အမြွှာယူဆချက်ဖြေရှင်းပြီးခြင်း
Vol. 7 Ch. 91
အားလုံးက လင်းဖန်သည်ဒီအဆင့်မှာပဲ အဆုံးသတ်မယ်လို့ တွေးလိုက်ကြသည်။
လင်းဖန်သည် ရုတ်တရက် လက်ချောင်းများဖြင့် အီလက်ထရွန်းနစ် စာရေးဘုတ်ပေါ်တွင် စတင်ရေးသားတော့သည်။
(6NN+6N)*3/5*5/7*9/11*11/13...*(P-2)/P
...
12(1+2+3+…N)-12{(1+2+3…+(N-1)}=6(N^2+6N)-{6(N-1)^2+6( N-1)}=12N
……
...
...
ခန်းမထဲမှာ လူတချို့ ထပြီး ထွက်သွားဖို့လုပ်လိုက်သည်။ဒါပေမဲ့လင်းဖန်ဆက်ရေးတာကိုတွေ့ပြီးနောက်ချက်ချင်းရပ်သွားခဲ့ကြသည်။
လူတိုင်း၏ မျက်လုံးများသည် ဘုတ်ကို မှိတ်တုတ်မှိတ်တုတ် စိုက်ကြည့်နေကြသည်။
ဂျေဖလိမ်း က “ဖြစ်ကောင်းဖြစ်နိုင်တယ်။ ငါတို့ဒီနေ့အရမ်းကြီးကျယ်တဲ့အခိုက်အတန့်ကိုတွေ့မြင်နိုင်တယ်!”
ဘေးပတ်ဝန်းကျင်က လူတွေကလဲ ခေါင်းညိတ်လိုက်သည်။
ရှင်းပါတယ်၊ သူတို့အားလုံး ဒီအမြင်ကို သဘောတူတယ်ဆိုတာ။
……
ဟေးသည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသော ရှုပ်ထွေးသော တွက်ချက်မှုများကို ကြည့်ကာ အသက်ရှုကြပ်လာပြီး မျက်လုံးများ အနည်းငယ်နီလာသည်။
အမြွှာယူဆချက်ကို ဖြေရှင်းနိုင်လျှင် ၎င်းသည် သင်္ချာကမ္ဘာတစ်ခုလုံး၏ တိုးတက်မှုကို တစ်ဖန်ပြန်လည်မြှင့်တင်နိုင်မည်ဖြစ်သည်။
ပြီးတော့ ဒါက တရုတ်နိုင်ငံ၊ ကျန်ပေ့တက္ကသိုလ်အတွက်ဒါဟာ ဂုဏ်ယူစရာတစ်ခုပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်၊ ကိန်းအမြွှာယူဆချက်ကို ဖြေရှင်းနိုင်သူမှာ လင်းဖန်ဖြစ်သောကြောင့်ပင်ဖြစ်သည်။
ထို့အပြင် တရုတ်၊ကျန်ပေ့တက္ကသိုလ်ကနေပြီး သင်္ချာပညာရှင်များရှေ့တွင် အဖြေကို ရေးသားခဲ့သောကြောင့်ပင်ဖြစ်သည်။
ဟေးချမ်က လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး နှလုံးသားထဲမှာ အောင်မြင်ရမယ်၊ အောင်မြင်ရမယ်!ဟုထပ်ခါထပ်ခါပြောနေသည်။
……
ခန်းမအလယ်။
ဟန်တီ ၏ လှပသော မျက်လုံးများသည် လင်းဖန်းကို အစမှအဆုံး အာရုံစိုက်ထားသည်။
ဟေးတီသည်လင်းဖန်ကိုစိုက်ကြည့်နေရင်းသူမ၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်နေသည်။
ထိုအချိန်တွင် လင်းဖန်သည် အီလက်ထရွန်းနစ်စာရေးဘုတ်ပေါ်တွင် နောက်ဆုံးတွက်ချက်မှုကို ရေးသားခဲ့သည်။
“ပါ့.......ပါ့........ပါ့......ပါ့........ပါ့!”
ရုတ်တရက်၊ ဂျေဖလိမ်း နှင့် လူးကတ်စ်ကဲ့သို့သော သင်္ချာပညာရှင်အချို့က ဦးစွာ လက်ခုပ်တီးချီးကျူးခဲ့ကြသည်။
ထို့နောက် ဘေးပတ်ဝန်းကျင်မှ လူများကလဲ လက်ခုပ်တီးကြသည်။
တဖြည်းဖြည်း…
ခန်းမတစ်ခုလုံး မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သံများ ထွက်ပေါ်လာကြသည်။
လူတိုင်း၏ မျက်နှာများသည် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဘာဖြစ်လို့လဲဆိုတော့...
သူတို့သည် ကြီးကျယ်သော အခိုက်အတန့်ကို တွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်။
ရာစုနှစ်တစ်ခုကြာအောင် မဖြေရှင်းနိုင်သော ပြဿနာ- အမြွှာယူဆချက်ကိုဖြေရှင်းပြီးပြီးဖြစ်သည်။
လင်းဖန်၏ မျက်နှာသည် ထူးထူးခြားခြားအမူအရာရှိသည်။
ဘာကြောင့်လဲဆိုတော့ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသောကြောင့်ပင်ဖြစ်သည်။
【ဒင်း! စွဲမက်ဖွယ် ရောင်ဝါ၊ မမေ့နိုင်သော အစပျိုး။ 】
မမေ့နိုင်စရာလား?
အမြွှာယူဆချက်ကို ဖြေရှင်းပြီးတာနဲ့မမေ့နိုင်သောအမှတ်တရများ မည်သို့ဖြစ်ပေါ်လာသနည်း။
ဘယ်သူလဲ ?
လင်းဖန်သည် အံ့သြနေတုန်းမှာ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း အသံတစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! လျှို့ဝှက်မစ်ရှင်ကို ပြီးအောင်လုပ်ဆောင်ခဲ့သည်။ ထိတ်လန့်စရာကောင်းတဲ့ ဟောပြောပွဲ ကို ကျင်းပပြီး ငွေရောင်စာအိတ် ၅ စောင်ကို ရရှိခဲ့သည်။ 】
လင်းဖန်ဒါကိုကြားတော့အနည်းငယ်ပြုံးလိုက်သည်။
ငွေရောင်စာအိတ် ၅ လုံး။
ဒီဟောပြောပွဲကို ကိုယ်တိုင် လာရတာတန်တယ်။
လက်ခုပ်သံများသည် အချိန်အတော်ကြာအောင် ကြာမြင့်ခဲ့ပြီးမှပြီးဆုံးသွားခဲ့သည်။
ကျန်ပေ့တက္ကသိုလ် သည် နေ့လယ်စာစားပွဲကို ပြင်ဆင်ထားပြီးသားဖြစ်သည်။အစီရင်ခံစာ အစည်းအဝေးက နေ့လယ်ပိုင်းမှာ မရပ်ခဲ့လို့နေ့လယ်စာကိုမစားခဲ့ကြပေ။
သိပ်မကြာခင်မှာပဲ ဟောပြောပွဲကို တက်ရောက်လာသူအားလုံးကို ကျန်ပေ့ တက္ကသိုလ်ရဲ့ ဧည့်ခန်းမဆောင်ကို ဖိတ်ကြားခဲ့သည်။
ဤနေရာတွင် ကော်ဇောနီများ၊ပန်းများဖြင့် ပြင်ဆင်ထားပြီး လက်ရာမြောက်သော ဟင်းပွဲများနှင့် ဝိုင်များကို ခင်းကျင်းပြသထားသောကြောင့် လူတိုင်းစားနိုင်မည်ဖြစ်သည်။
ဂျေဖလိမ်းနှင့် အခြားသူများသည် အနည်းငယ်စားပြီးနောက် အဆင့်မြင့်ဝိုင်တစ်ခွက်ကို ယူကာ လင်းဖန်ထံသို့ ရောက်လာသည်။
“မစ္စတာလင်း၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ငါ့နာမည် ဂျေဖလိမ်း” ဂျေဖလိမ်းက အင်္ဂလိပ်လို ပြောလိုက်သည်။
လင်းဖန်သည် တရုတ်စကားသုံးကာ “မင်္ဂလာပါ” ဟု ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
ဂျေးဖလိမ်းသည် အရင်က တရုတ်ပြည်ကို ရောက်ဖူးတဲ့အတွက် ဒီစာကြောင်းကို နားလည်သည်။
သို့သော်၊ လူးကတ်စ်နှင့်တစ်ခြားသူတို့ဘေးနားရှိ အခြားသူများအားလုံး ပဟေဠိဖြစ်ခဲ့ကြသည်။
ဂျေးဖလိမ်းသည် အင်္ဂလိပ်စကားကို ဆက်လက်အသုံးပြုကာ “မစ္စတာလင်းက ငယ်ရွယ်ရွယ်နဲ့ဇောင်၏ ထင်မြင်ယူဆချက်နှင့် အမွှာယူဆချက်ကို ဖြေရှင်းနိုင်သည့် အဓိကသင်္ချာပုစ္ဆာနှစ်ခုကိုဒါ စိတ်ကူးကြည့်ရန် အလွန်ခက်ခဲသည်။”
လင်းဖန်သည် ခေါင်းတညိတ်ပြကာစားသောက်နေလိုက်သည်။
ပထမလင်းဖန်သည်ဗိုက်ဆာသောကြောင့် စကားသိပ်မပြောချင်ပေ။
ဒုတိယအနေနဲ့ ဂျေဖလိမ်းပြောနေတာတွေကို သူနားမလည်လို့ပင်ဖြစ်သည်။
လင်းဖန်သည် အထက်တန်းကျောင်း အင်္ဂလိပ်စာသာရှိသည်။
ဂျေးဖလိမ်း၊ လူးကဆ်စ်နှင့်အခြားလူများက စကားအနည်းငယ်ပြောသော်လည်း လင်းဖန်က လုံးဝပြန်မဖြေနိုင်တဲ့အတွက်အနည်းငယ်ရှက်ရွံ့သွားခဲ့သည်။
ထိုအချိန်တွင် ဟေးချမ်သည် အင်္ဂလိပ်ဘာသာဖြင့် “ဆောရီး၊ ပါမောက္ခ လင်းဖန်က အင်္ဂလိပ်လို မကျွမ်းကျင်လို့ပါ…”
ဂျေးဖလိမ်း၊လူးကတ်စ် နဲ့ တခြားသူတွေက သူတို့ ထွက်သွားဖို့ကလွဲပြီးရွေးချယ်မရှိခဲ့ပေ။
သို့သော် သူတို့၏အမြင်တွင် လင်းဖန် သည် လုံးဝသင်္ချာဉာဏ်ကြီးရှင်ဖြစ်ပြီး ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်သည့်အခွင့်အရေးကို ဆုပ်ကိုင်ထားသင့်သည်။
သို့သော် ဘာသာစကားဆက်သွယ်ခြင်းမပြုဘဲ ဆက်သွယ်ရန် လုံးဝမဖြစ်နိုင်ပေ။ဒါကြောင့်ထွက်သွားဖို့ကိုရွေးချယ်ခဲ့သည်။
လင်းဖန်သည် လုံလောက်စွာစားပြီးသည့်နောက်ထွက်ခွာသွားခဲ့သည်။
သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ သတင်းထောက်အုပ်စုကြီးဟာ ကင်မရာတွေနဲ့ မိုက်ခရိုဖုန်းတွေကို ကိုင်ဆောင်ပြီး ပြေးဝင်လာကြပါသည်။ဒါကိုလင်းဖန်မသိပေ။
လင်းဖန်သည် ထိုနေရာတွင် မရှိကြောင်း သိရှိပြီးနောက် ကျောင်း၏ဌာနမှူး ဟေးချမ်စီသို့လာခဲ့သည်။
“ဟေးချမ်၊ မင်းကျောင်းကကျောင်းသား လင်းဖန်က ဇောင် ရဲ့ ထင်မြင်ချက်ကို တကယ်ဖြေခဲ့တာလား၊ ဒီနေ့ ဟောပြောပွဲမှာ သူက အမွှာယူဆချက်ကိုကို ဖြေရှင်းလိုက်ပြီလား”
“မစ္စတာဟေး၊ လင်းဖန် အသက်ဘယ်လောက်ရှိပြီလဲ။”
“ခွင့်လွှတ်ပါ၊ လင်းဖန်က အဆင့်မြင့်ပညာရေးဖလားကို ဆွတ်ခူးခဲ့တဲ့သူလား။”
သတင်းထောက်များ၏မေးခွန်းများကို ရင်ဆိုင်သောအခါ ဟေးချမ် သည် အလွန်တည်ငြိမ်နေသည်။
ဟေးချမ်ကပြုံးလိုက်ပြီး ‘’လင်းဖန်က ငါတို့ကျောင်းမှာ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ပါ။ သူက ဇောင် ရဲ့ ထင်မြင်ယူဆချက်ကို ဖြေရှင်းပြီးပြီ။ ဒီအချက်ကို
ကမ္ဘာ့သင်္ချာအဖွဲ့အစည်းက စစ်ဆေးပြီးသွားပြီ။”
“ဒီနေ့ ဟောပြောပွဲမှာ၊ အမွှာယူဆချပ်ကို ဖြေရှင်းခဲ့ပါတယ်။ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အသေးစိတ် တွက်ချက်မှုတွေ တော့လိုအပ်တယ်။’’
……
ထိုအချိန်တွင် လင်းဖန်သည် အေးအေးဆေးဆေး လမ်းလျှောက်နေရင်းဟန်တီကိုတွေ့လိုက်သည်။
ယနေ့ဟန်တီသည် V ရှပ်အင်္ကျီနှင့် စကတ်ကို ၀တ်ဆင်ထားပြီး သူမ၏ ပြီးပြည့်စုံသော အသွင်အပြင်ကို ပြသကာ တစ်ချိန်တည်းမှာပင် လူအများ၏ ကျက်သရေရှိမှုနှင့် မြင့်မြတ်မှုကို ခံစားရစေသည်။
မော်ဒယ်သင်္ချာပြိုင်ပွဲတွင်လင်းဖန်မှဟန်တီကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ပါသည်။
လင်းဖန်သည် သူမသည်မတွေ့တာကြာပြီဖြစ်သောကြောင့် ပို၍ပို၍ လှပပြီး စွဲမက်ဖွယ်ကောင်းလာသည်ဟု ထင်သည်။
ဒါပေမယ့် လင်းဖန်က သတိမထားမိပေ။ ယနေ့ ဟန်တီသည် အရင်ကနဲ့သိပ်မတူဘူးဆိုတာပင်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး