိုသတိထားဖို့ပဲ လိုတယ်"

"အင်း"

ရန်ဖေး တုံ့ပြန်ပြီး သူမတဲသို့ ပြန်ဝင်သွားခဲ့သည်။

တစ်နေ့ကုန်သွားပေမယ့် ဘယ်သူမှ ရောက်မလာကြချေ။

နှစ်ယောက်လုံး တဲထဲတွင် နေကြပြီး တစ်ယောက်စီ လေ့ကျင့်ကြသည်။ လုရွှမ်သည် သလင်းကျောက်တုံးများနှင့် တခြား ပစ္စည်းများဖြင့် ပြည့်နေသော ဟန်ယင်း၏ သိုလှောင်လက်စွပ်ကို ရရှိခဲ့သည်။ ဒီလို လုယက်ပစ်လိုက်တာကလည်း ချမ်းသာဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။

လေ့ကျင့်နေတာ သုံးလကြာပြီးနောက် အမိုးအကာလှေက ရပ်တန့်သွားပြန်သည်။

လုရွှမ်နဲ့ ရန်ဖေး ထွက်လာတဲ့အခါ ဒီတစ်ခါတော့ အမိုးအကာလှေက ကမ်းခြေတစ်ခုရှေ့မှာ ကျောက်ချရပ်နားပြီး နဂါးငယ်လေးတစ်ကောင် လှေပေါ်တက်လာခဲ့သည်။

"ကျွန်တော် နတ်သမီးကို နှုတ်ဆက်ပါတယ်"

နတ်နဂါးငယ်က ကောင်းကင်လူသားကို ဂါဝရပြုပြီးနောက် လုရွှမ်နဲ့ရန်ဖေးကို တစ်ချက်သာ ကြည့်လိုက်ပြီး ပေါ့ပေါ့ဆဆ အော်ဟစ်ကာ တဲထဲကို ဝင်သွားလိုက်သည်။

ရန်ဖေး: "ကြည့်! နဂါးမျိုးနွယ်က ငါတို့လူသားမျိုးနွယ်ကို အမုန်းဆုံးပဲ!"

နတ်နဂါးလေးရဲ့ ကျင့်ကြံမှုက မျှော်စင်နယ်ပယ် တတိယအဆင့်တွင်သာ ရှိသော်လည်း အမှန်တကယ်တော့ သူမကို လျစ်လျူရှုထားရာ အလွန်တရာမှ သနားစရာ ကောင်းလှသည်။

လုရွှမ်: "ဘာမှမဟုတ်ပါဘူး ငါတို့လူသားမျိုးနွယ်က နောက်ဆုံးမှာ ပိုအားကောင်းလာလိမ့်မယ်.... ဒါကို ငါတို့သိထားသလို နဂါးမျိုးနွယ်က ပို​တောင်သိသေးတယ် နောက်ပြီး လူသားတွေနဲ့ အရမ်းနီးစပ်တဲ့ နဂါးမျိုးနွယ်တွေလည်း အများကြီးရှိတယ်... ဒီလူမိုက်တွေကို ဂရုစိုက်​နေစရာ မလိုဘူး"

လုရွှမ်က သူ့ကို လူမိုက်လို့ ခေါ်ကာ လုံးဝ ဂရုမစိုက်တာကြောင့် နဂါးငယ်လေးထံမှ ပြင်းထန်သော အရိပ်အယောင် ထွက်ပေါ်လာလေ၏။ သူ့ရဲ့ အဆင့်အတန်းသည် ထူးကဲလှသည်။ မဟုတ်ပါက နဂါးမျိုးနွယ်အနေနဲ့ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနေမည် မဟုတ်ချေ။

ဤလှေငယ်သည် နဂါးကျွန်းသို့ ဝင်ရောက်ရန် နည်းလမ်းများထဲမှ တစ်ခုဖြစ်ကြောင်း သိထားသင့်သည်။ သို့သော် နဂါးလေးသည် ဒီလမ်းကြောင်းနဲ့ အလွန်ရင်းနှီးပြီး ကစားနေရသကဲ့သို့ သူ့မျက်လုံးများတွင် ငြီးငွေ့မှု အရိပ်အယောင်များ ရှိနေသည်။

နောက်ခြောက်လအတွင်း နောက်ဆုံးတွင် လူရှစ်ဦး တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြကာ ကျွန်းငယ်လေးပေါ်တွင် တဖန်ရပ်လိုက်ကြသည်။ ဒီတစ်ခေါက်တော့ ခရီးသည်က နှစ်ယောက်ရှိ၏။

"ငါ့မှာ အရေးကြီးတာ ပြောစရာ တစ်ခုရှိတယ်... လှေပေါ်က လူတွေထဲက တစ်ယောက် ဆင်းနေခဲ့!"

စကားပြောလာသူက မြွေလူသားနှစ်ကောင် ဖြစ်သည်။ ကြည့်ရတာ အမွှာညီအစ်ကိုတွေလိုပင်။

ချက်ချင်းဆိုသလိုပင် လှေပေါ်ရှိ အခြားလူများ၏ မျက်လုံးများက လုရွှမ်နဲ့ ရန်ဖေးကို စူးစိုက်ကြည့်လာခဲ့သည်။ အထူးသဖြင့် အောက်တန်းကျတဲ့ အပြုံးနဲ့ နဂါးငယ်လေးပင်။

ထိုအချိန်တွင် နဂါးငယ်လေး၊ ရွှမ်ဝူ၊ လုရွှမ်၊ ရန်ဖေး၊ ရဲ့ရှားမျိုးနွယ်၊ လုရွှမ် ရှင်းရှင်းလင်းလင်း မမြင်နိုင်သော ဧရာမသားရဲပုံသဏ္ဌာန်၊ ထျန်းဖန်နဲ့ မြွေလူသားအမွှာများ အပါအဝင် သင်္ဘောပေါ်တွင် လူကိုးဦး ရှိသည်။

"ထက်မြက်ပြီး စဥ်းစားတတ်ရင် ကိုယ့်ဘာသာကိုယ် ဆင်းလိုက်... ဖြတ်ဖို့ တစ်ရက်ပဲကျန်တော့တယ်... အဲဒီ့အချိန်ကျမှ သင်္ဘောပေါ်က ဆင်းချင်ရင် သေမင်းနဲ့ပဲ ထွက်သွားရလိမ့်မယ်"

မြွေလူသားက အော်လိုက်သည်။ လှေပေါ်တက်ပြီးတဲ့ မြွေလူသားကြီးက လုရွှမ်ဆီကို လျှောက်လာပြီး ခေါင်းကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်ပေ၏။ လူတိုင်းကြားတွင် လုရွှမ်က အနိမ့်ဆုံး အဆင့်ရှိပြီး မျှော်စင်နယ်ပယ် ပထမအဆင့်သာ ဖြစ်တာကြောင့် ပျော့ပျောင်းသော ပန်းသီးပင်​​လေး ဖြစ်သည်။

လုရွှမ်က လက်ဖဝါးကို ဆန့်ထုတ်ကာ မြွေလူသားရဲ့ လက်သီးကို ခပ်ပြင်းပြင်း ခုခံထားလိုက်သည်။

သူ့ခန္ဓာကိုယ်သည် မတုန်လှုပ်ဘဲ မူလနေရာ၌သာ ခိုင်မြဲစွာ ရပ်တည်နေသည်။ ဆန့်ကျင်ဘက်အားဖြင့် မြွေလူသားရဲ့ ခန္ဓာကိုယ်ကတော့ ၎င်း၏စွမ်းအားကို ပိတ်ဆို့ထားသောကြောင့် တုန်လှုပ်သွားခဲ့သည်။

ခဏလောက်တော့ အားလုံးရဲ့ မျက်လုံးတွေက ထိတ်လန့်မှုတွေ အပြည့်နဲ့ လုရွှမ်ကို အာရုံစိုက်နေကြသည်။ မြွေလူသားရဲ့ စွမ်းဆောင်ရည်သည် ၎င်းတို့အနက်မှ အမြင့်ဆုံးဖြစ်ပြီး မျှော်စင်နယ်ပယ် အဆင့်၉ ဖြစ်သော်လည်း အမှန်တကယ်ပင် ပထမအဆင့် လူသားတစ်ဦးထံမှ ပိတ်ဆို့ထားခံခဲ့ရသည်။

မြွေလူသားရဲ့ မျက်နှာလည်း နီရဲလာပြီး ဒေါသတကြီးအော်ကာ သူ့လက်မောင်း ကြွက်သားများ ဖောင်းကြွလာတော့သည်။

"လူသား! မင်းက သေမင်းကို ရှာနေတာပဲကွ!"

All Chapters